1 הַדָּבָר֙ אֲשֶׁ֣ר הָיָ֣ה אֶֽל־יִרְמְיָ֔הוּ מֵאֵ֥ת יְהוָ֖ה לֵאמֹֽר׃ 2 כֹּֽה־אָמַ֧ר יְהוָ֛ה אֱלֹהֵ֥י יִשְׂרָאֵ֖ל לֵאמֹ֑ר כְּתָב־לְךָ֗ אֵ֧ת כָּל־הַדְּבָרִ֛ים אֲשֶׁר־דִּבַּ֥רְתִּי אֵלֶ֖יךָ אֶל־סֵֽפֶר׃ 3 כִּ֠י הִנֵּ֨ה יָמִ֤ים בָּאִים֙ נְאֻם־יְהוָ֔ה וְ֠שַׁבְתִּי אֶת־שְׁב֨וּת עַמִּ֧י יִשְׂרָאֵ֛ל וִֽיהוּדָ֖ה אָמַ֣ר יְהוָ֑ה וַהֲשִׁבֹתִ֗ים אֶל־הָאָ֛רֶץ אֲשֶׁר־נָתַ֥תִּי לַאֲבוֹתָ֖ם וִֽירֵשֽׁוּהָ׃ פ 4 וְאֵ֣לֶּה הַדְּבָרִ֗ים אֲשֶׁ֨ר דִּבֶּ֧ר יְהוָ֛ה אֶל־יִשְׂרָאֵ֖ל וְאֶל־יְהוּדָֽה׃ 5 כִּי־כֹה֙ אָמַ֣ר יְהוָ֔ה ק֥וֹל חֲרָדָ֖ה שָׁמָ֑עְנוּ פַּ֖חַד וְאֵ֥ין שָׁלֽוֹם׃ 6 שַׁאֲלוּ־נָ֣א וּרְא֔וּ אִם־יֹלֵ֖ד זָכָ֑ר מַדּוּעַ֩ רָאִ֨יתִי כָל־גֶּ֜בֶר יָדָ֤יו עַל־חֲלָצָיו֙ כַּיּ֣וֹלֵדָ֔ה וְנֶהֶפְכ֥וּ כָל־פָּנִ֖ים לְיֵרָקֽוֹן׃ 7 ה֗וֹי כִּ֥י גָד֛וֹל הַיּ֥וֹם הַה֖וּא מֵאַ֣יִן כָּמֹ֑הוּ וְעֵֽת־צָרָ֥ה הִיא֙ לְיַֽעֲקֹ֔ב וּמִמֶּ֖נָּה יִוָּשֵֽׁעַ׃ 8 וְהָיָה֩ בַיּ֨וֹם הַה֜וּא נְאֻ֣ם ׀ יְהוָ֣ה צְבָא֗וֹת אֶשְׁבֹּ֤ר עֻלּוֹ֙ מֵעַ֣ל צַוָּארֶ֔ךָ וּמוֹסְרוֹתֶ֖יךָ אֲנַתֵּ֑ק וְלֹא־יַעַבְדוּ־ב֥וֹ ע֖וֹד זָרִֽים׃ 9 וְעָ֣בְד֔וּ אֵ֖ת יְהוָ֣ה אֱלֹֽהֵיהֶ֑ם וְאֵת֙ דָּוִ֣ד מַלְכָּ֔ם אֲשֶׁ֥ר אָקִ֖ים לָהֶֽם׃ ס 10 וְאַתָּ֡ה אַל־תִּירָא֩ עַבְדִּ֨י יַעֲקֹ֤ב נְאֻם־יְהֹוָה֙ וְאַל־תֵּחַ֣ת יִשְׂרָאֵ֔ל כִּ֠י הִנְנִ֤י מוֹשִֽׁיעֲךָ֙ מֵֽרָח֔וֹק וְאֶֽת־זַרְעֲךָ֖ מֵאֶ֣רֶץ שִׁבְיָ֑ם וְשָׁ֧ב יַעֲקֹ֛ב וְשָׁקַ֥ט וְשַׁאֲנַ֖ן וְאֵ֥ין מַחֲרִֽיד׃ 11 כִּֽי־אִתְּךָ֥ אֲנִ֛י נְאֻם־יְהוָ֖ה לְהֽוֹשִׁיעֶ֑ךָ כִּי֩ אֶעֱשֶׂ֨ה כָלָ֜ה בְּכָֽל־הַגּוֹיִ֣ם ׀ אֲשֶׁ֧ר הֲפִצוֹתִ֣יךָ שָּׁ֗ם אַ֤ךְ אֹֽתְךָ֙ לֹֽא־אֶעֱשֶׂ֣ה כָלָ֔ה וְיִסַּרְתִּ֨יךָ֙ לַמִּשְׁפָּ֔ט וְנַקֵּ֖ה לֹ֥א אֲנַקֶּֽךָּ׃ פ 12 כִּ֣י כֹ֥ה אָמַ֛ר יְהוָ֖ה אָנ֣וּשׁ לְשִׁבְרֵ֑ךְ נַחְלָ֖ה מַכָּתֵֽךְ׃ 13 אֵֽין־דָּ֥ן דִּינֵ֖ךְ לְמָז֑וֹר רְפֻא֥וֹת תְּעָלָ֖ה אֵ֥ין לָֽךְ׃ 14 כָּל־מְאַהֲבַ֣יִךְ שְׁכֵח֔וּךְ אוֹתָ֖ךְ לֹ֣א יִדְרֹ֑שׁוּ כִּי֩ מַכַּ֨ת אוֹיֵ֤ב הִכִּיתִיךְ֙ מוּסַ֣ר אַכְזָרִ֔י עַ֚ל רֹ֣ב עֲוֺנֵ֔ךְ עָצְמ֖וּ חַטֹּאתָֽיִךְ׃ 15 מַה־תִּזְעַק֙ עַל־שִׁבְרֵ֔ךְ אָנ֖וּשׁ מַכְאֹבֵ֑ךְ עַ֣ל ׀ רֹ֣ב עֲוֺנֵ֗ךְ עָֽצְמוּ֙ חַטֹּאתַ֔יִךְ עָשִׂ֥יתִי אֵ֖לֶּה לָֽךְ׃ 16 לָכֵ֞ן כָּל־אֹכְלַ֨יִךְ֙ יֵאָכֵ֔לוּ וְכָל־צָרַ֥יִךְ כֻּלָּ֖ם בַּשְּׁבִ֣י יֵלֵ֑כוּ וְהָי֤וּ שֹׁאסַ֨יִךְ֙ לִמְשִׁסָּ֔ה וְכָל־בֹּזְזַ֖יִךְ אֶתֵּ֥ן לָבַֽז׃ 17 כִּי֩ אַעֲלֶ֨ה אֲרֻכָ֥ה לָ֛ךְ וּמִמַּכּוֹתַ֥יִךְ אֶרְפָּאֵ֖ךְ נְאֻם־יְהוָ֑ה כִּ֤י נִדָּחָה֙ קָ֣רְאוּ לָ֔ךְ צִיּ֣וֹן הִ֔יא דֹּרֵ֖שׁ אֵ֥ין לָֽהּ׃ ס 18 כֹּ֣ה ׀ אָמַ֣ר יְהוָ֗ה הִנְנִי־שָׁב֙ שְׁבוּת֙ אָהֳלֵ֣י יַֽעֲק֔וֹב וּמִשְׁכְּנֹתָ֖יו אֲרַחֵ֑ם וְנִבְנְתָ֥ה עִיר֙ עַל־תִּלָּ֔הּ וְאַרְמ֖וֹן עַל־מִשְׁפָּט֥וֹ יֵשֵֽׁב׃ 19 וְיָצָ֥א מֵהֶ֛ם תּוֹדָ֖ה וְק֣וֹל מְשַׂחֲקִ֑ים וְהִרְבִּתִים֙ וְלֹ֣א יִמְעָ֔טוּ וְהִכְבַּדְתִּ֖ים וְלֹ֥א יִצְעָֽרוּ׃ 20 וְהָי֤וּ בָנָיו֙ כְּקֶ֔דֶם וַעֲדָת֖וֹ לְפָנַ֣י תִּכּ֑וֹן וּפָ֣קַדְתִּ֔י עַ֖ל כָּל־לֹחֲצָֽיו׃ 21 וְהָיָ֨ה אַדִּיר֜וֹ מִמֶּ֗נּוּ וּמֹֽשְׁלוֹ֙ מִקִּרְבּ֣וֹ יֵצֵ֔א וְהִקְרַבְתִּ֖יו וְנִגַּ֣שׁ אֵלָ֑י כִּי֩ מִ֨י הוּא־זֶ֜ה עָרַ֧ב אֶת־לִבּ֛וֹ לָגֶ֥שֶׁת אֵלַ֖י נְאֻם־יְהוָֽה׃ 22 וִהְיִ֥יתֶם לִ֖י לְעָ֑ם וְאָ֣נֹכִ֔י אֶהְיֶ֥ה לָכֶ֖ם לֵאלֹהִֽים׃ ס 23 הִנֵּ֣ה ׀ סַעֲרַ֣ת יְהוָ֗ה חֵמָה֙ יָֽצְאָ֔ה סַ֖עַר מִתְגּוֹרֵ֑ר עַ֛ל רֹ֥אשׁ רְשָׁעִ֖ים יָחֽוּל׃ 24 לֹ֣א יָשׁ֗וּב חֲרוֹן֙ אַף־יְהוָ֔ה עַד־עֲשֹׂת֥וֹ וְעַד־הֲקִימ֖וֹ מְזִמּ֣וֹת לִבּ֑וֹ בְּאַחֲרִ֥ית הַיָּמִ֖ים תִּתְבּ֥וֹנְנוּ בָֽהּ׃
ထာဝရဘုရား၏ကတိတော်များ
1 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊ 2 ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်အား ငါပြောသမျှသော စကားတို့ကို ရေးထားလော့။ 3 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခု သိမ်းသွားခြင်းကိုခံရသော ငါ၏လူ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့ကို ငါဆောင်ခဲ့ရသော အချိန်ကာလသည် ရောက်လိမ့်မည်။ သူတို့ဘိုးဘေးတို့အား ငါပေးသောပြည်သို့ ငါပြန်လာစေသဖြင့်၊ သူတို့သည် ပိုင်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
4 ဣသရေလအမျိုးနှင့် ယုဒအမျိုးကို ရည်မှတ်၍ ထာဝရဘုရားမိန့်တော်မူသောစကားဟူမူကား၊ 5 ငါသည် ထိတ်လန့်ခြင်းစကားသံကို ကြားရ၏။ ငြိမ်သက်ခြင်းမရှိ။ ကြောက်ရွံ့ဖွယ်သော အကြောင်းသာ ရှိ၏။ 6 ယောက်ျားသည် သားဖွားတတ်သလောဟု မေးမြန်းကြည့်ရှုကြလော့။ မိန်းမသည် သားဖွားခြင်း ဝေဒနာကိုခံရသောအခါ၊ မိမိခါး၌ လက်တင်သကဲ့သို့ ယောက်ျားတိုင်းပြု၍၊ ခပ်သိမ်းသောသူတို့သည် မျက်နှာပျက်လျက် ရှိကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။ 7 အလိုလေး၊ ထိုနေ့ရက်ကား ခိုင်းနှိုင်းစရာမရှိ။ ကြီးသောနေ့ရက်ဖြစ်၏။ ယာကုပ်အမျိုး၌ အမှုရောက်သော နေ့ရက်ဖြစ်၏။ သို့ရာတွင်၊ သူတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ 8 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုနေ့ရက်၌ သူတို့ထမ်းရသော ထမ်းပိုးကို သူတို့လည်ပင်းမှ ငါချိုးပယ်မည်။ သူတို့ကို ချည်နှောင်သော ကြိုးများကို ငါဖြတ်မည်။ တစ်ပါးအမျိုးသားတို့သည် နောက်တစ်ဖန် သူတို့ကို မစေစားရကြ။ 9 သူတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏အမှုကိုလည်းကောင်း၊ သူတို့အဖို့ ငါပေါ်ထွန်းစေလတ္တံ့သော ရှင်ဘုရင်ဒါဝိဒ်၏ အမှုကိုလည်းကောင်း ဆောင်ရွက်ရကြမည်။
10 သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အို ငါ့ကျွန်ယာကုပ်၊ မကြောက်နှင့်။ အို ဣသရေလအမျိုး၊ စိတ်မပျက်နှင့်။ သင့်ကို ဝေးသောအရပ်မှလည်းကောင်း၊ သင်၏အမျိုးသားတို့ကို သိမ်းသွားရာ ပြည်မှလည်းကောင်း၊ ငါနုတ်ယူဆောင်ခဲ့သဖြင့်၊ ယာကုပ်အမျိုးသည် ပြန်လာ၍၊ ခြောက်လှန့်သောသူမရှိ၊ ငြိမ်ဝပ်ချမ်းသာစွာ နေရလိမ့်မည်ဟု မိန့်တော်မူ၏။ယေ၊ ၄၆:၂၇-၂၈။11 တစ်ဖန် မိန့်တော်မူသည်ကား၊ သင့်ကို ကယ်တင်ခြင်းငှာ သင်နှင့်အတူငါရှိ၏။ ငါသည် သင့်ကို ငါကွဲပြားစေသော တိုင်းနိုင်ငံရှိသမျှတို့ကို ဆုံးစေသော်လည်း၊ သင့်ကိုမဆုံးစေ။ သို့ရာတွင်၊ အပြစ်ကို ရှင်းရှင်းမလွှတ်ဘဲ၊ အတော်အတန်ဆုံးမမည်။ 12 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်အနာသည် ပျောက်ခဲ၏။ သင်ခံရသောဝေဒနာသည် ပြင်းလှ၏။ 13 သင့်အနာကိုစည်းအံ့သောငှာ အဘယ်သူမျှ သင့်အမှုကိုမစောင့်။ အနာပျောက်စေနိုင်သော ဆေးကို အဘယ်သူမျှမကု။ 14 သင်၏မိတ်ဆွေရှိသမျှတို့သည် သင့်ကို မေ့လျော့၍ မမေးမရှာဘဲ နေကြ၏။ သင့်အပြစ်သည်ကြီး၍၊ သင်ပြုသော ဒုစရိုက်သည် များပြားသောကြောင့်၊ ရန်သူပေးတတ်သောအနာနှင့် သင့်ကို ငါနာစေပြီ။ ကြမ်းတမ်းသောသူ ပေးတတ်သောဒဏ်ကို ငါပေးပြီ။ 15 သင်သည် အနာကိုခံရသည်ဖြစ်၍၊ အဘယ်ကြောင့် ငိုကြွေးသနည်း။ သင်၏အပြစ်ကြီးသောကြောင့်၊ သင်ခံရသောဝေဒနာသည် ပျောက်ခဲ၏။ သင်ပြုသောဒုစရိုက် များပြားသောကြောင့်၊ ဤသို့ငါဆုံးမရ၏။ 16 သို့ရာတွင်၊ သင့်ကို ကိုက်စားသောသူအပေါင်းတို့သည် ကိုက်စားခြင်း၊ သင်၏ရန်သူအပေါင်းတို့သည် သိမ်းသွားခြင်း၊ သင့်ကို လုယူဖျက်ဆီးသော သူအပေါင်းတို့သည် လုယူဖျက်ဆီးခြင်းကို ခံရကြမည်။ 17 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတစ်ပါးတို့က၊ သင်သည် စွန့်ပစ်ခြင်းကို ခံရသောသူဟူ၍လည်းကောင်း၊ အဘယ်သူမျှ မကြည့်ရှု မပြုစုသော ဇိအုန်မြို့ဟူ၍လည်းကောင်းခေါ်သော်လည်း၊ သင်၏အနာရောဂါများကိုငါပျောက်စေ၍၊ ကျန်းမာပကတိ ဖြစ်စေမည်။
18 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိမ်းသွားခြင်းကိုခံရသော ယာကုပ်အမျိုးသားတို့၏တဲများကို ငါဆောင်ခဲ့ဦးမည်။ သူတို့အိမ်များကိုသနားဦးမည်။ မြို့သည်လည်း၊ မိမိကုန်းပေါ်မှာ တစ်ဖန်တည်လျက်ရှိလိမ့်မည်။ နန်းတော်၌လည်း၊ ရှေးထုံးစံအတိုင်း နေကြလိမ့်မည်။ 19 ထိုသူတို့အထဲက ကျေးဇူးကိုချီးမွမ်းခြင်းအသံ၊ ရွှင်မြူးသောသူတို့၏အသံသည် ထွက်လိမ့်မည်။ ငါသည် သူတို့ကို မနည်းစေဘဲ များပြားစေမည်။ နှိမ့်ချခြင်းသို့ မရောက်၊ ချီးမြှောက်ခြင်းသို့ ရောက်စေမည်အကြောင်း စီရင်မည်။ 20 အမျိုးသားတို့သည် အရင်ကဲ့သို့ဖြစ်၍၊ ပရိသတ်တို့သည် ငါ့ရှေ့မှာ တည်ကြလိမ့်မည်။ ညှဉ်းဆဲသော သူအပေါင်းတို့ကို ငါသည် အပြစ်ပေးမည်။ 21 သူတို့၏မင်းသည် သူတို့အမျိုး ဖြစ်လိမ့်မည်။ သူတို့အထဲက ပေါ်ထွန်းသောသူသည် သူတို့ကို အုပ်စိုးရလိမ့်မည်။ ငါသွေးဆောင်၍ သူတို့သည် ငါ့ထံသို့ ချဉ်းကပ်ကြလိမ့်မည်။ ငါ့ထံသို့ ချဉ်းကပ်လိုသောငှာ၊ အဘယ်သူသည် မိမိစိတ်ကိုတန်းစေသနည်း။ 22 ထိုအခါ သင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ 23 ထာဝရဘုရား၏ လေပွေတော်သည် ပူသောအရှိန်နှင့် ထွက်၏။ ပြင်းစွာသောလေပွေဖြစ်၍၊ မတရားသော သူတို့ခေါင်းပေါ်မှာ ပြင်းစွာတိုက်လိမ့်မည်။ 24 ထာဝရဘုရားသည် လက်စသတ်၍၊ အကြံအစည်တော်ကို ပြည့်စုံစေတော်မမူမီ၊ ပြင်းစွာသော အမျက်တော်မငြိမ်းရ။ နောင်ကာလ၌ သင်တို့သည် နားလည်ကြလိမ့်မည်။