Pular para o conteúdo
Publicidade Remover anúncios

Proverbs 10

WLC · Westminster Leningrad Codex

1 מִשְׁלֵ֗י שְׁלֹ֫מֹ֥ה פ בֵּ֣ן חָ֭כָם יְשַׂמַּח־אָ֑ב וּבֵ֥ן כְּ֝סִ֗יל תּוּגַ֥ת אִמּֽוֹ׃ 2 לֹא־י֭וֹעִילוּ אוֹצְר֣וֹת רֶ֑שַׁע וּ֝צְדָקָ֗ה תַּצִּ֥יל מִמָּֽוֶת׃ 3 לֹֽא־יַרְעִ֣יב יְ֭הוָה נֶ֣פֶשׁ צַדִּ֑יק וְהַוַּ֖ת רְשָׁעִ֣ים יֶהְדֹּֽף׃ 4 רָ֗אשׁ עֹשֶׂ֥ה כַף־רְמִיָּ֑ה וְיַ֖ד חָרוּצִ֣ים תַּעֲשִֽׁיר׃ 5 אֹגֵ֣ר בַּ֭קַּיִץ בֵּ֣ן מַשְׂכִּ֑יל נִרְדָּ֥ם בַּ֝קָּצִ֗יר בֵּ֣ן מֵבִֽישׁ׃ 6 בְּ֭רָכוֹת לְרֹ֣אשׁ צַדִּ֑יק וּפִ֥י רְ֝שָׁעִ֗ים יְכַסֶּ֥ה חָמָֽס׃ 7 זֵ֣כֶר צַ֭דִּיק לִבְרָכָ֑ה וְשֵׁ֖ם רְשָׁעִ֣ים יִרְקָֽב׃ 8 חֲכַם־לֵ֭ב יִקַּ֣ח מִצְוֺ֑ת וֶאֱוִ֥יל שְׂ֝פָתַ֗יִם יִלָּבֵֽט׃ 9 הוֹלֵ֣ךְ בַּ֭תֹּם יֵ֣לֶךְ בֶּ֑טַח וּמְעַקֵּ֥שׁ דְּ֝רָכָ֗יו יִוָּדֵֽעַ׃ 10 קֹ֣רֵֽץ עַ֭יִן יִתֵּ֣ן עַצָּ֑בֶת וֶאֱוִ֥יל שְׂ֝פָתַ֗יִם יִלָּבֵֽט׃ 11 מְק֣וֹר חַ֭יִּים פִּ֣י צַדִּ֑יק וּפִ֥י רְ֝שָׁעִ֗ים יְכַסֶּ֥ה חָמָֽס׃ 12 שִׂ֭נְאָה תְּעוֹרֵ֣ר מְדָנִ֑ים וְעַ֥ל כָּל־פְּ֝שָׁעִ֗ים תְּכַסֶּ֥ה אַהֲבָֽה׃ 13 בְּשִׂפְתֵ֣י נָ֭בוֹן תִּמָּצֵ֣א חָכְמָ֑ה וְ֝שֵׁ֗בֶט לְגֵ֣ו חֲסַר־לֵֽב׃ 14 חֲכָמִ֥ים יִצְפְּנוּ־דָ֑עַת וּפִֽי־אֱ֝וִיל מְחִתָּ֥ה קְרֹבָֽה׃ 15 ה֣וֹן עָ֭שִׁיר קִרְיַ֣ת עֻזּ֑וֹ מְחִתַּ֖ת דַּלִּ֣ים רֵישָֽׁם׃ 16 פְּעֻלַּ֣ת צַדִּ֣יק לְחַיִּ֑ים תְּבוּאַ֖ת רָשָׁ֣ע לְחַטָּֽאת׃ 17 אֹ֣רַח לְ֭חַיִּים שׁוֹמֵ֣ר מוּסָ֑ר וְעוֹזֵ֖ב תּוֹכַ֣חַת מַתְעֶֽה׃ 18 מְכַסֶּ֣ה שִׂ֭נְאָה שִׂפְתֵי־שָׁ֑קֶר וּמוֹצִ֥א דִ֝בָּ֗ה ה֣וּא כְסִֽיל׃ 19 בְּרֹ֣ב דְּ֭בָרִים לֹ֣א יֶחְדַּל־פָּ֑שַׁע וְחֹשֵׂ֖ךְ שְׂפָתָ֣יו מַשְׂכִּֽיל׃ 20 כֶּ֣סֶף נִ֭בְחָר לְשׁ֣וֹן צַדִּ֑יק לֵ֖ב רְשָׁעִ֣ים כִּמְעָֽט׃ 21 שִׂפְתֵ֣י צַ֭דִּיק יִרְע֣וּ רַבִּ֑ים וֶֽ֝אֱוִילִ֗ים בַּחֲסַר־לֵ֥ב יָמֽוּתוּ׃ 22 בִּרְכַּ֣ת יְ֭הוָה הִ֣יא תַעֲשִׁ֑יר וְלֹֽא־יוֹסִ֖ף עֶ֣צֶב עִמָּֽהּ׃ 23 כִּשְׂח֣וֹק לִ֭כְסִיל עֲשׂ֣וֹת זִמָּ֑ה וְ֝חָכְמָ֗ה לְאִ֣ישׁ תְּבוּנָֽה׃ 24 מְגוֹרַ֣ת רָ֭שָׁע הִ֣יא תְבוֹאֶ֑נּוּ וְתַאֲוַ֖ת צַדִּיקִ֣ים יִתֵּֽן׃ 25 כַּעֲב֣וֹר ס֭וּפָה וְאֵ֣ין רָשָׁ֑ע וְ֝צַדִּ֗יק יְס֣וֹד עוֹלָֽם׃ 26 כַּחֹ֤מֶץ ׀ לַשִּׁנַּ֗יִם וְכֶעָשָׁ֥ן לָעֵינָ֑יִם כֵּ֥ן הֶ֝עָצֵ֗ל לְשֹׁלְחָֽיו׃ 27 יִרְאַ֣ת יְ֭הוָה תּוֹסִ֣יף יָמִ֑ים וּשְׁנ֖וֹת רְשָׁעִ֣ים תִּקְצֹֽרְנָה׃ 28 תּוֹחֶ֣לֶת צַדִּיקִ֣ים שִׂמְחָ֑ה וְתִקְוַ֖ת רְשָׁעִ֣ים תֹּאבֵֽד׃ 29 מָע֣וֹז לַ֭תֹּם דֶּ֣רֶךְ יְהוָ֑ה וּ֝מְחִתָּ֗ה לְפֹ֣עֲלֵי אָֽוֶן׃ 30 צַדִּ֣יק לְעוֹלָ֣ם בַּל־יִמּ֑וֹט וּ֝רְשָׁעִ֗ים לֹ֣א יִשְׁכְּנוּ־אָֽרֶץ׃ 31 פִּֽי־צַ֭דִּיק יָנ֣וּב חָכְמָ֑ה וּלְשׁ֥וֹן תַּ֝הְפֻּכ֗וֹת תִּכָּרֵֽת׃ 32 שִׂפְתֵ֣י צַ֭דִּיק יֵדְע֣וּן רָצ֑וֹן וּפִ֥י רְ֝שָׁעִ֗ים תַּהְפֻּכֽוֹת׃

JBMLE · Judson Bible

ရှော​လ​မုန်​မင်း​၏သု​တ္တံ​စ​ကား​များ

1 ရှော​လ​မုန်​မင်း၏​သု​တ္တံ​စ​ကား​ဟူ​မူ​ကား၊ ပ​ညာ​ရှိ​သော​သား​သည် အ​ဘ​ဝမ်း​မြောက်​ခြင်း​အ​ကြောင်း၊ မိုက်​သော​သား​မူ​ကား၊ အ​မိ​ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ဖြစ်​စေ​တတ်၏။ 2 မ​တ​ရား​သော ဥ​စ္စာ​ဘ​ဏ္ဍာ​သည် အ​ကျိုး​မ​ရှိ။ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​မူ​ကား၊ သေ​ခြင်း​မှ ကယ်​တင်​တတ်၏။ 3 ဖြောင့်​မတ်​သော​သူ​ကို ငတ်၍​သေ​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ခွင့်​ပေး​တော်​မ​မူ။ မ​တ​ရား​သော​သူ​တို့၏ အ​ဓ​မ္မ​အ​မှု​ကို​ကား ဖျက်​ဆီး​တော်​မူ၏။ 4 ပျင်း​ရိ​သော​သူ​သည် ဆင်း​ရဲ​ခြင်း၊ လုံ့​လ​ဝိ​ရိ​ယ​ရှိ​သော​သူ​သည် ကြွယ်​ဝ​ခြင်း​သို့​ရောက်​တတ်၏။ 5 အ​သီး​သီး​သော​အ​ချိန်၌ သိမ်း​ယူ​သော​သူ​သည် ပ​ညာ​ရှိ​သော​သား​ဖြစ်၏။ စ​ပါး​ရိတ်​ရာ​ကာ​လ၌ အိပ်​တတ်​သော​သူ​မူ​ကား၊ အ​ရှက်​ခွဲ​တတ်​သော​သား​ဖြစ်၏။ 6 တ​ရား​သော​သူ၏​ခေါင်း​ပေါ်​မှာ မင်္ဂ​လာ​သက်​ရောက်​တတ်၏။ မ​တ​ရား​သော​သူ၏​နှုတ်​ကို​ကား ညှဉ်း​ဆဲ​ခြင်း​အ​ပြစ်​သည် ပိတ်​လိမ့်​မည်။ 7 တ​ရား​သော​သူ​ကို အောက်​မေ့​သော​အ​ခါ ကောင်း​ချီး​ပေး​တတ်၏။ မ​တ​ရား​သော​သူ၏ နာ​မ​မူ​ကား​ပုပ်​ပျက်​တတ်၏။ 8 လိ​မ္မာ​သော​သူ​သည် ပ​ညတ်​တ​ရား​ကို​ခံ​တတ်၏။ စ​ကား​များ​သော​လူ​မိုက်​မူ​ကား​ဆုံး​ရှုံး​တတ်၏။ 9 ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော​သူ​သည် အ​နင်း​မှန်​လိမ့်​မည်။ ကောက်​သော​လမ်း​သို့ လိုက်​သော​သူ​မူ​ကား၊ သ​ဘော​ထင်​ရှား​လိမ့်​မည်။ 10 မျက်​စိ​မှိတ်​သော​သူ​သည် စိတ်​ကို ပူ​စေ​တတ်၏။ စ​ကား​များ​သော​လူ​မိုက်​မူ​ကား ဆုံး​ရှုံး​တတ်၏။ 11 ဖြောင့်​မတ်​သော​သူ၏ နှုတ်​သည် အ​သက်​ရေ​တွင်း​ဖြစ်၏။ မ​တ​ရား​သော​သူ၏​နှုတ်​ကို​ကား၊ ညှဉ်း​ဆဲ​ခြင်း​အ​ပြစ်​သည် ပိတ်​လိမ့်​မည်။ 12 မုန်း​သော​စိတ်​သည် ရန်​တွေ့​ရာ​သို့ တိုက်​တွန်း​တတ်၏။ ချစ်​သော​စိတ်​မူ​ကား၊ ခပ်​သိမ်း​သော​အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်၏။ယာ၊ ၅:၂၀။ ၁ ပေ၊ ၄:၈။13 ဉာဏ်​ကောင်း​သော​သူ​သည် ပ​ညာ​စ​ကား​ကို ပြော​တတ်၏။ ဉာဏ်​မဲ့​သော​သူ၏​ကျော​အ​ဖို့​မူ​ကား ကြိမ်​လုံး​ရှိ၏။ 14 ပ​ညာ​ရှိ​သော​သူ​တို့​သည် ကြား​သိ​သော​အ​ရာ​ကို သိမ်း​ထား​တတ်၏။ မိုက်​သော​သူ၏​နှုတ်​မူ​ကား၊ အ​ကျိုး​နည်း​ခြင်း​နှင့် နီး​စပ်၏။ 15 ငွေ​ရ​တတ်​သော​သူ၏​စည်း​စိမ်​သည် သူ၏​ခိုင်​ခံ့​သော​မြို့​ဖြစ်၏။ ဆင်း​ရဲ​သား​တို့၏​ဆင်း​ရဲ​ခြင်း​မူ​ကား၊ သူ​တို့၏ အ​ကျိုး​နည်း​ကြောင်း​ဖြစ်၏။ 16 ဖြောင့်​မတ်​သော​သူ၏​အ​လုပ်​အ​ကိုင်​သည် အ​သက်​နှင့်​လည်း​ကောင်း၊ မ​တ​ရား​သော​သူ၏​အ​ကျိုး​စီး​ပွား​သည် အ​ပြစ်​နှင့်​လည်း​ကောင်း​ယှဉ်၏။

17 နည်း​ဥ​ပ​ဒေ​သ​ကို စောင့်​ရှောက်​သော​သူ​သည် အ​သက်​လမ်း​သို့ လိုက်​တတ်၏။ ဆုံး​မ​ခြင်း​ကို ငြင်း​ပယ်​သော​သူ​မူ​ကား လမ်း​လွဲ​တတ်၏။ 18 အ​ငြိုး​ဖွဲ့​သော​သ​ဘော​ကို မု​သား​နှုတ်​ခမ်း​ဖြင့် ဖုံး​ထား​သော​သူ၊ သူ့​အ​သ​ရေ​ပျက်​အောင် ပြော​တတ်​သော​သူ​သည် မိုက်​သော​သ​ဘော​ရှိ၏။ 19 စ​ကား​များ​သော​အား​ဖြင့် အ​ပြစ်​ပါ​တတ်၏။ မိ​မိ​နှုတ်​ကို​ချုပ်​တည်း​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။ 20 ဖြောင့်​မတ်​သော​သူ၏ လျှာ​သည် ငွေ​စင်​နှင့်​တူ၏။ ဆိုး​သော​သူ၏ နှ​လုံး​မူ​ကား အ​ဖိုး​မ​ထိုက်။ 21 ဖြောင့်​မတ်​သော​သူ၏ နှုတ်​ခမ်း​တို့​သည် လူ​အ​များ​ကို ကျွေး​တတ်၏။ မိုက်​သော​သူ​တို့​မူ​ကား၊ ဉာဏ်​မ​ရှိ​သော​ကြောင့် သေ​ကြ​လိမ့်​မည်။ 22 ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ချီး​မင်္ဂ​လာ​သည် စည်း​စိမ်​ကို ဖြစ်​စေ​တတ်၏။ ထို​စည်း​စိမ်​နှင့်​လည်း၊ ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ရော​နှော​တော်​မ​မူ။ 23 မိုက်​သော​သူ​သည် အ​ပြစ်​ပြု​ရာ၌ ပျော်​မွေ့​တတ်၏။ ဉာဏ်​ကောင်း​သော​သူ​မူ​ကား ဆင်​ခြင်​တတ်၏။ 24 မ​တ​ရား​သော​သူ ကြောက်​တတ်​သော​အ​မှု​သည် သူ့​အ​ပေါ်​သို့​ရောက်​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ တောင့်​တ​သော​အ​ကျိုး​ကို​ကား၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်။ 25 မ​တ​ရား​သော​သူ​သည် လွန်​သွား​သော လေ​ပွေ​ကဲ့​သို့ ပျောက်​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ မြဲ​မြံ​သော တိုက်​မြစ်​ဖြစ်၏။ 26 ပုံး​ရည်​သည် သွား၌​လည်း​ကောင်း၊ မီး​ခိုး​သည် မျက်​စိ၌​လည်း​ကောင်း​ဖြစ်​သ​ကဲ့​သို့၊ ပျင်း​ရိ​သော​သူ​သည် စေ​လွှတ်​သော​သူ၌ ဖြစ်၏။ 27 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သ​ဘော​သည် အ​သက်​တာ​ကို ရှည်​စေ​တတ်၏။ မ​တ​ရား​သော​သူ၏ နှစ်​ပေါင်း​ကာ​လ​မူ​ကား တို​တတ်၏။ 28 ဖြောင့်​မတ်​သော​သူ၏​မျှော်​လင့်​ခြင်း​သည် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ဖြစ်၏။ ဆိုး​သော​သူ၏​မျှော်​လင့်​ခြင်း​မူ​ကား ပျောက်​ပျက်​လိမ့်​မည်။ 29 ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သည် ဖြောင့်​မတ်​သော​သူ ခိုင်​ခံ့​ခြင်း​အ​ကြောင်း​ဖြစ်၏။ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ 30 ဖြောင့်​မတ်​သော​သူ​သည် အ​စဉ်​မ​ပြတ် နေ​ရာ​မှ​မ​ရွေ့​ရ။ မ​တ​ရား​သော​သူ​မူ​ကား၊ မြေ​ပေါ်​မှာ အ​တည်​မ​ကျ​ရ။ 31 ဖြောင့်​မတ်​သော​သူ၏​နှုတ်​မှ ပ​ညာ​စ​ကား ထွက်​တတ်၏။ ကောက်​လိမ်​သော​လျှာ​မူ​ကား၊ အ​ဖြတ်​ခံ​ရ​လိမ့်​မည်။ 32 ဖြောင့်​မတ်​သော​သူ၏ နှုတ်​ခမ်း​တို့​သည် နှစ်​သက်​ဖွယ်​သော​အ​ရာ​ကို သိ​ကျွမ်း​တတ်၏။ မ​တ​ရား​သော​သူ​တို့​မူ​ကား၊ ဆန့်​ကျင်​သော စ​ကား​ကို ပြော​တတ်​ကြ၏။

Todos os capítulos de Proverbs 31
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.