1 מִזְמ֗וֹר לְדָ֫וִ֥ד יְהוָ֣ה קְ֭רָאתִיךָ ח֣וּשָׁה לִּ֑י הַאֲזִ֥ינָה ק֝וֹלִ֗י בְּקָרְאִי־לָֽךְ׃ 2 תִּכּ֤וֹן תְּפִלָּתִ֣י קְטֹ֣רֶת לְפָנֶ֑יךָ מַֽשְׂאַ֥ת כַּ֝פַּ֗י מִנְחַת־עָֽרֶב׃ 3 שִׁיתָ֣ה יְ֭הוָה שָׁמְרָ֣ה לְפִ֑י נִ֝צְּרָ֗ה עַל־דַּ֥ל שְׂפָתָֽי׃ 4 אַל־תַּט־לִבִּ֨י לְדָבָ֪ר ׀ רָ֡ע לְהִתְע֘וֹלֵ֤ל עֲלִל֨וֹת ׀ בְּרֶ֗שַׁע אֶת־אִישִׁ֥ים פֹּֽעֲלֵי־אָ֑וֶן וּבַל־אֶ֝לְחַ֗ם בְּמַנְעַמֵּיהֶֽם׃ 5 יֶֽהֶלְמֵֽנִי־צַדִּ֨יק ׀ חֶ֡סֶד וְֽיוֹכִיחֵ֗נִי שֶׁ֣מֶן רֹ֭אשׁ אַל־יָנִ֣י רֹאשִׁ֑י כִּי־ע֥וֹד וּ֝תְפִלָּתִ֗י בְּרָעוֹתֵיהֶֽם׃ 6 נִשְׁמְט֣וּ בִֽידֵי־סֶ֭לַע שֹׁפְטֵיהֶ֑ם וְשָׁמְע֥וּ אֲ֝מָרַ֗י כִּ֣י נָעֵֽמוּ׃ 7 כְּמ֤וֹ פֹלֵ֣חַ וּבֹקֵ֣עַ בָּאָ֑רֶץ נִפְזְר֥וּ עֲ֝צָמֵ֗ינוּ לְפִ֣י שְׁאֽוֹל׃ 8 כִּ֤י אֵלֶ֨יךָ ׀ יְהֹוִ֣ה אֲדֹנָ֣י עֵינָ֑י בְּכָ֥ה חָ֝סִ֗יתִי אַל־תְּעַ֥ר נַפְשִֽׁי׃ 9 שָׁמְרֵ֗נִי מִ֣ידֵי פַ֭ח יָ֣קְשׁוּ לִ֑י וּ֝מֹקְשׁ֗וֹת פֹּ֣עֲלֵי אָֽוֶן׃ 10 יִפְּל֣וּ בְמַכְמֹרָ֣יו רְשָׁעִ֑ים יַ֥חַד אָ֝נֹכִ֗י עַֽד־אֶעֱבֽוֹר׃
ညဥ့်ဦးယံဆုတောင်း
1 အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ အလျင်အမြန် ကြွလာတော်မူပါ။ ကိုယ်တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ်၏စကားသံကို နားထောင်တော်မူပါ။ 2 အကျွန်ုပ်၏ပတ္ထနာသည် မီးရှို့သောနံ့သာပေါင်းကဲ့သို့လည်းကောင်း၊ လက်ကိုချီခြင်းသည် ညဉ့်ဦးယံ ပူဇော်သကာကဲ့သို့လည်းကောင်း၊ ရှေ့တော်၌ ပြင်ဆင်လျက်ရှိပါစေသော။ဗျာ၊ ၅:၈။3 အိုထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ရှေ့မှာ ကင်းကိုထားတော်မူပါ။ အကျွန်ုပ်၏နှုတ်ခမ်းတံခါးကို စောင့်တော်မူပါ။ 4 ဒုစရိုက်ကို ပြုသောသူတို့နှင့်အတူ အကျွန်ုပ်ပါ၍၊ မတရားသောအမှု၊ ဒုစရိုက်အမျိုးမျိုး၌ ကျင်လည်စေခြင်းငှာ၊ အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းသောအမှုအရာသို့ သွေးဆောင်တော်မမူပါနှင့်။ ထိုသူတို့၏ခဲဖွယ်စားဖွယ်တို့ကို အကျွန်ုပ်မစားပါစေနှင့်။ 5 ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကို ဒဏ်ခတ်ပါစေသော၊ ကျေးဇူးရှိပါလိမ့်မည်။ ဆုံးမပါစေသော၊ အကျွန်ုပ်ဦးခေါင်းကို လိမ်းသောဆီဖြစ်ပါလိမ့်မည်။ ထပ်၍ ပြုသော်လည်း အကျွန်ုပ်မငြင်းပါ။ ယခုမူကား၊ သူတစ်ပါးပြုသော အဓမ္မအမှုတစ်ဖက်၌ ဆုတောင်းရပါ၏။ 6 သူတို့၏အကဲအမှူးတို့သည် ကျောက်တွင်းနားမှလွတ်၍၊ အကျွန်ုပ်၏စကားကို ကြားရကြပါ၏။ ထိုစကားလည်း ချိုပါ၏။ 7 မြေပေါ်မှာ ထင်းကိုခုတ်၍ ခွဲသကဲ့သို့၊ မရဏနိုင်ငံတံခါးဝမှာ အကျွန်ုပ်တို့၏အရိုးများတို့သည် ကွဲပြားလျက် ရှိကြပါ၏။ 8 အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်မျှော်ကြည့်ပါ၏။ ကိုယ်တော်၌ ခိုလှုံပါ၏။ အကျွန်ုပ်၏အသက်ကို သွန်ပစ်စေတော်မမူပါနှင့်။ 9 အကျွန်ုပ်ဖို့ ထောင်ထားကြသော ကျော့ကွင်းမှလည်းကောင်း၊ ဒုစရိုက်ကို ပြုသောသူတို့၏ ညွှတ်မှလည်းကောင်း၊ အကျွန်ုပ်ကို လွတ်စေတော်မူပါ။ 10 ထိုသို့ အကျွန်ုပ်သည်လွန်သွားသောအခါ၊ မတရားသောသူအပေါင်းတို့သည် မိမိတို့ကျော့ကွင်းထဲသို့ ကျကြပါစေသော။