1 לְמוֹאָ֡ב כֹּֽה־אָמַר֩ יְהוָ֨ה צְבָא֜וֹת אֱלֹהֵ֣י יִשְׂרָאֵ֗ל ה֤וֹי אֶל־נְבוֹ֙ כִּ֣י שֻׁדָּ֔דָה הֹבִ֥ישָׁה נִלְכְּדָ֖ה קִרְיָתָ֑יִם הֹבִ֥ישָׁה הַמִּשְׂגָּ֖ב וָחָֽתָּה׃ 2 אֵ֣ין עוֹד֮ תְּהִלַּ֣ת מוֹאָב֒ בְּחֶשְׁבּ֗וֹן חָשְׁב֤וּ עָלֶ֨יהָ֙ רָעָ֔ה לְכ֖וּ וְנַכְרִיתֶ֣נָּה מִגּ֑וֹי גַּם־מַדְמֵ֣ן תִּדֹּ֔מִּי אַחֲרַ֖יִךְ תֵּ֥לֶךְ חָֽרֶב׃ 3 ק֥וֹל צְעָקָ֖ה מֵחֹֽרוֹנָ֑יִם שֹׁ֖ד וָשֶׁ֥בֶר גָּדֽוֹל׃ 4 נִשְׁבְּרָ֖ה מוֹאָ֑ב הִשְׁמִ֥יעוּ זְּעָקָ֖ה צעוריה׃ 5 כִּ֚י מַעֲלֵ֣ה הלחות בִּבְכִ֖י יַֽעֲלֶה־בֶּ֑כִי כִּ֚י בְּמוֹרַ֣ד חוֹרֹנַ֔יִם צָרֵ֥י צַֽעֲקַת־שֶׁ֖בֶר שָׁמֵֽעוּ׃ 6 נֻ֖סוּ מַלְּט֣וּ נַפְשְׁכֶ֑ם וְתִֽהְיֶ֕ינָה כַּעֲרוֹעֵ֖ר בַּמִּדְבָּֽר׃ 7 כִּ֠י יַ֣עַן בִּטְחֵ֤ךְ בְּמַעֲשַׂ֨יִךְ֙ וּבְא֣וֹצְרוֹתַ֔יִךְ גַּם־אַ֖תְּ תִּלָּכֵ֑דִי וְיָצָ֤א כמיש בַּגּוֹלָ֔ה כֹּהֲנָ֥יו וְשָׂרָ֖יו יחד׃ 8 וְיָבֹ֨א שֹׁדֵ֜ד אֶל־כָּל־עִ֗יר וְעִיר֙ לֹ֣א תִמָּלֵ֔ט וְאָבַ֥ד הָעֵ֖מֶק וְנִשְׁמַ֣ד הַמִּישֹׁ֑ר אֲשֶׁ֖ר אָמַ֥ר יְהוָֽה׃ 9 תְּנוּ־צִ֣יץ לְמוֹאָ֔ב כִּ֥י נָצֹ֖א תֵּצֵ֑א וְעָרֶ֨יהָ֙ לְשַׁמָּ֣ה תִֽהְיֶ֔ינָה מֵאֵ֥ין יוֹשֵׁ֖ב בָּהֵֽן׃ 10 אָר֗וּר עֹשֶׂ֛ה מְלֶ֥אכֶת יְהוָ֖ה רְמִיָּ֑ה וְאָר֕וּר מֹנֵ֥עַ חַרְבּ֖וֹ מִדָּֽם׃ 11 שַׁאֲנַ֨ן מוֹאָ֜ב מִנְּעוּרָ֗יו וְשֹׁקֵ֥ט הוּא֙ אֶל־שְׁמָרָ֔יו וְלֹֽא־הוּרַ֤ק מִכְּלִי֙ אֶל־כֶּ֔לִי וּבַגּוֹלָ֖ה לֹ֣א הָלָ֑ךְ עַל־כֵּ֗ן עָמַ֤ד טַעְמוֹ֙ בּ֔וֹ וְרֵיח֖וֹ לֹ֥א נָמָֽר׃ ס 12 לָכֵ֞ן הִנֵּ֖ה־יָמִ֤ים בָּאִים֙ נְאֻם־יְהוָ֔ה וְשִׁלַּחְתִּי־ל֥וֹ צֹעִ֖ים וְצֵעֻ֑הוּ וְכֵלָ֣יו יָרִ֔יקוּ וְנִבְלֵיהֶ֖ם יְנַפֵּֽצוּ׃ 13 וּבֹ֥שׁ מוֹאָ֖ב מִכְּמ֑וֹשׁ כַּאֲשֶׁר־בֹּ֨שׁוּ֙ בֵּ֣ית יִשְׂרָאֵ֔ל מִבֵּ֥ית אֵ֖ל מִבְטֶחָֽם׃ 14 אֵ֚יךְ תֹּֽאמְר֔וּ גִּבּוֹרִ֖ים אֲנָ֑חְנוּ וְאַנְשֵׁי־חַ֖יִל לַמִּלְחָמָֽה׃ 15 שֻׁדַּ֤ד מוֹאָב֙ וְעָרֶ֣יהָ עָלָ֔ה וּמִבְחַ֥ר בַּֽחוּרָ֖יו יָרְד֣וּ לַטָּ֑בַח נְאֻ֨ם־הַמֶּ֔לֶךְ יְהוָ֥ה צְבָא֖וֹת שְׁמֽוֹ׃ 16 קָר֥וֹב אֵיד־מוֹאָ֖ב לָב֑וֹא וְרָ֣עָת֔וֹ מִהֲרָ֖ה מְאֹֽד׃ 17 נֻ֤דוּ לוֹ֙ כָּל־סְבִיבָ֔יו וְכֹ֖ל יֹדְעֵ֣י שְׁמ֑וֹ אִמְר֗וּ אֵיכָ֤ה נִשְׁבַּר֙ מַטֵּה־עֹ֔ז מַקֵּ֖ל תִּפְאָרָֽה׃ 18 רְדִ֤י מִכָּבוֹד֙ ישבי בַצָּמָ֔א יֹשֶׁ֖בֶת בַּת־דִּיב֑וֹן כִּֽי־שֹׁדֵ֤ד מוֹאָב֙ עָ֣לָה בָ֔ךְ שִׁחֵ֖ת מִבְצָרָֽיִךְ׃ 19 אֶל־דֶּ֛רֶךְ עִמְדִ֥י וְצַפִּ֖י יוֹשֶׁ֣בֶת עֲרוֹעֵ֑ר שַׁאֲלִי־נָ֣ס וְנִמְלָ֔טָה אִמְרִ֖י מַה־נִּֽהְיָֽתָה׃ 20 הֹבִ֥ישׁ מוֹאָ֛ב כִּֽי־חַ֖תָּה הילילי ׀ וזעקי הַגִּ֣ידוּ בְאַרְנ֔וֹן כִּ֥י שֻׁדַּ֖ד מוֹאָֽב׃ 21 וּמִשְׁפָּ֥ט בָּ֖א אֶל־אֶ֣רֶץ הַמִּישֹׁ֑ר אֶל־חֹל֥וֹן וְאֶל־יַ֖הְצָה וְעַל־מופעת׃ 22 וְעַל־דִּיב֣וֹן וְעַל־נְב֔וֹ וְעַל־בֵּ֖ית דִּבְלָתָֽיִם׃ 23 וְעַ֧ל קִרְיָתַ֛יִם וְעַל־בֵּ֥ית גָּמ֖וּל וְעַל־בֵּ֥ית מְעֽוֹן׃ 24 וְעַל־קְרִיּ֖וֹת וְעַל־בָּצְרָ֑ה וְעַ֗ל כָּל־עָרֵי֙ אֶ֣רֶץ מוֹאָ֔ב הָרְחֹק֖וֹת וְהַקְּרֹבֽוֹת׃ 25 נִגְדְּעָה֙ קֶ֣רֶן מוֹאָ֔ב וּזְרֹע֖וֹ נִשְׁבָּ֑רָה נְאֻ֖ם יְהוָֽה׃ 26 הַשְׁכִּירֻ֕הוּ כִּ֥י עַל־יְהוָ֖ה הִגְדִּ֑יל וְסָפַ֤ק מוֹאָב֙ בְּקִיא֔וֹ וְהָיָ֥ה לִשְׂחֹ֖ק גַּם־הֽוּא׃ 27 וְאִ֣ם ׀ ל֣וֹא הַשְּׂחֹ֗ק הָיָ֤ה לְךָ֙ יִשְׂרָאֵ֔ל אִם־בְּגַנָּבִ֖ים נמצאה כִּֽי־מִדֵּ֧י דְבָרֶ֥יךָ בּ֖וֹ תִּתְנוֹדָֽד׃ 28 עִזְב֤וּ עָרִים֙ וְשִׁכְנ֣וּ בַּסֶּ֔לַע יֹשְׁבֵ֖י מוֹאָ֑ב וִֽהְי֣וּ כְיוֹנָ֔ה תְּקַנֵּ֖ן בְּעֶבְרֵ֥י פִי־פָֽחַת׃ 29 שָׁמַ֥עְנוּ גְאוֹן־מוֹאָ֖ב גֵּאֶ֣ה מְאֹ֑ד גָּבְה֧וֹ וּגְאוֹנ֛וֹ וְגַאֲוָת֖וֹ וְרֻ֥ם לִבּֽוֹ׃ 30 אֲנִ֤י יָדַ֨עְתִּי֙ נְאֻם־יְהוָ֔ה עֶבְרָת֖וֹ וְלֹא־כֵ֑ן בַּדָּ֖יו לֹא־כֵ֥ן עָשֽׂוּ׃ 31 עַל־כֵּן֙ עַל־מוֹאָ֣ב אֲיֵלִ֔יל וּלְמוֹאָ֥ב כֻּלֹּ֖ה אֶזְעָ֑ק אֶל־אַנְשֵׁ֥י קִֽיר־חֶ֖רֶשׂ יֶהְגֶּֽה׃ 32 מִבְּכִ֨י יַעְזֵ֤ר אֶבְכֶּה־לָּךְ֙ הַגֶּ֣פֶן שִׂבְמָ֔ה נְטִֽישֹׁתַ֨יִךְ֙ עָ֣בְרוּ יָ֔ם עַ֛ד יָ֥ם יַעְזֵ֖ר נָגָ֑עוּ עַל־קֵיצֵ֥ךְ וְעַל־בְּצִירֵ֖ךְ שֹׁדֵ֥ד נָפָֽל׃ 33 וְנֶאֶסְפָ֨ה שִׂמְחָ֥ה וָגִ֛יל מִכַּרְמֶ֖ל וּמֵאֶ֣רֶץ מוֹאָ֑ב וְיַ֨יִן֙ מִיקָבִ֣ים הִשְׁבַּ֔תִּי לֹֽא־יִדְרֹ֣ךְ הֵידָ֔ד הֵידָ֖ד לֹ֥א הֵידָֽד׃ 34 מִזַּעֲקַ֨ת חֶשְׁבּ֜וֹן עַד־אֶלְעָלֵ֗ה עַד־יַ֨הַץ֙ נָתְנ֣וּ קוֹלָ֔ם מִצֹּ֨עַר֙ עַד־חֹ֣רֹנַ֔יִם עֶגְלַ֖ת שְׁלִֽשִׁיָּ֑ה כִּ֚י גַּם־מֵ֣י נִמְרִ֔ים לִמְשַׁמּ֖וֹת יִהְיֽוּ׃ 35 וְהִשְׁבַּתִּ֥י לְמוֹאָ֖ב נְאֻם־יְהוָ֑ה מַעֲלֶ֣ה בָמָ֔ה וּמַקְטִ֖יר לֵאלֹהָֽיו׃ 36 עַל־כֵּ֞ן לִבִּ֤י לְמוֹאָב֙ כַּחֲלִלִ֣ים יֶהֱמֶ֔ה וְלִבִּי֙ אֶל־אַנְשֵׁ֣י קִֽיר־חֶ֔רֶשׂ כַּחֲלִילִ֖ים יֶהֱמֶ֑ה עַל־כֵּ֛ן יִתְרַ֥ת עָשָׂ֖ה אָבָֽדוּ׃ 37 כִּ֤י כָל־רֹאשׁ֙ קָרְחָ֔ה וְכָל־זָקָ֖ן גְּרֻעָ֑ה עַ֤ל כָּל־יָדַ֨יִם֙ גְּדֻדֹ֔ת וְעַל־מָתְנַ֖יִם שָֽׂק׃ 38 עַ֣ל כָּל־גַּגּ֥וֹת מוֹאָ֛ב וּבִרְחֹבֹתֶ֖יהָ כֻּלֹּ֣ה מִסְפֵּ֑ד כִּֽי־שָׁבַ֣רְתִּי אֶת־מוֹאָ֗ב כִּכְלִ֛י אֵֽין־חֵ֥פֶץ בּ֖וֹ נְאֻם־יְהוָֽה׃ 39 אֵ֥יךְ חַ֨תָּה֙ הֵילִ֔ילוּ אֵ֛יךְ הִפְנָה־עֹ֥רֶף מוֹאָ֖ב בּ֑וֹשׁ וְהָיָ֥ה מוֹאָ֛ב לִשְׂחֹ֥ק וְלִמְחִתָּ֖ה לְכָל־סְבִיבָֽיו׃ ס 40 כִּי־כֹה֙ אָמַ֣ר יְהוָ֔ה הִנֵּ֥ה כַנֶּ֖שֶׁר יִדְאֶ֑ה וּפָרַ֥שׂ כְּנָפָ֖יו אֶל־מוֹאָֽב׃ 41 נִלְכְּדָה֙ הַקְּרִיּ֔וֹת וְהַמְּצָד֖וֹת נִתְפָּ֑שָׂה וְֽ֠הָיָה לֵ֞ב גִּבּוֹרֵ֤י מוֹאָב֙ בַּיּ֣וֹם הַה֔וּא כְּלֵ֖ב אִשָּׁ֥ה מְצֵרָֽה׃ 42 וְנִשְׁמַ֥ד מוֹאָ֖ב מֵעָ֑ם כִּ֥י עַל־יְהוָ֖ה הִגְדִּֽיל׃ 43 פַּ֥חַד וָפַ֖חַת וָפָ֑ח עָלֶ֛יךָ יוֹשֵׁ֥ב מוֹאָ֖ב נְאֻם־יְהוָֽה׃ 44 הניס מִפְּנֵ֤י הַפַּ֨חַד֙ יִפֹּ֣ל אֶל־הַפַּ֔חַת וְהָֽעֹלֶה֙ מִן־הַפַּ֔חַת יִלָּכֵ֖ד בַּפָּ֑ח כִּֽי־אָבִ֨יא אֵלֶ֧יהָ אֶל־מוֹאָ֛ב שְׁנַ֥ת פְּקֻדָּתָ֖ם נְאֻם־יְהוָֽה׃ 45 בְּצֵ֥ל חֶשְׁבּ֛וֹן עָמְד֖וּ מִכֹּ֣חַ נָסִ֑ים כִּֽי־אֵ֞שׁ יָצָ֣א מֵחֶשְׁבּ֗וֹן וְלֶֽהָבָה֙ מִבֵּ֣ין סִיח֔וֹן וַתֹּ֨אכַל֙ פְּאַ֣ת מוֹאָ֔ב וְקָדְקֹ֖ד בְּנֵ֥י שָׁאֽוֹן׃ 46 אוֹי־לְךָ֣ מוֹאָ֔ב אָבַ֖ד עַם־כְּמ֑וֹשׁ כִּֽי־לֻקְּח֤וּ בָנֶ֨יךָ֙ בַּשֶּׁ֔בִי וּבְנֹתֶ֖יךָ בַּשִּׁבְיָֽה׃ 47 וְשַׁבְתִּ֧י שְׁבוּת־מוֹאָ֛ב בְּאַחֲרִ֥ית הַיָּמִ֖ים נְאֻם־יְהוָ֑ה עַד־הֵ֖נָּה מִשְׁפַּ֥ט מוֹאָֽב׃ ס
မောဘပြည်ကိုဖျက်ဆီးခြင်း
1 ဣသရေလအမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် မောဘပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ နေဗောမြို့သည် အမင်္ဂလာရှိ၏။ ပျက်စီးခြင်းသို့ ရောက်လေ၏။ ကိရယသိမ်မြို့သည် ရှုံး၍ လုယူခြင်းကို ခံရ၏။ မိသဂပ်မြို့သည်လည်းရှုံး၍ စိတ်ပျက်လေ၏။ဟေရှာ၊ ၁၅:၁-၁၆:၁၄၊ ၂၅:၁၀-၁၂။ ယေဇ၊ ၂၅:၈-၁၁။ အာ၊ ၂:၁-၃။ ဇေ၊ ၂:၈-၁၁။2 မောဘပြည်သည် နောက်တစ်ဖန် ဟေရှဘုန်မြို့၌ မဝါကြွားရ။ ရန်သူတို့က၊ မောဘပြည်ကို ပြည်မဖြစ်စေခြင်းငှာ ပယ်ရှားကြကုန်အံ့ဟု၊ ရန်ပြုမည့်အကြံနှင့် ကြံစည်ကြ၏။ အို မာဒမေနမြို့၊ သင်သည်လည်းပျက်စီးရမည်။ ဓားဘေးသည် သင့်ကိုလိုက်လိမ့်မည်။ 3 ဟောရနိမ်မြို့၌လည်း ညှဉ်းဆဲခြင်းနှင့် ပြင်းစွာသော ပျက်စီးခြင်းရှိ၍၊ အော်ဟစ်သောအသံကို ကြားရ၏။ 4 မောဘပြည်သည် ပျက်စီးခြင်းသို့ရောက်၍၊ သူငယ်တို့သည် မြည်တမ်းသောအသံကို ပြုကြ၏။ 5 ငိုကြွေးသောအသံသည် လုဟိတ်တောင်ပေါ်သို့ တက်ရ၏။ ဟောရနိမ်မြို့သို့ ဆင်းရာအရပ်၌လည်း၊ ဆုံးရှုံးခြင်းအသံကို ရန်သူတို့သည် ကြားရကြ၏။ 6 အသက်လွတ်အံ့သောငှာ ပြေးကြလော့။ လွင်ပြင်၌ရှိသော သစ်ပင်ခြောက် ကဲ့သို့ဖြစ်ကြလော့။ 7 သင်သည် မိမိဆည်းပူးသော ဘဏ္ဍာဥစ္စာကို ကိုးစားသောကြောင့်၊ သူတစ်ပါးလက်သို့ ရောက်ရလိမ့်မည်။ ခေမုရှဘုရားကိုလည်း သူ၏မင်း၊ သူ၏ယဇ်ပုရောဟိတ်တို့နှင့် တကွ သိမ်းသွားကြလိမ့်မည်။ 8 လုယူသောသူသည် မြို့များအစဉ်အတိုင်းရောက်လာ၍ မြို့တစ်မြို့မျှ မလွတ်ရ။ ချိုင့်နှင့်တကွ လွင်ပြင်သည်လည်း၊ ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။ 9 မောဘပြည်သည် လွတ်ရာသို့ ပြေးရအောင် ငှက်တောင်တို့ကို ပေးလော့။ မြို့တို့သည် နေသောသူမရှိ၊ လူဆိတ်ညံရာ ဖြစ်ကြလိမ့်မည်။ 10 ထာဝရဘုရား၏ အမှုတော်ကိုကြိုးစား၍ မဆောင်သောသူသည် ကျိန်ဆဲခြင်းကိုခံစေ။ လူအသက်ကို မသတ်ဘဲ မိမိဓားကို သိမ်းရုပ်သောသူသည် ကျိန်ဆဲခြင်းကိုခံစေ။
မောဘမြို့များပျက်စီးခြင်း
11 မောဘသည် အိုးတစ်လုံးမှတစ်လုံးသို့ မပြောင်း၊ တစ်ကျွန်းတစ်နိုင်ငံသို့ ယူသွားခြင်းကို မခံ၊ ငယ်သောအရွယ်မှစ၍ ငြိမ်လျက်၊ မိမိအဖတ်အနည်ပေါ်၌ နေရာကျလျက်ရှိသောကြောင့်၊ မိမိအရသာသည် တည်နေ၏။ မွှေးသောအနံ့လည်း မပျက်။ 12 သို့ရာတွင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ စောင်း၍ထားတတ်သောသူတို့ကို သူ့ထံသို့ ငါစေလွှတ်ရသော အချိန်ရောက်လိမ့်မည်။ သူတို့သည် မောဘကိုစောင်း၍ထားပြီးလျှင်၊ သူ၏အိုးတို့ကို သွန်၍ ရေဘူးတို့ကို ခွဲကြလိမ့်မည်။ 13 ဣသရေလအမျိုးသည် မိမိတို့ခိုလှုံသော ဗေသလဘုရားကြောင့် ရှက်ရသကဲ့သို့၊ မောဘအမျိုးသည်လည်း ခေမုရှဘုရားကြောင့် ရှက်ရလိမ့်မည်။ 14 ငါတို့သည် အားကြီးသောသူ၊ စစ်တိုက်ခြင်းငှာ တတ်စွမ်းနိုင်သောသူ ဖြစ်ကြ၏ဟု၊ သင်တို့သည် အဘယ်သို့ ပြောဆိုကြလိမ့်မည်နည်း။ 15 မောဘပြည်သည် ပျက်စီးပြီ။ မြို့တို့သည် ကျွမ်းလောင်ကြပြီ။ သူရွေးချယ်သော လုလင်တို့သည် ကွပ်မျက်ခြင်းကို ခံအံ့သောငှာ ဆင်းသွားကြပြီဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ၍ ဘွဲ့နာမရှိသော ရှင်ဘုရင် မိန့်တော်မူ၏။ 16 မောဘကို လုပ်ကြံရသောအချိန်နီးပြီ။ သူခံရသောဘေးသည် အလျင်အမြန်လာ၏။ 17 သူ့ပတ်လည်၌နေသော သူအပေါင်းတို့၊ သူ့အတွက် မြည်တမ်းကြလော့။ သူ၏နာမကို သိသောသူအပေါင်းတို့၊ တန်ခိုးကြီးသောလှံတံ၊ အသရေတင့်တယ်သောတံဖျာသည် ကျိုးလေပြီတကားဟု ပြောဆိုကြလော့။ 18 ဒိဘုန်မြို့၌နေသော သတို့သမီး၊ သင်ခံစားရသော စည်းစိမ်မှဆင်း၍ အငတ်ခံလျက်ထိုင်လော့။ မောဘကို လုယူသောသူသည် သင်ရှိရာသို့လာ၍၊ သင်၏ရဲတိုက်တို့ကိုဖျက်ဆီးလိမ့်မည်။ 19 အို အာရော်မြို့သား၊ လမ်းနားမှာရပ်၍ ကြည့်ရှုလော့။ အဘယ်အမှုရှိသနည်းဟု၊ ပြေးသောယောက်ျားနှင့် အသက်လွတ်သော မိန်းမကို မေးမြန်းလော့။ 20 မောဘသည် စိတ်ပျက်လေ၏။ ပြိုလဲလျက် ရှိ၏။ ငိုကြွေးမြည်တမ်းကြလော့။ မောဘသည် ပျက်စီးကြောင်းကို အာနုန်မြို့၌ ကြားပြောကြလော့။ 21 လွင်ပြင်နှင့် တကွဟောလုန်မြို့၊ ယဟာဇမြို့၊ မေဖတ်မြို့၊ 22 ဒိဘုန်မြို့၊ နေဗောမြို့၊ ဗက်ဒိဗလသိမ်မြို့၊ 23 ကိရယသိမ်မြို့၊ ဗက်ဂမုလမြို့၊ ဗက်မောင်မြို့၊ 24 ကေရုတ်မြို့၊ ဗောဇရမြို့မှစ၍၊ မောဘပြည်၌ရှိသောမြို့ အနီးအဝေးရှိသမျှတို့သည် အပြစ်ဒဏ်ကို ခံရကြ၏။ 25 မောဘ၏ဦးချိုသည် ပြတ်လေပြီ။ သူ၏လက်ရုံးသည် ကျိုးလေပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
မောဘ၏မာနကိုချိုးတော်မူမည်
26 မောဘသည် ထာဝရဘုရားတစ်ဖက်၌ ဝါကြွားသောကြောင့် သူ့ကိုယစ်မူးစေကြလော့။ သူသည် မိမိအန်ဖတ်၌ လူးလည်း၍ ကဲ့ရဲ့ခြင်းကိုခံရ၏။ 27 သင်သည် ဣသရေလကို ကဲ့ရဲ့ပြီမဟုတ်လော။ သို့ရာတွင်၊ သူသည် သူခိုးတို့နှင့်ပေါင်းဖော်သည်ကို တွေ့ဖူးသလော။ သူ၏အကြောင်းကို ပြောလေရာရာ၌ သင်သည် ခေါင်းကိုညိတ်ပါသည်တကား။ 28 မောဘပြည်၌နေသော သူတို့၊ မြို့တို့ကိုစွန့်၍ ကျောက်ကြား၌ နေကြလော့။ မြေတွင်းဝနားမှာ အသိုက်လုပ်တတ်သော ချိုးငှက်ကဲ့သို့ ပြုကြလော့။
29 မောဘ၏မာနကို ငါတို့သည် ကြားသိကြ၏။ အလွန်ကြီးသော မာနဖြစ်၏။ မာနကြီးခြင်း၊ ထောင်လွှားစော်ကားခြင်း၊ စိတ်နှလုံးမြင့်ခြင်း ရှိသော်လည်း၊ 30 သူ၏ ဒေါသအမျက်ထွက်ခြင်းကို ငါသိသည်ဖြစ်၍၊ သူသည် အချည်းနှီးသက်သက် ဝါကြွားသောစကားကို ပြောလျက်နှင့်၊ မိမိအလို မပြည့်စုံရာဟု ထာဝရဘုရား မိန့်တော်မူ၏။ 31 ထိုကြောင့်၊ မောဘအတွက် ငါသည်ညည်းတွားမြည်တမ်းမည်။ မောဘပြည် တစ်ပြည်လုံးအတွက် ငိုကြွေးမည်။ ကိရဟရက်မြို့သားတို့အတွက် ညည်းတွားခြင်း ရှိရမည်။ 32 အို စိဗမာစပျစ်နွယ်ပင်၊ ယာဇာမြို့အတွက် မျက်ရည်ကျသည်ထက်၊ သင့်အတွက် ငါသည် မျက်ရည်ကျမည်။ သင်၏အညွန့်တို့သည် ပင်လယ်ကိုလွန်၍၊ ယာဇာပင်လယ်တိုင်အောင် ရောက်ကြ၏။ ဖျက်ဆီးသောသူသည် သင်၏သစ်သီးနှင့် စပျစ်သီးတို့ကို လုယူ၏။ 33 ဝပြောသောလယ်ပြင်နှင့် မောဘပြည်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်း ပြတ်လေပြီ။ စပျစ်သီးနယ်ရာ ကျင်း၌ စပျစ်ရည်ကို ငါပြတ်စေပြီ။ ကြွေးကြော်သံကိုပြု၍ စပျစ်သီးကို မနင်းရ။ ကြွေးကြော်သော အသံလည်း ကြွေးကြော်သောအသံ မဟုတ်ရ။ 34 ဟေရှဘုန်မြို့ ငိုကြွေးသံမှစ၍ ဧလာလေမြို့၊ ယာဟတ်မြို့ တိုင်အောင်လည်းကောင်း၊ ဇောရမြို့မှစ၍ ဟောရနိမ်မြို့ တိုင်အောင်လည်းကောင်း သုံးနှစ်အသက်ရှိသော နွားမမြည်သံကဲ့သို့ အသံကို လွှင့်ကြ၏။ အကြောင်းမူကား၊ နိမရိမ် ရေကန်တို့သည်လည်း ဆိတ်ညံလျက်ရှိကြ၏။ 35 မောဘပြည်၌ မြင့်သောအရပ်ပေါ်မှာ ပူဇော်သောသူ၊ မိမိဘုရားတို့အား နံ့သာပေါင်းကို မီးရှို့သောသူတို့ကို ငါပြတ်စေမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ 36 ထိုကြောင့်၊ ငါနှလုံးသည် မောဘပြည်အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ ငါ့နှလုံးသည် ကိရဟရက်မြို့သားတို့အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ သူတို့ဆည်းပူးသော ဘဏ္ဍာဥစ္စာ ပျက်စီးပြီ။ 37 လူတိုင်းဆံပင်တိုလျက်၊ မုတ်ဆိတ်ကိုရိတ်လျက်၊ လက်၌ရှနလျက်၊ ခါး၌ လျှော်တေအဝတ်ကို ဝတ်လျက် ရှိရ၏။ 38 အသုံးမရသော အိုးကိုခွဲတတ်သကဲ့သို့၊ မောဘပြည်ကို ငါခွဲသောကြောင့်၊ မောဘပြည်အိမ်မိုးများ အပေါ်၌လည်းကောင်း၊ လမ်းများ၌လည်းကောင်း၊ ညည်းတွားမြည်တမ်းခြင်း နှံ့ပြားရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ 39 သူတို့ကလည်း၊ မောဘပြည် ပြိုပျက်လေပြီတကား၊ ရှက်၍ ဆုတ်သွားလေပြီတကားဟု ညည်းတွားမြည်တမ်း ကြလိမ့်မည်။ မောဘသည် အရှက်ကွဲ၍ ကဲ့ရဲ့ခြင်းကိုခံရလျက်၊ ပတ်လည်၌နေသော သူအပေါင်းတို့၏ ကြောက်လန့်စရာအကြောင်း ဖြစ်ရလိမ့်မည်။
မောဘပြည်လွတ်မြောက်ရန်မရှိ
40 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရန်သူသည် ရွှေလင်းတပျံတတ်သကဲ့သို့ ပျံလာ၍၊ အတောင်တို့နှင့် မောဘပြည်ကို အုပ်မိုးလိမ့်မည်။ 41 မြို့ တို့ကိုလုပ်ကြံ၍ ရဲတိုက်တို့ကို တိုက်ယူသောကြောင့်၊ ထိုနေ့၌ မောဘအမျိုးသူရဲတို့ စိတ်နှလုံးသည်၊ သားဖွားခြင်းဝေဒနာကို ခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ ဖြစ်ရလိမ့်မည်။ 42 မောဘသည် ထာဝရဘုရားတစ်ဖက်၌ ဝါကြွားသောကြောင့်၊ နောက်တစ်ဖန် ပြည်မဖြစ်နိုင်အောင် ပျက်စီးရလိမ့်မည်။ 43 အို မောဘအမျိုးသား၊ သင်သည်ကြောက်လန့်ဖွယ်သောအရာ၊ မြေတွင်း၊ ကျော့ကွင်းထဲသို့ ရောက်လေပြီ။ 44 ကြောက်လန့်ဖွယ်သောအရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့်မည်။ ဆုံးမခြင်းကိုခံရသောနှစ်ကာလကို မောဘပြည်သို့ ငါရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ 45 ပြေးသောသူတို့သည် အားကုန်သောကြောင့်၊ ဟေရှဘုန်မြို့အရိပ်ကို ခိုကြသော်လည်း၊ ရှိဟုန်ဘုရင် နေရာ ဟေရှဘုန်မြို့မှ မီးလျှံထွက်သဖြင့်၊ မာနထောင်လွှားသောသူတို့၏အထွတ်မှစ၍ မောဘပြည်စွန်းတိုင်အောင် လောင်လိမ့်မည်။ 46 အို မောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အို ခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ သင်တို့၏သားသမီးများကို သိမ်းသွင်းကြပြီ။ 47 သို့ရာတွင်၊ သိမ်းသွားခြင်းကိုခံရသော မောဘအမျိုးသားတို့ကို နောင်ကာလ၌ ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤရွေ့ကား၊ မောဘခံရသောအပြစ်တရားပေတည်း။