1 לַמְנַצֵּ֗חַ מִזְמ֥וֹר לְדָוִֽד׃ 2 יַֽעַנְךָ֣ יְ֭הוָה בְּי֣וֹם צָרָ֑ה יְ֝שַׂגֶּבְךָ֗ שֵׁ֤ם ׀ אֱלֹהֵ֬י יַעֲקֹֽב׃ 3 יִשְׁלַֽח־עֶזְרְךָ֥ מִקֹּ֑דֶשׁ וּ֝מִצִּיּ֗וֹן יִסְעָדֶֽךָּ׃ 4 יִזְכֹּ֥ר כָּל־מִנְחֹתֶ֑ךָ וְעוֹלָתְךָ֖ יְדַשְּׁנֶ֣ה סֶֽלָה׃ 5 יִֽתֶּן־לְךָ֥ כִלְבָבֶ֑ךָ וְֽכָל־עֲצָתְךָ֥ יְמַלֵּֽא׃ 6 נְרַנְּנָ֤ה ׀ בִּ֘ישׁ֤וּעָתֶ֗ךָ וּבְשֵֽׁם־אֱלֹהֵ֥ינוּ נִדְגֹּ֑ל יְמַלֵּ֥א יְ֝הוָ֗ה כָּל־מִשְׁאֲלוֹתֶֽיךָ׃ 7 עַתָּ֤ה יָדַ֗עְתִּי כִּ֤י הוֹשִׁ֥יעַ ׀ יְהוָ֗ה מְשִׁ֫יח֥וֹ יַ֭עֲנֵהוּ מִשְּׁמֵ֣י קָדְשׁ֑וֹ בִּ֝גְבֻר֗וֹת יֵ֣שַׁע יְמִינֽוֹ׃ 8 אֵ֣לֶּה בָ֭רֶכֶב וְאֵ֣לֶּה בַסּוּסִ֑ים וַאֲנַ֓חְנוּ ׀ בְּשֵׁם־יְהוָ֖ה אֱלֹהֵ֣ינוּ נַזְכִּֽיר׃ 9 הֵ֭מָּה כָּרְע֣וּ וְנָפָ֑לוּ וַאֲנַ֥חְנוּ קַּ֝֗מְנוּ וַנִּתְעוֹדָֽד׃ 10 יְהוָ֥ה הוֹשִׁ֑יעָה הַ֝מֶּ֗לֶךְ יַעֲנֵ֥נוּ בְיוֹם־קָרְאֵֽנוּ׃
အောင်ပွဲခံရာဆုတောင်း
1 ဘေးအန္တရာယ်ရောက်သောကာလ၌၊ ထာဝရဘုရားသည် ကိုယ်တော်စကားကိုနားထောင်၍၊ ယာကုပ်၏ ဘုရားသခင်နာမတော်သည် ချီးမြှောက်တော်မူပါစေသော။ 2 သန့်ရှင်းရာဌာနတော်ထဲကကူညီ၍၊ ဇိအုန်တောင်ပေါ်က ထောက်ပင့်တော်မူပါစေသော။ 3 ကိုယ်တော်၏ပူဇော်သကာအလုံးစုံတို့ကို အောက်မေ့၍၊ မီးရှို့သောယဇ်ကို လက်ခံတော်မူပါစေသော။ 4 ကိုယ်တော်၏စိတ်အလိုရှိသည်အတိုင်း ပေးသနား၍၊ အကြံအစည်တော်ရှိသမျှတို့ကို ပြည့်စုံစေခြင်းငှာ ပြုတော်မူပါစေသော။ 5 ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် အကျွန်ုပ်တို့သည်ဝမ်းမြောက်၍၊ အကျွန်ုပ်တို့ ဘုရားသခင်၏အခွင့်နှင့် အလံကိုထူကြလိမ့်မည်။ ထာဝရဘုရားသည် ကိုယ်တော်ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါစေသော။
6 ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသောသူအား၊ ကယ်တင်တော်မူကြောင်းကိုလည်းကောင်း၊ လက်ယာလက်တော် ကယ်တင်ခြင်းအစွမ်းနှင့် ထိုသူ၏စကားကို သန့်ရှင်းသော ကောင်းကင်ပေါ်မှာ နားထောင်တော်မူကြောင်းကိုလည်းကောင်း ယခုငါသိ၏။ 7 အချို့သောသူတို့သည် ရထားကိုလည်းကောင်း၊ အချို့တို့သည် မြင်းကိုလည်းကောင်း၊ ချီးမွမ်းတတ်ကြ၏။ ငါတို့မူကား၊ ငါတို့ဘုရားသခင်တည်းဟူသော ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလိမ့်မည်။ 8 သူတို့သည်နှိမ့်ချ၍ လဲလျက်ရှိကြ၏။ ငါတို့မူကား၊ ထ၍ မတ်တတ်နေကြ၏။ အိုထာဝရဘုရား၊ မင်းကြီးကို ကယ်တင်တော်မူပါ။ 9 အကျွန်ုပ်တို့ခေါ်သောအခါ နားထောင်တော်မူပါ။