Pular para o conteúdo
Publicidade Remover anúncios

Proverbs 8

WLC · Westminster Leningrad Codex

1 הֲלֹֽא־חָכְמָ֥ה תִקְרָ֑א וּ֝תְבוּנָ֗ה תִּתֵּ֥ן קוֹלָֽהּ׃ 2 בְּרֹאשׁ־מְרוֹמִ֥ים עֲלֵי־דָ֑רֶךְ בֵּ֖ית נְתִיב֣וֹת נִצָּֽבָה׃ 3 לְיַד־שְׁעָרִ֥ים לְפִי־קָ֑רֶת מְב֖וֹא פְתָחִ֣ים תָּרֹֽנָּה׃ 4 אֲלֵיכֶ֣ם אִישִׁ֣ים אֶקְרָ֑א וְ֝קוֹלִ֗י אֶל־בְּנֵ֥י אָדָֽם׃ 5 הָבִ֣ינוּ פְתָאיִ֣ם עָרְמָ֑ה וּ֝כְסִילִ֗ים הָבִ֥ינוּ לֵֽב׃ 6 שִׁ֭מְעוּ כִּֽי־נְגִידִ֣ים אֲדַבֵּ֑ר וּמִפְתַּ֥ח שְׂ֝פָתַ֗י מֵישָׁרִֽים׃ 7 כִּֽי־אֱ֭מֶת יֶהְגֶּ֣ה חִכִּ֑י וְתוֹעֲבַ֖ת שְׂפָתַ֣י רֶֽשַׁע׃ 8 בְּצֶ֥דֶק כָּל־אִמְרֵי־פִ֑י אֵ֥ין בָּ֝הֶ֗ם נִפְתָּ֥ל וְעִקֵּֽשׁ׃ 9 כֻּלָּ֣ם נְ֭כֹחִים לַמֵּבִ֑ין וִֽ֝ישָׁרִ֗ים לְמֹ֣צְאֵי דָֽעַת׃ 10 קְחֽוּ־מוּסָרִ֥י וְאַל־כָּ֑סֶף וְ֝דַ֗עַת מֵחָר֥וּץ נִבְחָֽר׃ 11 כִּֽי־טוֹבָ֣ה חָ֭כְמָה מִפְּנִינִ֑ים וְכָל־חֲ֝פָצִ֗ים לֹ֣א יִֽשְׁווּ־בָֽהּ׃ 12 אֲֽנִי־חָ֭כְמָה שָׁכַ֣נְתִּי עָרְמָ֑ה וְדַ֖עַת מְזִמּ֣וֹת אֶמְצָֽא׃ 13 יִֽרְאַ֣ת יְהוָה֮ שְֽׂנֹ֫את רָ֥ע גֵּ֘אָ֤ה וְגָא֨וֹן ׀ וְדֶ֣רֶךְ רָ֭ע וּפִ֨י תַהְפֻּכ֬וֹת שָׂנֵֽאתִי׃ 14 לִֽי־עֵ֭צָה וְתוּשִׁיָּ֑ה אֲנִ֥י בִ֝ינָ֗ה לִ֣י גְבוּרָֽה׃ 15 בִּ֭י מְלָכִ֣ים יִמְלֹ֑כוּ וְ֝רוֹזְנִ֗ים יְחֹ֣קְקוּ צֶֽדֶק׃ 16 בִּ֭י שָׂרִ֣ים יָשֹׂ֑רוּ וּ֝נְדִיבִ֗ים כָּל־שֹׁ֥פְטֵי צֶֽדֶק׃ 17 אֲ֭נִי אהביה אֵהָ֑ב וּ֝מְשַׁחֲרַ֗י יִמְצָאֻֽנְנִי׃ 18 עֹֽשֶׁר־וְכָב֥וֹד אִתִּ֑י ה֥וֹן עָ֝תֵ֗ק וּצְדָקָֽה׃ 19 ט֣וֹב פִּ֭רְיִי מֵחָר֣וּץ וּמִפָּ֑ז וּ֝תְבוּאָתִ֗י מִכֶּ֥סֶף נִבְחָֽר׃ 20 בְּאֹֽרַח־צְדָקָ֥ה אֲהַלֵּ֑ך בְּ֝ת֗וֹךְ נְתִיב֥וֹת מִשְׁפָּֽט׃ 21 לְהַנְחִ֖יל אֹהֲבַ֥י ׀ יֵ֑שׁ וְאֹצְרֹ֖תֵיהֶ֣ם אֲמַלֵּֽא׃ פ 22 יְֽהוָ֗ה קָ֭נָנִי רֵאשִׁ֣ית דַּרְכּ֑וֹ קֶ֖דֶם מִפְעָלָ֣יו מֵאָֽז׃ 23 מֵ֭עוֹלָם נִסַּ֥כְתִּי מֵרֹ֗אשׁ מִקַּדְמֵי־אָֽרֶץ׃ 24 בְּאֵין־תְּהֹמ֥וֹת חוֹלָ֑לְתִּי בְּאֵ֥ין מַ֝עְיָנ֗וֹת נִכְבַּדֵּי־מָֽיִם׃ 25 בְּטֶ֣רֶם הָרִ֣ים הָטְבָּ֑עוּ לִפְנֵ֖י גְבָע֣וֹת חוֹלָֽלְתִּי׃ 26 עַד־לֹ֣א עָ֭שָׂה אֶ֣רֶץ וְחוּצ֑וֹת וְ֝רֹ֗אשׁ עָפְר֥וֹת תֵּבֵֽל׃ 27 בַּהֲכִינ֣וֹ שָׁ֭מַיִם שָׁ֣ם אָ֑נִי בְּח֥וּקוֹ ח֝֗וּג עַל־פְּנֵ֥י תְהֽוֹם׃ 28 בְּאַמְּצ֣וֹ שְׁחָקִ֣ים מִמָּ֑עַל בַּ֝עֲז֗וֹז עִינ֥וֹת תְּהוֹם׃ 29 בְּשׂ֘וּמ֤וֹ לַיָּ֨ם ׀ חֻקּ֗וֹ וּ֭מַיִם לֹ֣א יַֽעַבְרוּ־פִ֑יו בְּ֝חוּק֗וֹ מ֣וֹסְדֵי אָֽרֶץ׃ 30 וָֽאֶהְיֶ֥ה אֶצְל֗וֹ אָ֫מ֥וֹן וָֽאֶהְיֶ֣ה שַׁ֭עֲשֻׁעִים י֤וֹם ׀ י֑וֹם מְשַׂחֶ֖קֶת לְפָנָ֣יו בְּכָל־עֵֽת׃ 31 מְ֭שַׂחֶקֶת בְּתֵבֵ֣ל אַרְצ֑וֹ וְ֝שַׁעֲשֻׁעַ֗י אֶת־בְּנֵ֥י אָדָֽם׃ פ 32 וְעַתָּ֣ה בָ֭נִים שִׁמְעוּ־לִ֑י וְ֝אַשְׁרֵ֗י דְּרָכַ֥י יִשְׁמֹֽרוּ׃ 33 שִׁמְע֖וּ מוּסָ֥ר וַחֲכָ֗מוּ וְאַל־תִּפְרָֽעוּ׃ 34 אַ֥שְֽׁרֵי אָדָם֮ שֹׁמֵ֪עַֽ֫ לִ֥י לִשְׁקֹ֣ד עַל־דַּ֭לְתֹתַי י֤וֹם ׀ י֑וֹם לִ֝שְׁמֹ֗ר מְזוּזֹ֥ת פְּתָחָֽי׃ 35 כִּ֣י מֹ֭צְאִי מצאי חַיִּ֑ים וַיָּ֥פֶק רָ֝צ֗וֹן מֵיְהוָֽה׃ 36 וְֽ֭חֹטְאִי חֹמֵ֣ס נַפְשׁ֑וֹ כָּל־מְ֝שַׂנְאַ֗י אָ֣הֲבוּ מָֽוֶת׃ פ

JBMLE · Judson Bible

ဉာဏ်​ပ​ညာ​ကို​ချီး​မွမ်း​ခြင်း

1 ဉာဏ်​ပ​ညာ​သည်​ခေါ်၍ မိ​မိ​အ​သံ​ကို လွှင့်​သည် မ​ဟုတ်​လော။ 2 မြင့်​သော​အ​ရပ်​ထိပ်၌​လည်း​ကောင်း၊ လမ်း​ခ​ရီး​အ​နား၌​လည်း​ကောင်း ရပ်​နေ၏။ 3 ကြီး​သော​တံ​ခါး​ဝ၊ မြို့​တံ​ခါး၊ အိမ်​တံ​ခါး​ဝ​မှာ​ကြွေး​ကြော်၍၊သု၊ ၁:၂၀-၂၁။4 အ​ချင်း​လူ​တို့၊ သင်​တို့​အား ငါ​ခေါ်၏။ လူ​သား​တို့​အား အ​သံ​ကို​ငါ​လွှင့်၏။ 5 ဉာဏ်​တိမ်​သော​သူ​တို့၊ ပ​ညာ​တ​ရား​ကို နား​လည်​ကြ​လော့။ လူ​မိုက်​တို့၊ ထိုး​ထွင်း​သော​ဉာဏ်​ရှိ​ကြ​လော့။ 6 နား​ထောင်​ကြ။ မြတ်​သော​စ​ကား​ကို ငါ​ပြော​မည်။ မှန်​သော​တ​ရား​စ​ကား​ကို ငါ​နှုတ်​မြွက်​မည်။ 7 ငါ့​နှုတ်​ထွက်​စ​ကား​သည် သ​မ္မာ​တ​ရား​နှင့်​သာ​ဆိုင်၍၊ ငါ့​နှုတ်​ခမ်း​တို့​သည် ဒု​စ​ရိုက်​ကို​စက်​ဆုပ်​ရွံ​ရှာ၏။ 8 ငါ​ဟော​ပြော​သ​မျှ​သော စ​ကား​တို့​သည်​ဖြောင့်​မတ်၍၊ ကောက်​သော​သ​ဘော၊ ဖောက်​ပြန်​သော​သ​ဘော​နှင့် ကင်း​စင်​ကြ၏။ 9 နား​လည်​သော​သူ၌ အ​လုံး​စုံ​ရှင်း​လင်း၍၊ ပ​ညာ​ကို​ရ​သော သူ​တို့​အား​ဟုတ်​မှန်​ကြ၏။ 10 ငွေ​အ​ရင်၊ ငါ့​နည်း​ကို​လည်း​ကောင်း၊ မြတ်​သော​ရွှေ​အ​ရင်၊ ပ​ညာ​အ​တတ်​ကို​လည်း​ကောင်း ခံ​ယူ​ကြ​လော့။ 11 အ​ကြောင်း​မူ​ကား၊ ပ​ညာ​သည် ပ​တ္တ​မြား​ထက်​သာ၍​မြတ်၏။ နှစ်​သက်​ဖွယ်​သ​မျှ​သော အ​ရာ​တို့​သည် ထို​ရ​တ​နာ​ကို မ​ပြိုင်​နိုင်​ကြ။

12 ငါ့​ဉာဏ်​ပ​ညာ​သည် သ​မ္မာ​သ​တိ​နှင့်​ပေါင်း၍၊ လိ​မ္မာ​သော သိ​ပ္ပံ​အ​တတ်​များ​ကို​ဖော်​တတ်၏။ 13 ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​ကား၊ ဒု​စ​ရိုက်​ကို မုန်း​သော​သ​ဘော​တည်း။ မာ​န​ထောင်​လွှား​ခြင်း၊ စော်​ကား​ခြင်း၊ မ​ကောင်း​သော​လမ်း​သို့​လိုက်​ခြင်း၊ ကောက်​သော​စ​ကား​ဖြင့် ပြော​ဆို​ခြင်း​တို့​ကို ငါ​မုန်း၏။ 14 အ​ကြံ​ပေး​နိုင်​သော​အ​ခွင့်​နှင့် ပ​ညာ​ရ​တ​နာ​သည် ငါ၌​ရှိ၏။ ငါ​သည် ဉာဏ်​ဖြစ်၍ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ၏။ 15 ငါ့​အား​ဖြင့် ရှင်​ဘု​ရင်​တို့​သည် စိုး​စံ​ရ​သော​အ​ခွင့်၊ မင်း​အ​ရာ​ရှိ​တို့​သည် ဆုံး​ဖြတ်​ရ​သော​အ​ခွင့် ရှိ​ကြ၏။ 16 ငါ့​အား​ဖြင့် မင်း​သား၊ မှူး​မတ်၊ တ​ရား​သူ​ကြီး​အ​ပေါင်း​တို့​သည် အ​စိုး​ရ​သော​အ​ခွင့်​ရှိ​ကြ၏။ 17 ငါ့​ကို​ချစ်​သော သူ​တို့​ကို ငါ​ချစ်၏။ ငါ့​ကို​ကြိုး​စား၍ ရှာ​သော​သူ​တို့​သည် တွေ့​တတ်​ကြ၏။ 18 ငါ၌​စည်း​စိမ်​နှင့် ဂုဏ်​အ​သ​ရေ​ရှိ၏။ မြဲ​သော​စည်း​စိမ်​နှင့် ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ရှိ၏။ 19 ငါ​ပေး​သော​အ​ကျိုး​သည် ရွှေ​ထက်​မ​က၊ ရွှေ​စင်​ထက်​သာ၍​မြတ်၏။ ငါ​ကြောင့်​ရ​သော အ​ခွန်​ဘ​ဏ္ဍာ သည် ငွေ​တော်​ထက်​သာ၍​မြတ်၏။ 20 ငါ​သည် ဖြောင့်​မတ်​ခြင်း​လမ်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​လမ်း​အ​လယ်၌ လျှောက်​သွား​သည်​ဖြစ်၍၊ 21 ငါ့​ကို​ချစ်​သော​သူ​တို့​သည် အ​မွေ​ခံ​ရ​သော အ​ခွင့်​နှင့်၊ သူ​တို့​ဘ​ဏ္ဍာ​တိုက် ပြည့်​ဝ​စေ​သော အ​ခွင့်​ကို ငါ​ပေး​တတ်၏။

22 ထာ​ဝ​ရ​ဘု​ရား​သည် ရှေး​အ​မှု​တော်​ကို​မ​ပြု​မီ ထွက်​ကြွ​တော်​မူ​စ​က​ပင် ငါ့​ကို​ပိုင်​တော်​မူ၏။ဗျာ၊ ၃:၁၄။23 မြေ​ကြီး​မ​ဖြစ်​မီ၊ ရှေ့​ဦး​စွာ​သော​ကာ​လ၊ အ​န​န္တ​ကာ​လ​မှ​စ၍ ငါ​သည် ဘိ​သိက်​ခံ​ပြီ။ 24 နက်​နဲ​သော​ပင်​လယ်​မ​ဖြစ်၊ ရေ​နှင့်​ကြွယ်​ဝ​သော စမ်း​ရေ​တွင်း​မ​ဖြစ်​မီ ငါ့​ကို​ဖြစ်​ဖွား​စေ​တော်​မူ၏။ 25 တောင်​ကြီး​မ​တည်၊ တောင်​ငယ်​မ​ဖြစ်​မီ၊ 26 မြေ​ကြီး​နှင့် လယ်​တော​များ​ကို​မ​ဖန်​ဆင်း၊ အ​ဦး​ဆုံး​သော မြေ​မှုန့်​ကို​မျှ မ​ဖန်​ဆင်း​မီ၊ ငါ့​ကို​ဖြစ်​ဖွား​စေ​တော်​မူ၏။ 27 မိုး​ကောင်း​ကင်​ကို ပြင်​တော်​မူ​သော​အ​ခါ ငါ​ရှိ၏။ သ​မု​ဒ္ဒ​ရာ​မျက်​နှာ​ပြင်ကို သတ်​မှတ်​သော​အ​မှု၊ 28 အ​ထက်​မိုး​တိမ်​ကို တည်​စေ​သော​အ​မှု၊ နက်​နဲ​သော​အ​ရပ်၌ စမ်း​ရေ​ပေါက်​တို့​ကို ခိုင်​ခံ့​စေ​သော​အ​မှု၊ 29 သ​မု​ဒ္ဒ​ရာ၌ ကန့်​ကွက်​သော အ​ပိုင်း​အ​ခြား​ကို ရေ​မ​လွှမ်း​ရ​မည်​အ​ကြောင်း စီ​ရင်​သော​အ​မှု၊ မြေ​ကြီး​တိုက်​မြစ်​တည်​သော အ​မှု​တို့​ကို​ပြီး​စီး​စေ​တော်​မူ​သော​အ​ခါ၊ 30 ငါ​သည် ကျွေး​မွေး​တော်​မူ​သော​သား​ကဲ့​သို့၊ အ​ထံ​တော်​ပါး​တွင်​နေ၍၊ အ​စဉ်​မ​ပြတ်​မွေ့​လျော်​တော်​မူ​ရာ​ဖြစ်၏။ ရှေ့​တော်၌ အ​စဉ်​မ​ပြတ်​က​စား​လျက်၊ 31 ဖန်​ဆင်း​တော်​မူ​သော မြေ​ကြီး​တစ်​ပြင်​လုံး​တွင် ရွှင်​လန်း​လျက်၊ လူ​သား​တို့​နှင့်​ပေါင်း​ဖော်၍ ပျော်​ပါး​လျက်​နေ၏။

32 သို့​ဖြစ်၍ ငါ့​သား​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ ငါ၏​လမ်း​များ​ကို စောင့်​ရှောက်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ 33 ငါ​ဆုံး​မ​ခြင်း​ကို မ​ပယ်​ကြ​နှင့်။ နား​ထောင်၍ ပ​ညာ​ရှိ​ကြ​လော့။ 34 ငါ့​စ​ကား​ကို​ကြား၍ ငါ့​တံ​ခါး​နား​မှာ နေ့​တိုင်း​စောင့်​လျက်၊ တံ​ခါး​တိုင်​နား​မှ​မျှော်​လင့်​လျက်​နေ​သော သူ​သည် မင်္ဂ​လာ​ရှိ၏။ 35 ငါ့​ကို​ရှာ၍​တွေ့​သော​သူ​သည် အ​သက်​ကို​တွေ့၏။ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို​လည်း​ခံ​ရ၏။ 36 ငါ့​ကို​ပြစ်​မှား​သော​သူ​မူ​ကား၊ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို ပြစ်​မှား၏။ ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​သည် သေ​ခြင်း​ကို ချစ်​ကြ၏။

Todos os capítulos de Proverbs 31
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.