1 אִם־תָּשׁ֨וּב יִשְׂרָאֵ֧ל ׀ נְאֻם־יְהוָ֛ה אֵלַ֖י תָּשׁ֑וּב וְאִם־תָּסִ֧יר שִׁקּוּצֶ֛יךָ מִפָּנַ֖י וְלֹ֥א תָנֽוּד׃ 2 וְנִשְׁבַּ֨עְתָּ֙ חַי־יְהוָ֔ה בֶּאֱמֶ֖ת בְּמִשְׁפָּ֣ט וּבִצְדָקָ֑ה וְהִתְבָּ֥רְכוּ ב֛וֹ גּוֹיִ֖ם וּב֥וֹ יִתְהַלָּֽלוּ׃ ס 3 כִּי־כֹ֣ה ׀ אָמַ֣ר יְהֹוָ֗ה לְאִ֤ישׁ יְהוּדָה֙ וְלִיר֣וּשָׁלִַ֔ם נִ֥ירוּ לָכֶ֖ם נִ֑יר וְאַֽל־תִּזְרְע֖וּ אֶל־קוֹצִֽים׃ 4 הִמֹּ֣לוּ לַיהֹוָ֗ה וְהָסִ֨רוּ֙ עָרְל֣וֹת לְבַבְכֶ֔ם אִ֥ישׁ יְהוּדָ֖ה וְיֹשְׁבֵ֣י יְרוּשָׁלִָ֑ם פֶּן־תֵּצֵ֨א כָאֵ֜שׁ חֲמָתִ֗י וּבָעֲרָה֙ וְאֵ֣ין מְכַבֶּ֔ה מִפְּנֵ֖י רֹ֥עַ מַעַלְלֵיכֶֽם׃ 5 הַגִּ֣ידוּ בִֽיהוּדָ֗ה וּבִירוּשָׁלִַ֨ם֙ הַשְׁמִ֔יעוּ וְאִמְר֕וּ ותקעו שׁוֹפָ֖ר בָּאָ֑רֶץ קִרְא֤וּ מַלְאוּ֙ וְאִמְר֔וּ הֵאָסְפ֥וּ וְנָב֖וֹאָה אֶל־עָרֵ֥י הַמִּבְצָֽר׃ 6 שְׂאוּ־נֵ֣ס צִיּ֔וֹנָה הָעִ֖יזוּ אַֽל־תַּעֲמֹ֑דוּ כִּ֣י רָעָ֗ה אָנֹכִ֛י מֵבִ֥יא מִצָּפ֖וֹן וְשֶׁ֥בֶר גָּדֽוֹל׃ 7 עָלָ֤ה אַרְיֵה֙ מִֽסֻּבְּכ֔וֹ וּמַשְׁחִ֣ית גּוֹיִ֔ם נָסַ֖ע יָצָ֣א מִמְּקֹמ֑וֹ לָשׂ֤וּם אַרְצֵךְ֙ לְשַׁמָּ֔ה עָרַ֥יִךְ תִּצֶּ֖ינָה מֵאֵ֥ין יוֹשֵֽׁב׃ 8 עַל־זֹ֛את חִגְר֥וּ שַׂקִּ֖ים סִפְד֣וּ וְהֵילִ֑ילוּ כִּ֥י לֹא־שָׁ֛ב חֲר֥וֹן אַף־יְהֹוָ֖ה מִמֶּֽנּוּ׃ פ 9 וְהָיָ֤ה בַיּוֹם־הַהוּא֙ נְאֻם־יְהוָ֔ה יֹאבַ֥ד לֵב־הַמֶּ֖לֶךְ וְלֵ֣ב הַשָּׂרִ֑ים וְנָשַׁ֨מּוּ֙ הַכֹּ֣הֲנִ֔ים וְהַנְּבִיאִ֖ים יִתְמָֽהוּ׃ 10 וָאֹמַ֞ר אֲהָ֣הּ ׀ אֲדֹנָ֣י יְהוִ֗ה אָכֵן֩ הַשֵּׁ֨א הִשֵּׁ֜אתָ לָעָ֤ם הַזֶּה֙ וְלִירוּשָׁלִַ֣ם לֵאמֹ֔ר שָׁל֖וֹם יִהְיֶ֣ה לָכֶ֑ם וְנָגְעָ֥ה חֶ֖רֶב עַד־הַנָּֽפֶשׁ׃ 11 בָּעֵ֣ת הַהִ֗יא יֵאָמֵ֤ר לָֽעָם־הַזֶּה֙ וְלִיר֣וּשָׁלִַ֔ם ר֣וּחַ צַ֤ח שְׁפָיִים֙ בַּמִּדְבָּ֔ר דֶּ֖רֶךְ בַּת־עַמִּ֑י ל֥וֹא לִזְר֖וֹת וְל֥וֹא לְהָבַֽר׃ 12 ר֧וּחַ מָלֵ֛א מֵאֵ֖לֶּה יָ֣בוֹא לִ֑י עַתָּ֕ה גַּם־אֲנִ֛י אֲדַבֵּ֥ר מִשְׁפָּטִ֖ים אוֹתָֽם׃ 13 הִנֵּ֣ה ׀ כַּעֲנָנִ֣ים יַעֲלֶ֗ה וְכַסּוּפָה֙ מַרְכְּבוֹתָ֔יו קַלּ֥וּ מִנְּשָׁרִ֖ים סוּסָ֑יו א֥וֹי לָ֖נוּ כִּ֥י שֻׁדָּֽדְנוּ׃ 14 כַּבְּסִ֨י מֵרָעָ֤ה לִבֵּךְ֙ יְר֣וּשָׁלִַ֔ם לְמַ֖עַן תִּוָּשֵׁ֑עִי עַד־מָתַ֛י תָּלִ֥ין בְּקִרְבֵּ֖ךְ מַחְשְׁב֥וֹת אוֹנֵֽךְ׃ 15 כִּ֛י ק֥וֹל מַגִּ֖יד מִדָּ֑ן וּמַשְׁמִ֥יעַ אָ֖וֶן מֵהַ֥ר אֶפְרָֽיִם׃ 16 הַזְכִּ֣ירוּ לַגּוֹיִ֗ם הִנֵּה֙ הַשְׁמִ֣יעוּ עַל־יְרוּשָׁלִַ֔ם נֹצְרִ֥ים בָּאִ֖ים מֵאֶ֣רֶץ הַמֶּרְחָ֑ק וַֽיִּתְּנ֛וּ עַל־עָרֵ֥י יְהוּדָ֖ה קוֹלָֽם׃ 17 כְּשֹׁמְרֵ֣י שָׂדַ֔י הָי֥וּ עָלֶ֖יהָ מִסָּבִ֑יב כִּי־אֹתִ֥י מָרָ֖תָה נְאֻם־יְהוָֽה׃ 18 דַּרְכֵּךְ֙ וּמַ֣עֲלָלַ֔יִךְ עָשׂ֥וֹ אֵ֖לֶּה לָ֑ךְ זֹ֤את רָעָתֵךְ֙ כִּ֣י מָ֔ר כִּ֥י נָגַ֖ע עַד־לִבֵּֽךְ׃ ס 19 מֵעַ֣י ׀ מֵעַ֨י ׀ אחולה קִיר֥וֹת לִבִּ֛י הֹֽמֶה־לִּ֥י לִבִּ֖י לֹ֣א אַחֲרִ֑ישׁ כִּ֣י ק֤וֹל שׁוֹפָר֙ שמעתי נַפְשִׁ֔י תְּרוּעַ֖ת מִלְחָמָֽה׃ 20 שֶׁ֤בֶר עַל־שֶׁ֨בֶר֙ נִקְרָ֔א כִּ֥י שֻׁדְּדָ֖ה כָּל־הָאָ֑רֶץ פִּתְאֹם֙ שֻׁדְּד֣וּ אֹהָלַ֔י רֶ֖גַע יְרִיעֹתָֽי׃ 21 עַד־מָתַ֖י אֶרְאֶה־נֵּ֑ס אֶשְׁמְעָ֖ה ק֥וֹל שׁוֹפָֽר׃ ס 22 כִּ֣י ׀ אֱוִ֣יל עַמִּ֗י אוֹתִי֙ לֹ֣א יָדָ֔עוּ בָּנִ֤ים סְכָלִים֙ הֵ֔מָּה וְלֹ֥א נְבוֹנִ֖ים הֵ֑מָּה חֲכָמִ֥ים הֵ֨מָּה֙ לְהָרַ֔ע וּלְהֵיטִ֖יב לֹ֥א יָדָֽעוּ׃ 23 רָאִ֨יתִי֙ אֶת־הָאָ֔רֶץ וְהִנֵּה־תֹ֖הוּ וָבֹ֑הוּ וְאֶל־הַשָּׁמַ֖יִם וְאֵ֥ין אוֹרָֽם׃ 24 רָאִ֨יתִי֙ הֶֽהָרִ֔ים וְהִנֵּ֖ה רֹעֲשִׁ֑ים וְכָל־הַגְּבָע֖וֹת הִתְקַלְקָֽלוּ׃ 25 רָאִ֕יתִי וְהִנֵּ֖ה אֵ֣ין הָאָדָ֑ם וְכָל־ע֥וֹף הַשָּׁמַ֖יִם נָדָֽדוּ׃ 26 רָאִ֕יתִי וְהִנֵּ֥ה הַכַּרְמֶ֖ל הַמִּדְבָּ֑ר וְכָל־עָרָ֗יו נִתְּצוּ֙ מִפְּנֵ֣י יְהוָ֔ה מִפְּנֵ֖י חֲר֥וֹן אַפּֽוֹ׃ ס 27 כִּי־כֹה֙ אָמַ֣ר יְהוָ֔ה שְׁמָמָ֥ה תִהְיֶ֖ה כָּל־הָאָ֑רֶץ וְכָלָ֖ה לֹ֥א אֶעֱשֶֽׂה׃ 28 עַל־זֹאת֙ תֶּאֱבַ֣ל הָאָ֔רֶץ וְקָדְר֥וּ הַשָּׁמַ֖יִם מִמָּ֑עַל עַ֤ל כִּי־דִבַּ֨רְתִּי֙ זַמֹּ֔תִי וְלֹ֥א נִחַ֖מְתִּי וְלֹא־אָשׁ֥וּב מִמֶּֽנָּה׃ 29 מִקּ֨וֹל פָּרָ֜שׁ וְרֹ֣מֵה קֶ֗שֶׁת בֹּרַ֨חַת֙ כָּל־הָעִ֔יר בָּ֚אוּ בֶּעָבִ֔ים וּבַכֵּפִ֖ים עָל֑וּ כָּל־הָעִ֣יר עֲזוּבָ֔ה וְאֵין־יוֹשֵׁ֥ב בָּהֵ֖ן אִֽישׁ׃ 30 ואתי שָׁד֜וּד מַֽה־תַּעֲשִׂ֗י כִּֽי־תִלְבְּשִׁ֨י שָׁנִ֜י כִּי־תַעְדִּ֣י עֲדִי־זָהָ֗ב כִּֽי־תִקְרְעִ֤י בַפּוּךְ֙ עֵינַ֔יִךְ לַשָּׁ֖וְא תִּתְיַפִּ֑י מָאֲסוּ־בָ֥ךְ עֹגְבִ֖ים נַפְשֵׁ֥ךְ יְבַקֵּֽשׁוּ׃ 31 כִּי֩ ק֨וֹל כְּחוֹלָ֜ה שָׁמַ֗עְתִּי צָרָה֙ כְּמַבְכִּירָ֔ה ק֧וֹל בַּת־צִיּ֛וֹן תִּתְיַפֵּ֖חַ תְּפָרֵ֣שׂ כַּפֶּ֑יהָ אֽוֹי־נָ֣א לִ֔י כִּֽי־עָיְפָ֥ה נַפְשִׁ֖י לְהֹרְגִֽים׃ פ
နောင်တရရန်ဖိတ်ခေါ်ခြင်း
1 အို ဣသရေလအမျိုး၊ သင်သည် ပြန်လာလိုလျှင် ငါ့ထံသို့ပြန်လာပါ။ သင်၏ရွံရှာဖွယ်တို့ကို ပယ်လိုလျှင် ငါ့ထံမှမရွေ့ရ။ 2 သင်ကလည်း၊ ထာဝရဘုရားအသက်ရှင်တော်မူသည်ဟု သစ္စာစောင့်ခြင်း၊ တရားစီရင်ခြင်း၊ ဖြောင့်မတ်ခြင်းအားဖြင့် ကျိန်ဆိုလိမ့်မည်။ လူအမျိုးမျိုးတို့သည်လည်း၊ ထိုဘုရားသခင်အားဖြင့် မိမိတို့ကိုကောင်းချီးပေး၍၊ ထိုဘုရားသခင်ကို အမှီပြုလျက် ဝါကြွားကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
3 ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင်မြို့သားတို့အား မိန့်တော်မူသည်ကား၊ သင်တို့၏လယ်ကို ထွန်ကြလော့။ ဆူးပင်တို့တွင် မျိုးစေ့ကို မကြဲကြနှင့်။ဟော၊ ၁၀:၁၂။4 အို ယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ ထာဝရဘုရားအဖို့အလိုငှာ အရေဖျားလှီးမင်္ဂလာကိုခံ၍၊ သင်တို့နှလုံးအရေဖျားကို လှီးဖယ်ကြလော့။ သို့မဟုတ်၊ သင်တို့၏အကျင့် မကောင်းသောကြောင့်၊ ငါ့အမျက်သည် မီးကဲ့သို့ထွက်၍၊ အဘယ်သူမျှ မငြိမ်းနိုင်အောင် လောင်လိမ့်မည်။
ယုဒပြည်ကိုခြိမ်းခြောက်ခြင်း
5 ယုဒပြည်၌ တံပိုးမှုတ်ကြလော့ဟု၊ ယေရုရှလင်မြို့မှစ၍ တစ်ပြည်လုံးကြွေးကြော်၍ သတင်းကြားကြလော့။ စည်းဝေး၍ ခိုင်ခံ့သောမြို့များ အတွင်းသို့ ဝင်ကြကုန်အံ့ဟု အရပ်ရပ်၌ အနှံ့အပြား ကြွေးကြော်ကြလော့။ 6 ဇိအုန်တောင်ပေါ်မှာ အလံကိုထူကြလော့။ လွတ်အောင်ပြေးကြလော့။ ရပ်၍ မနေကြနှင့်။ အကြောင်းမူကား၊ ကြီးစွာသောပျက်စီးခြင်း ဘေးဥပဒ်ကို မြောက်မျက်နှာမှ ငါသည်ဆောင်ခဲ့မည်။ 7 ခြင်္သေ့သည် မိမိနေရာခြုံထဲက ထွက်လာပြီ။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးသောသူသည် လမ်း၌လာဆဲရှိ၏။ သင်၏ပြည်ကို လူဆိတ်ညံရာအရပ် ဖြစ်စေခြင်းငှာ၊ သူသည် မိမိနေရာမှ ထွက်လာသည်ဖြစ်၍၊ သင်၏မြို့တို့သည် လူမနေနိုင်အောင်ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ 8 ထိုအကြောင်းကြောင့် လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ငိုကြွေးမြည်တမ်း၍ အော်ဟစ်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏ ပြင်းစွာသော အမျက်တော်သည် ငါတို့မှလွှဲရှောင်၍မသွားသေး။ 9 ထိုအခါ ရှင်ဘုရင်နှင့် မှူးမတ်တို့သည် စိတ်ပျက်ကြလိမ့်မည်။ ယဇ်ပုရောဟိတ်တို့သည် မိန်းမောတွေဝေလျက်၊ ပရောဖက်တို့သည် ထိတ်လန့်လျက်ရှိကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
10 ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ သန်လျက်သည် အသက်ကိုထိသည်တိုင်အောင် ခွင်းသော်လည်း၊ သင်တို့သည် ငြိမ်သက်ခြင်း ရှိကြလိမ့်မည်ဟု ကိုယ်တော်သည် မိန့်တော်မူသောအားဖြင့်၊ ဤလူများနှင့်တကွ ယေရုရှလင်မြို့သားတို့ကို အလွန်လှည့်စားတော်မူပါပြီ တကားဟု လျှောက်ဆို၏။
11 ထိုကာလ၌ ဤလူများနှင့် ယေရုရှလင်မြို့သားတို့ကို ရည်မှတ်၍ ဆိုရမည်ကား၊ ပူသောလေသည် တော၌ မြင့်သောအရပ်က ငါ၏လူမျိုးသတို့သမီးထံသို့ လာလိမ့်မည်။ အမှော်လွင့်စေခြင်း၊ သန့်ရှင်းစေခြင်းငှာ လာသောလေမဟုတ်။ 12 ထိုလေထက်ပြင်းသော လေသည် ငါ့အလိုကို ပြည့်စုံစေခြင်းငှာ လာလိမ့်မည်။ ယခုပင် သူတို့ကို ငါ့ကိုယ်တိုင် စစ်ကြောစီရင်မည်။
ယုဒပြည်ကိုဝန်းရံခြင်း
13 လာသောမင်းသည် မိုးတိမ်ကဲ့သို့ လာလိမ့်မည်။ သူ၏ရထားတို့သည် လေပွေကဲ့သို့ဖြစ်ကြ၏။ သူ၏မြင်းတို့သည် ရွှေလင်းတထက် သာ၍ လျင်မြန်ကြ၏။ ငါတို့သည် အမင်္ဂလာရှိကြ၏။ ပျက်စီးခြင်းသို့ ရောက်ကြပြီ။ 14 အို ယေရုရှလင်မြို့၊ သင်သည် ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ၊ သင်၏စိတ်နှလုံးကို ဒုစရိုက်အပြစ်နှင့် ကင်းစင်စေလော့။ သင်၏ အဓမ္မအကြံအစည်တို့သည် အဘယ်မျှကာလပတ်လုံး သင်၏အထဲ၌ တည်နေရမည်နည်း။ 15 ဒန်ပြည်၌ အသံကို ကြားရ၏။ ဧဖရိမ်တောင်ပေါ်မှာ ဒုက္ခသတင်းကို ဟစ်ကြော်ကြ၏။ 16 အပြည်ပြည်တို့၌ သတင်းကြားကြလော့။ ယေရုရှလင်မြို့ကိုရည်မှတ်၍ ကြွေးကြော်ကြလော့။ ကင်းစောင့်တို့သည် ဝေးသောပြည်က လာ၍၊ ယုဒမြို့များတစ်ဖက်၌ ထူးကြလိမ့်မည်။ 17 လယ်ကိုစောင့်သောသူများကဲ့သို့၊ ထိုသူတို့သည် ယုဒပြည်ကို ဝန်းရံကြ၏။ အကြောင်းမူကား၊ ထိုပြည်သည် ငါ့ကိုပုန်ကန်ပြီ။ 18 သင်လိုက်သောထုံးစံနှင့် သင်ကျင့်သော အကျင့်တို့သည် သင့်အပေါ်မှာ ဤအမှုကို သက်ရောက်စေပြီ။ သင်သည် ထိုသို့သောအမှုနှင့်တွေ့၍ ခါးစပ်သောစိတ်၊ နာကြည်းသောစိတ်ရှိရာ၏ဟု ထာဝရဘုရား မိန့်တော်မူ၏။
မိမိလူမျိုးအတွက်ပူဆွေးခြင်း
19 ငါ့အသည်းသည်နာ၏။ ငါ့အသည်းသည် နာ၏။ ငါ့နှလုံးအရေဖျားလည်း နာ၏။ ငါ့အထဲ၌ ငါ့နှလုံးပူဆွေး၏။ ငါသည် တိတ်ဆိတ်စွာ မနေနိုင်။ အကြောင်းမူကား၊ အို ငါ့ဝိညာဉ်၊ သင်သည် တံပိုးမှုတ်သံနှင့် စစ်တိုက်သံကို ကြားရ၏။ 20 ပျက်စီးပြီ၊ ပျက်စီးပြီဟု အထပ်ထပ်ဟစ်ကြော်ရ၏။ တစ်ပြည်လုံး ပျက်စီးပြီ။ ငါ၏တဲတို့သည် ခဏချင်းတွင် ပျက်စီးကြပြီ။ ငါ၏ ကုလားကာတို့သည် ချက်ချင်းပျက်စီးကြပြီ။ 21 ငါသည် အဘယ်မျှကာလပတ်လုံး အလံကိုမြင်ရအံ့နည်း။ အဘယ်မျှကာလပတ်လုံး တံပိုးသံကို ကြားရအံ့နည်း။
22 အကယ်စင်စစ် ငါ၏လူတို့သည် ထိုင်းမှိုင်း၍ ငါ့ကိုမသိကြ။ မိုက်သောသူငယ်ဖြစ်၍ ဉာဏ်မရှိကြ။ မကောင်းသောအမှုတို့၌ လိမ္မာကြ၏။ ကောင်းသောအမှုတို့ကို မပြုတတ်ကြ။
ကျရောက်လာမည့်ဘေး
23 ငါသည် မြေကြီးကိုကြည့်ရှု၍ လွတ်လပ်လဟာဖြစ်၏။ မိုးကောင်းကင်ကိုလည်း ငါကြည့်ရှု၍ အလင်းမရှိ။ 24 တောင်တို့ကိုလည်း ငါကြည့်ရှု၍၊ သူတို့နှင့်တကွ ကုန်းရှိသမျှတို့သည် တုန်လှုပ်လျက်နေကြ၏။ 25 ငါကြည့်ရှု၍ လူမရှိ။ မိုးကောင်းကင်ငှက် အပေါင်းတို့သည် ပြေးကြပြီ။ 26 ငါကြည့်ရှု၍ ဝပြောသောပြည်သည် တောဖြစ်လေပြီ။ မြို့များတို့သည် ပြိုပျက်လျက် ရှိကြ၏။ ထာဝရဘုရားရှေ့၊ ပြင်းစွာသော အမျက်တော်ရှေ့၌ ထိုသို့သောအခြင်းအရာတို့သည် ဖြစ်ရကြ၏။
27 ထာဝရဘုရား မိန့်တော်မူသည်ကား၊ တစ်ပြည်လုံး ပျက်စီးရာဖြစ်လိမ့်မည်။ ပျက်စီးခြင်းကို ငါမဆီးတား၊ 28 ထိုကြောင့်၊ မြေကြီးသည် ညည်းတွားလိမ့်မည်။ မိုးကောင်းကင်လည်း နက်လိမ့်မည်။ ငါသည်ပြောပြီးမှ နောင်တမရှိ။ ကြံပြီးမှ အကြံမပျက်ရ။ 29 မြင်းစီးသူရဲနှင့် လေးကိုင်သူရဲတို့ ဟစ်သောအသံကြောင့်၊ မြို့သားအပေါင်းတို့သည် တောအုပ်သို့ ပြေးသွားကြ၏။ ကျောက်ပေါ်သို့ တက်ကြ၏။ မြို့ရှိသမျှတို့ကို စွန့်ပစ်၍နေသောသူ တစ်ယောက်မျှမရှိရ။ 30 သင်သည် ပျက်စီးခြင်းသို့ရောက်သောအခါ အဘယ်သို့ ပြုလိမ့်မည်နည်း။ နီမောင်းသောအဝတ်ကို ဝတ်သော်လည်းကောင်း၊ ရွှေတန်ဆာကို ဆင်သော်လည်းကောင်း၊ သင်၏မျက်နှာစုတ်ပဲ့သည်တိုင်အောင် ဆေးသုတ်သော်လည်းကောင်း၊ သင်၏တင့်တယ်ခြင်းကို အချည်းနှီးပြ၏။ သင်၏ရည်းစားတို့သည် သင့်ကိုစွန့်၍၊ သင်၏အသက်ကို သတ်ခြင်းငှာ ရှာကြံကြ၏။ 31 အကယ်စင်စစ် သားဖွားသောမိန်းမညည်းသံ၊ သားဦးဖွားသော မိန်းမ၏ဝေဒနာခံရာအသံကဲ့သို့၊ ဇိအုန်သတို့သမီး အော်ဟစ်သံကို ငါကြားရ၏။ ထိုသတို့သမီးက၊ အကျွန်ုပ်သည် အမင်္ဂလာရှိပါ၏။ လူသတ်များကြောင့်၊ အကျွန်ုပ်စိတ်ပျက်ပါ၏ဟု မိမိလက်ဝါးကိုဖြန့်၍ ငိုကြွေးလျက်နေ၏။