Pular para o conteúdo
Publicidade Remover anúncios

Proverbs 22

WLC · Westminster Leningrad Codex

1 נִבְחָ֣ר שֵׁ֭ם מֵעֹ֣שֶׁר רָ֑ב מִכֶּ֥סֶף וּ֝מִזָּהָ֗ב חֵ֣ן טֽוֹב׃ 2 עָשִׁ֣יר וָרָ֣שׁ נִפְגָּ֑שׁוּ עֹשֵׂ֖ה כֻלָּ֣ם יְהוָֽה׃ 3 עָר֤וּם ׀ רָאָ֣ה רָעָ֣ה ויסתר וּ֝פְתָיִ֗ים עָבְר֥וּ וְֽנֶעֱנָֽשׁוּ׃ 4 עֵ֣קֶב עֲ֭נָוָה יִרְאַ֣ת יְהוָ֑ה עֹ֖שֶׁר וְכָב֣וֹד וְחַיִּֽים׃ 5 צִנִּ֣ים פַּ֭חִים בְּדֶ֣רֶךְ עִקֵּ֑שׁ שׁוֹמֵ֥ר נַ֝פְשׁ֗וֹ יִרְחַ֥ק מֵהֶֽם׃ 6 חֲנֹ֣ךְ לַ֭נַּעַר עַל־פִּ֣י דַרְכּ֑וֹ גַּ֥ם כִּֽי־יַ֝זְקִ֗ין לֹֽא־יָס֥וּר מִמֶּֽנָּה׃ 7 עָ֭שִׁיר בְּרָשִׁ֣ים יִמְשׁ֑וֹל וְעֶ֥בֶד לֹ֝וֶ֗ה לְאִ֣ישׁ מַלְוֶֽה׃ 8 זוֹרֵ֣עַ עַ֭וְלָה יקצור־אָ֑וֶן וְשֵׁ֖בֶט עֶבְרָת֣וֹ יִכְלֶֽה׃ 9 טֽוֹב־עַ֭יִן ה֣וּא יְבֹרָ֑ךְ כִּֽי־נָתַ֖ן מִלַּחְמ֣וֹ לַדָּֽל׃ 10 גָּ֣רֵֽשׁ לֵ֭ץ וְיֵצֵ֣א מָד֑וֹן וְ֝יִשְׁבֹּ֗ת דִּ֣ין וְקָלֽוֹן׃ 11 אֹהֵ֥ב טהור־לֵ֑ב חֵ֥ן שְׂ֝פָתָ֗יו רֵעֵ֥הוּ מֶֽלֶךְ׃ 12 עֵינֵ֣י יְ֭הוָה נָ֣צְרוּ דָ֑עַת וַ֝יְסַלֵּ֗ף דִּבְרֵ֥י בֹגֵֽד׃ 13 אָמַ֣ר עָ֭צֵל אֲרִ֣י בַח֑וּץ בְּת֥וֹךְ רְ֝חֹב֗וֹת אֵֽרָצֵֽחַ׃ 14 שׁוּחָ֣ה עֲ֭מֻקָּה פִּ֣י זָר֑וֹת זְע֥וּם יְ֝הוָ֗ה יפול־שָֽׁם׃ 15 אִ֭וֶּלֶת קְשׁוּרָ֣ה בְלֶב־נָ֑עַר שֵׁ֥בֶט מ֝וּסָ֗ר יַרְחִיקֶ֥נָּה מִמֶּֽנּוּ׃ 16 עֹ֣שֵֽׁק דָּ֭ל לְהַרְבּ֣וֹת ל֑וֹ נֹתֵ֥ן לְ֝עָשִׁ֗יר אַךְ־לְמַחְסֽוֹר׃ 17 הַ֥ט אָזְנְךָ֗ וּ֭שְׁמַע דִּבְרֵ֣י חֲכָמִ֑ים וְ֝לִבְּךָ֗ תָּשִׁ֥ית לְדַעְתִּֽי׃ 18 כִּֽי־נָ֭עִים כִּֽי־תִשְׁמְרֵ֣ם בְּבִטְנֶ֑ךָ יִכֹּ֥נוּ יַ֝חְדָּ֗ו עַל־שְׂפָתֶֽיךָ׃ 19 לִהְי֣וֹת בַּ֭יהוָה מִבְטַחֶ֑ךָ הוֹדַעְתִּ֖יךָ הַיּ֣וֹם אַף־אָֽתָּה׃ 20 הֲלֹ֤א כָתַ֣בְתִּי לְ֭ךָ שלשום בְּמ֖וֹעֵצֹ֣ת וָדָֽעַת׃ 21 לְהוֹדִֽיעֲךָ֗ קֹ֭שְׁטְ אִמְרֵ֣י אֱמֶ֑ת לְהָשִׁ֥יב אֲמָרִ֥ים אֱ֝מֶ֗ת לְשֹׁלְחֶֽיךָ׃ פ 22 אַֽל־תִּגְזָל־דָּ֭ל כִּ֣י דַל־ה֑וּא וְאַל־תְּדַכֵּ֖א עָנִ֣י בַשָּֽׁעַר׃ 23 כִּֽי־יְ֭הוָה יָרִ֣יב רִיבָ֑ם וְקָבַ֖ע אֶת־קֹבְעֵיהֶ֣ם נָֽפֶשׁ׃ 24 אַל־תִּ֭תְרַע אֶת־בַּ֣עַל אָ֑ף וְאֶת־אִ֥ישׁ חֵ֝מוֹת לֹ֣א תָבֽוֹא׃ 25 פֶּן־תֶּאֱלַ֥ף ארחתו וְלָקַחְתָּ֖ מוֹקֵ֣שׁ לְנַפְשֶֽׁךָ׃ 26 אַל־תְּהִ֥י בְתֹֽקְעֵי־כָ֑ף בַּ֝עֹרְבִ֗ים מַשָּׁאֽוֹת׃ 27 אִם־אֵֽין־לְךָ֥ לְשַׁלֵּ֑ם לָ֥מָּה יִקַּ֥ח מִ֝שְׁכָּבְךָ֗ מִתַּחְתֶּֽיךָ׃ 28 אַל־תַּ֭סֵּג גְּב֣וּל עוֹלָ֑ם אֲשֶׁ֖ר עָשׂ֣וּ אֲבוֹתֶֽיךָ׃ 29 חָזִ֡יתָ אִ֤ישׁ ׀ מָ֘הִ֤יר בִּמְלַאכְתּ֗וֹ לִֽפְנֵֽי־מְלָכִ֥ים יִתְיַצָּ֑ב בַּל־יִ֝תְיַצֵּב לִפְנֵ֥י חֲשֻׁכִּֽים׃ פ

JBMLE · Judson Bible

1 ကောင်း​သော​အ​သ​ရေ​ကို များ​စွာ​သော​ဥ​စ္စာ​ထက် သာ၍ ရွေး​စ​ရာ​ကောင်း၏။ သူ​တစ်​ပါး​စုံ​မက်​ခြင်း​ကျေး​ဇူး​သည် ရွှေ​ငွေ​ထက် သာ၍​ကောင်း၏။ 2 ငွေ​ရ​တတ်​သော​သူ​နှင့် ဆင်း​ရဲ​သော​သူ​တို့​သည် တွေ့​ကြုံ​ကြ၏။ ထို​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား ဖန်​ဆင်း​တော်​မူ၏။ 3 သ​မ္မာ​သ​တိ​ရှိ​သော​သူ​သည် အ​မှု​ကို​မျှော်​မြင်၍ ပုန်း​နေ​တတ်၏။ ဉာဏ်​တိမ်​သော​သူ​မူ​ကား၊ အ​စဉ်​အ​တိုင်း​သွား၍ အ​မှု​နှင့်​တွေ့​တတ်၏။ 4 စိတ်​နှိမ့်​ချ​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​ကျေး​ဇူး​ကြောင့် စည်း​စိမ်၊ ဂုဏ်​အ​သ​ရေ၊ အ​သက်​ကို ရ​တတ်၏။ 5 သ​ဘော​ကောက်​သော​လူ​သွား​ရာ​လမ်း၌၊ ဆူး​ပင်​များ​နှင့် ကျော့​ကွင်း​များ ရှိ​တတ်၏။ မိ​မိ​စိတ်​ဝိ​ညာဉ်​ကို စောင့်​ရှောက်​သော​သူ​မူ​ကား ဝေး​စွာ​ရှောင်​သွား​လိမ့်​မည်။ 6 သူ​ငယ်​သွား​ရာ​လမ်း​ဝ၌ ဆုံး​မ​သွန်​သင်​လော့။ သို့​ပြု​လျှင် သူ​သည် အို​သော​အ​ခါ ထို​လမ်း​မှ​မ​လွှဲ၊ လိုက်​သွား​လိမ့်​မည်။ 7 ငွေ​ရ​တတ်​သော​သူ​သည် ဆင်း​ရဲ​သော​သူ​ကို အ​စိုး​ရ၏။ ချေး​ငှား​ယူ​သော​သူ​သည် ချေး​ငှား​ပေး​သော​သူ၌ ကျွန်​ဖြစ်၏။ 8 ဒု​စ​ရိုက်​မျိုး​စေ့​ကို​ကြဲ​သော​သူ​သည် ဒု​က္ခ​စ​ပါး​ကို ရိတ်​ရ​မည်။ ဒေါ​သ​စိတ်​ရှိ၍ ဒဏ်​ပေး​နိုင်​သော တန်​ခိုး​လည်း ပျောက်​လိမ့်​မည်။ 9 က​ရု​ဏာ​မျက်​စိ​ရှိ​သော​သူ​သည် ဆင်း​ရဲ​သော​သူ​တို့​ကို ကျွေး​သော​ကြောင့် မင်္ဂ​လာ​ရှိ​လိမ့်​မည်။ 10 မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ကို​နှင်​ထုတ်​လော့။ သို့​ပြု​လျှင် ရန်​မာန်​လည်း ထွက်​သွား​လိမ့်​မည်။ ရန်​တွေ့​ခြင်း​နှင့် ကဲ့​ရဲ့​ခြင်း​လည်း ငြိမ်း​လိမ့်​မည်။ 11 စိတ်​နှ​လုံး​ဖြူ​စင်​ခြင်း​ကို နှစ်​သက်​သော​သူ​သည် လျောက်​ပတ်​သော​စ​ကား​ကို ပြော​တတ်၍၊ ရှင်​ဘု​ရင်​နှင့် မိတ်​ဆွေ​ဖွဲ့​ရ​လိမ့်​မည်။ 12 ထာ​ဝ​ရ​ဘု​ရား၏​မျက်​စိ​တော်​သည် ပ​ညာ​အ​တတ်​ကို စောင့်၏။ ပြစ်​မှား​သော​သူ၏​စ​ကား​ကို​ကား ချေ​တော်​မူ၏။ 13 ပျင်း​ရိ​သော​သူ​က၊ အိမ်​ပြင်​မှာ ခြင်္သေ့​ရှိ၏။ လမ်း​သို့​ထွက်​လျှင် ငါ​သေ​လိမ့်​မည်​ဟု ဆို​တတ်၏။ 14 အ​မျိုး​ပျက်​သော​မိန်း​မ၏​နှုတ်​သည် နက်​သော မြေ​တွင်း​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သော​သူ​သည် ထို​မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ 15 မိုက်​သော​သ​ဘော​သည် သူ​ငယ်၏​စိတ်​နှ​လုံး​ထဲ​မှာ ထုပ်​ထား​လျက်​ရှိ၏။ သို့​သော်​လည်း၊ ဆုံး​မ​သော​ကြိမ်​လုံး​သည် ထို​သ​ဘော​ကို ဝေး​စွာ​နှင်​တတ်၏။ 16 ကိုယ်​စီး​ပွား​အ​ဖို့ ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​သော​သူ​နှင့်၊ ငွေ​ရ​တတ်​သော​သူ​တို့​အား ပေး​သော​သူ​သည် ဆင်း​ရဲ​ခြင်း​သို့ အ​မှန်​ရောက်​လိမ့်​မည်။

ပ​ညာ​ရှိ​စ​ကား​ရပ်​သုံး​ဆယ်

17 သင်၏​နား​ကို​ညွှတ်၍ ပ​ညာ​ရှိ​စ​ကား​ကို နား​ထောင်​လော့။ ငါ့​ပ​ညာ​အ​တတ်​ကို​လည်း စိတ်​နှ​လုံး၌ စွဲ​လမ်း​လော့။ 18 သင်၏​နှ​လုံး၌​သွင်း​မိ​နိုင်​လျှင် သာ​ယာ​သော​အ​ကျိုး ရှိ​လိမ့်​မည်။ သင်၏​နှုတ်၌​လည်း အ​စဉ် အ​သင့်​ရှိ​လိမ့်​မည်။ 19 သင်​သည်​ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​မည်​အ​ကြောင်း၊ သင့်​ကိုယ်​တိုင်​ကို ယ​နေ့ ငါ​သွန်​သင်၏။ 20,21 သင်​သည် သ​မ္မာ​တ​ရား​စ​ကား​စစ်​ကို သိ​မည်​အ​ကြောင်း​နှင့်၊ သင့်​ထံ​သို့ စေ​လွှတ်​သော​သူ​တို့​အား၊ သ​မ္မာ​စ​ကား​ကို ပြန်​ပြော​နိုင်​မည်​အ​ကြောင်း သ​တိ​ပေး​လျက်၊ ပ​ညာ​အ​တတ်​ကို ပြ​သ​လျက်၊ ထူး​ဆန်း​သော​အ​ရာ​တို့​ကို ငါ​ရေး၍ ပေး​လိုက်​သည်​မ​ဟုတ်​လော။ 22 ဆင်း​ရဲ​သော​သူ၏​ဆင်း​ရဲ​ကို​ထောက်၍၊ သူ၏​ဥ​စ္စာ​ကို မ​လု​မ​ယူ​နှင့်။ ဒု​က္ခိ​တ​သ​တ္တ​ဝါ​ကို မြို့​တံ​ခါး​ဝ၌ မ​ညှဉ်း​ဆဲ​နှင့်။ 23 အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​မှု​ကို စောင့်​တော်​မူ​မည်။ သူ​တို့​ဥ​စ္စာ​ကို လု​ယူ​သော​သူ​တို့၏​အ​သက်​ကို လု​ယူ​တော်​မူ​မည်။ 24 စိတ်​တို​သော​သူ​ကို မိတ်​ဆွေ​မ​ဖွဲ့​နှင့်။ အ​မျက်​ပြင်း​ထန်​သော​သူ​နှင့် အ​တူ​မ​လိုက်​နှင့်။ 25 လိုက်​လျှင် သူ၏​ထုံး​စံ​ဓ​လေ့​တို့​ကို သင်၍၊ ကိုယ်​အ​သက်​ကျော့​မိ​ရာ​ဖြစ်​လိမ့်​မည်။ 26 လက်​ဝါး​ချင်း​ရိုက်​သော​လူ​စု​နှင့် သူ့​ကြွေး​ကို အာ​မ​ခံ​သော လူ​စု​ထဲ​သို့ မ​ဝင်​နှင့်။ 27 သင်၌​ပေး​ရန်​မ​ရှိ​လျှင်၊ သင့်​အိပ်​ရာ​ကို အ​ဘယ်​ကြောင့် ယူ​သွား​စေ​ချင်​သ​နည်း။ 28 ဘိုး​ဘေး​စိုက်​ဖူး​သော မြေ​မှတ်​တိုင်​တို့​ကို မ​ရွှေ့​နှင့်။ 29 ဆောင်​ရွက်​စ​ရာ​အ​မှု​ကို ကြိုး​စား၍ ပြီး​စီး​စေ​တတ်​သော​သူ​ရှိ​သ​လော။ ထို​သူ​သည် သာ​မ​ည​လူ၏​အ​မှု​ကို မ​ဆောင်​ရွက်၊ ရှင်​ဘု​ရင်၏​အ​မှု​တော်​ကို ဆောင်​ရွက်ရ၏။

Todos os capítulos de Proverbs 31
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.