1 כִּֽי־תֵ֭שֵׁב לִלְח֣וֹם אֶת־מוֹשֵׁ֑ל בִּ֥ין תָּ֝בִ֗ין אֶת־אֲשֶׁ֥ר לְפָנֶֽיךָ׃ 2 וְשַׂמְתָּ֣ שַׂכִּ֣ין בְּלֹעֶ֑ךָ אִם־בַּ֖עַל נֶ֣פֶשׁ אָֽתָּה׃ 3 אַל־תִּ֭תְאָו לְמַטְעַמּוֹתָ֑יו וְ֝ה֗וּא לֶ֣חֶם כְּזָבִֽים׃ 4 אַל־תִּיגַ֥ע לְֽהַעֲשִׁ֑יר מִֽבִּינָתְךָ֥ חֲדָֽל׃ 5 התעוף עֵינֶ֥יךָ בּ֗וֹ וְֽאֵ֫ינֶ֥נּוּ כִּ֤י עָשֹׂ֣ה יַעֲשֶׂה־לּ֣וֹ כְנָפַ֑יִם כְּ֝נֶ֗שֶׁר ועיף הַשָּׁמָֽיִם׃ פ 6 אַל־תִּלְחַ֗ם אֶת־לֶ֭חֶם רַ֣ע עָ֑יִן וְאַל־תתאו לְמַטְעַמֹּתָֽיו׃ 7 כִּ֤י ׀ כְּמוֹ־שָׁעַ֥ר בְּנַפְשׁ֗וֹ כֶּ֫ן־ה֥וּא אֱכֹ֣ל וּ֭שְׁתֵה יֹ֣אמַר לָ֑ךְ וְ֝לִבּ֗וֹ בַּל־עִמָּֽךְ׃ 8 פִּֽתְּךָ־אָכַ֥לְתָּ תְקִיאֶ֑נָּה וְ֝שִׁחַ֗תָּ דְּבָרֶ֥יךָ הַנְּעִימִֽים׃ 9 בְּאָזְנֵ֣י כְ֭סִיל אַל־תְּדַבֵּ֑ר כִּֽי־יָ֝ב֗וּז לְשֵׂ֣כֶל מִלֶּֽיךָ׃ 10 אַל־תַּ֭סֵּג גְּב֣וּל עוֹלָ֑ם וּבִשְׂדֵ֥י יְ֝תוֹמִ֗ים אַל־תָּבֹֽא׃ 11 כִּֽי־גֹאֲלָ֥ם חָזָ֑ק הֽוּא־יָרִ֖יב אֶת־רִיבָ֣ם אִתָּֽךְ׃ 12 הָבִ֣יאָה לַמּוּסָ֣ר לִבֶּ֑ךָ וְ֝אָזְנֶ֗ךָ לְאִמְרֵי־דָֽעַת׃ 13 אַל־תִּמְנַ֣ע מִנַּ֣עַר מוּסָ֑ר כִּֽי־תַכֶּ֥נּוּ בַ֝שֵּׁ֗בֶט לֹ֣א יָמֽוּת׃ 14 אַ֭תָּה בַּשֵּׁ֣בֶט תַּכֶּ֑נּוּ וְ֝נַפְשׁ֗וֹ מִשְּׁא֥וֹל תַּצִּֽיל׃ 15 בְּ֭נִי אִם־חָכַ֣ם לִבֶּ֑ךָ יִשְׂמַ֖ח לִבִּ֣י גַם־אָֽנִי׃ 16 וְתַעְלֹ֥זְנָה כִלְיוֹתָ֑י בְּדַבֵּ֥ר שְׂ֝פָתֶ֗יךָ מֵישָׁרִֽים׃ 17 אַל־יְקַנֵּ֣א לִ֭בְּךָ בַּֽחַטָּאִ֑ים כִּ֥י אִם־בְּיִרְאַת־יְ֝הוָ֗ה כָּל־הַיּֽוֹם׃ 18 כִּ֭י אִם־יֵ֣שׁ אַחֲרִ֑ית וְ֝תִקְוָתְךָ֗ לֹ֣א תִכָּרֵֽת׃ 19 שְׁמַע־אַתָּ֣ה בְנִ֣י וַחֲכָ֑ם וְאַשֵּׁ֖ר בַּדֶּ֣רֶךְ לִבֶּֽךָ׃ 20 אַל־תְּהִ֥י בְסֹֽבְאֵי־יָ֑יִן בְּזֹלֲלֵ֖י בָשָׂ֣ר לָֽמוֹ׃ 21 כִּי־סֹבֵ֣א וְ֭זוֹלֵל יִוָּרֵ֑שׁ וּ֝קְרָעִ֗ים תַּלְבִּ֥ישׁ נוּמָֽה׃ 22 שְׁמַ֣ע לְ֭אָבִיךָ זֶ֣ה יְלָדֶ֑ךָ וְאַל־תָּ֝ב֗וּז כִּֽי־זָקְנָ֥ה אִמֶּֽךָ׃ 23 אֱמֶ֣ת קְ֭נֵה וְאַל־תִּמְכֹּ֑ר חָכְמָ֖ה וּמוּסָ֣ר וּבִינָֽה׃ 24 גול יגול אֲבִ֣י צַדִּ֑יק יולד חָ֝כָ֗ם וישמח־בּֽוֹ׃ 25 יִֽשְׂמַח־אָבִ֥יךָ וְאִמֶּ֑ךָ וְ֝תָגֵ֗ל יֽוֹלַדְתֶּֽךָ׃ 26 תְּנָֽה־בְנִ֣י לִבְּךָ֣ לִ֑י וְ֝עֵינֶ֗יךָ דְּרָכַ֥י תרצנה׃ 27 כִּֽי־שׁוּחָ֣ה עֲמֻקָּ֣ה זוֹנָ֑ה וּבְאֵ֥ר צָ֝רָ֗ה נָכְרִיָּֽה׃ 28 אַף־הִ֭יא כְּחֶ֣תֶף תֶּֽאֱרֹ֑ב וּ֝בוֹגְדִ֗ים בְּאָדָ֥ם תּוֹסִֽף׃ 29 לְמִ֨י א֥וֹי לְמִ֪י אֲב֡וֹי לְמִ֤י מדונים ׀ לְמִ֥י שִׂ֗יחַ לְ֭מִי פְּצָעִ֣ים חִנָּ֑ם לְ֝מִ֗י חַכְלִל֥וּת עֵינָֽיִם׃ 30 לַֽמְאַחֲרִ֥ים עַל־הַיָּ֑יִן לַ֝בָּאִ֗ים לַחְקֹ֥ר מִמְסָֽךְ׃ 31 אַל־תֵּ֥רֶא יַיִן֮ כִּ֪י יִתְאַ֫דָּ֥ם כִּֽי־יִתֵּ֣ן בכיס עֵינ֑וֹ יִ֝תְהַלֵּ֗ךְ בְּמֵישָׁרִֽים׃ 32 אַ֭חֲרִיתוֹ כְּנָחָ֣שׁ יִשָּׁ֑ךְ וּֽכְצִפְעֹנִ֥י יַפְרִֽשׁ׃ 33 עֵ֭ינֶיךָ יִרְא֣וּ זָר֑וֹת וְ֝לִבְּךָ֗ יְדַבֵּ֥ר תַּהְפֻּכֽוֹת׃ 34 וְ֭הָיִיתָ כְּשֹׁכֵ֣ב בְּלֶב־יָ֑ם וּ֝כְשֹׁכֵ֗ב בְּרֹ֣אשׁ חִבֵּֽל׃ 35 הִכּ֥וּנִי בַל־חָלִיתִי֮ הֲלָמ֗וּנִי בַּל־יָ֫דָ֥עְתִּי מָתַ֥י אָקִ֑יץ א֝וֹסִ֗יף אֲבַקְשֶׁ֥נּוּ עֽוֹד׃
1 မင်းနှင့်အတူထိုင်၍ စားသောက်သောအခါ သင့်ရှေ့မှာ အဘယ်သူရှိသည်ကို စေ့စေ့ဆင်ခြင်လော့။ 2 သင်သည် စားကြူးတတ်သောသူဖြစ်လျှင်၊ သင်၏လည်ချောင်းကို ဓားနှင့်ရွယ်လော့။ 3 ထိုမင်း၏ ခဲဖွယ်စားဖွယ်တို့ကို အလိုမရှိနှင့်။ လှည့်စားတတ်သောအစာ ဖြစ်၏။ 4 ငွေရတတ်ခြင်းငှာ မကြိုးစားနှင့်။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ 5 ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက်ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုးကောင်းကင်သို့ ပျံတတ်သကဲ့သို့၊ ထိုအရာသည် အတောင်တို့ကိုလုပ်၍ ပျံသွားတတ်၏။ 6 မနာလိုသောသူ၏ အစာကို မစားနှင့်။ သူ၏ခဲဖွယ်စားဖွယ်ကို အလိုမရှိနှင့်။ 7 သူသည် စိတ်ထင်သည်အတိုင်းဖြစ်၏။ စားသောက်တော့ဟု ဆိုသော်လည်း စေတနာစိတ်မရှိ။ 8 သင်သည် စားသောအစာကို တစ်ဖန်အန်ရလိမ့်မည်။ သင်ချိုသောစကားလည်း ယိုယွင်းလိမ့်မည်။ 9 မိုက်သောသူကြားအောင် စကားမပြောနှင့်။ သင်၏စကား၌ပါသောပညာကို မထီမဲ့မြင် ပြုလိမ့်မည်။ 10 အရင်စိုက်သော မြေမှတ်တိုင်ကို မရွှေ့နှင့်။ မိဘမရှိသောသူတို့၏ လယ်ကိုမသိမ်းနှင့်။ 11 အကြောင်းမူကား၊ ထိုသူတို့ကို ရွေးတော်မူသောသူသည် တန်ခိုးကြီး၍၊ သင့်တစ်ဖက်၌ သူတို့အမှုကို စောင့်တော်မူလိမ့်မည်။ 12 ဆုံးမဩဝါဒ၌ စိတ်နှလုံးစွဲလမ်း၍၊ ပညာအတတ်စကားကို နာခံလော့။ 13 သူငယ်ကို မဆုံးမဘဲ မနေနှင့်။ ကြိမ်လုံးနှင့်ရိုက်သော်လည်း သူသည်မသေ။ 14 ကြိမ်လုံးနှင့် ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏနိုင်ငံမှ ကယ်နုတ်ရမည်။
15 ငါ့သား၊ သင့်နှလုံး၌ ပညာရှိလျှင် ငါ့နှလုံးနှင့် ငါ့ကိုယ်တိုင်သည် ဝမ်းမြောက်လိမ့်မည်။ 16 သင့်နှုတ်သည် မှန်သောစကားကိုပြောသောအခါ၊ ငါ့ကျောက်ကပ်ရွှင်လန်းလိမ့်မည်။ 17 အပြစ်ထင်ရှားသောသူတို့ကို ငြူစူသောစိတ် မရှိစေနှင့်။ တစ်နေ့လုံး ထာဝရဘုရားကို ကြောက်ရွံ့သောသဘော ရှိစေလော့။ 18 အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည် ရောက်လိမ့်မည်။ သင့်မျှော်လင့်ခြင်းအကြောင်း မပျက်ရာ။ 19 ငါ့သား၊ ငါ့စကားကိုနားထောင်၍ ပညာရှိသဖြင့်၊ ကိုယ်စိတ်နှလုံးကို လမ်းမ၌ပဲ့ပြင်လော့။ 20 စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသား စားကြူးသောသူတို့ကို အပေါင်းအဖော် မလုပ်နှင့်။ 21 သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူးသောသဘောသည် လူကို အဝတ်စုတ်နှင့် ခြုံတတ်၏။ 22 သင့်ကို ဖြစ်ဖွားစေသောအဘ၏စကားကို နားထောင်လော့။ အသက်ကြီးသော အမိကို မထီမဲ့မြင်မပြုနှင့်။ 23 သမ္မာတရားကိုဝယ်လော့။ မရောင်းနှင့်။ ပညာကိုလည်းကောင်း၊ ဆုံးမဩဝါဒကိုလည်းကောင်း၊ ဉာဏ်သတ္တိကိုလည်းကောင်း ထိုအတူပြုလော့။ 24 ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်းမြောက်လိမ့်မည်။ ပညာရှိသော သားကို ဖြစ်ဖွားစေသောသူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။ 25 သင်၏မိဘတို့သည် ဝမ်းမြောက်၍၊ သင့်ကို မွေးဖွားသောသူသည် ရွှင်လန်းလိမ့်မည်။ 26 ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။ သင့်မျက်စိတို့သည် ငါသွားသောလမ်းကို ကြည့်မှတ်ပါစေ။ 27 ပြည့်တန်ဆာမသည် နက်သောကျုံးကဲ့သို့လည်းကောင်း၊ အမျိုးပျက်သောမိန်းမသည် ကျဉ်းသော မြေတွင်းကဲ့သို့လည်းကောင်း ဖြစ်၏။ 28 သူသည် ဓားပြကဲ့သို့ချောင်းကြည့်တတ်၏။ လွန်ကျူးသော ယောက်ျားများပြားစေခြင်းငှာ ပြုတတ်၏။
29 အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ်သူသည် ရန်တွေ့ခြင်း ရှိသနည်း။ အဘယ်သူသည် မြည်တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်းမရှိ၊ ထိခိုက်၍နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်းဟူမူကား၊ 30 စပျစ်ရည်ကို ကြာမြင့်စွာ သောက်လျက်နေသောသူ၊ ဆေးနှင့်ရောသော စပျစ်ရည်ကို ရှာတတ်သောသူတို့သည် ထိုသို့သော လက္ခဏာရှိကြ၏။ 31 ဖလား၌နီလျက်၊ အရောင်တောက်လျက်၊ အချိုအမြိန်ဝင်လျက်ရှိသော စပျစ်ရည်ကို မကြည့်မရှုနှင့်။ 32 နောက်ဆုံး၌ မြွေကဲ့သို့ ကိုက်တတ်၏။ မြွေဆိုးကဲ့သို့ နာစေတတ်၏။ 33 သင့်မျက်စိတို့သည် အမျိုးပျက်သောမိန်းမတို့ကို ကြည့်ရှု၍၊ သင့်နှလုံးသည်လည်း ကောက်သောစကားကို မြွက်ဆိုလိမ့်မည်။ 34 အကယ်စင်စစ် သင်သည် ပင်လယ်အလယ်၌ အိပ်သောသူ၊ သင်္ဘောရွက်တိုင်ဖျားပေါ်မှာ အိပ်သောသူကဲ့သို့ ဖြစ်လိမ့်မည်။ 35 သူတို့သည် ငါ့ကိုရိုက်ကြပြီ။ သို့သော်လည်း ငါမနာ။ ငါ့ကိုထိုးကြသော်လည်း ငါမသိ။ အဘယ်အချိန်မှ ငါနိုးရမည်နည်း။ တစ်ဖန် ငါရှာဦးမည်ဟု သင်ဆိုလိမ့်သတည်း။