1 וַיַּ֥עַן אִיּ֗וֹב וַיֹּאמַֽר׃ 2 עַד־אָ֭נָה תּוֹגְי֣וּן נַפְשִׁ֑י וּֽתְדַכְּאוּנַ֥נִי בְמִלִּֽים׃ 3 זֶ֤ה עֶ֣שֶׂר פְּ֭עָמִים תַּכְלִימ֑וּנִי לֹֽא־תֵ֝בֹ֗שׁוּ תַּהְכְּרוּ־לִֽי׃ 4 וְאַף־אָמְנָ֥ם שָׁגִ֑יתִי אִ֝תִּ֗י תָּלִ֥ין מְשׁוּגָתִֽי׃ 5 אִם־אָ֭מְנָם עָלַ֣י תַּגְדִּ֑ילוּ וְתוֹכִ֥יחוּ עָ֝לַ֗י חֶרְפָּתִּֽי׃ 6 דְּֽעוּ־אֵ֭פוֹ כִּי־אֱל֣וֹהַּ עִוְּתָ֑נִי וּ֝מְצוּד֗וֹ עָלַ֥י הִקִּֽיף׃ 7 הֵ֤ן אֶצְעַ֣ק חָ֭מָס וְלֹ֣א אֵעָנֶ֑ה אֲ֝שַׁוַּ֗ע וְאֵ֣ין מִשְׁפָּֽט׃ 8 אָרְחִ֣י גָ֭דַר וְלֹ֣א אֶעֱב֑וֹר וְעַ֥ל נְ֝תִיבוֹתַ֗י חֹ֣שֶׁךְ יָשִֽׂים׃ 9 כְּ֭בוֹדִי מֵעָלַ֣י הִפְשִׁ֑יט וַ֝יָּ֗סַר עֲטֶ֣רֶת רֹאשִֽׁי׃ 10 יִתְּצֵ֣נִי סָ֭בִיב וָאֵלַ֑ךְ וַיַּסַּ֥ע כָּ֝עֵ֗ץ תִּקְוָתִֽי׃ 11 וַיַּ֣חַר עָלַ֣י אַפּ֑וֹ וַיַּחְשְׁבֵ֖נִי ל֣וֹ כְצָרָֽיו׃ 12 יַ֤חַד ׀ יָ֘בֹ֤אוּ גְדוּדָ֗יו וַיָּסֹ֣לּוּ עָלַ֣י דַּרְכָּ֑ם וַיַּחֲנ֖וּ סָבִ֣יב לְאָהֳלִֽי׃ 13 אַ֭חַי מֵעָלַ֣י הִרְחִ֑יק וְ֝יֹדְעַ֗י אַךְ־זָ֥רוּ מִמֶּֽנִּי׃ 14 חָדְל֥וּ קְרוֹבָ֑י וּֽמְיֻדָּעַ֥י שְׁכֵחֽוּנִי׃ 15 גָּ֘רֵ֤י בֵיתִ֣י וְ֭אַמְהֹתַי לְזָ֣ר תַּחְשְׁבֻ֑נִי נָ֝כְרִ֗י הָיִ֥יתִי בְעֵינֵיהֶֽם׃ 16 לְעַבְדִּ֣י קָ֭רָאתִי וְלֹ֣א יַעֲנֶ֑ה בְּמוֹ־פִ֝֗י אֶתְחַנֶּן־לֽוֹ׃ 17 ר֭וּחִֽי זָ֣רָה לְאִשְׁתִּ֑י וְ֝חַנֹּתִ֗י לִבְנֵ֥י בִטְנִֽי׃ 18 גַּם־עֲ֭וִילִים מָ֣אֲסוּ בִ֑י אָ֝ק֗וּמָה וַיְדַבְּרוּ־בִֽי׃ 19 תִּֽ֭עֲבוּנִי כָּל־מְתֵ֣י סוֹדִ֑י וְזֶֽה־אָ֝הַ֗בְתִּי נֶהְפְּכוּ־בִֽי׃ 20 בְּעוֹרִ֣י וּ֭בִבְשָׂרִי דָּבְקָ֣ה עַצְמִ֑י וָ֝אֶתְמַלְּטָ֗ה בְּע֣וֹר שִׁנָּֽי׃ 21 חָנֻּ֬נִי חָנֻּ֣נִי אַתֶּ֣ם רֵעָ֑י כִּ֥י יַד־אֱ֝ל֗וֹהַּ נָ֣גְעָה בִּֽי׃ 22 לָ֭מָּה תִּרְדְּפֻ֣נִי כְמוֹ־אֵ֑ל וּ֝מִבְּשָׂרִ֗י לֹ֣א תִשְׂבָּֽעוּ׃ 23 מִֽי־יִתֵּ֣ן אֵ֭פוֹ וְיִכָּתְב֣וּן מִלָּ֑י מִֽי־יִתֵּ֖ן בַּסֵּ֣פֶר וְיֻחָֽקוּ׃ 24 בְּעֵט־בַּרְזֶ֥ל וְעֹפָ֑רֶת לָ֝עַ֗ד בַּצּ֥וּר יֵחָצְבֽוּן׃ 25 וַאֲנִ֣י יָ֭דַעְתִּי גֹּ֣אֲלִי חָ֑י וְ֝אַחֲר֗וֹן עַל־עָפָ֥ר יָקֽוּם׃ 26 וְאַחַ֣ר ע֭וֹרִֽי נִקְּפוּ־זֹ֑את וּ֝מִבְּשָׂרִ֗י אֶֽחֱזֶ֥ה אֱלֽוֹהַּ׃ 27 אֲשֶׁ֤ר אֲנִ֨י ׀ אֶֽחֱזֶה־לִּ֗י וְעֵינַ֣י רָא֣וּ וְלֹא־זָ֑ר כָּל֖וּ כִלְיֹתַ֣י בְּחֵקִֽי׃ 28 כִּ֣י תֹ֭אמְרוּ מַה־נִּרְדָּף־ל֑וֹ וְשֹׁ֥רֶשׁ דָּ֝בָ֗ר נִמְצָא־בִֽי׃ 29 גּ֤וּרוּ לָכֶ֨ם ׀ מִפְּנֵי־חֶ֗רֶב כִּֽי־חֵ֭מָה עֲוֺנ֣וֹת חָ֑רֶב לְמַ֖עַן תֵּדְע֣וּן שדין׃ ס
ရွေးနုတ်သောသခင်အသက်ရှင်၏
1,2 ယောဘပြန်၍ မြွက်ဆိုသည်ကား၊ သင်တို့သည် ငါ့စိတ်ဝိညာဉ်ကို နှောင့်ယှက်၍ အဘယ်မျှကာလပတ်လုံး သင်တို့စကားဖြင့် ငါ့ကိုချိုးဖဲ့ကြလိမ့်မည်နည်း။ 3 ဆယ်ကြိမ်မြောက်အောင် ငါ့ကိုကဲ့ရဲ့ကြပြီ။ ငါ့ကိုမိန်းမောတွေ ဝေစေခြင်းငှာ အရှက်မရှိဘဲပြုကြပြီ။ 4 ငါပြစ်မှားပြီ မှန်စေတော့။ ငါ့အပြစ်နှင့် ငါသာဆိုင်၏။ 5 သင်တို့သည်ငါ့အပေါ်၌ ဝါကြွား၍၊ ငါအရှက်ခံရသောကြောင့်၊ ငါ၌အပြစ်တင်ကြသော်လည်း၊ 6 ဘုရားသခင်သည် ငါ့ကိုလှဲ၍ မိမိကျော့ကွင်း၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့။ 7 ငါသည် ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှနားမထောင်။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ။ 8 ငါမသွားနိုင်အောင် ငါ့ရှေ့မှာအဆီးအကာပြု၍၊ ငါသွားရာလမ်း၌ မှောင်မိုက်ကိုထားတော်မူပြီ။ 9 ငါ့ဂုဏ်အသရေကိုချွတ်၍၊ ငါ့ခေါင်းက ပေါင်းသရဖူကိုချတော်မူပြီ။ 10 ငါ့ကိုဝိုင်း၍ ဖျက်ဆီးတော်မူသဖြင့် ငါပျောက်ကုန်ပြီ။ သစ်ပင်ကို နုတ်သကဲ့သို့၊ ငါမျှော်လင့်ရသောအခွင့်ကို နုတ်တော်မူပြီ။ 11 ငါ၌အမျက်တော်ကို နှိုးဆော်၍၊ ငါ့ကိုရန်သူကဲ့သို့ မှတ်တော်မူ၏။ 12 စစ်ချီလာ၍၊ စစ်သူရဲတော်တို့သည် ငါ့ရှေ့သို့ရောက်ခြင်းငှာ၊ ကျုံးတူး၍ ငါ့ပတ်လည်၌ တပ်ချကြ၏။ 13 ငါ့ညီအစ်ကိုတို့ကို ငါနှင့်ကွာဝေးစေတော်မူ၏။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်းသောသူဖြစ်ကြ၏။ 14 ငါ့ပေါက်ဖော်တို့သည် ငါ့ကိုစွန့်၍၊ ငါ့သူငယ်ချင်းတို့သည် မေ့လျော့ကြ၏။ 15 ငါ့ကျွန်မများ၊ ငါ့အိမ်သူအိမ်သားများတို့သည် ငါ့ကိုဧည့်သည်ကဲ့သို့လည်းကောင်း၊ တစ်ကျွန်းတစ်နိုင်ငံသားကဲ့သို့လည်းကောင်း မှတ်ကြ၏။ 16 ငါ့ကျွန်ကိုငါခေါ်သောအခါ သူသည်မထူး၊ သူ့ကိုနှုတ်ဆက်၍ တောင်းပန်ရ၏။ 17 ငါ့မယားသည် ငါ့အသက်လေကိုလည်းကောင်း၊ ငါ့သားသမီးတို့သည် ငါမြည်တမ်းခြင်းအသံကိုလည်းကောင်း ရွံကြ၏။ 18 သူငယ်တို့သည်လည်း ငါ့ကိုမထီမဲ့မြင်ပြု၍ ငါထသောအခါ ကဲ့ရဲ့ကြ၏။ 19 ငါ့မိတ်ဆွေတို့သည် ငါ့ကိုရွံ၍၊ ငါချစ်သောသူတို့သည် ငါ့ရန်သူဖြစ်ကြ၏။ 20 ငါ့အရေအသားသည် ငါ့အရိုးတို့၌ ကပ်လျက်ရှိ၏။ သွားဖုံးတစ်ခုသာပါလျက် ငါပြေးလွတ်ရ၏။ 21 အို အဆွေခင်ပွန်းတို့၊ ငါ့ကိုသနားကြပါ။ ငါ့ကိုသနားကြပါ။ ဘုရားသခင်၏လက်တော်သည် ငါ့ကိုထိခိုက်ပါပြီ။ 22 ဘုရားသခင် ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲကြသနည်း။ အဘယ်ကြောင့် ငါ့အသားကိုစား၍ မရောင်ရဲ့ဘဲနေကြသနည်း။
23 ငါ့စကားကို ယခုရေးမှတ်ပါစေသော။ စာရင်း၌ သွင်းထားပါစေသော။ 24 ခဲပြားပေါ်မှာကညစ်နှင့် အက္ခရာတင်လျက်၊ ကျောက်စာထိုးလျက်မြဲပါစေသော။ 25 ငါ့ကိုရွေးနုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည်ဟူ၍လည်းကောင်း၊ 26 ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကိုမြင်မည်ဟူ၍လည်းကောင်း ငါသိ၏။ 27 ငါ့ဘက်၌နေတော်မူသော ဘုရားသခင်ကို ငါမြင်မည်။ သူတစ်ပါးမြင်သည်သာမက၊ ငါသည် ကိုယ်မျက်စိနှင့် ဖူးမြင်မည်။ ထိုသို့မျှော်လင့်၍ ငါ့ကျောက်ကပ်သည် ပျက်လျက်ရှိ၏။ 28 ယခုမှာသင်တို့က၊ ငါတို့သည် သူ့ကိုအဘယ်သို့ ညှဉ်းဆဲရမည်နည်း။ သူ၌ အပြစ်တင်သောအခွင့်ကို အဘယ်သို့တွေ့ရမည်နည်းဟု ဆိုကြသည်ဖြစ်၍၊ 29 ဓားဘေးကို ကြောက်ကြလော့။ အကြောင်းမူကား၊ အမျက်တော်သည်ဓားဘေးဖြင့် အပြစ်ပေးတတ်၏။ အပြစ်စီရင်ရသောအချိန် ရှိကြောင်းကို သိမှတ်ကြလော့ဟု မြွက်ဆို၏။