1 וַיֹּ֣סֶף אִ֭יּוֹב שְׂאֵ֥ת מְשָׁל֗וֹ וַיֹּאמַֽר׃ 2 מִֽי־יִתְּנֵ֥נִי כְיַרְחֵי־קֶ֑דֶם כִּ֝ימֵ֗י אֱל֣וֹהַּ יִשְׁמְרֵֽנִי׃ 3 בְּהִלּ֣וֹ נֵ֭רוֹ עֲלֵ֣י רֹאשִׁ֑י לְ֝אוֹרוֹ אֵ֣לֶךְ חֹֽשֶׁךְ׃ 4 כַּאֲשֶׁ֣ר הָ֭יִיתִי בִּימֵ֣י חָרְפִּ֑י בְּס֥וֹד אֱ֝ל֗וֹהַּ עֲלֵ֣י אָהֳלִֽי׃ 5 בְּע֣וֹד שַׁ֭דַּי עִמָּדִ֑י סְבִ֖יבוֹתַ֣י נְעָרָֽי׃ 6 בִּרְחֹ֣ץ הֲלִיכַ֣י בְּחֵמָ֑ה וְצ֥וּר יָצ֥וּק עִ֝מָּדִ֗י פַּלְגֵי־שָֽׁמֶן׃ 7 בְּצֵ֣אתִי שַׁ֣עַר עֲלֵי־קָ֑רֶת בָּ֝רְח֗וֹב אָכִ֥ין מוֹשָׁבִֽי׃ 8 רָא֣וּנִי נְעָרִ֣ים וְנֶחְבָּ֑אוּ וִֽ֝ישִׁישִׁים קָ֣מוּ עָמָֽדוּ׃ 9 שָׂ֭רִים עָצְר֣וּ בְמִלִּ֑ים וְ֝כַ֗ף יָשִׂ֥ימוּ לְפִיהֶֽם׃ 10 קוֹל־נְגִידִ֥ים נֶחְבָּ֑אוּ וּ֝לְשׁוֹנָ֗ם לְחִכָּ֥ם דָּבֵֽקָה׃ 11 כִּ֤י אֹ֣זֶן שָׁ֭מְעָה וַֽתְּאַשְּׁרֵ֑נִי וְעַ֥יִן רָ֝אֲתָ֗ה וַתְּעִידֵֽנִי׃ 12 כִּֽי־אֲ֭מַלֵּט עָנִ֣י מְשַׁוֵּ֑עַ וְ֝יָת֗וֹם וְֽלֹא־עֹזֵ֥ר לֽוֹ׃ 13 בִּרְכַּ֣ת אֹ֭בֵד עָלַ֣י תָּבֹ֑א וְלֵ֖ב אַלְמָנָ֣ה אַרְנִֽן׃ 14 צֶ֣דֶק לָ֭בַשְׁתִּי וַיִּלְבָּשֵׁ֑נִי כִּֽמְעִ֥יל וְ֝צָנִ֗יף מִשְׁפָּטִֽי׃ 15 עֵינַ֣יִם הָ֭יִיתִי לַֽעִוֵּ֑ר וְרַגְלַ֖יִם לַפִּסֵּ֣חַ אָֽנִי׃ 16 אָ֣ב אָ֭נֹכִֽי לָֽאֶבְיוֹנִ֑ים וְרִ֖ב לֹא־יָדַ֣עְתִּי אֶחְקְרֵֽהוּ׃ 17 וָֽ֭אֲשַׁבְּרָה מְתַלְּע֣וֹת עַוָּ֑ל וּ֝מִשִּׁנָּ֗יו אַשְׁלִ֥יךְ טָֽרֶף׃ 18 וָ֭אֹמַר עִם־קִנִּ֣י אֶגְוָ֑ע וְ֝כַח֗וֹל אַרְבֶּ֥ה יָמִֽים׃ 19 שָׁרְשִׁ֣י פָת֣וּחַ אֱלֵי־מָ֑יִם וְ֝טַ֗ל יָלִ֥ין בִּקְצִירִֽי׃ 20 כְּ֭בוֹדִי חָדָ֣שׁ עִמָּדִ֑י וְ֝קַשְׁתִּ֗י בְּיָדִ֥י תַחֲלִֽיף׃ 21 לִֽי־שָׁמְע֥וּ וְיִחֵ֑לּוּ וְ֝יִדְּמ֗וּ לְמ֣וֹ עֲצָתִֽי׃ 22 אַחֲרֵ֣י דְ֭בָרִי לֹ֣א יִשְׁנ֑וּ וְ֝עָלֵ֗ימוֹ תִּטֹּ֥ף מִלָּתִֽי׃ 23 וְיִֽחֲל֣וּ כַמָּטָ֣ר לִ֑י וּ֝פִיהֶ֗ם פָּעֲר֥וּ לְמַלְקֽוֹשׁ׃ 24 אֶשְׂחַ֣ק אֲ֭לֵהֶם לֹ֣א יַאֲמִ֑ינוּ וְא֥וֹר פָּ֝נַ֗י לֹ֣א יַפִּילֽוּן׃ 25 אֶֽבֲחַ֣ר דַּרְכָּם֮ וְאֵשֵׁ֪ב רֹ֥אשׁ וְ֭אֶשְׁכּוֹן כְּמֶ֣לֶךְ בַּגְּד֑וּד כַּאֲשֶׁ֖ר אֲבֵלִ֣ים יְנַחֵֽם׃
ချေပချက်ကိုအဆုံးသတ်ခြင်း
1 ယောဘသည် လင်္ကာစကားကို ဆက်၍မြွက်ဆိုသည်ကား၊ 2 ငါသည် လွန်လေပြီသောနှစ်၊ လ၊ ဘုရားသခင်စောင့်မတော်မူသော နေ့ရက်၌ဖြစ်သကဲ့သို့ တစ်ဖန်ဖြစ်ပါစေ။ 3 ထိုအခါ ဘုရားသခင်၏မီးခွက်သည် ငါ့ခေါင်းပေါ်မှာ ထွန်းလင်းသည်ဖြစ်၍၊ ထိုအလင်းကို ငါအမှီပြုလျက်၊ မိုက်သောအရပ်၌ လျှောက်သွားနိုင်၏။ 4 ငါ့အသက်ပျိုသောကာလ၊ ငါ့အိမ်၌ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရသော အခွင့်ရှိသောကာလ၌၊ ငါဖြစ်သကဲ့သို့ တစ်ဖန်ဖြစ်ပါစေ။ 5 ထိုအခါ အနန္တတန်ခိုးရှင်သည် ငါ့ဘက်၌ရှိတော်မူ၏။ ငါ့သားသမီးတို့သည်လည်း ငါ့ကိုဝိုင်းလျက်နေကြ၏။ 6 ထိုအခါ ငါသွားသောလမ်း၌ နို့ရည်စီးလေ၏။ ကျောက်ခဲသည်လည်း ငါ့အဖို့ ဆီကိုသွန်းလောင်းလေ၏။ 7 ငါသည်မြို့အလယ်၌ လျှောက်၍၊ မြို့တံခါးသို့သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင်၊ 8 လူပျိုတို့သည် ငါ့ကိုမြင်သဖြင့် ပုန်းရှောင်၍ နေကြ၏။ အသက်ကြီးသူတို့သည်လည်း ထ၍ မတ်တတ်နေကြ၏။ 9 မင်းသားတို့သည် စကားမပြောဘဲနေ၍၊ မိမိတို့နှုတ်ကို လက်နှင့်ပိတ်ကြ၏။ 10 မှူးမတ်တို့သည်လည်း တိတ်ဆိတ်စွာနေ၍၊ သူတို့လျှာသည် အာခေါင်၌ ကပ်လေ၏။ 11 လူတို့သည် ငါ့စကားသံကိုကြားသောအခါ ကောင်းချီးပေးကြ၏။ ငါ့ကိုမြင်သောအခါ ချီးမွမ်းကြ၏။ 12 အကြောင်းမူကား၊ ငါသည်ဆင်းရဲသောသူ၊ မိဘမရှိသောသူ၊ ကိုးကွယ်ရာမရသောသူ အော်ဟစ်သောအခါ ကယ်တင်တတ်၏။ 13 ပျက်လုသောသူ ကောင်းချီးပေးခြင်းကို ငါခံရ၏။ မုဆိုးမစိတ်နှလုံးကို ရွှင်လန်းစေ၏။ 14 ဖြောင့်မတ်ခြင်းပါရမီကို အဝတ်လုပ်၍ ငါဝတ်ဆင်၏။ တရားသည် ငါ့ဝတ်လုံ၊ ငါ့ပေါင်းဖြစ်၏။ 15 မျက်စိကန်းသောသူတို့အား ငါသည် မျက်စိဖြစ်၏။ ခြေဆွံ့သော သူတို့အား ခြေဖြစ်၏။ 16 ဆင်းရဲသောသူတို့၏ အဘဖြစ်၏။ အသိအကျွမ်းမရှိသော သူတို့၏အမှုကို ငါနားထောင်၏။ 17 မတရားသောသူ၏ အစွယ်တို့ကို ငါချိုး၍၊ သူလုယူကိုက်စားသော အရာကိုနုတ်၏။ 18 ငါသည် ကိုယ်အသိုက်၌ သေရသောအခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သောနေ့ရက်တို့သည် သဲလုံးနှင့်အမျှ များပြားလိမ့်မည်ဟု အောက်မေ့၏။ 19 ငါ့အမြစ်သည် ရေနားမှာပြန့်ပွား၏။ ဆီးနှင်းသည် တစ်ညလုံး ငါ့အခက်အလက်၌ကျ၏။ 20 ငါ့ဘုန်းသည် အစဉ်ပွင့်လန်းလျက်၊ ငါ့လေးသည်လည်း ငါ့လက်၌ အားဖြည့်လျက်ရှိ၏။ 21 သူတစ်ပါးတို့သည် ငါ့စကားကို နားထောင်၍၊ ငါပေးသောအကြံကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေကြ၏။ 22 ငါပြောပြီးသည်နောက် သူတို့သည် ပြန်၍မပြော။ ငါ့စကားသည် သူတို့အပေါ်မှာ ရေစက်ကဲ့သို့ ကျ၏။ 23 မိုးရေကိုငံ့လင့်သကဲ့သို့ ငါ့ကိုငံ့လင့်လျက်၊ နောက်ကျသော မိုးရေကို ခံချင်သကဲ့သို့၊ သူတို့သည် ပါးစပ်ကို ကျယ်ကျယ်ဖွင့်လျက် နေကြ၏။ 24 ငါသည် ပြုံးလျက်သူတို့ကို ကြည့်ရှုသောအခါ၊ သူတို့သည် မယုံနိုင်ကြ။ ငါ့မျက်နှာ၏အလင်းကိုလည်း မပျောက်စေကြ။ 25 ငါသည် သူတို့လမ်းကိုပဲ့ပြင်၍ အမြတ်ဆုံးသောနေရာ၌ ထိုင်၏။ ဗိုလ်ခြေအလုံးအရင်းနှင့်တကွ ရှင်ဘုရင်ကဲ့သို့လည်းကောင်း၊ ညှိုးငယ်သောသူတို့ကို နှစ်သိမ့်စေသောသူကဲ့သို့လည်းကောင်း ငါဖြစ်၏။