Pular para o conteúdo
Publicidade Remover anúncios

Proverbs 18

WLC · Westminster Leningrad Codex

1 לְֽ֭תַאֲוָה יְבַקֵּ֣שׁ נִפְרָ֑ד בְּכָל־תּ֝וּשִׁיָּ֗ה יִתְגַּלָּֽע׃ 2 לֹֽא־יַחְפֹּ֣ץ כְּ֭סִיל בִּתְבוּנָ֑ה כִּ֝֗י אִֽם־בְּהִתְגַּלּ֥וֹת לִבּֽוֹ׃ 3 בְּֽבוֹא־רָ֭שָׁע בָּ֣א גַם־בּ֑וּז וְֽעִם־קָל֥וֹן חֶרְפָּֽה׃ 4 מַ֣יִם עֲ֭מֻקִּים דִּבְרֵ֣י פִי־אִ֑ישׁ נַ֥חַל נֹ֝בֵ֗עַ מְק֣וֹר חָכְמָֽה׃ 5 שְׂאֵ֣ת פְּנֵי־רָשָׁ֣ע לֹא־ט֑וֹב לְהַטּ֥וֹת צַ֝דִּ֗יק בַּמִּשְׁפָּֽט׃ 6 שִׂפְתֵ֣י כְ֭סִיל יָבֹ֣אֽוּ בְרִ֑יב וּ֝פִ֗יו לְֽמַהֲלֻמ֥וֹת יִקְרָֽא׃ 7 פִּֽי־כְ֭סִיל מְחִתָּה־ל֑וֹ וּ֝שְׂפָתָ֗יו מוֹקֵ֥שׁ נַפְשֽׁוֹ׃ 8 דִּבְרֵ֣י נִ֭רְגָּן כְּמִֽתְלַהֲמִ֑ים וְ֝הֵ֗ם יָרְד֥וּ חַדְרֵי־בָֽטֶן׃ 9 גַּ֭ם מִתְרַפֶּ֣ה בִמְלַאכְתּ֑וֹ אָ֥ח ה֝֗וּא לְבַ֣עַל מַשְׁחִֽית׃ 10 מִגְדַּל־עֹ֭ז שֵׁ֣ם יְהוָ֑ה בּֽוֹ־יָר֖וּץ צַדִּ֣יק וְנִשְׂגָּֽב׃ 11 ה֣וֹן עָ֭שִׁיר קִרְיַ֣ת עֻזּ֑וֹ וּכְחוֹמָ֥ה נִ֝שְׂגָּבָ֗ה בְּמַשְׂכִּיתֽוֹ׃ 12 לִפְנֵי־שֶׁ֭בֶר יִגְבַּ֣הּ לֵב־אִ֑ישׁ וְלִפְנֵ֖י כָב֣וֹד עֲנָוָֽה׃ 13 מֵשִׁ֣יב דָּ֭בָר בְּטֶ֣רֶם יִשְׁמָ֑ע אִוֶּ֥לֶת הִיא־ל֝֗וֹ וּכְלִמָּֽה׃ 14 רֽוּחַ־אִ֭ישׁ יְכַלְכֵּ֣ל מַחֲלֵ֑הוּ וְר֥וּחַ נְ֝כֵאָ֗ה מִ֣י יִשָּׂאֶֽנָּה׃ 15 לֵ֣ב נָ֭בוֹן יִקְנֶה־דָּ֑עַת וְאֹ֥זֶן חֲ֝כָמִ֗ים תְּבַקֶּשׁ־דָּֽעַת׃ 16 מַתָּ֣ן אָ֭דָם יַרְחִ֣יב ל֑וֹ וְלִפְנֵ֖י גְדֹלִ֣ים יַנְחֶֽנּוּ׃ 17 צַדִּ֣יק הָרִאשׁ֣וֹן בְּרִיב֑וֹ יבא־רֵ֝עֵ֗הוּ וַחֲקָרֽוֹ׃ 18 מִ֭דְיָנִים יַשְׁבִּ֣ית הַגּוֹרָ֑ל וּבֵ֖ין עֲצוּמִ֣ים יַפְרִֽיד׃ 19 אָ֗ח נִפְשָׁ֥ע מִקִּרְיַת־עֹ֑ז ומדונים כִּבְרִ֥יחַ אַרְמֽוֹן׃ 20 מִפְּרִ֣י פִי־אִ֭ישׁ תִּשְׂבַּ֣ע בִּטְנ֑וֹ תְּבוּאַ֖ת שְׂפָתָ֣יו יִשְׂבָּֽע׃ 21 מָ֣וֶת וְ֭חַיִּים בְּיַד־לָשׁ֑וֹן וְ֝אֹהֲבֶ֗יהָ יֹאכַ֥ל פִּרְיָֽהּ׃ 22 מָצָ֣א אִ֭שָּׁה מָ֣צָא ט֑וֹב וַיָּ֥פֶק רָ֝צ֗וֹן מֵיְהוָֽה׃ 23 תַּחֲנוּנִ֥ים יְדַבֶּר־רָ֑שׁ וְ֝עָשִׁ֗יר יַעֲנֶ֥ה עַזּֽוֹת׃ 24 אִ֣ישׁ רֵ֭עִים לְהִתְרֹעֵ֑עַ וְיֵ֥שׁ אֹ֝הֵ֗ב דָּבֵ֥ק מֵאָֽח׃

JBMLE · Judson Bible

1 သူ​တစ်​ပါး​များ​နှင့် မ​ရော​နှော​သော​သူ​သည် မိ​မိ​စေ​တ​နာ​အ​လို​ရှိ​သည်​အ​တိုင်း ရှာ​ဖွေ၍၊ ပ​ညာ​ရ​တ​နာ​အ​မျိုး​မျိုး​ကို စူး​စမ်း​မွှေ​နှောက်​တတ်၏။ 2 မိုက်​သော​သူ​မူ​ကား၊ မိ​မိ​စိတ်​သ​ဘော​ကို ပြ​စ​ရာ​အ​ခွင့်​မှ​တစ်​ပါး၊ အ​ခြား​သော​အ​ကြောင်း​ကြောင့် ဉာဏ်​ပ​ညာ၌ မ​ပျော်​မွေ့​တတ်။ 3 မ​တ​ရား​သော​သူ​လာ​သော​အ​ခါ၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို​ခံ​ရ၏။ ဂုဏ်​အ​သ​ရေ​ပျက်​သော​အ​ခါ၊ ကဲ့​ရဲ့​ခြင်း​ကို​လည်း ခံ​ရ၏။ 4 နှုတ်​ထွက်​သော​စ​ကား​သည် နက်​သော​ရေ​ကဲ့​သို့​လည်း​ကောင်း၊ ပ​ညာ​စမ်း​ရေ​တွင်း​သည် ရေ​စီး​သော မြစ်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။ 5 တ​ရား​တွေ့​ရာ​အ​မှု၌ ဖြောင့်​မတ်​သော​သူ​ကို ရှုံး​စေ​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ၏​မျက်​နှာ​ကို မ​ထောက်​ကောင်း။ 6 မိုက်​သော​သူ၏ နှုတ်​ခမ်း​တို့​သည် ရန်​တွေ့​တတ်၏။ သူ၏​နှုတ်​သည်​လည်း အ​ပြစ်​ဒဏ်​ကို တောင်း​တတ်၏။ 7 မိုက်​သော​သူ၏​နှုတ်​သည် ပျက်​စီး​ရာ​အ​ကြောင်း၊ နှုတ်​ခမ်း​တို့​သည်​လည်း မိ​မိ​အ​သက်​ကို ကျော့​မိ​ရာ​အ​ကြောင်း​ဖြစ်၏။ 8 ကုန်း​တိုက်​သော​သူ၏​စ​ကား​သည် မြိန်​သော ခဲ​ဖွယ်​စား​ဖွယ်​ကဲ့​သို့​ဖြစ်၍၊ ဝမ်း​အ​တွင်း​သို့ ဝင်​တတ်၏။ 9 အ​လုပ်​လုပ်​သော​အ​ခါ ပျင်း​ရိ​သော​သူ​သည်၊ မိ​မိ​ဥ​စ္စာ​ကို အ​ချည်း​နှီး​ကုန်​စေ​သော​သူ​နှင့် ညီ​အစ်​ကို​တော်​ပေ၏။ 10 ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်၍၊ ဖြောင့်​မတ်​သော​သူ​တို့​သည် ပြေး​ဝင်​သ​ဖြင့်၊ လုံ​ခြုံ​စွာ​နေ​ရ​ကြ၏။ 11 ငွေ​ရ​တတ်​သော​သူ​က၊ ငါ့​စည်း​စိမ်​သည် ခိုင်​ခံ့​သော​မြို့ ဖြစ်၏။ မြင့်​သော​မြို့​ရိုး​နှင့် တူ​သည်​ဟု ထင်​တတ်၏။ 12 ပျက်​စီး​ခြင်း​အ​ရင်၌ လူ​သည် စိတ်​မြင့်​ခြင်း၏​နေ​ရာ၊ ဂုဏ်​အ​သ​ရေ​အ​ရင်၌ နှိမ့်​ချ​ခြင်း၏​နေ​ရာ​ရှိ၏။ 13 အ​ကျိုး​အ​ကြောင်း​ကို မ​စစ်​မီ၊ အ​မှု​စီ​ရင်​သော​သူ​သည် မိုက်​သော​အ​ပြစ်၊ အ​ရှက်​ကွဲ​ရ​သော​အ​ပြစ်​ရှိ၏။

14 လူ၏​စိတ်​ဝိ​ညာဉ်​သည် မိ​မိ​နာ​ခြင်း​ဝေ​ဒ​နာ​ကို ခံ​နိုင်၏။ ကြေ​ကွဲ​သော​စိတ်​ကို​ကား၊ အ​ဘယ်​သူ သည်း​ခံ​နိုင်​သ​နည်း။ 15 သ​မ္မာ​သ​တိ​ရှိ​သော​သူ၏ စိတ်​နှ​လုံး​သည် ပ​ညာ​အ​တတ်​ကို သို​ထား​တတ်၏။ ပ​ညာ​ရှိ​သော​သူ၏​နား​သည်​လည်း၊ ပ​ညာ​စ​ကား​ကို​ရှာ​တတ်၏။ 16 လူ၌​ပါ​သော လက်​ဆောင်​အား​ဖြင့်၊ လမ်း​ရှင်း​လင်း၍၊ လူ​ကြီး​ထံ​သို့ ဝင်​ရ​သော​အ​ခွင့် ရှိ​တတ်၏။ 17 ကိုယ်​အ​မှု​ကို အ​ဦး​စောင့်၍ ပြော​သော​သူ​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​သော်​လည်း၊ အိမ်​နီး​ချင်း​လာ၍ စစ်​ကြော​တတ်၏။ 18 စာ​ရေး​တံ​ပြု​ခြင်း​အား​ဖြင့် အ​ငြင်း​အ​ခုံ​ငြိမ်း၍၊ အား​ကြီး​သော​သူ​တို့​အ​မှု​ကို ဆုံး​ဖြတ်​တတ်၏။ 19 အ​ငြိုး​ထား​သော ညီ​အစ်​ကို​သည် ခိုင်​ခံ့​သော​မြို့​ထက် သာ၍​ခက်၏။ ညီ​အစ်​ကို ရန်​တွေ့​ခြင်း​အ​မှု​သည် ရဲ​တိုက်​တံ​ခါး​ကျင်​ကဲ့​သို့ ဖြစ်၏။ 20 လူ​သည် မိ​မိ​နှုတ်၏​အ​သီး​နှင့် ဝမ်း​ပြည့်​ရ၏။ မိ​မိ​နှုတ်​ခမ်း​တို့၏​စီး​ပွား​နှင့် ဝ​ရ၏။ 21 လျှာ​သည် အ​သက်​သေ​ခြင်း​နှင့် ရှင်​ခြင်း​ကို​အ​စိုး​ရ၏။ လျှာ​ကို​နှစ်​သက်​သော​သူ​သည်​လည်း၊ လျှာ၏​အ​သီး​ကို စား​ရ၏။ 22 မ​ယား​ကို​ရ​သော​သူ​သည် ကောင်း​သော​အ​ရာ​ကို​ရ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ခံ​ရ၏။ 23 ဆင်း​ရဲ​သော​သူ​သည် တောင်း​ပန်​တတ်၏။ ငွေ​ရ​တတ်​သော​သူ​မူ​ကား၊ ကြမ်း​တမ်း​စွာ ပြန်​ပြော​တတ်၏။ 24 အ​ပေါင်း​အ​ဖော်​များ​သော​သူ​သည် အ​ကျိုး​နည်း​ရှိ​တတ်၏။ မိတ်​ဆွေ​မူ​ကား၊ ညီ​အစ်​ကို​စွဲ​ကပ်​သည်​ထက် သာ၍ စွဲ​ကပ်​တတ်၏။

Todos os capítulos de Proverbs 31
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.