Alma
A alma é a parte mais íntima do ser humano — sede da vida, dos afetos e do encontro com Deus. A Bíblia convida a cuidar da alma com zelo e a aquietá-la diante do Senhor.
A alma diante de Deus
Bendize ao Senhor, ó minha alma! A alma suspira por Deus como a corça suspira pelas águas — com sede de eternidade.
ဘုရားသခင်၏မေတ္တာတော်
အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးပေးလော့။ ငါ၏အထဲမှာရှိသမျှတို့၊ သန့်ရှင်းသောနာမတော်ကို ကောင်းချီးပေးကြလော့။
ဘုရားသခင်အားတောင့်တခြင်း
"ဒါဝိဒ်သည် ယုဒတော၌ရှိသောအခါ စပ်ဆိုသောဆာလံ။"
အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိ သွေ့ခြောက်သောလွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏။ အကျွန်ုပ်၏ ကိုယ်ခန္ဓာသည်လည်း ကိုယ်တော်ကို လွမ်းဆွတ်ပါ၏။
အိုငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာ အဘယ်ကြောင့် မငြိမ်မဝပ်ရှိသနည်း။ ဘုရားသခင်ကို မျှော်လင့်လျက်နေလော့။ ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာ ပြုရလေအံ့သတည်း။
ထာဝရဘုရားသာလျှင်ကွယ်ကာရာ
အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏။ ငါ့ကို ကယ်တင်ခြင်းအကြောင်းသည် အထံတော်က သက်ရောက်ရ၏။
ထာဝရဘုရားကို ငါစောင့်လျက်နေ၏။ ငါ့ဝိညာဉ်သည် စောင့်လျက်နေ၏။ နှုတ်ကပတ်တော်ကို ငါမျှော်လင့်၏။
ရှေ့တော်၌ သီချင်းဆိုသောအခါ၊ ရွှင်လန်းသောနှုတ်ရှိပါလိမ့်မည်။ ရွေးတော်မူသော အကျွန်ုပ်၏ ဝိညာဉ်လည်း ရွှင်လန်းပါလိမ့်မည်။
ဘုရားသခင်၏တရားတော်
ထာဝရဘုရား၏တရားတော်သည် စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်၏။
ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်ကပ်ကိုပင် ဖန်ဆင်း၍၊ အမိဝမ်းထဲမှာ အကျွန်ုပ်ကို ဖုံးအုပ်တော်မူပြီ။ အကျွန်ုပ်သည် ကြောက်မက်ဖွယ်သော လက္ခဏာ၊ ထူးဆန်းသော လက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းပါမည်။ ပြုပြင်တော်မူသော အမှုတို့သည် အံ့ဩဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏ စိတ်ဝိညာဉ်သည် အမှန်သိပါ၏။
အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သစ္စာမရှိသောနှုတ်မှလည်းကောင်း၊ လှည့်စားတတ်သော လျှာမှလည်းကောင်း ကယ်နုတ်တော်မူပါ။
Cuidar da alma
Que aproveita ao homem ganhar o mundo inteiro e perder a sua alma? Buscar a Deus de toda alma é o caminho da vida.
လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။-
ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့၊-
တစ်နည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။-
သို့သော်လည်း၊ ထိုအရပ်တို့၌ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို တစ်ဖန်ရှာလိုသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့ရှာလျှင် တွေ့ရကြလိမ့်မည်။
သို့ရာတွင် ထာဝရဘုရား၏ကျွန် မောရှေမှာထားသော ပညတ်တရားအတိုင်း ကျင့်၍၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်ခြင်း၊ လမ်းတော်အလုံးစုံတို့၌ လိုက်သွားခြင်း၊ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်း၊ ကိုယ်တော်၌ ဆည်းကပ်ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်းငှာကြိုးစား၍ သတိပြုကြလော့ဟုမှာထားလျက်၊
ငါသော်ကား၊ မြေသားအပေါင်းတို့သွားရာလမ်းသို့ ယနေ့သွားလုပြီ။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အဖို့ မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏။
ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့် ရှာလျှင် တွေ့ကြလိမ့်မည်။
ဘုရားသခင်၏တရားကိုငြင်းပယ်ခြင်း
ထာဝရဘုရား မိန့်တော်မူသည်ကား၊ လမ်းနားမှာရပ်၍ ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍၊ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင်၊ စိတ်နှလုံးသက်သာကြလိမ့်မည်။ သို့ရာတွင်၊ ငါတို့သည် မလိုက်ဟု ပြန်ပြောကြ၏။
သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ဖြစ်၍၊ စိတ်ဝိညာဉ်၌ ချိုမြိန်လျက်၊ ကိုယ်အရိုးကို ကျန်းမာစေလျက်ရှိကြ၏။
အချင်းချစ်သူ၊ သင်၏စိတ်နှလုံးသည် ကောင်းစားသကဲ့သို့၊ သင်သည် အရာရာ၌ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိမည်အကြောင်း ငါဆုတောင်း၏။-