Morte
A morte é a realidade que todos enfrentam, mas para o cristão ela não é o fim. A Bíblia ensina que Cristo venceu a morte e nos dá a esperança da ressurreição e da vida eterna.
Cristo venceu a morte
Onde está, ó morte, o teu aguilhão? Cristo destruiu o poder da morte e nos deu a vitória pela ressurreição.
"အို၊ မရဏနိုင်ငံ၊ နန့်ရဲ့ အောန်မြင်ရှင်းဟှ ဖယ်မာရှိနူး။
အို၊ သေမန်း၊ နန့်ရဲ့ လတ်နတ်ဟှ ဖယ်မာရှိနူး။"
သေမန်းရဲ့ လတ်နတ်တဂိုးဟှာ ပြစ်ဒုစရိုက် ဖြစ်ဟှယ်။ ဒုစရိုက်ပြစ်ရဲ့ တဂိုးဟှာ ပညတ်တရား ဖြစ်ဟှယ်။ အယ်ဘေမဲ့ နို့လေရဲ့ သခင် ယေရှုခရစ်တော်အားဖြင့် အောန်မြင်မှုဟှို ပေးတော်မူဟှူ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှာ ကီးမားလှပါဟှယ်!
ဖျစ်ဆီးခံရမယ့် နော့-က်ဆောင်းဟှူ ရန်သူဟှာ သေမန်းဘဲ့ ဖြစ်ဟှယ်။
ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူတယော့-က်အားဖြင့် အယ်လောကထဲမာ သေရှင်းတရားဖြစ်ပေါ်လာဟှူမျိုး လူတယော့-က်အားဖြင့်ဘဲ့ သေရှင်းဟှ ရှင်ပ္လန်ထမြော့-က်ရှင်းတရားဟှာလည်း ဖြစ်ပေါ်လာဟှယ်။
လူလေ ဂူလောင်းဟှာ အာဒံအားဖြင့် သေဂေ့ရဟှူမျိုး လူလေ ဂူလောင်းဟှာ ခရစ်တော်အားဖြင့် သတ်ရှင်ရှင်းဟှို ရော့-က်ရလေ့မယ်။
အယ်စကားလေဟှာ သစ်စာစကား ဖြစ်ဟှယ်။
နို့လေဟှာ ကိုယ်တော်နတူးဒူ သေဟှယ် ဆိုဟှာ
ကိုယ်တော်နတူးဒူ သတ်ရှင်လေ့မယ်။
ပထမ ထမြော့-က်ရှင်းမာ ပါဟှူသူဟှာ မင်္ဂလာရှိဟှူသူ၊ သန့်ရှင်းဟှူသူ ဖြစ်ဟှယ်။ ဒုတိယ သေရှင်းဟှာ သူးနို့လေထတ်မာ တဂိုးမှေ့ဟှမ်း။ သူးနို့ဟှာ ဘုရားသခင်န ခရစ်တော်ရဲ့ ယဇ်ပုရောဟိတ်လေ ဖြစ်ဂေ့ဘီး ခရစ်တော်နတူးဒူ နှစ်တထောန် အောက်စိုးဂေ့လေ့မယ်။
A esperança da vida eterna
Jesus disse: 'Eu sou a ressurreição e a vida.' Quem crê nele não está morto, mas apenas adormecido — e um dia despertará para a glória.
ယေရှုဟှာ သူ့ဟှို "ငါဟှာ ရှင်ပ္လန်ထမြော့-က်ရှင်း ဖြစ်ဟှယ်။ သတ်လည်း ဖြစ်ဟှယ်။ ငါ့ဟှို ယောင်ကြည်ဟှူ လူလေဟှာ သေဟှားဘေမဲ့လည်း ပ္လန်ရှင်လေ့မယ်။ ငါ့ဟှို ယောင်ကြည်ဘီး သတ်ရှင်နေဟှူ လူလေဟှာ ကာလစဉ်ဆစ် သေရလေ့ဟှို့ မှုဟှ။ အယ်မူဇာဟှို နန်ယောင်ကြည်ဘဲ့လော" ဆိုဘီး မေးတော်မူလေဟှယ်။
ယေရှုဟှာ သူ့ဟှို "ငါဟှာ ရှင်ပ္လန်ထမြော့-က်ရှင်း ဖြစ်ဟှယ်။ သတ်လည်း ဖြစ်ဟှယ်။ ငါ့ဟှို ယောင်ကြည်ဟှူ လူလေဟှာ သေဟှားဘေမဲ့လည်း ပ္လန်ရှင်လေ့မယ်။ ငါ့ဟှို ယောင်ကြည်ဘီး သတ်ရှင်နေဟှူ လူလေဟှာ ကာလစဉ်ဆစ် သေရလေ့ဟှို့ မှုဟှ။ အယ်မူဇာဟှို နန်ယောင်ကြည်ဘဲ့လော" ဆိုဘီး မေးတော်မူလေဟှယ်။
ငါ့သိုးလေဟှာ ငါ့သံဟှို နားထောန်ဂေ့ဟှယ်။ ငါဟှလည်း သူးနို့ဟှို သိဘီး သူးနို့ဟှာ ငါ့နော့-က်လိုက်ဂေ့ဟှယ်။ ထာဝရသတ်ဟှိုလည်း ငါပေးဟှယ်။ အယ်သိုးလေဟှာ လောင်းဝ သေရလေ့ဟှို့ မှုဟှ။ ဖယ်လူလည်း သူးနို့ဟှို ငါ့နားဟှနေ လုယူနိုင်ဂေ့ဟှ။
ဘုရားသခင်ဟှာ လောကသားလေဟှို ရရာတိုင်း ရှစ်ဟှူကြောန့် သူ့ရဲ့ တပါးဒဲရှိဟှူ သားတော်ဟှို ပေးလေဟှယ်။ အယ်ကြောန့် သားတော်ဟှို ယောင်ကြည်ဟှူ လူတိုင်းဟှာ ပျစ်စီးဘဲ့န ထာဝရသတ်ဟှို ရမယ်။
သခင်ဘုရား ကြွလာတော်မူဟှူကြောန်း
ညီကို မောန်နှမလေ သေဟှားဘီးန မျှော်လင့်ရှင်းမှေ့ဘဲဟှူ သူလေမျိုး နန်းနို့လေ ကြေကွဲဝန်းနဲရှင်း ဖြစ်ဘဲဟှို့တွပ် နို့လေဟှာ သေဟှားဘီးသူလေနဆိုင်ဟှူ မှန်တရားဟှို နန်းနို့လေသိစေရှင်ပါဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယေရှုဟှာ သေခံတော်မူဘီးန ရှင်ပ္လန်ထမြော့-က်ရှင်းဟှို နို့လေယောင်ကြည်ဟှယ် ဆိုဟှာ ဘုရားသခင်ဟှ ယေရှုဟှို ယောင်ကြည်ဘီး သေဟှားသူလေဟှိုလည်း အယ်သခင်နတူးဒူ ပို့ဆောန်တော်မူလေ့မယ်။
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကြွေးကြော်ဟှူသံ၊ ကောန်းဂန်တမန်မန်းရဲ့သံ၊ ဘုရားသခင်ရဲ့ တံပိုးမှုဟှူသံလေနတူးဒူ သခင်ဘုရားကိုယ်တိုင် ကောင်းဂန်ဘောင်ဟှ ဆင်းကြွလာဘီး ခရစ်တော်နှိုက် သေဟှားဘီးသူလေဟှာ ရင်ဦးဆောင်း ထမြော့-က်ဂေ့လေ့မယ်။ အယ်ခီမာ သတ်ရှင်ဘီး ကျန်နေဟှူနို့လေဟှာ အာကာသကောန်းဂန်ထတ်မာ သခင်ဘုရားန တွိဆောင်ဟှို့တွပ် အယ်သူလေနတူးဒူ မိုးတီထတ်ဟှို ခီဆောန်ခံရဘီး သခင်ဘုရားနတူးဒူ မြဲဒမ်းနေရဂေ့လေ့မယ်။
Não temas a morte
Não temas os que matam o corpo. Para o cristão, viver é Cristo e morrer é lucro. O vale da sombra da morte não assusta quem caminha com o Pastor.
ကိုယ်ခန္ဓာဟှိုဘဲ့ သတ်နိုင်ဘီးဟှာ သတ်ဝိညာဉ်ဟှို သတ်နိုင်ဂေ့ဘဲသူလေဟှို ကြော့-က်ဂေ့န။ ကိုယ်ခန္ဓာန သတ်ဝိညာဉ်ဟှို ငရဲမာ ဖျစ်ဆီးနိုင်သူဟှိုဘဲ့ ကြော့-က်ဂေ့ပါ။
ဖယ်သူဘဲ့ဖြစ်ဖြစ် သူ့ရဲ့သတ်ဟှို ကယ်တန်ရှင်ဟှယ် ဆိုဟှာ သတ်ရှောင်းရလေ့မယ်။ အယ်ဘေမဲ့ ဖယ်သူဘဲ့ဖြစ်ဖြစ် ငါ့တွပ်န သတ်ရှောင်းဟှယ် ဆိုဟှာ သတ်ဟှို ရလေ့မယ်။
သတ်ရှင်ဇာဟှာ ဖယ်မျိုးနူး။ ငါသတ်ရှင်နေဇာဟှာ ခရစ်တော်ဘဲ့ဖြစ်ဟှယ်။ သေမယ် ဆိုဟှာ ပိုဘီး ဟှာ ကျိုးရှိဟှယ်။
ငါ့မာ စိနှေ့ခွ ဖြစ်ဘီးနေဟှယ်။ ငါဟှာ အယ်ဘဝဟှို စွန့်ဘီးဟှာ ခရစ်တော်နတူးဒူ နေရှင်ဟှယ်။ အယ်မျိုးလောက်ဇာဟှာ ငါ့တွပ် ပိုဘီး ကျိုးရှိဟှယ်။ အယ်ဘေမဲ့ နန်းနို့လေရဲ့ကျိုးလေဟှို ထော့-က်ဟှူကြောန့် ငါဟှာ အယ်ကိုယ်ခန္ဓာမာ သတ်ရှင်ဘီးနေဟှို့တွပ် ပိုဘီး ဟှာ ရေးကီးဟှယ်။
နို့လေဟှ ကောန်းဂန်နိုင်ငံသား ဖြစ်ဟှူကြောန့် ကောန်းဂန်ဘောင်မာ နို့လေရဲ့ ကယ်တန်ရှင် သခင်ယေရှုခရစ်တော် ကြွလာဟှူဇာဟှို စောန့်မျှော်ဘီး ရှိနေဂေ့ဟှယ်။ ကိုယ်တော်ဟှာ ရာအားလာင်းဂူဟှို သူ့ရဲ့ အာဏာစစ်အော့-က်မာ ရော့-က်စေဟှူ တဂိုးတော်ကြောန့် နို့လေရဲ့ သေတတ်ဟှူ ကိုယ်ခန္ဓာဟှို ဖောင်းသရေတော်န ပ္လဲ့ဇောင်ဟှူ ကိုယ်ခန္ဓာနတူအောန် ပ္လောန်းလဲပေးလေ့မယ်။
နို့လေ သတ်ရှင်ဟှာ သခင်ဘုရားတွပ်ဖြစ်ဘီး သေဟှာလည်း သခင်ဘုရားတွပ် ဖြစ်ဟှယ်။ အယ်ကြောန့် နို့လေသတ်ရှင်နေဟှူဘဲ့ဖြစ်ဖြစ်၊ သေဟှူဘဲ့ဖြစ်ဖြစ် သခင်ဘုရား ပိုင်ဆိုင်လေဟှယ်။
A eternidade nos aguarda
Deus enxugará toda lágrima. A morte será o último inimigo destruído. Para os salvos, a morte é a porta de entrada na presença eterna de Deus.
အယ်ဘီးန ပလ္လင်ထဲဟှ ရရာတိုင်း က္လယ်ဟှူသံဟှ "ကေ့ကေ့ပါ။ ဘုရားသခင်နေဟှူ တဲတော်ဟှာ လူလေထဲမာရှိဘီး ကိုယ်တော်ဟှာ သူးနို့နတူးဒူ စံမြန်းမယ်။ သူးနို့ဟှလည်း ကိုယ်တော်ရဲ့ လူမျိုးတော်ဖြစ်ဂေ့ဘီး၊ ဘုရားသခင်ကိုယ်တိုင် သူးနို့လေနရှိဘီး သူးနို့လေရဲ့ ဘုရားသခင် ဖြစ်တော်မူမယ်။ ကိုယ်တော်ဟှာ သူးနို့လေရဲ့ မျစ်စိဟှ မျစ်ရယ်ရှိမျှဟှို သုပေးလေ့မယ်။ သေရှင်းလည်း ရှိဟှို့မှုဘီ။ ဝန်းနဲကြွေကွဲဇာ၊ ငိုဇာန နာကျင်ဟှူ ဝေဒနာလေလည်း ရှိဟှို့မှုဘီ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ရင်းရင်ဒူးဟှ ဖြစ်ဟှားဟှူ ဇာလေဟှာ ပျော့-က်ဟှားဘီ" ဆိုဘီး ပြောဇာဟှို ငါကြားရဟှယ်။
ကိုယ်တော်ဟှာ သူးနို့လေရဲ့ မျစ်စိဟှ မျစ်ရယ်ရှိမျှဟှို သုပေးလေ့မယ်။ သေရှင်းလည်း ရှိဟှို့မှုဘီ။ ဝန်းနဲကြွေကွဲဇာ၊ ငိုဇာန နာကျင်ဟှူ ဝေဒနာလေလည်း ရှိဟှို့မှုဘီ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ရင်းရင်ဒူးဟှ ဖြစ်ဟှားဟှူ ဇာလေဟှာ ပျော့-က်ဟှားဘီ" ဆိုဘီး ပြောဇာဟှို ငါကြားရဟှယ်။
လူဟှာ တခါဘဲ့ သေရဘီး အယ်ဘီးန တရားစီရင်ဇာဟှို ခံရဟှူမျိုး၊
ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေယောင်ကြည်ရှင်းဟှာ သေရှင်းတရားဘဲ့ဖြစ်ဖြစ်၊ သတ်ရှင်ရှင်းဘဲ့ဖြစ်ဖြစ်၊ ကောန်းဂန်တမန်ဘဲ့ဖြစ်ဖြစ်၊ ထွဋ်မြတ်ဘဲ့ဖြစ်ဖြစ်၊ အာဏာတဂိုးဘဲ့ဖြစ်ဖြစ်၊ ပစ္စုပ္ပန်ဘဲ့ဖြစ်ဖြစ်၊ နာဂတ်ဘဲ့ဖြစ်ဖြစ်၊ ကောန်းဂန်ထတ်ရာဘဲ့ဖြစ်ဖြစ်၊ မ္လေဂီးအော့-က်ရာဘဲ့ဖြစ်နေပါစေ၊ ဖန်ဆင်းခံဟှားဇာ ဖယ်ဇာမဆို သခင် ယေရှုခရစ်တော်အားဖြင့် ခံစားရဟှူ ဘုရားသခင်ရဲ့ မြစ်တာတော်န နို့လေဟှို ကွာစေနိုင်ဟှူဇာ ခုလည်း မှေ့ဟှ ဆိုဘီး ငါ ယောင်ကြည်စိခ္လဟှယ်။
ဖြောန့်မတ်ဟှူ သူလေတွပ်ကြောန့် သေခံပေးဟှို့သူ ရှိဟှို့ခဲယဉ်းဟှယ်။ သူတော်ကောန်းတွပ်ကြောန့် သေခံရဲဟှူသူလေ ရှိရှင်ဟှာရှိလေ့မယ် မှန်စေဝေါ့။ အယ်ဘေမဲ့ နို့လေပြစ်ရှိနေဟှူ ခီမာဘဲ့ ခရစ်တော်ဟှာ နို့လေတွပ် သေခံတော်မူဟှူဇာအားဖြင့်၊ ဘုရားသခင်ဟှာ နို့လေဟှို ဖယ်မျှလော့-က် ရှစ်နူးဆိုဇာဟှို ထန်းထန်ရှားရှား ဖော်ပြတော်မူလေဟှယ်!
နော့-က်ဘီးဟှာ လူတယော့-က် ပြစ်မှားကြောန့် သေရှင်းတရားဟှာ အယ်သူအားဖြင့် စပြုဘီး ဝမ်ရော့-က်လာဟှယ် ဆိုဟှာ တယော့-က်သောသူဖြစ်ဟှူ ယေရှုခရစ်တော်ရဲ့ လောက်ဆောန်ရှင်းအားဖြင့် ဘုရားသခင်ရဲ့ ကြွယ်ဝဟှူ ကျေးဇူးတော်န ဖြောန့်မတ်ရှင်း ကောန်းဂျီးဟှို ခံစားခွမ့်ရဟှူ သူလေဟှာ ယေရှုခရစ်အားဖြင့် သတ်ရှင်ဘီး စိုးစံလေ့မယ်!
ပြစ်တရားရဲ့ ခဟှာ သေရှင်းဘဲ့ဖြစ်ဟှယ်။ အယ်ဘေမဲ့ ဘုရားသခင် အလဂါးပေးတော်မူဟှူ ဆုကျေးဇူးတော်ဟှာ နို့လေရဲ့ သခင် ယေရှု ခရစ်တော်အားဖြင့် ထာဝရသတ် ဖြစ်လေဟှယ်။
A morte na perspectiva bíblica
Há tempo de nascer e tempo de morrer. A morte é realidade humana, mas Deus é Senhor tanto dos vivos quanto dos mortos.
ယေရှုဟှာ "ဖ! ကျွန်တော့်ရဲ့ ဝိညာဉ်ဟှို ဖရဲ့လတ်ထဲမာ အပ်ပါဟှယ်!" ဆိုဘီး သံက္လယ်ဂီးန အော်တော်မူဘီးန သတ်ချောက်တော်မူလေဟှယ်။
သူဟှာ မရဏာနိုင်ငံမာ ဝေဒနာဟှို ဆိုးဆိုးဝါးဝါး ခံနေရဘီး မော့ကေ့လိုက်ဇာ အာဗြဟံန အာဗြဟံရဲ့ ဘေးမာ လာဇရုဟှိုလည်း ဗြင်လိုက်ရဟှယ်။ အယ်ကြောန့် သူဟှ ‘ဖအာဗြဟံ! ကျွန်တော့်ဟှို သနားပါ။ ကျွန်တော်ဟှာ အယ်မီးဘောင်ထဲမာ ဝေဒနာဟှို ဆိုးဆိုးဝါးဝါး ခံနေရကြောန့် လာဇရုရဲ့ လတ်ဖျားဟှို ရေဆွတ်ဘီး ကျွန်တော့်လျှာဟှို အေးစေဟှို့ သူ့ဟှို စေလွှတ်ပေးပါ!’ ဆိုဘီး အော်ပြောလေဟှယ်။
အယ်မျိုးလိုရှင်ဟှူ ဆန္ဒလေဟှာ ကိုယ်ဝန်ဆောန်ဘီးဟှာ ဒုစရိုက်ဟှို မွီးဖွားစေဟှယ်။ ဒုစရိုက်ဟှာ ကီးလာဟှူ ခီမာ သေရှင်းဟှို မွီးဖွားစေဟှယ်။