Chamada
A chamada de Deus é irrevogável. Ele nos chamou das trevas para a sua maravilhosa luz — para sermos santos, discípulos e instrumentos de sua graça no mundo.
Chamados por Deus
Fostes chamados para a liberdade. A chamada de Deus é dom irrevogável que nos convida à santidade e ao serviço.
နန်းနို့ဟှို ခေါ်တော်မူဟှူ သခင်ဟှာ သန့်ရှင်းတော်မူဟှူမျိုး နန်းနို့လေလည်း ပြုမူကျင့်ကြံရှင်းလေမာ သန့်ရှင်းမှုရှိဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ "ငါဟှာ သန့်ရှင်းတော်မူဟှူကြောန့် နန်းနို့လေဟှာ သန့်ရှင်းရှင်း ရှိဂေ့ရမယ်" ဆိုဘီး ရေးဟှားလေဟှယ်။
အယ်မျိုး ပြုမူဟှို့တွပ် နန်းနို့လေဟှို ဝီးကော့-က်တော်မူဘီ။ ခရစ်တော် ကိုယ်တိုင်ဘဲ့ နန်းနို့တွပ် ဒေါက်ခဝေဒနာလေဟှို ခံတော်မူဟှူကြောန့် ခေတော်ရာဟှို လိုက်ရှော့-က်ဟှို့တွပ် ပေါင်သတ်သေဟှို ထားတော်မူဘီ။
နန်းနို့လေဟှာ ကောန်းဂျီးမင်္ဂလာဟှို မွီဆစ်ခံရဟှို့တွပ် ခေါ်တော်မူရှင်းဟှို ခံရဂေ့ဟှူကြောန့် ဆိုးဟှို ဆိုးန ကဲ့ရဲ့ပြစ်တန်ရှင်းဟှို ကဲ့ရဲ့ပြစ်တန်ရှင်းန တုံ့ပ္လန်ဘဲ ကောန်းဂျီးဟှိုဘဲ့ ပေးဂေ့ပါ။
ဘုရားသခင်ဟှာ နို့လေကျင့်ဟှူ ကျင့်ဟှို ထော့-က်ထားတော် မှုဘဲန ရှေးကာလရော့-က်ခန်ဂဒဲဟှ ယေရှုခရစ်အားဖြင့် နို့လေတွပ် ကိုယ်တော်တိုင်ဘဲ့ ကြံစည်တော်မူဟှူ ကျေးဇူးတော်တိုင်း နို့လေဟှို ကယ်တန်ဘီး သန့်ရှင်းဟှူသူရာမာ ခေါ်ဟှားတော်မူဟှယ်။
နန်းနို့လေဟှို ခေါ်တော်မူဟှူသူဟှာ သစ်စာန ပ္လဲ့ဇောင်တော်မူဟှူကြောန့် အယ်မျိုး ပြုတော်မူလေ့မယ်။
နန်းနို့ဟှို ဘုရားသခင်ဟှ ဝီးကော့-က်ဘီး ခေါ်ဟှားဟှူကြောန့် မျှော်လင့်ဇာ တပါးဘဲ့ရှိမျိုး ကိုယ်ခန္ဓာတပါးဒဲ၊ ဝိညာဉ်တော်တပါးဒဲ ရှိဟှယ်။
အယ်ကြောန့် ငါဟှာ ဆုဟှိုရဟှို့တွပ် ပန်းတိုင်ဟှို ရှေ့ရှုဘီးဟှာ ပ္လေးဟှယ်။ အယ်ဆုဟှာ ထတ်ရပ်မာ သတ်ရှင်ဟှို့တွပ် ယေရှုခရစ်တော်ကြောန့် ဘုရားသခင်ဟှ ဖိခေါ်ဇာဘဲ့ ဖြစ်ဟှယ်။
A resposta à chamada
Deus é fiel, pelo qual fostes chamados. Ele nos escolheu, nos capacitou e nos enviou com propósito eterno.
သူ့ရဲ့ သားတော်ဖြစ်ဟှူ နို့လေရဲ့ သခင် ယေရှုခရစ်တော်ရဲ့ မိတ်သဟာယဖွဲ့ရှင်း ထဲဟှို နန်းနို့လေဟှို ခေါ်တော်မူဟှူ ဘုရားသခင်ဟှာ သစ်စာန ပ္လဲ့ဇောင်တော်မူလေဟှယ်။
နော့-က်ဘီး မြတ်ဟှူသူလေဟှို ဖယ်ရှားဟှို့တွပ် လောကမာ ဆင်းရဲဟှူသူ၊ ရေရာဘဲဟှူသူ၊ ယုတ်ညံ့ဟှူသူလေဟှို ဘုရားသခင် ဝီးကော့-က်တော်မူဟှယ်။ အယ်မျိုးဖြစ်ကြောန့် ဘုရားသခင်ရဲ့ ရှေ့တော်မာ ဖယ်လူလည်း ဝါကြွားဟှို့ကြောန်း မှေ့ဟှ။
ဘုရားသခင်ဟှို ရှစ်ဟှူသူ၊ ကြံစည်တော်တိုင်း ခေါ်တော်မူရှင်းခံရဟှူ သူလေရဲ့ ကောန်းဟှူ ကျိုးလေတွပ် ရှိမျှဂူလောင်းဟှာ တညီတညွတ်ဒဲ ပြုစုဂေ့ဟှယ် ဆိုဇာဟှို နို့လေ သိဂေ့ဟှယ်။
နန်းနို့ဟှာ အယ်မျိုး ကယ်တန်ဇာဟှို ခံရဘီး နို့လေရဲ့ သခင်ယေရှုခရစ်တော်နတူးဒူ ဖောင်းသရေတော်ဟှို ခံယူနိုင်ဂေ့ဟှို့တွပ် ဘုရားသခင်ဟှာ နို့လေ ဟောပြောကြေညာဟှူ ဒန်းကောန်းအားဖြင့် နန်းနို့ဟှို ဝီးကော့-က်လိုက်ဟှယ်။
ပေတရုဟှ "နန်းနို့ ပြစ်လေဟှို ခွမ့်လွှတ်ပေးဇာခံရဟှို့တွပ် နောန်ဒရဂေ့ဘီး ယေရှုခရစ်တော်ရဲ့ နာမန နန်းနို့ ယော့-က်စီတိုင်း ဗတ္တိဇံဟှိုခံဂေ့။ အယ်ဆိုဟှာ နန်းနို့ဟှာ ဆုလတ်ဆောန်ဖြစ် သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ရဂေ့လေ့မယ်။
နန်းနို့ဟှာ ငါ့ဟှို ဝီးကော့-က်ဟှားဇာ မှုဟှ။ သွားဘီးဟှာ တည်မြဲဟှူသီးလေ ဘောင်ဂီးသီးဟှို့တွပ် နန်းနို့ဟှို ဝီးကော့-က်ဘီး ခန့်အပ်ဟှားဟှယ်။ အယ်ကြောန့် ငါ့နာမအားဖြင့် နန်းနို့တောန်းဇာလေ ဂူလောင်းဟှို ဖဟှ ပေးတော်မူလေ့မယ်။