1 לַמְנַצֵּ֗חַ מִזְמ֥וֹר לְדָוִֽד׃ 2 יְֽהוָ֗ה בְּעָזְּךָ֥ יִשְׂמַח־מֶ֑לֶךְ וּ֝בִישׁ֥וּעָתְךָ֗ מַה־יגיל מְאֹֽד׃ 3 תַּאֲוַ֣ת לִ֭בּוֹ נָתַ֣תָּה לּ֑וֹ וַאֲרֶ֥שֶׁת שְׂ֝פָתָ֗יו בַּל־מָנַ֥עְתָּ סֶּֽלָה׃ 4 כִּֽי־תְ֭קַדְּמֶנּוּ בִּרְכ֣וֹת ט֑וֹב תָּשִׁ֥ית לְ֝רֹאשׁ֗וֹ עֲטֶ֣רֶת פָּֽז׃ 5 חַיִּ֤ים ׀ שָׁאַ֣ל מִ֭מְּךָ נָתַ֣תָּה לּ֑וֹ אֹ֥רֶךְ יָ֝מִ֗ים עוֹלָ֥ם וָעֶֽד׃ 6 גָּד֣וֹל כְּ֭בוֹדוֹ בִּישׁוּעָתֶ֑ךָ ה֥וֹד וְ֝הָדָר תְּשַׁוֶּ֥ה עָלָֽיו׃ 7 כִּֽי־תְשִׁיתֵ֣הוּ בְרָכ֣וֹת לָעַ֑ד תְּחַדֵּ֥הוּ בְ֝שִׂמְחָ֗ה אֶת־פָּנֶֽיךָ׃ 8 כִּֽי־הַ֭מֶּלֶךְ בֹּטֵ֣חַ בַּיהוָ֑ה וּבְחֶ֥סֶד עֶ֝לְי֗וֹן בַּל־יִמּֽוֹט׃ 9 תִּמְצָ֣א יָ֭דְךָ לְכָל־אֹיְבֶ֑יךָ יְ֝מִֽינְךָ תִּמְצָ֥א שֹׂנְאֶֽיךָ׃ 10 תְּשִׁיתֵ֤מוֹ ׀ כְּתַנּ֥וּר אֵשׁ֮ לְעֵ֪ת פָּ֫נֶ֥יךָ יְ֭הוָה בְּאַפּ֣וֹ יְבַלְּעֵ֑ם וְֽתֹאכְלֵ֥ם אֵֽשׁ׃ 11 פִּ֭רְיָמוֹ מֵאֶ֣רֶץ תְּאַבֵּ֑ד וְ֝זַרְעָ֗ם מִבְּנֵ֥י אָדָֽם׃ 12 כִּי־נָט֣וּ עָלֶ֣יךָ רָעָ֑ה חָֽשְׁב֥וּ מְ֝זִמָּ֗ה בַּל־יוּכָֽלוּ׃ 13 כִּ֭י תְּשִׁיתֵ֣מוֹ שֶׁ֑כֶם בְּ֝מֵֽיתָרֶ֗יךָ תְּכוֹנֵ֥ן עַל־פְּנֵיהֶֽם׃ 14 ר֣וּמָה יְהוָ֣ה בְּעֻזֶּ֑ךָ נָשִׁ֥ירָה וּֽ֝נְזַמְּרָה גְּבוּרָתֶֽךָ׃
အောင်ပွဲအတွက်ချီးမွမ်းခြင်း
1 အိုထာဝရဘုရား၊ မင်းကြီးသည် ကိုယ်တော်၏အစွမ်းသတ္တိကြောင့် ဝမ်းမြောက်၍၊ ကယ်တင်တော်မူခြင်းအားဖြင့် အလွန်ရွှင်လန်းပါ၏။ 2 သူ၏နှုတ်နှင့် ဆုတောင်းသည်ကို ငြင်းပယ်တော်မမူ။ သူ၏စိတ်အလိုရှိသည်အတိုင်း ပေးသနားတော်မူပြီ။ 3 ကောင်းမြတ်သော မင်္ဂလာတို့ကို အဦးပြု၍ ပေးတော်မူပြီ။ ရွှေစင်သရဖူကို သူ၏ခေါင်းပေါ်မှာ တင်တော်မူပြီ။ 4 သူသည် အသက်ကိုဆုတောင်း၍၊ ကိုယ်တော်သည် အသက်မက၊ ထာဝရအသက်ကို ပေးသနားတော်မူပြီ။ 5 ကယ်တင်တော်မူခြင်းအားဖြင့် သူသည်ဘုန်းကြီး၍၊ လက်တော်မှ ဂုဏ်အသရေနှင့် တန်ခိုးအာနုဘော်ကို ခံရပါ၏။ 6 ကိုယ်တော်သည် သူ့ကို ထာဝရမင်္ဂလာအရာ၌ခန့်ထား၍၊ မျက်နှာတော်အားဖြင့် အလွန်ဝမ်းမြောက်စေတော်မူ၏။ 7 အကြောင်းမူကား၊ မင်းကြီးသည် ထာဝရဘုရားကိုကိုးစား၍၊ အမြင့်ဆုံးသောဘုရား၏ကရုဏာတော်ကြောင့် တည်ကြည်တတ်ပါ၏။
8 ကိုယ်တော်၏လက်သည် ရန်သူအပေါင်းတို့ကိုတွေ့၍၊ ကိုယ်တော်ကိုမုန်းသော သူတို့ကို လက်ယာလက်တော်သည် တွေ့တော်မူမည်။ 9 အမျက်တော်ထွက်သောကာလ၌ သူတို့ကို မီးဖိုကဲ့သို့ ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် အမျက်တော်အားဖြင့် သူတို့ကို မျိုတော်မူ၍၊ မီးသည်လည်း လောင်စားပါလိမ့်မည်။ 10 သူတို့အမျိုးအနွယ်ကို မြေကြီးမှ ပယ်ရှင်း၍၊ သားစဉ်မြေးဆက်တို့ကို လူမျိုးထဲကဖျက်ဆီးတော်မူမည်။ 11 အကြောင်းမူကား၊ ကိုယ်တော်တစ်ဖက်၌ မကောင်းသောအကြံကို ကြံစည်၍၊ မကောင်းသောပရိယာယ်ကို ပြုကြပါပြီ။ သို့ရာတွင် အကြံမထမြောက် ကြပါ။ 12 ထိုကြောင့် သူတို့မျက်နှာတစ်ဖက်၌ လေးမြားတို့ကိုရွယ်၍၊ သူတို့ကျောကို လှည့်စေတော်မူမည်။ 13 အိုထာဝရဘုရား၊ ကိုယ်တော်သည် အစွမ်းတန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်း ရှိတော်မူစေသတည်း။ အကျွန်ုပ်တို့သည် တန်ခိုးတော်ကို ထောမနာသီချင်းဆိုကြပါမည်။