Pular para o conteúdo
Publicidade Remover anúncios

Proverbs 24

WLC · Westminster Leningrad Codex

1 אַל־תְּ֭קַנֵּא בְּאַנְשֵׁ֣י רָעָ֑ה וְאַל־תתאו לִהְי֥וֹת אִתָּֽם׃ 2 כִּי־שֹׁ֭ד יֶהְגֶּ֣ה לִבָּ֑ם וְ֝עָמָ֗ל שִׂפְתֵיהֶ֥ם תְּדַבֵּֽרְנָה׃ 3 בְּ֭חָכְמָה יִבָּ֣נֶה בָּ֑יִת וּ֝בִתְבוּנָ֗ה יִתְכּוֹנָֽן׃ 4 וּ֭בְדַעַת חֲדָרִ֣ים יִמָּלְא֑וּ כָּל־ה֖וֹן יָקָ֣ר וְנָעִֽים׃ 5 גֶּֽבֶר־חָכָ֥ם בַּע֑וֹז וְאִֽישׁ־דַּ֝֗עַת מְאַמֶּץ־כֹּֽחַ׃ 6 כִּ֣י בְ֭תַחְבֻּלוֹת תַּעֲשֶׂה־לְּךָ֣ מִלְחָמָ֑ה וּ֝תְשׁוּעָ֗ה בְּרֹ֣ב יוֹעֵֽץ׃ 7 רָאמ֣וֹת לֶֽאֱוִ֣יל חָכְמ֑וֹת בַּ֝שַּׁ֗עַר לֹ֣א יִפְתַּח־פִּֽיהוּ׃ 8 מְחַשֵּׁ֥ב לְהָרֵ֑עַ ל֝֗וֹ בַּֽעַל־מְזִמּ֥וֹת יִקְרָֽאוּ׃ 9 זִמַּ֣ת אִוֶּ֣לֶת חַטָּ֑את וְתוֹעֲבַ֖ת לְאָדָ֣ם לֵֽץ׃ 10 הִ֭תְרַפִּיתָ בְּי֥וֹם צָרָ֗ה צַ֣ר כֹּחֶֽכָה׃ 11 הַ֭צֵּל לְקֻחִ֣ים לַמָּ֑וֶת וּמָטִ֥ים לַ֝הֶ֗רֶג אִם־תַּחְשֽׂוֹךְ׃ 12 כִּֽי־תֹאמַ֗ר הֵן֮ לֹא־יָדַ֪עְנ֫וּ זֶ֥ה הֲֽלֹא־תֹ֘כֵ֤ן לִבּ֨וֹת ׀ הֽוּא־יָבִ֗ין וְנֹצֵ֣ר נַ֭פְשְׁךָ ה֣וּא יֵדָ֑ע וְהֵשִׁ֖יב לְאָדָ֣ם כְּפָעֳלֽוֹ׃ 13 אֱכָל־בְּנִ֣י דְבַ֣שׁ כִּי־ט֑וֹב וְנֹ֥פֶת מָ֝ת֗וֹק עַל־חִכֶּֽךָ׃ 14 כֵּ֤ן ׀ דְּעֶ֥ה חָכְמָ֗ה לְנַ֫פְשֶׁ֥ךָ אִם־מָ֭צָאתָ וְיֵ֣שׁ אַחֲרִ֑ית וְ֝תִקְוָתְךָ֗ לֹ֣א תִכָּרֵֽת׃ פ 15 אַל־תֶּאֱרֹ֣ב רָ֭שָׁע לִנְוֵ֣ה צַדִּ֑יק אַֽל־תְּשַׁדֵּ֥ד רִבְצוֹ׃ 16 כִּ֤י שֶׁ֨בַע ׀ יִפּ֣וֹל צַדִּ֣יק וָקָ֑ם וּ֝רְשָׁעִ֗ים יִכָּשְׁל֥וּ בְרָעָֽה׃ 17 בִּנְפֹ֣ל אויביך אַל־תִּשְׂמָ֑ח וּ֝בִכָּשְׁל֗וֹ אַל־יָגֵ֥ל לִבֶּֽךָ׃ 18 פֶּן־יִרְאֶ֣ה יְ֭הוָה וְרַ֣ע בְּעֵינָ֑יו וְהֵשִׁ֖יב מֵעָלָ֣יו אַפּֽוֹ׃ 19 אַל־תִּתְחַ֥ר בַּמְּרֵעִ֑ים אַל־תְּ֝קַנֵּ֗א בָּרְשָׁעִֽים׃ 20 כִּ֤י ׀ לֹֽא־תִהְיֶ֣ה אַחֲרִ֣ית לָרָ֑ע נֵ֖ר רְשָׁעִ֣ים יִדְעָֽךְ׃ 21 יְרָֽא־אֶת־יְהוָ֣ה בְּנִ֣י וָמֶ֑לֶךְ עִם־שׁ֝וֹנִ֗ים אַל־תִּתְעָרָֽב׃ 22 כִּֽי־פִ֭תְאֹם יָק֣וּם אֵידָ֑ם וּפִ֥יד שְׁ֝נֵיהֶ֗ם מִ֣י יוֹדֵֽעַ׃ ס 23 גַּם־אֵ֥לֶּה לַֽחֲכָמִ֑ים הַֽכֵּר־פָּנִ֖ים בְּמִשְׁפָּ֣ט בַּל־טֽוֹב׃ 24 אֹ֤מֵ֨ר ׀ לְרָשָׁע֮ צַדִּ֪יק אָ֥תָּה יִקְּבֻ֥הוּ עַמִּ֑ים יִזְעָמ֥וּהוּ לְאֻמִּֽים׃ 25 וְלַמּוֹכִיחִ֥ים יִנְעָ֑ם וַֽ֝עֲלֵיהֶ֗ם תָּב֥וֹא בִרְכַּת־טֽוֹב׃ 26 שְׂפָתַ֥יִם יִשָּׁ֑ק מֵ֝שִׁ֗יב דְּבָרִ֥ים נְכֹחִֽים׃ 27 הָ֘כֵ֤ן בַּח֨וּץ ׀ מְלַאכְתֶּ֗ךָ וְעַתְּדָ֣הּ בַּשָּׂדֶ֣ה לָ֑ךְ אַ֝חַ֗ר וּבָנִ֥יתָ בֵיתֶֽךָ׃ פ 28 אַל־תְּהִ֣י עֵד־חִנָּ֣ם בְּרֵעֶ֑ךָ וַ֝הֲפִתִּ֗יתָ בִּשְׂפָתֶֽיךָ׃ 29 אַל־תֹּאמַ֗ר כַּאֲשֶׁ֣ר עָֽשָׂה־לִ֭י כֵּ֤ן אֶֽעֱשֶׂה־לּ֑וֹ אָשִׁ֖יב לָאִ֣ישׁ כְּפָעֳלֽוֹ׃ 30 עַל־שְׂדֵ֣ה אִישׁ־עָצֵ֣ל עָבַ֑רְתִּי וְעַל־כֶּ֝֗רֶם אָדָ֥ם חֲסַר־לֵֽב׃ 31 וְהִנֵּ֨ה עָ֘לָ֤ה כֻלּ֨וֹ ׀ קִמְּשֹׂנִ֗ים כָּסּ֣וּ פָנָ֣יו חֲרֻלִּ֑ים וְגֶ֖דֶר אֲבָנָ֣יו נֶהֱרָֽסָה׃ 32 וָֽאֶחֱזֶ֣ה אָ֭נֹכִֽי אָשִׁ֣ית לִבִּ֑י רָ֝אִ֗יתִי לָקַ֥חְתִּי מוּסָֽר׃ 33 מְעַ֣ט שֵׁ֭נוֹת מְעַ֣ט תְּנוּמ֑וֹת מְעַ֓ט ׀ חִבֻּ֖ק יָדַ֣יִם לִשְׁכָּֽב׃ 34 וּבָֽא־מִתְהַלֵּ֥ךְ רֵישֶׁ֑ךָ וּ֝מַחְסֹרֶ֗יךָ כְּאִ֣ישׁ מָגֵֽן׃ פ

JBMLE · Judson Bible

1 မ​တ​ရား​သော​သူ​တို့​ကို မ​ငြူ​စူ​နှင့်။ သူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​ငှာ အ​လို​မ​ရှိ​နှင့်။ 2 သူ​တို့​သည် ဖျက်​ဆီး​ခြင်း​ငှာ နှ​လုံး​ကြံ​စည်​တတ်၏။ နှုတ်​နှင့်​လည်း ဘေး​ပြု​မည်​စ​ကား​ကို ပြော​တတ်၏။ 3 ဉာဏ်​ပ​ညာ​အား​ဖြင့် အိမ်​ကို​တည်​ဆောက်၍ ခိုင်​ခံ့​မြဲ​မြံ​စေ​ရ၏။ 4 ပ​ညာ​အ​တတ်​အား​ဖြင့် အ​ခန်း​များ​တို့​သည် အ​ဖိုး​ထိုက်၍၊ နှစ်​သက်​ဖွယ်​သော ဥ​စ္စာ​အ​ပေါင်း​တို့​နှင့် ပြည့်​ရ​ကြ၏။ 5 ပ​ညာ​ရှိ​သော​သူ​သည် တန်​ခိုး​ရှိ၏။ ပ​ညာ​အ​တတ်​နှင့် ပြည့်​စုံ​သော​သူ​သည် ခွန်​အား​တိုး​ပွား​တတ်၏။ 6 ပ​ညာ​ရှိ​တို့​နှင့် တိုင်​ပင်​ပြီး​မှ စစ်​မှု​ကို​ပြု​ရ၏။ အ​ကြံ​ပေး​နိုင်​သော​သူ​များ​စွာ​ရှိ​လျှင်၊ ဘေး​လွတ်​တတ်၏။ 7 ပ​ညာ​မြင့်​သော​ကြောင့် မိုက်​သော​သူ​မ​မီ​နိုင်။ မြို့​တံ​ခါး​ဝ၌ စ​ကား​မ​ပြော​ဝံ့။ 8 မ​ကောင်း​သော​အ​မှု​ကို​ပြု​ခြင်း​ငှာ ကြံ​စည်​သော​သူ​ကို၊ ဘေး​ပြု​သော​သူ​ဟူ၍ မှည့်​ရ၏။ 9 မိုက်​သော​အ​ကြံ​အ​စည်၌ အ​ပြစ်​ပါ၏။ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည်​လည်း၊ လူ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်၏။ 10 သင်​သည် အ​မှု​ရောက်​သော​ကာ​လ၌ စိတ်​ပျက်​လျှင်​အား​နည်း၏။ 11 သင်္ချိုင်း​သို့​ထုတ်၍ အ​သေ​ခံ​လု​သော​သူ​တို့​ကို သင်​သည် နုတ်​အံ့​သော​ငှာ၊ အား​မ​ထုတ်​ဘဲ​နေ​လျက်၊ 12 ငါ့​တို့​မ​သိ​ဟု​ဆို​သော်​လည်း၊ နှ​လုံး​သ​ဘော​ကို ဆင်​ခြင်​သော​သူ​သည် မ​မှတ်၊ သင်၏​စိတ်​ဝိ​ညာဉ်​ကို စောင့်​သော​သူ​သည် မ​သိ​ဘဲ၊ လူ​အ​သီး​အ​သီး​တို့​အား သူ​တို့​အ​ကျင့်​နှင့်​အ​လျောက်၊ အ​ကျိုး​အ​ပြစ်​ကို မ​ဆပ်​မ​ပေး​ဘဲ နေ​တော်​မူ​မည်​လော။

13 ငါ့​သား၊ ပျား​ရည်​ကောင်း​သော​ကြောင့် စား​လော့။ ချို​မြိန်​သော ပျား​လ​ပို့​ကို​လည်း စား​လော့။ 14 ထို​အ​တူ၊ သင်​တွေ့​ရ​သော ပ​ညာ​တ​ရား​သည် စိတ်​ဝိ​ညာဉ်၌ အ​ရ​သာ​နှင့် ပြည့်​စုံ၍၊ သင်​သည် မျှော်​လင့်​ခြင်း​အ​ကြောင်း​မ​ပျက်၊ ကောင်း​သော​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။ 15 အို မ​တ​ရား​သော​သူ၊ ဖြောင့်​မတ်​သော​သူ၏​အိမ်​ကို ချောင်း၍​မ​ကြည့်​နှင့်။ သူ၏ ငြိမ်​ဝပ်​ရာ​အ​ရပ်​ကို မ​ဖျက်​နှင့်။ 16 ဖြောင့်​မတ်​သော​သူ​သည် ခု​နစ်​ကြိမ်​လဲ​သော်​လည်း ထ​ပြန်​လိမ့်​မည်။ မ​တ​ရား​သော​သူ​မူ​ကား၊ လဲ​သော​အ​ခါ ဆုံး​ရှုံး​လိမ့်​မည်။ 17 သင်၏​ရန်​သူ​လဲ​သော​အ​ခါ ဝမ်း​မ​မြောက်​နှင့်။ ခြေ​ထိ​ခိုက်​သော​အ​ခါ ရွှင်​လန်း​သော​စိတ်​မ​ရှိ​နှင့်။ 18 ရှိ​လျှင် ထာ​ဝ​ရ​ဘု​ရား​သိ​မြင်​သ​ဖြင့်၊ မ​နှစ်​သက်​ဘဲ သူ​မှ​အ​မျက်​တော်​ကို လွှဲ​တော်​မူ​မည်။ 19 မ​တ​ရား​သော​သူ​တို့​ကြောင့် စိတ်​မ​ပူ​နှင့်။ အ​ဓ​မ္မ​လူ​တို့​ကို မ​ငြူ​စူ​နှင့်။ 20 အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​သူ​သည် အ​ကျိုး​ကို​မ​ရ။ အ​ဓ​မ္မ​လူ၏​မီး​ခွက်​သည် သေ​လိမ့်​မည်။ 21 ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​ကို​လည်း​ကောင်း၊ ကြောက်​ရွံ့​လော့။ မ​တည်​ကြည်​သော​သူ​တို့​နှင့် မရော​နှော​မ​ပေါင်း​ဖော်​နှင့်။ 22 သူ​တို့​ဘေး​သည် ချက်​ချင်း​ရောက်​တတ်၏။ ထို​နှစ်​ပါး​တို့၏​အ​ဆုံး​ကို အ​ဘယ်​သူ​သိ​သ​နည်း။

ပ​ညာ​ရှိ​တို့၏​ဆုံး​မ​စ​ကား​များ​အ​ဆက်

23 ထို​မှ​တစ်​ပါး၊ ပ​ညာ​ရှိ​တို့​နှင့်​ဆိုင်​သော အ​ရာ​ဟူ​မူ​ကား၊ တ​ရား​တွေ့​မှု​စီ​ရင်​ရာ​တွင် လူ​မျက်​နှာ​ကို မ​ထောက်​ကောင်း။ 24 သင်​သည်​ဖြောင့်​မတ်၏​ဟု မ​တ​ရား​သော​သူ​အား​ဆို​သော​သူ​ကို လူ​အ​မျိုး​တို့​သည် ကျိန်​ဆဲ​ကြ​လိမ့်​မည်။ လူ​အ​နွယ်​တို့​သည် စက်​ဆုပ်​ရွံ​ရှာ​ကြ​လိမ့်​မည်။ 25 ဆုံး​မ​ပြစ်​တင်​သော​သူ​တို့​မူ​ကား၊ စိတ်​သာ​ယာ​လျက်၊ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​လျက်​ရှိ​ကြ​လိမ့်​မည်။ 26 မှန်​သော​စ​ကား​ကို ပြန်​ပြော​တတ်​သော​သူ၏​နှုတ်​ကို လူ​တိုင်း​နမ်း​လိမ့်​မည်။ 27 ပြင်​အ​ရပ်​မှာ သင်၏​အ​လုပ်​ကို ပြင်​လော့။ လယ်​တော၌ ကိုယ်​အ​ဖို့ ပြင်​ဆင်​လော့။ နောက်​မှ သင်၏​နေ​ရာ​အိမ်​ကို ဆောက်​လော့။ 28 သင်၏​အိမ်​နီး​ချင်း​တစ်​ဖက်၌ အ​ကြောင်း​မ​ရှိ​ဘဲ သက်​သေ​မ​ခံ​နှင့်။ ကိုယ်​နှုတ်​နှင့် သူ​တစ်​ပါး​ကို မ​လှည့်​စား​နှင့်။ 29 သူ​သည် ငါ၌​ပြု​သည်​အ​တိုင်း သူ၌​ငါ​ပြု​မည်။ သူ့​အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ငါ​ဆပ်​ပေး​မည်​ဟု မ​ဆို​နှင့်။

30 ပျင်း​ရိ​သော​သူ၏​လယ်​ယာ​အ​နား​နှင့်၊ ဉာဏ်​မ​ရှိ​သော​သူ၏ စ​ပျစ်​ဥ​ယျာဉ်​အ​နား​မှာ ငါ​လျှောက်​သွား​စဉ်၊ 31 ဆူး​ပင်​များ​ပြား၍၊ မြေ​တစ်​ပြင်​လုံး၌ ဆူး​လေ​ပင်​အ​နှံ့​အ​ပြား​လွှမ်း​မိုး​လျက်၊ ကျောက်​ရိုး​ပြို​လျက်​ရှိ​သည်​ကို၊ 32 ငါ​မြင်၍ စေ့​စေ့​ဆင်​ခြင်၏။ ကြည့်​ရှု၍ သွန်​သင်​ခြင်း​ကို ခံ​ရ၏။ 33 ခ​ဏ​အိပ်​လျက်၊ ခ​ဏ​ပျော်​လျက်၊ အိပ်​ပျော်​ခြင်း​ငှာ၊ ခ​ဏ​လက်​ချင်း​ပိုက်​လျက်​နေ​စဉ်​တွင်၊ 34 ဆင်း​ရဲ​ခြင်း​သည် ခ​ရီး​သွား​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ ဥ​စ္စာ​ပြုန်း​တီး​ခြင်း​သည် သူ​ရဲ​ကဲ့​သို့​လည်း​ကောင်း ရောက်​လာ​လိမ့်​မည်။

Todos os capítulos de Proverbs 31
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.