1 הָעִ֣זוּ ׀ בְּנֵ֣י בִניָמִ֗ן מִקֶּ֨רֶב֙ יְר֣וּשָׁלִַ֔ם וּבִתְק֨וֹעַ֙ תִּקְע֣וּ שׁוֹפָ֔ר וְעַל־בֵּ֥ית הַכֶּ֖רֶם שְׂא֣וּ מַשְׂאֵ֑ת כִּ֥י רָעָ֛ה נִשְׁקְפָ֥ה מִצָּפ֖וֹן וְשֶׁ֥בֶר גָּדֽוֹל׃ 2 הַנָּוָה֙ וְהַמְּעֻנָּגָ֔ה דָּמִ֖יתִי בַּת־צִיּֽוֹן׃ 3 אֵלֶ֛יהָ יָבֹ֥אוּ רֹעִ֖ים וְעֶדְרֵיהֶ֑ם תָּקְע֨וּ עָלֶ֤יהָ אֹהָלִים֙ סָבִ֔יב רָע֖וּ אִ֥ישׁ אֶת־יָדֽוֹ׃ 4 קַדְּשׁ֤וּ עָלֶ֨יהָ֙ מִלְחָמָ֔ה ק֖וּמוּ וְנַעֲלֶ֣ה בַֽצָּהֳרָ֑יִם א֥וֹי לָ֨נוּ֙ כִּי־פָנָ֣ה הַיּ֔וֹם כִּ֥י יִנָּט֖וּ צִלְלֵי־עָֽרֶב׃ 5 ק֚וּמוּ וְנַעֲלֶ֣ה בַלָּ֔יְלָה וְנַשְׁחִ֖יתָה אַרְמְנוֹתֶֽיהָ׃ ס 6 כִּ֣י כֹ֤ה אָמַר֙ יְהוָ֣ה צְבָא֔וֹת כִּרְת֣וּ עֵצָ֔ה וְשִׁפְכ֥וּ עַל־יְרוּשָׁלִַ֖ם סֹלְלָ֑ה הִ֚יא הָעִ֣יר הָפְקַ֔ד כֻּלָּ֖הּ עֹ֥שֶׁק בְּקִרְבָּֽהּ׃ 7 כְּהָקִ֥יר בור מֵימֶ֔יהָ כֵּ֖ן הֵקֵ֣רָה רָעָתָ֑הּ חָמָ֣ס וָ֠שֹׁד יִשָּׁ֨מַע בָּ֧הּ עַל־פָּנַ֛י תָּמִ֖יד חֳלִ֥י וּמַכָּֽה׃ 8 הִוָּסְרִי֙ יְר֣וּשָׁלִַ֔ם פֶּן־תֵּקַ֥ע נַפְשִׁ֖י מִמֵּ֑ךְ פֶּן־אֲשִׂימֵ֣ךְ שְׁמָמָ֔ה אֶ֖רֶץ ל֥וֹא נוֹשָֽׁבָה׃ פ 9 כֹּ֤ה אָמַר֙ יְהֹוָ֣ה צְבָא֔וֹת עוֹלֵ֛ל יְעוֹלְל֥וּ כַגֶּ֖פֶן שְׁאֵרִ֣ית יִשְׂרָאֵ֑ל הָשֵׁב֙ יָדְךָ֔ כְּבוֹצֵ֖ר עַל־סַלְסִלּֽוֹת׃ 10 עַל־מִ֨י אֲדַבְּרָ֤ה וְאָעִ֨ידָה֙ וְיִשְׁמָ֔עוּ הִנֵּה֙ עֲרֵלָ֣ה אָזְנָ֔ם וְלֹ֥א יוּכְל֖וּ לְהַקְשִׁ֑יב הִנֵּ֣ה דְבַר־יְהוָ֗ה הָיָ֥ה לָהֶ֛ם לְחֶרְפָּ֖ה לֹ֥א יַחְפְּצוּ־בֽוֹ׃ 11 וְאֵת֩ חֲמַ֨ת יְהוָ֤ה ׀ מָלֵ֨אתִי֙ נִלְאֵ֣יתִי הָכִ֔יל שְׁפֹ֤ךְ עַל־עוֹלָל֙ בַּח֔וּץ וְעַ֛ל ס֥וֹד בַּחוּרִ֖ים יַחְדָּ֑ו כִּֽי־גַם־אִ֤ישׁ עִם־אִשָּׁה֙ יִלָּכֵ֔דוּ זָקֵ֖ן עִם־מְלֵ֥א יָמִֽים׃ 12 וְנָסַ֤בּוּ בָֽתֵּיהֶם֙ לַאֲחֵרִ֔ים שָׂד֥וֹת וְנָשִׁ֖ים יַחְדָּ֑ו כִּֽי־אַטֶּ֧ה אֶת־יָדִ֛י עַל־יֹשְׁבֵ֥י הָאָ֖רֶץ נְאֻם־יְהוָֽה׃ 13 כִּ֤י מִקְּטַנָּם֙ וְעַד־גְּדוֹלָ֔ם כֻּלּ֖וֹ בּוֹצֵ֣עַ בָּ֑צַע וּמִנָּבִיא֙ וְעַד־כֹּהֵ֔ן כֻּלּ֖וֹ עֹ֥שֶׂה שָּֽׁקֶר׃ 14 וַֽיְרַפְּא֞וּ אֶת־שֶׁ֤בֶר עַמִּי֙ עַל־נְקַלָּ֔ה לֵאמֹ֖ר שָׁל֣וֹם ׀ שָׁל֑וֹם וְאֵ֖ין שָׁלֽוֹם׃ 15 הֹבִ֕ישׁוּ כִּ֥י תוֹעֵבָ֖ה עָשׂ֑וּ גַּם־בּ֣וֹשׁ לֹֽא־יֵב֗וֹשׁוּ גַּם־הַכְלִים֙ לֹ֣א יָדָ֔עוּ לָכֵ֞ן יִפְּל֧וּ בַנֹּפְלִ֛ים בְּעֵת־פְּקַדְתִּ֥ים יִכָּשְׁל֖וּ אָמַ֥ר יְהוָֽה׃ ס 16 כֹּ֣ה אָמַ֣ר יְהוָ֡ה עִמְדוּ֩ עַל־דְּרָכִ֨ים וּרְא֜וּ וְשַׁאֲל֣וּ ׀ לִנְתִב֣וֹת עוֹלָ֗ם אֵי־זֶ֨ה דֶ֤רֶךְ הַטּוֹב֙ וּלְכוּ־בָ֔הּ וּמִצְא֥וּ מַרְגּ֖וֹעַ לְנַפְשְׁכֶ֑ם וַיֹּאמְר֖וּ לֹ֥א נֵלֵֽךְ׃ 17 וַהֲקִמֹתִ֤י עֲלֵיכֶם֙ צֹפִ֔ים הַקְשִׁ֖יבוּ לְק֣וֹל שׁוֹפָ֑ר וַיֹּאמְר֖וּ לֹ֥א נַקְשִֽׁיב׃ 18 לָכֵ֖ן שִׁמְע֣וּ הַגּוֹיִ֑ם וּדְעִ֥י עֵדָ֖ה אֶת־אֲשֶׁר־בָּֽם׃ 19 שִׁמְעִ֣י הָאָ֔רֶץ הִנֵּ֨ה אָנֹכִ֜י מֵבִ֥יא רָעָ֛ה אֶל־הָעָ֥ם הַזֶּ֖ה פְּרִ֣י מַחְשְׁבוֹתָ֑ם כִּ֤י עַל־דְּבָרַי֙ לֹ֣א הִקְשִׁ֔יבוּ וְתוֹרָתִ֖י וַיִּמְאֲסוּ־בָֽהּ׃ 20 לָמָּה־זֶּ֨ה לִ֤י לְבוֹנָה֙ מִשְּׁבָ֣א תָב֔וֹא וְקָנֶ֥ה הַטּ֖וֹב מֵאֶ֣רֶץ מֶרְחָ֑ק עֹלֽוֹתֵיכֶם֙ לֹ֣א לְרָצ֔וֹן וְזִבְחֵיכֶ֖ם לֹא־עָ֥רְבוּ לִֽי׃ ס 21 לָכֵ֗ן כֹּ֚ה אָמַ֣ר יְהוָ֔ה הִנְנִ֥י נֹתֵ֛ן אֶל־הָעָ֥ם הַזֶּ֖ה מִכְשֹׁלִ֑ים וְכָ֣שְׁלוּ בָ֠ם אָב֨וֹת וּבָנִ֥ים יַחְדָּ֛ו שָׁכֵ֥ן וְרֵע֖וֹ יאבדו׃ פ 22 כֹּ֚ה אָמַ֣ר יְהוָ֔ה הִנֵּ֛ה עַ֥ם בָּ֖א מֵאֶ֣רֶץ צָפ֑וֹן וְג֣וֹי גָּד֔וֹל יֵע֖וֹר מִיַּרְכְּתֵי־אָֽרֶץ׃ 23 קֶ֣שֶׁת וְכִיד֞וֹן יַחֲזִ֗יקוּ אַכְזָרִ֥י הוּא֙ וְלֹ֣א יְרַחֵ֔מוּ קוֹלָם֙ כַּיָּ֣ם יֶהֱמֶ֔ה וְעַל־סוּסִ֖ים יִרְכָּ֑בוּ עָר֗וּךְ כְּאִישׁ֙ לַמִּלְחָמָ֔ה עָלַ֖יִךְ בַּת־צִיּֽוֹן׃ 24 שָׁמַ֥עְנוּ אֶת־שָׁמְע֖וֹ רָפ֣וּ יָדֵ֑ינוּ צָרָה֙ הֶחֱזִיקַ֔תְנוּ חִ֖יל כַּיּוֹלֵדָֽה׃ 25 אַל־תצאי הַשָּׂדֶ֔ה וּבַדֶּ֖רֶךְ אַל־תלכי כִּ֚י חֶ֣רֶב לְאֹיֵ֔ב מָג֖וֹר מִסָּבִֽיב׃ 26 בַּת־עַמִּ֤י חִגְרִי־שָׂק֙ וְהִתְפַּלְּשִׁ֣י בָאֵ֔פֶר אֵ֤בֶל יָחִיד֙ עֲשִׂ֣י לָ֔ךְ מִסְפַּ֖ד תַּמְרוּרִ֑ים כִּ֣י פִתְאֹ֔ם יָבֹ֥א הַשֹּׁדֵ֖ד עָלֵֽינוּ׃ 27 בָּח֛וֹן נְתַתִּ֥יךָ בְעַמִּ֖י מִבְצָ֑ר וְתֵדַ֕ע וּבָחַנְתָּ֖ אֶת־דַּרְכָּֽם׃ 28 כֻּלָּם֙ סָרֵ֣י סֽוֹרְרִ֔ים הֹלְכֵ֥י רָכִ֖יל נְחֹ֣שֶׁת וּבַרְזֶ֑ל כֻּלָּ֥ם מַשְׁחִיתִ֖ים הֵֽמָּה׃ 29 נָחַ֣ר מַפֻּ֔חַ מאשתם עֹפָ֑רֶת לַשָּׁוְא֙ צָרַ֣ף צָר֔וֹף וְרָעִ֖ים לֹ֥א נִתָּֽקוּ׃ 30 כֶּ֣סֶף נִמְאָ֔ס קָרְא֖וּ לָהֶ֑ם כִּֽי־מָאַ֥ס יְהוָ֖ה בָּהֶֽם׃ פ
ယေရုရှလင်မြို့ကိုဆုံးမခြင်း
1 အို ဗင်္ယာမိန်အမျိုးသားတို့၊ ယေရုရှလင်မြို့ထဲကထွက်၍၊ လွတ်အောင်ပြေးကြလော့။ တေကောရွာ၌ တံပိုးမှုတ်ကြလော့။ ဗေသက္ကရင်ရွာ၌ မီးရှူးကို မြှောက်၍ ပြကြလော့။ အကြောင်းမူကား၊ ဘေးဥပဒ်တည်းဟူသော ကြီးစွာသောပျက်စီးခြင်း အကြောင်းအရာသည် မြောက်မျက်နှာက ပေါ်လာ၏။ 2 အဆင်းလှ၍ နူးညံ့သိမ်မွေ့သောသူတည်းဟူသော ဇိအုန်သတို့သမီးကို ငါဖျက်ဆီးမည်။ 3 သိုးထိန်းတို့သည် သိုးစုများပါလျက် သူ့ထံသို့လာ၍၊ သူ့တစ်ဖက်ပတ်လည်၌ တဲဆောက်၍၊ အသီးအသီး မိမိတို့နေရာမှာ ကျက်စားကြလိမ့်မည်။ 4 သူ့ကို စစ်တိုက်ခြင်းငှာပြင်ကြလော့။ ထကြ။ မွန်းတည့်အချိန်၌ တက်သွားကြကုန်အံ့။ ငါတို့၌ခက်လှ၏။ မွန်းလွဲပြီ။ မိုးချုပ်လေပြီ။ 5 ထကြ။ ညအခါတက်သွား၍၊ သူ၏ဘုံဗိမာန်တို့ကို ဖျက်ဆီးကြကုန်အံ့ဟု ဆိုကြလိမ့်မည်။ 6 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သစ်ပင်တို့ကို ခုတ်လှဲကြလော့။ ယေရုရှလင်မြို့တစ်ဖက်၌ မြေရိုးကိုဖို့ကြလော့။ ဤမြို့သည် ဆုံးမစရာကောင်းသောမြို့ ဖြစ်၏။ မြို့ထဲ၌ ညှဉ်းဆဲခြင်းသက်သက် ရှိ၏။ 7 စမ်းရေပေါက်ဝမှ ရေသည် စီးထွက်သကဲ့သို့၊ ထိုမြို့သည် ဒုစရိုက်ကို ထွက်စေတတ်၏။ မြို့ထဲ၌ လုယူဖျက်ဆီးခြင်းအသံကို ကြားရ၏။ အနာများနှင့် ဒဏ်ချက်ရာများကို အစဉ်ငါမြင်ရ၏။ 8 အို ယေရုရှလင်မြို့၊ ဆုံးမခြင်းကိုခံလော့။ သို့မဟုတ်၊ သင့်ကိုငါရွံရှာမည်။ သင့်ကိုပယ်ရှင်း၍ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။
ပုန်ကန်သည့်ဣသရေလ
9 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ စပျစ်နွယ်ပင်၌ အကျန်အကြွင်းကို လိုက်၍ ဆွတ်သကဲ့သို့၊ ထိုသူတို့သည် ဣသရေလ၌ ကျန်ကြွင်းသောအရာကိုလိုက်၍ အကုန်အစင်ဆွတ်ကြလိမ့်မည်။ စပျစ်သီးဆွတ်သော သူကဲ့သို့၊ သင်၏လက်ကို ခြင်းတောင်းထဲသို့ တစ်ဖန်သွင်းဦးလော့။ 10 သူတို့သည် နားထောင်မည်အကြောင်း၊ အဘယ်သူကို ငါပြော၍ သတိပေးရမည်နည်း။ သူတို့နားသည် အရေဖျားလှီးခြင်းမခံသော နားဖြစ်၍၊ သူတို့သည် နားမထောင်နိုင်ကြ။ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူတို့ကဲ့ရဲ့စရာဖြစ်၏။ ထိုနှုတ်ကပတ်တော်ကို မနှစ်သက်ကြ။ 11 ထိုကြောင့်၊ ငါသည် ထာဝရဘုရား၏အမျက်တော်နှင့် ပြည့်ဝ၏။ အောင့်၍ မနေနိုင်။ လမ်း၌ရှိသော သူငယ်များနှင့် စုဝေးသော လူပျိုများအပေါ်သို့ အမျက်တော်ကို ငါသွန်းလောင်းမည်။ လင်မယားအစုံကိုလည်းကောင်း၊ အသက်ကြီးသောသူနှင့် အိုလွန်းသောသူကိုလည်းကောင်း သိမ်းသွားမည်။ 12 သူတို့အိမ်နှင့်တကွ လယ်ယာ၊ မိန်းမတို့သည် သူတစ်ပါးလက်သို့ ရောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ပြည်သူပြည်သားတို့ကို ငါဒဏ်ခတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ယေ၊ ၈:၁၀-၁၂။13 အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူအပေါင်းတို့သည် မတရားသော စီးပွားကိုရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှတို့သည် မုသားကိုသုံးကြ၏။ 14 ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏လူမျိုးသတို့သမီးအနာကို ပေါ့လျော့စွာ ကုကြ၏။ယေဇ၊၁၃:၁၀။15 သူတို့သည် ရွံရှာဖွယ်သော အမှုကိုပြုပြီးမှ ရှက်ကြသလော။ အလျှင်းမရှက်ကြ။ မျက်နှာ မပျက်ကြ။ ထိုကြောင့်၊ တစ်ယောက်နောက်တစ်ယောက် လဲကြလိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းသို့ ရောက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ဘုရားသခင်၏တရားကိုငြင်းပယ်ခြင်း
16 ထာဝရဘုရား မိန့်တော်မူသည်ကား၊ လမ်းနားမှာရပ်၍ ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍၊ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင်၊ စိတ်နှလုံးသက်သာကြလိမ့်မည်။ သို့ရာတွင်၊ ငါတို့သည် မလိုက်ဟု ပြန်ပြောကြ၏။မ၊ ၁၁:၂၉။17 ငါကလည်း၊ တံပိုးမှုတ်သံကိုနားထောင်ကြလော့ဟု ဆိုလျက်၊ သင်တို့အပေါ်၌ ကင်းစောင့်တို့ကို ခန့်ထားသောအခါ၊ ငါတို့သည် နားမထောင်ဟု ပြန်ပြောကြ၏။ 18 သို့ဖြစ်၍၊ အို တစ်ပါးအမျိုးသားတို့၊ နားထောင်ကြလော့။ တစ်ပါးအမျိုးသားတို့တွင် ရှိနေသောပရိသတ်တို့၊ သိမှတ်ကြလော့။ 19 အို မြေကြီးသားတို့၊ နားထောင်ကြလော့။ ဤလူမျိုးသည် ငါ့စကားကို နားမထောင်၊ ငါ့တရားကိုလည်းငြင်းပယ်သောကြောင့်၊ သူတို့အလိုအလျောက် ကြံစည်ခြင်းအကျိုးအပြစ်တည်းဟူသော၊ ကြီးစွာသော ဘေးဥပဒ်ကို၊ သူတို့အပေါ်သို့ ငါသက်ရောက်စေမည်။ 20 ရှေဘပြည်မှ လောဗန်ကိုလည်းကောင်း၊ ဝေးသောပြည်မှ မွှေးသောကြံကိုလည်းကောင်း၊ အဘယ်ကြောင့် ငါ့ထံသို့ဆောင်ခဲ့သနည်း။ သင်တို့မီးရှို့ရာယဇ်တို့ကို ငါအလိုမရှိ။ ပူဇော်သောယဇ်အမျိုးမျိုးကို ငါမနှစ်သက်။ 21 ထိုအကြောင်းကြောင့် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိမိ၍ လဲစရာတို့ကို ဤလူမျိုးရှေ့မှာ ငါထားမည်။ အဘနှင့် သားတို့သည် ထိမိ၍ လဲကြလိမ့်မည်။ အိမ်နီးချင်းနှင့် အဆွေခင်ပွန်းတို့သည် အတူပျက်စီးကြလိမ့်မည်။
မြောက်မျက်နှာမှပေါ်လာမည်
22 ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုးတစ်မျိုးသည် မြောက်မျက်နှာမှ ပေါ်လာလိမ့်မည်။ ကြီးစွာသောလူမျိုးကို မြေကြီးစွန်းမှ ငါနှိုးဆော်မည်။ 23 လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ်သောအမျိုးဖြစ်၍၊ သနားခြင်းကရုဏာ မရှိ။ သူတို့စကားသံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အို ဇိအုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက် မြင်းစီး၍၊ သင်ရှိရာသို့ ချီလာကြလိမ့်မည်။ 24 ထိုသတင်းကို ငါတို့သည်ကြား၍ လက်အားလျော့ကြ၏။ ဒုက္ခဆင်းရဲကိုလည်းကောင်း၊ သားဖွားသောမိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာကိုလည်းကောင်း ခံရကြ၏။ 25 တောသို့ မထွက်ကြနှင့်။ လမ်းမှာမသွားကြနှင့်။ ရန်သူ၌ ဓားပါ၏။ အရပ်ရပ်၌ ဘေးရှိ၏။ 26 အို ငါ၏လူမျိုးသတို့သမီး၊ လျှော်တေအဝတ်ကို ဝတ်စည်း၍ ပြာ၌လူးလည်းလော့။ တစ်ယောက်တည်းသောသားသေသည်ကို ငိုကြွေးသကဲ့သို့၊ ငိုကြွေး၍ ပြင်းစွာမြည်တမ်းလော့။ လုယူဖျက်ဆီးသောသူသည် ငါတို့ကို ချက်ချင်းတိုက်လိမ့်မည်။
27 သင်သည် ငါ၏လူမျိုးကျင့်သော အကျင့်ဓလေ့တို့ကို စစ်၍သိမည်အကြောင်း၊ စစ်သောသူအရာ၌ရဲတိုက်ကဲ့သို့ သင့်ကို ငါခန့်ထား၏။ 28 ထိုသူအပေါင်းတို့သည် အလွန်ဖောက်ပြန်သောသူ၊ ကုန်းတိုက်တတ်သောသူ ဖြစ်ကြ၏။ ကြေးဝါနှင့် သံသက်သက်၊ ဖျက်တတ်သော အရာသက်သက် ဖြစ်ကြ၏။ 29 ဖိုကို မီးလောင်ပြီ။ ခဲလည်းကုန်ပြီ။ စစ်သောသူသည်မှုတ်၍ အကျိုးကိုမရ။ ညံ့သောအရာကို မထုတ်မပယ်နိုင်။ 30 ထိုသူတို့ကို ပယ်သောငွေဟူ၍ခေါ်ရမည်။ ထာဝရဘုရားသည် ပယ်တော်မူ၏။