1 מַשָּׂ֖א מִדְבַּר־יָ֑ם כְּסוּפ֤וֹת בַּנֶּ֨גֶב֙ לַֽחֲלֹ֔ף מִמִּדְבָּ֣ר בָּ֔א מֵאֶ֖רֶץ נוֹרָאָֽה׃ 2 חָז֥וּת קָשָׁ֖ה הֻגַּד־לִ֑י הַבּוֹגֵ֤ד ׀ בּוֹגֵד֙ וְהַשּׁוֹדֵ֣ד ׀ שׁוֹדֵ֔ד עֲלִ֤י עֵילָם֙ צוּרִ֣י מָדַ֔י כָּל־אַנְחָתָ֖ה הִשְׁבַּֽתִּי׃ 3 עַל־כֵּ֗ן מָלְא֤וּ מָתְנַי֙ חַלְחָלָ֔ה צִירִ֣ים אֲחָז֔וּנִי כְּצִירֵ֖י יֽוֹלֵדָ֑ה נַעֲוֵ֣יתִי מִשְּׁמֹ֔עַ נִבְהַ֖לְתִּי מֵרְאֽוֹת׃ 4 תָּעָ֣ה לְבָבִ֔י פַּלָּצ֖וּת בִּֽעֲתָ֑תְנִי אֵ֚ת נֶ֣שֶׁף חִשְׁקִ֔י שָׂ֥ם לִ֖י לַחֲרָדָֽה׃ 5 עָרֹ֧ךְ הַשֻּׁלְחָ֛ן צָפֹ֥ה הַצָּפִ֖ית אָכ֣וֹל שָׁתֹ֑ה ק֥וּמוּ הַשָּׂרִ֖ים מִשְׁח֥וּ מָגֵֽן׃ פ 6 כִּ֣י כֹ֥ה אָמַ֛ר אֵלַ֖י אֲדֹנָ֑י לֵ֚ךְ הַעֲמֵ֣ד הַֽמְצַפֶּ֔ה אֲשֶׁ֥ר יִרְאֶ֖ה יַגִּֽיד׃ 7 וְרָ֣אָה רֶ֗כֶב צֶ֚מֶד פָּֽרָשִׁ֔ים רֶ֥כֶב חֲמ֖וֹר רֶ֣כֶב גָּמָ֑ל וְהִקְשִׁ֥יב קֶ֖שֶׁב רַב־קָֽשֶׁב׃ 8 וַיִּקְרָ֖א אַרְיֵ֑ה עַל־מִצְפֶּ֣ה ׀ אֲדֹנָ֗י אָנֹכִ֞י עֹמֵ֤ד תָּמִיד֙ יוֹמָ֔ם וְעַל־מִ֨שְׁמַרְתִּ֔י אָנֹכִ֥י נִצָּ֖ב כָּל־הַלֵּילֽוֹת׃ 9 וְהִנֵּה־זֶ֥ה בָא֙ רֶ֣כֶב אִ֔ישׁ צֶ֖מֶד פָּֽרָשִׁ֑ים וַיַּ֣עַן וַיֹּ֗אמֶר נָפְלָ֤ה נָֽפְלָה֙ בָּבֶ֔ל וְכָל־פְּסִילֵ֥י אֱלֹהֶ֖יהָ שִׁבַּ֥ר לָאָֽרֶץ׃ 10 מְדֻשָׁתִ֖י וּבֶן־גָּרְנִ֑י אֲשֶׁ֣ר שָׁמַ֗עְתִּי מֵאֵ֨ת יְהוָ֧ה צְבָא֛וֹת אֱלֹהֵ֥י יִשְׂרָאֵ֖ל הִגַּ֥דְתִּי לָכֶֽם׃ ס 11 מַשָּׂ֖א דּוּמָ֑ה אֵלַי֙ קֹרֵ֣א מִשֵּׂעִ֔יר שֹׁמֵר֙ מַה־מִלַּ֔יְלָה שֹׁמֵ֖ר מַה־מִלֵּֽיל׃ 12 אָמַ֣ר שֹׁמֵ֔ר אָתָ֥ה בֹ֖קֶר וְגַם־לָ֑יְלָה אִם־תִּבְעָי֥וּן בְּעָ֖יוּ שֻׁ֥בוּ אֵתָֽיוּ׃ ס 13 מַשָּׂ֖א בַּעְרָ֑ב בַּיַּ֤עַר בַּעְרַב֙ תָּלִ֔ינוּ אֹֽרְח֖וֹת דְּדָנִֽים׃ 14 לִקְרַ֥את צָמֵ֖א הֵתָ֣יוּ מָ֑יִם יֹשְׁבֵי֙ אֶ֣רֶץ תֵּימָ֔א בְּלַחְמ֖וֹ קִדְּמ֥וּ נֹדֵֽד׃ 15 כִּֽי־מִפְּנֵ֥י חֲרָב֖וֹת נָדָ֑דוּ מִפְּנֵ֣י ׀ חֶ֣רֶב נְטוּשָׁ֗ה וּמִפְּנֵי֙ קֶ֣שֶׁת דְּרוּכָ֔ה וּמִפְּנֵ֖י כֹּ֥בֶד מִלְחָמָֽה׃ ס 16 כִּי־כֹ֛ה אָמַ֥ר אֲדֹנָ֖י אֵלָ֑י בְּע֤וֹד שָׁנָה֙ כִּשְׁנֵ֣י שָׂכִ֔יר וְכָלָ֖ה כָּל־כְּב֥וֹד קֵדָֽר׃ 17 וּשְׁאָ֧ר מִסְפַּר־קֶ֛שֶׁת גִּבּוֹרֵ֥י בְנֵֽי־קֵדָ֖ר יִמְעָ֑טוּ כִּ֛י יְהוָ֥ה אֱלֹהֵֽי־יִשְׂרָאֵ֖ל דִּבֵּֽר׃ ס
ရေလွှမ်းမိုးသောတောနှင့်ဆိုင်သောဗျာဒိတ်
1 ရေလွှမ်းမိုးသောတောနှင့် ဆိုင်သောဗျာဒိတ်တော်ကား၊ တောင်လေမုန်တိုင်းတိုက်သကဲ့သို့ ကြောက်မက်ဖွယ်သောပြည်၊ တောကြီးမှလာ၏။ 2 ကြောက်မက်ဖွယ်သော ရူပါရုံကိုငါမြင်ရ၏။ လုယူတတ်သောသူသည် လုယူ၏။ ဖျက်ဆီးတတ်သောသူသည် ဖျက်ဆီး၏။ ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ မြို့ကို ဝိုင်းထားကြလော့။ ထိုမြို့ကြောင့်၊ သူတစ်ပါး ညည်းတွားခြင်းရှိသမျှကို ငါငြိမ်းစေ၏။
3 ထိုကြောင့်၊ ငါသည် ခါးနာလှ၏။ သားဖွားသော မိန်းမခံရသကဲ့သို့ ဝေဒနာကိုခံရ၏။ နားမကြားနိုင်အောင် ပြင်းထန်စွာခံရ၏။ မျက်စိမမြင်နိုင်အောင် မှိုင်တွေလျက်ရှိ၏။ 4 ငါ့စိတ်နှလုံးသည် မူးလျက်ရှိ၏။ ကြောက်မက်ဖွယ်သောအရာဖြင့် ငါသည် ထိတ်လန့်လျက်ရှိ၏။ ငါပျော်မွေ့သောညကို ဘေးနှင့် ပြည့်စုံစေတော်မူ၏။ 5 စားပွဲကို ပြင်ပြီ။ ကင်းစောင့်ကို ထားပြီ။ စားသောက်လျက် နေကြ၏။ အို မင်းများတို့၊ ထကြ၊ လွှားကိုဆီလောင်းကြ။ 6 အကြောင်းမူကား၊ ဘုရားရှင်က၊ သင်သွား၍ ကင်းစောင့်ကိုထားလော့။ မြင်သည်အတိုင်း ပြောစေလော့ဟု ငါ့အားမိန့်တော်မူ၏။ 7 ကင်းစောင့်သည်လည်း၊ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းတပ်တစ်တပ်၊ မြည်းတပ်တစ်တပ်၊ ကုလားအုတ်တပ်တစ်တပ်ကို မြင်၍၊ သတိနှင့် စေ့စေ့ကြည့်ရှု နားထောင်ပြီးလျှင်၊ 8 သခင်၊ ကျွန်တော်သည် နေ့အချိန်၌ ကင်းမျှော်စင်ပေါ်မှာအစဉ်ရပ်၍၊ တစ်ညလုံး၌လည်း ကင်းစောင့်လျက်နေပါ၏။ 9 ယခုမှာ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းစီးသူရဲတပ်ကိုမြင်ပါသည်ဟု ခြင်္သေ့ကဲ့သို့ ကြွေးကြော်၏။ သူကလည်း၊ ဗာဗုလုန်မြို့ ပြိုလဲပြီ၊ ပြိုလဲပြီ၊ သူ၏ဘုရားရုပ်တုဆင်းတုရှိသမျှတို့သည် မြေပေါ်မှာ ကျိုးပဲ့လျက် ရှိကြပါသည်ဟု ထပ်၍ဆိုလေ၏။ဗျာ၊ ၁၄:၈၊၁၈:၂။10 ငါနင်းနယ်၍ ငါ့တလင်းပြင်မှ ထွက်သောစပါး၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ဣသရေလအမျိုး၏ဘုရားသခင် မိန့်တော်မူသည်ကို ငါကြားရသည်အတိုင်း၊ သင်တို့အားငါဆင့်ဆိုသတည်း။
ဒုမာပြည်နှင့်ဆိုင်သောဗျာဒိတ်
11 ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ အိုကင်းစောင့်၊ ညအမှုကား အဘယ်သို့နည်း။ အို ကင်းစောင့်၊ ညအမှုကား အဘယ်သို့နည်းဟု စိရတောင်ပေါ်က ငါ့ကို ဟစ်ခေါ်လေ၏။ 12 ကင်းစောင့်ကလည်း၊ နံနက်သည် လာ၏။ ညလည်းလာ၏။ သင်တို့သည် မေးမြန်းလိုလျှင် မေးမြန်းကြ။ ပြန်သွားကြ။ တစ်ဖန် လာကြဟု ဆိုလေ၏။
အာရပ်ပြည်နှင့်ဆိုင်သောဗျာဒိတ်
13 အာရပ်ပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ခရီးသွားသော ဒေဒန်လူစုတို့၊ သင်တို့သည် အာရပ်တောမှာ ညကို လွန်စေရကြမည်။ 14 တေမပြည်သားတို့၊ ရေငတ်သောသူအဖို့ ရေကိုယူခဲ့ကြ၏။ ပြေးသောသူကို မုန့်နှင့်ဆီး၍ ကြိုကြ၏။ 15 အကြောင်းမူကား၊ သူတို့သည် ဓားဘေးမှလည်းကောင်း၊ ထုတ်သောဓား၊ တင်သောလေး၊ အလွန်ခက်သော စစ်မှုမှလည်းကောင်း ပြေးကြ၏။ 16 ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ အခစားသောသူရေတွက်သည်အတိုင်း၊ တစ်နှစ်တွင် ကေဒါမြို့၏ ဘုန်းအသရေရှိသမျှကွယ်ပျောက်၍၊ 17 ကျန်ကြွင်းသော ကေဒါအမျိုးသား၊ လေးစွဲသူရဲတို့သည် အလွန်နည်းကြလိမ့်မည်ဟု၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။