1 לַמְנַצֵּ֗חַ מִזְמ֥וֹר לְדָוִֽד׃ 2 חַלְּצֵ֣נִי יְ֭הוָה מֵאָדָ֣ם רָ֑ע מֵאִ֖ישׁ חֲמָסִ֣ים תִּנְצְרֵֽנִי׃ 3 אֲשֶׁ֤ר חָשְׁב֣וּ רָע֣וֹת בְּלֵ֑ב כָּל־י֝֗וֹם יָג֥וּרוּ מִלְחָמֽוֹת׃ 4 שָֽׁנֲנ֣וּ לְשׁוֹנָם֮ כְּֽמוֹ־נָ֫חָ֥שׁ חֲמַ֥ת עַכְשׁ֑וּב תַּ֖חַת שְׂפָתֵ֣ימוֹ סֶֽלָה׃ 5 שָׁמְרֵ֤נִי יְהוָ֨ה ׀ מִ֘ידֵ֤י רָשָׁ֗ע מֵאִ֣ישׁ חֲמָסִ֣ים תִּנְצְרֵ֑נִי אֲשֶׁ֥ר חָ֝שְׁב֗וּ לִדְח֥וֹת פְּעָמָֽי׃ 6 טָֽמְנֽוּ־גֵאִ֨ים ׀ פַּ֡ח לִ֗י וַחֲבָלִ֗ים פָּ֣רְשׂוּ רֶ֭שֶׁת לְיַד־מַעְגָּ֑ל מֹקְשִׁ֖ים שָֽׁתוּ־לִ֣י סֶֽלָה׃ 7 אָמַ֣רְתִּי לַ֭יהוָה אֵ֣לִי אָ֑תָּה הַאֲזִ֥ינָה יְ֝הוָ֗ה ק֣וֹל תַּחֲנוּנָֽי׃ 8 יְהֹוִ֣ה אֲ֭דֹנָי עֹ֣ז יְשׁוּעָתִ֑י סַכֹּ֥תָה לְ֝רֹאשִׁ֗י בְּי֣וֹם נָֽשֶׁק׃ 9 אַל־תִּתֵּ֣ן יְ֭הוָה מַאֲוַיֵּ֣י רָשָׁ֑ע זְמָמ֥וֹ אַל־תָּ֝פֵ֗ק יָר֥וּמוּ סֶֽלָה׃ 10 רֹ֥אשׁ מְסִבָּ֑י עֲמַ֖ל שְׂפָתֵ֣ימוֹ יכסומו׃ 11 ימיטו עֲלֵיהֶ֗ם גֶּֽחָ֫לִ֥ים בָּאֵ֥שׁ יַפִּלֵ֑ם בְּ֝מַהֲמֹר֗וֹת בַּֽל־יָקֽוּמוּ׃ 12 אִ֥ישׁ לָשׁוֹן֮ בַּל־יִכּ֪וֹן בָּ֫אָ֥רֶץ אִישׁ־חָמָ֥ס רָ֑ע יְ֝צוּדֶ֗נּוּ לְמַדְחֵפֹֽת׃ 13 ידעת כִּֽי־יַעֲשֶׂ֣ה יְ֭הוָה דִּ֣ין עָנִ֑י מִ֝שְׁפַּ֗ט אֶבְיֹנִֽים׃ 14 אַ֣ךְ צַ֭דִּיקִים יוֹד֣וּ לִשְׁמֶ֑ךָ יֵשְׁב֥וּ יְ֝שָׁרִ֗ים אֶת־פָּנֶֽיךָ׃
ကွယ်ကာစောင့်ထိန်းရန်ဆုတောင်း
1 အိုထာဝရဘုရား၊ ဆိုးသောသူ၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ ကြမ်းတမ်းသောသူ၏လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ။ 2 ထိုသူတို့သည် နှလုံးထဲမှာ မကောင်းသောအကြံအစည်ရှိ၍၊ စစ်မှုကို အစဉ်နှိုးဆော်ကြပါ၏။ 3 သူတို့သည်မြွေကဲ့သို့ မိမိတို့လျှာကိုသွေးတတ်ကြပါ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုးအဆိပ်အတောက်ရှိပါ၏။ရော၊ ၃:၁၃။4 အိုထာဝရဘုရား၊ မတရားသောသူ၏လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ။ ကြမ်းတမ်းသော သူ၏လက်မှ ကွယ်ကာစောင့်မတော်မူပါ။ သူတို့သည် အကျွန်ုပ်ကိုလှဲခြင်းငှာ ကြံစည်ကြပါ၏။ 5 မာနကြီးသောသူတို့သည် အကျွန်ုပ်ဖို့ကျော့ကွင်းနှင့် ကြိုးသေးများကို ဝှက်ထားကြပါ၏။ အကျွန်ုပ်သွားရာလမ်း၌ ကွန်ရွက်ကိုဖြန့်၍ ညွှတ်များကိုထားကြပါ၏။ 6 ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏ဟု ထာဝရဘုရားအား လျှောက်ထားပါ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်ဆုတောင်းသောစကားကို နားထောင်တော်မူပါ။ 7 အိုဘုရားရှင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ကယ်တင်ခြင်းအစွမ်းသတ္တိ ဖြစ်တော်မူ၏။ စစ်တိုက်ရသောနေ့၌ အကျွန်ုပ်၏ဦးခေါင်းကို ဖုံးအုပ်တော်မူ၏။
8 အိုထာဝရဘုရား၊ မတရားသောသူ၏ အလိုပြည့်စုံရသောအခွင့်၊ သူ၏အကြံထမြောက်ရသောအခွင့် ရှိစေတော်မမူပါနှင့်။ 9 ထိုသို့သောသူတို့သည် အကျွန်ုပ်ပတ်လည်၌၊ မိမိတို့ဦးခေါင်းကို မချီးမြှောက်ရဘဲ၊ မိမိတို့မြွက်ဆိုသော မကောင်းကျိုးသည် မိမိတို့ကို လွှမ်းမိုးပါစေသော။ 10 မီးခဲတို့သည် ထိုသူတို့အပေါ်သို့ ကျရောက်ကြပါစေသော။ မီးထဲသို့လည်းကောင်း၊ နက်သောတွင်းထဲသို့လည်းကောင်း ကျကြပါစေသော။ တစ်ဖန်မထကြပါစေနှင့်။ 11 ကဲ့ရဲ့တတ်သောသူသည် မြေပေါ်မှာနေရာမမြဲပါစေနှင့်။ ကြမ်းတမ်းသောသူကိုလည်း ဖျက်ဆီးသည်တိုင်အောင် ဘေးဥပဒ်သည် လိုက်ပါစေသော။ 12 ထာဝရဘုရားသည် ဆင်းရဲသောသူ၏အမှုကိုစောင့်၍၊ ငတ်မွတ်သောသူဘက်၌ တရားစီရင်တော်မူမည်ဟု ငါသိ၏။ 13 အကယ်စင်စစ်တရားသောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါလိမ့်မည်။ သဘောဖြောင့်သောသူတို့သည် အထံတော်၌ နေရကြပါလိမ့်မည်။