1 טֽוֹב־רָ֭שׁ הוֹלֵ֣ךְ בְּתֻמּ֑וֹ מֵעִקֵּ֥שׁ שְׂ֝פָתָ֗יו וְה֣וּא כְסִֽיל׃ 2 גַּ֤ם בְּלֹא־דַ֣עַת נֶ֣פֶשׁ לֹא־ט֑וֹב וְאָ֖ץ בְּרַגְלַ֣יִם חוֹטֵֽא׃ 3 אִוֶּ֣לֶת אָ֭דָם תְּסַלֵּ֣ף דַּרְכּ֑וֹ וְעַל־יְ֝הוָ֗ה יִזְעַ֥ף לִבּֽוֹ׃ 4 ה֗וֹן יֹ֭סִיף רֵעִ֣ים רַבִּ֑ים וְ֝דָ֗ל מֵרֵ֥עהוּ יִפָּרֵֽד׃ 5 עֵ֣ד שְׁ֭קָרִים לֹ֣א יִנָּקֶ֑ה וְיָפִ֥יחַ כְּ֝זָבִ֗ים לֹ֣א יִמָּלֵֽט׃ 6 רַ֭בִּים יְחַלּ֣וּ פְנֵֽי־נָדִ֑יב וְכָל־הָ֝רֵ֗עַ לְאִ֣ישׁ מַתָּֽן׃ 7 כָּ֥ל אֲחֵי־רָ֨שׁ ׀ שְֽׂנֵאֻ֗הוּ אַ֤ף כִּ֣י מְ֭רֵעֵהוּ רָחֲק֣וּ מִמֶּ֑נּוּ מְרַדֵּ֖ף אֲמָרִ֣ים לא־הֵֽמָּה׃ 8 קֹֽנֶה־לֵּ֭ב אֹהֵ֣ב נַפְשׁ֑וֹ שֹׁמֵ֥ר תְּ֝בוּנָ֗ה לִמְצֹא־טֽוֹב׃ 9 עֵ֣ד שְׁ֭קָרִים לֹ֣א יִנָּקֶ֑ה וְיָפִ֖יחַ כְּזָבִ֣ים יֹאבֵֽד׃ פ 10 לֹֽא־נָאוֶ֣ה לִכְסִ֣יל תַּעֲנ֑וּג אַ֝֗ף כִּֽי־לְעֶ֤בֶד ׀ מְשֹׁ֬ל בְּשָׂרִֽים׃ 11 שֵׂ֣כֶל אָ֭דָם הֶאֱרִ֣יךְ אַפּ֑וֹ וְ֝תִפאַרְתּ֗וֹ עֲבֹ֣ר עַל־פָּֽשַׁע׃ 12 נַ֣הַם כַּ֭כְּפִיר זַ֣עַף מֶ֑לֶךְ וּכְטַ֖ל עַל־עֵ֣שֶׂב רְצוֹנֽוֹ׃ 13 הַוֺּ֣ת לְ֭אָבִיו בֵּ֣ן כְּסִ֑יל וְדֶ֥לֶף טֹ֝רֵ֗ד מִדְיְנֵ֥י אִשָּֽׁה׃ 14 בַּ֣יִת וָ֭הוֹן נַחֲלַ֣ת אָב֑וֹת וּ֝מֵיְהוָ֗ה אִשָּׁ֥ה מַשְׂכָּֽלֶת׃ 15 עַ֭צְלָה תַּפִּ֣יל תַּרְדֵּמָ֑ה וְנֶ֖פֶשׁ רְמִיָּ֣ה תִרְעָֽב׃ 16 שֹׁמֵ֣ר מִ֭צְוָה שֹׁמֵ֣ר נַפְשׁ֑וֹ בּוֹזֵ֖ה דְרָכָ֣יו יומת׃ 17 מַלְוֵ֣ה יְ֭הוָה ח֣וֹנֵֽן דָּ֑ל וּ֝גְמֻל֗וֹ יְשַׁלֶּם־לֽוֹ׃ 18 יַסֵּ֣ר בִּ֭נְךָ כִּי־יֵ֣שׁ תִּקְוָ֑ה וְאֶל־הֲ֝מִית֗וֹ אַל־תִּשָּׂ֥א נַפְשֶֽׁךָ׃ 19 גרל־חֵ֭מָה נֹ֣שֵׂא עֹ֑נֶשׁ כִּ֥י אִם־תַּ֝צִּ֗יל וְע֣וֹד תּוֹסִֽף׃ 20 שְׁמַ֣ע עֵ֭צָה וְקַבֵּ֣ל מוּסָ֑ר לְ֝מַ֗עַן תֶּחְכַּ֥ם בְּאַחֲרִיתֶֽךָ׃ 21 רַבּ֣וֹת מַחֲשָׁב֣וֹת בְּלֶב־אִ֑ישׁ וַעֲצַ֥ת יְ֝הוָ֗ה הִ֣יא תָקֽוּם׃ 22 תַּאֲוַ֣ת אָדָ֣ם חַסְדּ֑וֹ וְטֽוֹב־רָ֝שׁ מֵאִ֥ישׁ כָּזָֽב׃ 23 יִרְאַ֣ת יְהוָ֣ה לְחַיִּ֑ים וְשָׂבֵ֥עַ יָ֝לִ֗ין בַּל־יִפָּ֥קֶד רָֽע׃ 24 טָ֘מַ֤ן עָצֵ֣ל יָ֭דוֹ בַּצַּלָּ֑חַת גַּם־אֶל־פִּ֝֗יהוּ לֹ֣א יְשִׁיבֶֽנָּה׃ 25 לֵ֣ץ תַּ֭כֶּה וּפֶ֣תִי יַעְרִ֑ם וְהוֹכִ֥יחַ לְ֝נָב֗וֹן יָבִ֥ין דָּֽעַת׃ 26 מְֽשַׁדֶּד־אָ֭ב יַבְרִ֣יחַ אֵ֑ם בֵּ֝֗ן מֵבִ֥ישׁ וּמַחְפִּֽיר׃ 27 חַֽדַל־בְּ֭נִי לִשְׁמֹ֣עַ מוּסָ֑ר לִ֝שְׁג֗וֹת מֵֽאִמְרֵי־דָֽעַת׃ 28 עֵ֣ד בְּ֭לִיַּעַל יָלִ֣יץ מִשְׁפָּ֑ט וּפִ֥י רְ֝שָׁעִ֗ים יְבַלַּע־אָֽוֶן׃ 29 נָכ֣וֹנוּ לַלֵּצִ֣ים שְׁפָטִ֑ים וּ֝מַהֲלֻמ֗וֹת לְגֵ֣ו כְּסִילִֽים׃
1 ကောက်လိမ်သော စကားကို သုံးတတ်သောလူမိုက်ထက်၊ ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သော ဆင်းရဲသူသည် သာ၍ကောင်း၏။ 2 စိတ်ဝိညာဉ်သည် ပညာအတတ်မရှိဘဲ မနေကောင်း။ အလျင်အမြန်သွားသောသူသည်လည်း မှားယွင်းတတ်၏။ 3 လူသည် မိုက်သောသဘောကြောင့်၊ လမ်းလွဲ၍ စိတ်ထဲမှာ ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်တတ်၏။ 4 စည်းစိမ်ရှိလျှင် အဆွေခင်ပွန်း များတတ်၏။ ဆင်းရဲသောသူမူကား၊ မိမိအိမ်နီးချင်းနှင့်မျှ မပေါင်းဖော်ရ။ 5 မမှန်သောသက်သေသည် အပြစ်မခံဘဲမနေရ။ မုသားကိုသုံးသောသူသည်လည်း ဒဏ်နှင့်မလွတ်ရ။ 6 များသောသူတို့သည် မင်းကို ဖျောင်းဖျတတ်ကြ၏။ လက်ဆောင်ပေးသောသူကိုလည်း၊ လူတိုင်း မိတ်ဆွေဖွဲ့တတ်၏။ 7 ဆင်းရဲသောသူ၏ ညီအစ်ကိုရှိသမျှတို့သည် သူ့ကိုမုန်းတတ်ကြ၏။ သူ၏အဆွေခင်ပွန်းတို့သည် သူ့ကိုသာ၍ ဝေးစွာရှောင်တတ်ကြ၏။ လိုက်၍ခေါ်သော်လည်း ကွယ်ပျောက်ကြပြီ။ 8 ပညာကိုရသောသူသည် မိမိအသက်ဝိညာဉ်ကို ချစ်ရာရောက်၏။ ဉာဏ်ကိုစွဲလမ်းသောသူသည်လည်း၊ ကောင်းကျိုးကို ခံတတ်၏။ 9 မမှန်သောသက်သေသည် အပြစ်မခံဘဲ မနေရ။ မုသားကိုသုံးသောသူသည်လည်း၊ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ 10 မိုက်သောသူသည် မပျော်မွေ့သင့်။ ထိုမျှမက၊ ကျွန်သည်မင်းတို့ကို အစိုးမရသင့်။ 11 သမ္မာသတိရှိသောသူသည် မိမိအမျက်ဒေါသကို ချုပ်တည်းတတ်၏။ သူတစ်ပါးပြစ်မှားခြင်းကို သည်းခံသောသူသည်လည်း ဘုန်းအသရေရှိ၏။ 12 ရှင်ဘုရင်၏အမျက်တော်သည် ခြင်္သေ့ဟောက်သကဲ့သို့ ဖြစ်၏။ ကျေးဇူးတော်မူကား၊ မြက်ပေါ်မှာကျသော နှင်းရည်ကဲ့သို့ ဖြစ်၏။ 13 မိုက်သောသားသည် အဘဆင်းရဲစရာအကြောင်း ဖြစ်၏။ ရန်တွေ့တတ်သောမယားသည်လည်း၊ အစက်စက်ကျသော မိုးပေါက်နှင့်တူ၏။ 14 အိမ်နှင့်စည်းစိမ်သည် မိဘအမွေဥစ္စာ ဖြစ်၏။ သမ္မာသတိရှိသော မယားမူကား၊ ထာဝရဘုရား ပေးသနားတော်မူရာဖြစ်၏။
15 ပျင်းရိသောသဘောသည် လွန်ကျူးစွာ အိပ်ပျော်စေ၍၊ ပျင်းရိသောသူသည် အငတ်ခံရ၏။ 16 ပညတ်တရားကို စောင့်သောသူသည် မိမိအသက်ဝိညာဉ်ကို စောင့်ရာရောက်၏။ မိမိသွားရာလမ်းတို့ကို မထီလေးစား ပြုသောသူမူကား၊ အသေခံရ၏။ 17 ဆင်းရဲသားကို သနားသောသူသည် ထာဝရဘုရားအား ချေးငှားသောသူဖြစ်၍၊ သူပြုသောအမှု၏အကျိုးကို ဆပ်ပေးတော်မူလိမ့်မည်။ 18 မျှော်လင့်စရာရှိစဉ်အခါ၊ ကိုယ်သားကို ဆုံးမလော့။ သူ့ကိုအကျိုးနည်းအောင် သနားသောစိတ် မရှိစေနှင့်။ 19 ဒေါသအမျက်ကြီးသောသူသည် အပြစ်ဒဏ်ကို ခံရလိမ့်မည်။ သူ့ကိုကယ်နုတ်လျှင် အဖန်ဖန် ကယ်နုတ်ရမည်။ 20 နောက်ဆုံးကာလ၌ ပညာရှိဖြစ်လိုသောငှာ၊ ဆုံးမသောစကားကို နားထောင်၍ နည်းဥပဒေကို ခံယူလော့။ 21 လူသည် အထူးထူး အပြားပြား ကြံစည်တတ်၏။ သို့ရာတွင်၊ ထာဝရဘုရား၏ အကြံတော်သည် တည်လိမ့်မည်။ 22 လူသည် စေတနာရှိလျှင် ကျေးဇူးပြုရာရောက်၏။ ဆင်းရဲသောသူသည်လည်း၊ မုသားသုံးသောသူထက် သာ၍ကောင်း၏။ 23 ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသက်ရှင်ခြင်းနှင့် ဆိုင်သည်ဖြစ်၍ ထိုသဘောရှိသောသူသည် အလိုဆန္ဒပြည့်စုံလျက်ရှိ၍၊ ဘေးဥပဒ်နှင့် ကင်းလွတ်လိမ့်မည်။ 24 ပျင်းရိသောသူသည် မိမိလက်ကို အိုး၌သွင်းသော်လည်း တစ်ဖန်နုတ်၍ မိမိပါးစပ်သို့ မခွံ့လို။ 25 မထီမဲ့မြင်ပြုသောသူကိုရိုက်လျှင် ဉာဏ်တိမ်သောသူသည် သတိရလိမ့်မည်။ ဉာဏ်ကောင်းသောသူကို ဆုံးမလျှင်၊ သူသည် ပညာတရားကို နားလည်လိမ့်မည်။ 26 အဘဥစ္စာကိုဖြုန်း၍ အမိကို နှင်ထုတ်သောသားသည် အရှက်ခွဲသောသား၊ ကဲ့ရဲ့ခြင်းကို ခံစေသောသားဖြစ်၏။ 27 ငါ့သား၊ ပညာတရားကို ပယ်စေခြင်းငှာ၊ သွန်သင်သောသူ၏စကားကို နားမထောင်နှင့်။ 28 အဓမ္မသက်သေသည် တရားကို မထီမဲ့မြင်ပြုတတ်၏။ မတရားသောသူသည်လည်း၊ ဒုစရိုက်ကိုစား၍ မျိုတတ်၏။ 29 မထီမဲ့မြင်ပြုသောသူတို့အဖို့ အပြစ်စီရင်ခြင်း၊ မိုက်သောသူတို့၏ကျောအဖို့ ဒဏ်ပေးခြင်းသည် အသင့်ရှိ၏။