1 הֵן־תֹּחַלְתּ֥וֹ נִכְזָ֑בָה הֲגַ֖ם אֶל־מַרְאָ֣יו יֻטָֽל׃ 2 לֹֽא־אַ֭כְזָר כִּ֣י יְעוּרֶ֑נּוּ וּמִ֥י ה֝֗וּא לְפָנַ֥י יִתְיַצָּֽב׃ 3 מִ֣י הִ֭קְדִּימַנִי וַאֲשַׁלֵּ֑ם תַּ֖חַת כָּל־הַשָּׁמַ֣יִם לִי־הֽוּא׃ 4 לא־אַחֲרִ֥ישׁ בַּדָּ֑יו וּדְבַר־גְּ֝בוּר֗וֹת וְחִ֣ין עֶרְכּֽוֹ׃ 5 מִֽי־גִ֭לָּה פְּנֵ֣י לְבוּשׁ֑וֹ בְּכֶ֥פֶל רִ֝סְנ֗וֹ מִ֣י יָבֽוֹא׃ 6 דַּלְתֵ֣י פָ֭נָיו מִ֣י פִתֵּ֑חַ סְבִיב֖וֹת שִׁנָּ֣יו אֵימָֽה׃ 7 גַּ֭אֲוָה אֲפִיקֵ֣י מָֽגִנִּ֑ים סָ֝ג֗וּר חוֹתָ֥ם צָֽר׃ 8 אֶחָ֣ד בְּאֶחָ֣ד יִגַּ֑שׁוּ וְ֝ר֗וּחַ לֹא־יָב֥וֹא בֵֽינֵיהֶֽם׃ 9 אִישׁ־בְּאָחִ֥יהוּ יְדֻבָּ֑קוּ יִ֝תְלַכְּד֗וּ וְלֹ֣א יִתְפָּרָֽדוּ׃ 10 עֲֽ֭טִישֹׁתָיו תָּ֣הֶל א֑וֹר וְ֝עֵינָ֗יו כְּעַפְעַפֵּי־שָֽׁחַר׃ 11 מִ֭פִּיו לַפִּידִ֣ים יַהֲלֹ֑כוּ כִּיד֥וֹדֵי אֵ֝֗שׁ יִתְמַלָּֽטוּ׃ 12 מִ֭נְּחִירָיו יֵצֵ֣א עָשָׁ֑ן כְּד֖וּד נָפ֣וּחַ וְאַגְמֹֽן׃ 13 נַ֭פְשׁוֹ גֶּחָלִ֣ים תְּלַהֵ֑ט וְ֝לַ֗הַב מִפִּ֥יו יֵצֵֽא׃ 14 בְּֽ֭צַוָּארוֹ יָלִ֣ין עֹ֑ז וּ֝לְפָנָ֗יו תָּד֥וּץ דְּאָבָֽה׃ 15 מַפְּלֵ֣י בְשָׂר֣וֹ דָבֵ֑קוּ יָצ֥וּק עָ֝לָ֗יו בַּל־יִמּֽוֹט׃ 16 לִ֭בּוֹ יָצ֣וּק כְּמוֹ־אָ֑בֶן וְ֝יָצ֗וּק כְּפֶ֣לַח תַּחְתִּֽית׃ 17 מִ֭שֵּׂתוֹ יָג֣וּרוּ אֵלִ֑ים מִ֝שְּׁבָרִ֗ים יִתְחַטָּֽאוּ׃ 18 מַשִּׂיגֵ֣הוּ חֶ֭רֶב בְּלִ֣י תָק֑וּם חֲנִ֖ית מַסָּ֣ע וְשִׁרְיָֽה׃ 19 יַחְשֹׁ֣ב לְתֶ֣בֶן בַּרְזֶ֑ל לְעֵ֖ץ רִקָּב֣וֹן נְחוּשָֽׁה׃ 20 לֹֽא־יַבְרִיחֶ֥נּוּ בֶן־קָ֑שֶׁת לְ֝קַ֗שׁ נֶהְפְּכוּ־ל֥וֹ אַבְנֵי־קָֽלַע׃ 21 כְּ֭קַשׁ נֶחְשְׁב֣וּ תוֹתָ֑ח וְ֝יִשְׂחַ֗ק לְרַ֣עַשׁ כִּידֽוֹן׃ 22 תַּ֭חְתָּיו חַדּ֣וּדֵי חָ֑רֶשׂ יִרְפַּ֖ד חָר֣וּץ עֲלֵי־טִֽיט׃ 23 יַרְתִּ֣יחַ כַּסִּ֣יר מְצוּלָ֑ה יָ֝֗ם יָשִׂ֥ים כַּמֶּרְקָחָֽה׃ 24 אַ֭חֲרָיו יָאִ֣יר נָתִ֑יב יַחְשֹׁ֖ב תְּה֣וֹם לְשֵׂיבָֽה׃ 25 אֵֽין־עַל־עָפָ֥ר מָשְׁל֑וֹ הֶ֝עָשׂ֗וּ לִבְלִי־חָֽת׃ 26 אֵֽת־כָּל־גָּבֹ֥הַּ יִרְאֶ֑ה ה֝֗וּא מֶ֣לֶךְ עַל־כָּל־בְּנֵי־שָֽׁחַץ׃ ס
1 လဝိသန်ကို ငါးမျှားနှင့်ဆွဲယူ၍၊ သူ၏လျှာကို ကြိုးနှင့်နှိပ်နင်းမည်လော။ ဆာ၊ ၇၄:၁၄၊၁၀၄:၂၆၊ဟေရှာ၊ ၂၇:၁။2 သူ့ကို နှာရှုတ်တပ်၍၊ ပါးရိုး၌ သံကွင်းလျှိုမည်လော။ 3 သူသည် သင့်ကိုများစွာ တောင်းပန်လိမ့်မည်လော။ ချော့မော့သောစကားကို ပြောလိမ့်မည်လော။ 4 သင်နှင့် ဝန်ခံခြင်းပဋိညာဉ်ကို ပြုလိမ့်မည်လော။ သင်၏အမှုကို အစဉ်ဆောင်ရွက်စေခြင်းငှာ သူ့ကိုခန့်ထားမည်လော။ 5 ငှက်နှင့်ကစားသကဲ့သို့ သူနှင့် ကစားမည်လော။ သင်၏မိန်းမကလေးတို့အဖို့ သူ့ကို ချည်နှောင်မည်လော။ 6 သင်၏အပေါင်းအဖော်တို့သည် သူ့ကိုဝိုင်း၍ စားသောက်ပွဲခံကြလိမ့်မည်လော။ ကုန်သည်တို့တွင် ဝေကြလိမ့်မည်လော။ 7 သူ၏အရေကို မှိန်းနှင့်လည်းကောင်း၊ သူ၏ခေါင်းကို ငါးထိုးသောလှံနှင့်လည်းကောင်း၊ အနှံ့အပြား ထိုးဖောက်နိုင်သလော။ 8 သူ့အပေါ်မှာ လက်တင်ရုံမျှသာပြုပါ။ သူ့ကိုတိုက်မည်အကြံကို နောက်တစ်ဖန် မအောက်မေ့ရ။ 9 တိုက်သောသူသည် နိုင်မည်ဟု အချည်းနှီးထင်၏။ မြင်ကာမျှနှင့် စိတ်မပျက်သလော။ 10 သူ့ကိုနှိုးဆော်ခြင်းငှာ အဘယ်သူမျှ မရဲရင့်။ သို့ဖြစ်၍ ငါ့ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း။ 11 ငါသည် ကျေးဇူးတုံ့ပြုရမည်အကြောင်း အဘယ်သူသည် ငါ၌ ကျေးဇူးပြုဖူးသနည်း။ မိုးကောင်းကင်အောက်၌ ရှိသမျှတို့သည် ငါ၏ဥစ္စာ ဖြစ်ကြ၏။ရော၊ ၁၁:၃၅။
12 လဝိသန်၏အင်္ဂါများ၊ ခွန်အား၊ တင့်တယ်သောတန်ဆာတို့ကို ငါသည် ဝှက်၍မထား။ 13 သူ၏အဝတ်ကို အဘယ်သူလှန်နိုင်သနည်း။ နှစ်ထပ်ရှိသော ပါးရိုးကို အဘယ်သူချဉ်းကပ်လိမ့်မည်နည်း။ 14 သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏ သွားတန်းတို့သည် ကြောက်မက်ဖွယ်ဖြစ်ကြ၏။ 15 လုံခြုံစွာတံဆိပ်ခတ်သကဲ့သို့ တစ်ချပ်နှင့်တစ်ချပ် ပူးကပ်သောအကြေးများနှင့် ဝါကြွားတတ်၏။ 16 လေမျှမဝင်နိုင်အောင် တစ်ချပ်နှင့်တစ်ချပ် ပူးကပ်လျက်ရှိကြ၏။ 17 တစ်ချပ်နှင့်တစ်ချပ် မခွာနိုင်အောင် တစ်ခဲနက်ယှက်တင်လျက်ရှိကြ၏။ 18 သူချေဆတ်သောအခါ အလင်းတောက်တတ်၏။ သူ့မျက်စိသည် နံနက်မျက်တောင်ခတ်သကဲ့သို့ ဖြစ်၏။ 19 ပါးစပ်ထဲက မီးရှူးထွက်၍ မီးပွားတို့လည်း လွင့်ကြ၏။ 20 ကြွက်ကြွက်ဆူသော အိုးကင်းထဲက အခိုးအငွေ့တက်သကဲ့သို့ သူ့နှာခေါင်းထဲက အခိုးအငွေ့တက်တတ်၏။ 21 အသက်ရှူသောအခါ မီးခဲတောက်၍ ပါးစပ်ထဲက မီးလျှံထွက်တတ်၏။ 22 လည်ပင်း၌ တန်ခိုးနေတတ်၏။ သူ့ရှေ့မှာ ကြောက်လန့်ခြင်းသည် ကခုန်တတ်၏။ 23 အသားအကြောတို့သည် တစ်ခဲနက်ဖြစ်၍ မရွေ့နိုင်အောင် ခိုင်မာလျက် ရှိကြ၏။ 24 နှလုံးသည် ကျောက်ကဲ့သို့မာ၏။ အောက်ကြိတ်ဆုံကျောက်ကဲ့သို့ မာ၏။ 25 သူထသောအခါ ခွန်အားကြီးသောသူတို့သည် ကြောက်လန့်ကြ၏။ ကြောက်လန့်အားကြီးသောကြောင့် အရူးကဲ့သို့ ဖြစ်ကြ၏။ 26 သူ့ကိုတိုက်လျှင် ဓားမခိုင်တတ်။ လှံ၊ မြား၊ သံချပ်မခိုင်တတ်။ 27 သံကို ကောက်ရိုးကဲ့သို့လည်းကောင်း၊ ကြေးဝါကို သစ်ဆွေးကဲ့သို့လည်းကောင်း မှတ်တတ်၏။ 28 လေးနှင့်ပစ်၍ သူ့ကိုမပြေးစေနိုင်။ လောက်လွှဲနှင့်ပစ်သော ကျောက်ခဲတို့သည် သူ၌ အမှိုက်ကဲ့သို့ ဖြစ်ကြ၏။ 29 တုတ်ကြီးကို ဖွဲကဲ့သို့မှတ်၍၊ လှံနှင့်ရွယ်သောအခါ ရယ်တတ်၏။ 30 သူ့အောက်မှာ ထက်သောအိုးစောင်းခြမ်းများ ရှိ၏။ ရွှံ့ပေါ်မှာ ထွန်သွားများကို ဖြန့်တတ်၏။ 31 အိုးကင်းဆူသကဲ့သို့ ပင်လယ်ကိုဆူစေတတ်၏။ သမုဒ္ဒရာကို ဖယောင်းချက်ကဲ့သို့ ဖြစ်စေတတ်၏။ 32 သူလွန်သွားသောလမ်းသည် ထွန်းတောက်သဖြင့်၊ ပင်လယ်သည် ဆံပင်ဖြူယောင်ဆောင်တတ်၏။ 33 မြေပေါ်မှာ သူနှင့်ခိုင်းနိုင်သော တိရစ္ဆာန်မရှိ။ ပကတိအားဖြင့် ကြောက်တတ်သောသဘောနှင့် ကင်းလွတ်၏။ 34 ကြီးမြင့်သောအရာရှိသမျှတို့ကို မထီမဲ့မြင်ပြုတတ်၏။ မာနထောင်လွှားသောသူအပေါင်းတို့အပေါ်၌ မင်းဖြစ်သည်ဟု မိန့်တော်မူ၏။