A segunda vinda de Cristo
A segunda vinda de Cristo é a esperança suprema da Igreja. Jesus prometeu que voltará com poder e grande glória para julgar os vivos e os mortos e estabelecer seu Reino eterno.
A promessa do retorno
Jesus prometeu voltar. Os anjos declararam que Ele virá da mesma forma como ascendeu. A Igreja aguarda esse dia glorioso com expectativa.
အယ်လူလေဟှာ "ဂါလိလဲနယ်သားလေ၊ နန်းနို့ဟှ ဖြားဖြစ်ကြောန့် ရပ်ဘီးဟှာ ကောန်းဂန်ဟှို ကေ့နေဂေ့နူး။ နန်းနို့နားဟှနေ ကောန်းဂန်ဘောင်ဟှို တတ်ကြွဟှားဟှူ အယ်ယေရှုဟှာ ကောန်းဂန်ဟှို တတ်ကြွဟှားဇာဟှို နန်းနို့ ဗြင်ရမျိုးဘဲ့ ပ္လန်ဘီး ကြွလာလေ့မယ်" ဆိုဘီး ပြောဂေ့ဟှယ်။
ကိုယ်တော် တတ်ကြွဟှားဇာဟှို သူးနို့လေဟှာ ကောန်းဂန်ဟှို စေ့စေ့ကေ့နေဂေ့ဟှယ်။ အယ်ခီမာ ဝတ်ဖ္လူစင်ကြယ်န လူနှေ့ယော့-က်ဟှာ ရောက်တရစ် သူးနို့ရဲ့ နားမာ ရပ်နေဘီး အယ်လူလေဟှာ "ဂါလိလဲနယ်သားလေ၊ နန်းနို့ဟှ ဖြားဖြစ်ကြောန့် ရပ်ဘီးဟှာ ကောန်းဂန်ဟှို ကေ့နေဂေ့နူး။ နန်းနို့နားဟှနေ ကောန်းဂန်ဘောင်ဟှို တတ်ကြွဟှားဟှူ အယ်ယေရှုဟှာ ကောန်းဂန်ဟှို တတ်ကြွဟှားဇာဟှို နန်းနို့ ဗြင်ရမျိုးဘဲ့ ပ္လန်ဘီး ကြွလာလေ့မယ်" ဆိုဘီး ပြောဂေ့ဟှယ်။
ယေရှုဟှာ ဖနားဟှို သွားဟှူလမ်းဖြစ်ဟှူကြောန်း
ယေရှုဟှာ သူးနို့ဟှို "နန်းနို့လေ စိပူဂေ့န။ ဘုရားသခင်ဟှို ယောင်ကြည်ဂေ့။ ငါ့ဟှိုလည်း ယောင်ကြည်ပါ။ ငါ့ဖရဲ့ အီတော်မာ ခန်းလေ ဘောင်ဂီးရှိဟှယ်။ နန်းနို့တွပ် နေရာဟှို ပြင်ဆင်ဟှို့တွပ် ငါသွားရမယ်။ ခန်းလေမှေ့ဟှ ဆိုဟှာ နန်းနို့ဟှို အယ်မျိုး ပြောဟှို့ မှုဟှ။ နန်းနို့တွပ် နေရာဟှို သွားပြင်ဆင်ဘီးန ငါပ္လန်လာဘီး ငါရှိဟှူနေရာမာ နန်းနို့ရှိနေဟှို့တွပ် နန်းနို့ဟှို ငါနားဟှို ခေါ်ဆောန်မယ်။
အယ်ကြောန်းရာလေဟှို သတ်သေခံဟှူ သခင်ဟှာ "မှန်ပါဟှယ်! ငါဟှာ ဗြန်းဗြန်ဟှားလာမယ်!" ဆိုဘီး မိန့်တော်မူလေဟှယ်။
အာမင်! သခင်ယေရှု ကြွလာတော်မူပါ!
အယ်ကြောန်းရာလေဟှို သတ်သေခံဟှူ သခင်ဟှာ "မှန်ပါဟှယ်! ငါဟှာ ဗြန်းဗြန်ဟှားလာမယ်!" ဆိုဘီး မိန့်တော်မူလေဟှယ်။
အာမင်! သခင်ယေရှု ကြွလာတော်မူပါ!
ယေရှုဟှ "နားထောန်ပါ။ ငါဟှာ ဗြန်းဗြန်ဟှားလာမယ်။ ငါပေးဟှို့ ကျိုးပြစ်လေဟှို ယူလာဘီး လူလေ ဂူလောင်းဟှို သူးနို့လောက်ဟှူ ဇာလေတိုင်း ငါပေးမယ်။
Os sinais dos tempos
Jesus descreveu os sinais que precederão sua volta: falsos profetas, guerras, fome, terremotos e tribulação. Devemos discernir os tempos sem nos alarmar.
ဆင်းရဲဒေါက်ခလေန ညှဉ်းဆဲနှိစစ်မှုလေကြောန်း
ယေရှုဟှာ သံလွင်တောန်ထတ်မာ ထိုင်နေဟှူခီ တဗဲ့တော်လေဟှာ တခြားလူလေပါဘဲန ကိုယ်တော်နားဟှို လာဂေ့ဟှယ်။ သူးနို့ဟှ "အယ်မူဇာလေဟှာ ဖယ်ခီမာ ဖြစ်မယ်နူး၊ ကိုယ်တော်ကြွလာဟှူခီန ကမ္ဘာကူဆောင်းဟှူ ခီမာ ဖြားနိမိတ်လေ ဖြစ်ပေါ်လာမယ်နူး၊ ကျွန်တော်ဟှားလေဟှို မိန့်တော်မူပါ" ဆိုဘီး လျှော့-က်ဂေ့လေဟှယ်။
ယေရှုဟှ "နန်းနို့လေဟှို ဖယ်သူလည်း လှည့်ဇားဘဲနေအောန် ဒိထားဂေ့ပါ။ လူလေဘောင်ဂီးဟှ ‘ငါဟှာ ခရစ်တော်ဖြစ်ဟှယ်!’ ဆိုဘီး ငါ့နာမဟှို သောင်းဘီးဟှာ လူလေဟှို လှည့်ဇားဂေ့လေ့မယ်။ နန်းနို့လေဟှာ စစ်ပွဲလေန စစ်တိုက်ဟှူဒန်းလေဟှို ကြားရဂေ့လေ့မယ်။ အယ်ဘေမဲ့ ကြော့-က်လန့်ဂေ့န။ အယ်မူဇာလေဟှာ ဖြစ်လာရမယ်။ အယ်ဘေမဲ့ ဆောင်းဟှို ရော့-က်သေးဟှ။
"အယ်ဘီးဟှာ နန်းနို့လေဟှာ ညှဉ်းဆဲခံရဟှို့ အပ်ခံရဂေ့ဘီး သေသတ်ရှင်းဟှို ခံရဂေ့လေ့မယ်။ နန်းနို့လေဟှာ ငါ့နာမကြောန့် လူမျိုးလေ ဂူလောင်းရဲ့ မူးတီးဂေ့ဇာဟှို ခံရလေ့မယ်။ အယ်ခီမာ လူဘောင်ဂီးဟှာ သူးနို့ရဲ့ ယောင်ကြည်မှုဟှို စွန့်ပစ်လေ့မယ်။ သူးနို့ဟှာ ယော့-က်နယော့-က် မူးတီးဂေ့ဘီး သစ်စာဖော့-က်ဂေ့လေ့မယ်။ ပရောဖက် တုယောန်လေ ဘောင်ဂီး ပေါ်လာဂေ့လေ့မယ်။ အယ်ဘီးဟှာ လူလေဘောင်ဂီးဟှို လှည့်ဇားလေ့မယ်။
ဆိုးညစ်မှုလေ များပြားလာဟှိကြောန့် လူလေရဲ့ ရှစ်မြစ်တာဟှာ ခေါန်းဘားဟှားလေ့မယ်။ အယ်ဘေမဲ့ ဆောင်းထိ တည်ကြည်ဟှူသူဟှာ ကယ်တန်ရှင်းဟှို ခံရလေ့မယ်။
နိုင်ငံတော်ကြောန်း အယ်ဒန်းကောန်းဟှာ လူမျိုးတိုင်းဟှို သတ်သေဖြစ်ဟှို့တွပ် ကမ္ဘာတခုလောင်းမာ ဟောပြောဂေ့လေ့မယ်။ အယ်ဘီးမှ ဆောင်းဟှာ ရော့-က်လာလေ့မယ်။
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကမ္ဘာဦးဟှနေဘီး ခုခီထိ ဖြစ်ဖူးဘဲဟှူ ဆင်းရဲဒေါက်ခလေဟှာ အယ်ကာလမာ က္လရော့-က်လာလေ့မယ်။ အယ်မျိုးလည်း နော့-က်တခါဖြစ်လေ့ဟှို့မှုဘီ။ ဘုရားသခင်ဟှာ အယ်နေ့ရစ်လေဟှို တိုစေဘဲဟှ ဆိုဟှာ တယော့-က်လည်းဘဲ့ သတ်ဘေးဟှလွတ်ဟှို့ မှုဟှ။ အယ်ဘေမဲ့ ဘုရားသခင် ဝီးကော့-က်ဟှားဟှူ လူလေတွပ် အယ်နေ့ရစ်လေဟှို တိုစေတော်မူလေ့မယ်။
"အယ်ဘီးဟှာ ယော့-က်ယော့-က်ဟှ နန်းနို့ဟှို အယ်မျိုးပြောမယ် ဆိုဟှာ ‘ကေ့ကေ့ပါ။ အယ်နေရာမာ ခရစ်တော်ရှိဟှယ်!’ အယ်မျိုးမှုဘဲနေဟှာ ‘ဟှိုနေရာမာ ခရစ်တော်ရှိဟှယ်!’ ဆိုဟှာ ယောင်ကြည်ဂေ့န။ ဖြားဖြစ်နူးဆိုဟှာ မေရှိယ တုယောန်လေန ပရောဖက် တုယောန်လေဟှာ ပေါ်လာဘီး သူးနို့ဟှာ ဖြစ်နိုင်မယ် ဆိုဟှာ ဘုရားသခင် ဝီးကော့-က်ဟှားဟှူ လူလေဟှိုလည်း လှည့်ဇားဟှို့တွပ် ကီးမားဟှူ နိမိတ်လတ်ခဏာလေန အံ့ဩဘွယ်လေဟှို ပြဂေ့လေ့မယ်။ နားထောန်ဂေ့! အယ်မူဇာလေဖြစ်ခန် နန်းနို့လေဟှို ငါပြောဟှားဘီ။"
"အယ်ဘီးဟှာ ယော့-က်ယော့-က်ဟှ နန်းနို့ဟှို အယ်မျိုးပြောမယ် ဆိုဟှာ ‘ကေ့ကေ့ပါ။ အယ်နေရာမာ ခရစ်တော်ရှိဟှယ်!’ အယ်မျိုးမှုဘဲနေဟှာ ‘ဟှိုနေရာမာ ခရစ်တော်ရှိဟှယ်!’ ဆိုဟှာ ယောင်ကြည်ဂေ့န။ ဖြားဖြစ်နူးဆိုဟှာ မေရှိယ တုယောန်လေန ပရောဖက် တုယောန်လေဟှာ ပေါ်လာဘီး သူးနို့ဟှာ ဖြစ်နိုင်မယ် ဆိုဟှာ ဘုရားသခင် ဝီးကော့-က်ဟှားဟှူ လူလေဟှိုလည်း လှည့်ဇားဟှို့တွပ် ကီးမားဟှူ နိမိတ်လတ်ခဏာလေန အံ့ဩဘွယ်လေဟှို ပြဂေ့လေ့မယ်။ နားထောန်ဂေ့! အယ်မူဇာလေဖြစ်ခန် နန်းနို့လေဟှို ငါပြောဟှားဘီ။"
"အယ်ကြောန့် လူလေဟှ ‘ကေ့ကေ့ပါ။ မေရှိယဟှာ တောထဲမာရှိဟှယ်!’ ဆိုဘီး ပြောမယ် ဆိုဟှာ အယ်နေရာဟှို သွားဂေ့န။ ‘အီခန်းထဲမာရှိဟှယ်!’ ဆိုဘီး ပြောမယ် ဆိုဟှာလည်း ယောင်ကြည်ဂေ့န။
ပန်န သီးကြောန်း
"ကော့-က်ကျစ်ယောက်မာဘီး ကြမ်းထန်းဟှူ ဝံပုလွေလေမျိုး သိုးရေဟှို ခြောင်ဘီးဟှာ နန်းနို့လေနားဟှို လာမယ့် ပရောဖက်တုယောန်လေဟှို ဒိထားဂေ့ပါ။
လူမျိုးလေဟှာ သူးနို့ရှင်းရှင်း တိုက်ခိုက်လေ့မယ်။ နိုင်ငံလေဟှာ သူးနို့ရှင်းရှင်း တိုက်ခိုက်လေ့မယ်။ နေရာတိုင်းမာလည်း မ္လေငလျင်လေ လှော့-က်လေ့မယ်။ အယ်ဘီးဟှာ စားဇာ ရှားပါးလေ့မယ်။ အယ်ဇာလေဟှာ သားမွီးဟှူ ဝေဒနာရဲ့ စဖြစ်လေဟှယ်။
"နန်းနို့ ကိုယ်တိုင်ဟှာ ဒိရှိရမယ်။ နန်းနို့ဟှာ ဖမ်းခံရဂေ့ဘီး တရားရောင်းဟှို ခေါ်ဟှား ခံရဂေ့လေ့မယ်။ ဝါလယ်ဇရပ်လေမာလည်း နန်းနို့ဟှာ ရိုက်ခံရလေ့မယ်။ နန်းနို့ဟှာ ဗြို့ဝန်မန်းလေန မန်းဂီးလေ ရှေ့မာ မတ်တတ်ရပ်ဘီးဟှာ သူးနို့ဟှို ငါ့တွပ် သတ်သေဖြစ်စေလေ့မယ်။ အယ်ဘေမဲ့ ဆောင်းရော့-က်ခန်မာ ဒန်းကောန်းဟှို လူမျိုးဂူလောင်းဟှို ဟောပြောရလေ့မယ်။
လူလေဟှာ သူးနို့ရဲ့ ညီကိုရင်းဟှို သေစေဟှို့တွပ် အပ်ဂေ့လေ့မယ်။ အယ်ဘီးဟှာ ဖလေဟှ သူးနို့ရဲ့ သားမီးလေဟှို သေစေဟှို့တွပ် လောက်လေ့မယ်။ သားမီးလေဟှလည်း သူးနို့ရဲ့ မိဖလေဟှို ရန်ပြုဘီးဟှာ သေစေဟှို့တွပ် လောက်လေ့မယ်။ ငါ့နာမကြောန့် လူတိုင်းဟှ နန်းနို့လေဟှို မူးတီးလေ့မယ်။ အယ်ဘေမဲ့ ဆောင်းထိ တည်ကြည်ဟှူလူဟှာ ကယ်တန်ရှင်းဟှို ခံရလေ့မယ်။
နေရာတိုင်းမာ ကြော့-က်ဘွယ်လန့်ဘွယ် မ္လေဂီးလှောက်ရှင်းလေ၊ စာရေဇာ ရှားပါးရှင်းလေ၊ ကပ်ရောဂါလေ ဖြစ်ဂေ့လေ့မယ်။ ကောန်းဂန်ထတ်ဟှနေ ထူးဆန်းဘီး ကြော့-က်ဇာကောန်းဟှူ နိမိတ်လေ ပေါ်လာဂေ့လေ့မယ်။
A vinda gloriosa
Cristo virá nas nuvens com poder e grande glória, enviará seus anjos e reunirá seus escolhidos dos quatro ventos.
လူ့ရဲ့သား ကြွလာတော်မူဟှူကြောန်း
"အယ်နေ့ရစ်လေရဲ့ ဆင်းရဲဒေါက်ခလေ က္လရော့-က်လာဘီးန ရှစ်ရှင်းဘဲ့ နေဟှာ မှောန်မိုက်လေ့မယ်။ လဟှလည်း လန်းရောန်ပေးဟှို့ မှုဟှ။ ကြယ်လေလည်း ကောန်းဂန်ဟှ ကွီက္လလေ့မယ်။ ကောန်းဂန်တဂိုးလေဟှာ လှောက်ခါဂေ့လေ့မယ်။ အယ်ဘီးန လူ့သားရဲ့ နိမိတ်လတ်ခဏာဟှာ ကောန်းဂန်မာ ပေါ်ထွပ်လာလေ့မယ်။ လူ့ရဲ့သားဟှာ မိုးတီဟှို စီးဘီး ကီးမားဟှူ ဖောင်းတဂိုးန ကြွလာဟှူဇာဟှို ကမ္ဘာမ္လေမာရှိဟှူ လူမျိုးလေ ဂူလောင်းဟှာ ဗြင်ဂေ့ဟှူ ခီမာ ငိုကြွေးဂေ့လေ့မယ်။ အယ်ဘီးဟှာ လူ့ရဲ့သားဟှာ သံက္လယ်ဟှူ တံပိုးသံနတူးဒူ သူ့ရဲ့ ကောန်းဂန်တမန်လေဟှို ရပ်လေးမျစ်နှာဟှို စေလွှတ်လေ့မယ်။ အယ်ဘီးဟှာ သူးနို့ဟှာ ကိုယ်တော် ဝီးကော့-က်ဟှားဟှူ သူလေဟှို မ္လေဂီး တဖတ်စွန်းဟှနေဘီး မ္လေဂီး တဖတ်စွန်းထိအောန် စုသီးတော်မူလေ့မယ်။"
သဖန်းဗန်ရဲ့ သန်ဂန်းဇာကြောန်း
"သဖန်းဗန်ဟှနေ အယ်သင်ဂန်းဇာယူဂေ့။ သဖန်းဗန်လေမာ ခတ်လတ်လေဟှာ စီးစိုဘီး ဝပ်နုလေ ထွပ်လာခီဟှာ နွီကာလနီးလာဘီ ဆိုဇာဟှို နန်းနို့သိဂေ့လေဟှယ်။ အယ်မျိုးဘဲ့ နန်းနို့လေဟှာ အယ်မူဇာလေ ဂူလောင်းဟှို ဗြင်ရခီမာ လူ့ရဲ့သားဟှာ ခွဗော့-က်ဝနားဟှို ရော့-က်နေဘီဆိုဇာဟှို သိမှတ်ဂေ့ပါ။
ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူ့ရဲ့သားဟှာ သူ့ရဲ့ ကောန်းဂန်တမန်လေနတူးဒူ သူ့ဖရဲ့ ဖောင်းသရေတော်ဟှို ဆောန်ဘီးဟှာ ကြွလာတော်မူလေ့မယ်။ အယ်ဘီးဟှာ လူယော့-က်စီတိုင်းဟှာ သူးနို့ရဲ့ လောက်ဆောင်ဟှားတိုင်း ကျိုးပြစ်ဟှို ပေးတော်မူလေ့မယ်။
လူ့ရဲ့သား ကြွလာတော်မူဟှူကြောန်း
"နေ၊ လ၊ ကြယ်လေမာ ထူးဆန်းဟှူ နိမိတ်လေ ဖြစ်လေ့မယ်။ မ္လေဂီးထတ်ဟှ လူမျိုးလေ ဂူလောင်းဟှာ ပန်လယ်လှိုင်းတံပိုးသံကြောန့် စိပျစ်ဟှားဘီး ကြော့-က်လန့်ဂေ့လေ့မယ်။ ကောန်းဂန်ဟှ တဂိုးလေဟှာ လှောက်ခါဂေ့ဘီး လူလေဟှာ ကမ္ဘာထတ်ဟှို သတ်ရော့-က်လာဟှို့ ဇာလေတွပ် ကြိုတွီးဘီး ကြော့-က်လန့်လာဟှူကြောန့် မူးလှဲဂေ့လေ့မယ်။ အယ်ခီမာ လူ့ရဲ့သားဟှာ ကီးမားဟှူ ဖောင်းတဂိုးန မိုးတီဟှို စီးဘီး ကြွလာနေဇာဟှို သူးနို့လေ ဗြင်ရဂေ့လေ့မယ်။ အယ်မူဇာလေ စဘီး ဖြစ်လာဟှူ ခီမာ နန်းနို့ဟှို ဝီးကော့-က်ဟှို့ ခီဟှာ နီးလာဘီဖြစ်ဟှူကြောန့် မတ်တပ်ထဘီး နန်းနို့ရဲ့ ခေါန်းလေဟှို မော့ဟှားဂေ့" ဆိုဘီး မိန့်တော်မူလေဟှယ်။
အယ်ခီမာ လူ့ရဲ့သားဟှာ ကီးမားဟှူ ဖောင်းတဂိုးန မိုးတီဟှို စီးဘီး ကြွလာနေဇာဟှို သူးနို့လေ ဗြင်ရဂေ့လေ့မယ်။
အယ်ခီမာ မိုးတီထဲမာ ကီးမားဟှူ တဂိုးတော်န ဖောင်းသရေတော်လေနတူးဒူ လူ့ရဲ့သား ကြွလာဇာဟှို လူလေဟှာ ဗြင်ရဂေ့လေ့မယ်။ အယ်ဘီးန လူ့ရဲ့သားဟှာ ကောန်းဂန်တမန်လေဟှို ရပ်လေးမျစ်နှာဟှို စေလွှတ်ဘီး မ္လေဂီးစွန်းဟှနေ တခြားတဖတ်စွန်းထိ ဘုရားသခင်ရဲ့ ဝီးကော့-က်ဟှားဟှူ လူလေဟှို စုသီးလေ့မယ်။
ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကြွေးကြော်ဟှူသံ၊ ကောန်းဂန်တမန်မန်းရဲ့သံ၊ ဘုရားသခင်ရဲ့ တံပိုးမှုဟှူသံလေနတူးဒူ သခင်ဘုရားကိုယ်တိုင် ကောင်းဂန်ဘောင်ဟှ ဆင်းကြွလာဘီး ခရစ်တော်နှိုက် သေဟှားဘီးသူလေဟှာ ရင်ဦးဆောင်း ထမြော့-က်ဂေ့လေ့မယ်။ အယ်ခီမာ သတ်ရှင်ဘီး ကျန်နေဟှူနို့လေဟှာ အာကာသကောန်းဂန်ထတ်မာ သခင်ဘုရားန တွိဆောင်ဟှို့တွပ် အယ်သူလေနတူးဒူ မိုးတီထတ်ဟှို ခီဆောန်ခံရဘီး သခင်ဘုရားနတူးဒူ မြဲဒမ်းနေရဂေ့လေ့မယ်။ အယ်ကြောန့် အယ်မူစကားအားဖြင့် ယော့-က်နယော့-က် တိုက်တွန်းအားပေးဂေ့ပါ။
Vigilância e preparo
Ninguém sabe o dia nem a hora. Jesus nos ordena a vigiar, orar e estar prontos, pois Ele virá quando menos esperamos.
အယ်ကြောန့် ဒိနစောန့်နေဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေရဲ့ သခင်ဟှာ ဖယ်နေ့ရစ်မာ ရော့-က်လာမယ် ဆိုဇာဟှို နန်းနို့ သိဂေ့ဟှ။
အယ်ကြောန့် ဒိနစောန့်နေဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေရဲ့ သခင်ဟှာ ဖယ်နေ့ရစ်မာ ရော့-က်လာမယ် ဆိုဇာဟှို နန်းနို့ သိဂေ့ဟှ။
အယ်ကြောန့် နန်းနို့လေလည်း ဆင်သင့်ဖြစ်နေဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေ ထန်မှတ်ဘဲဟှူ ခီနာရီမာ လူ့ရဲ့သားဟှာ ကြွလာလေ့မယ်။"
ဒိရှိဟှို့ လိုအပ်ဟှူကြောန်း
"ဒိနနေဂေ့။ ပျော်လွန်ကြူးရှင်းလေ၊ သော့-က်စားယစ်မောရှင်းလေ၊ လောကီမှုရေး စိုးရိမ်ရှင်းလေကြောန့် နန်းနို့ရဲ့ စိနှလောင်းလေဟှာ လေးလံထိုင်းမှိုင်းနေဒူးမာ အယ်နေ့ရစ်ဟှာ ထောန်ချော့-က်မျိုးဘဲ နန်းနို့ထတ်ဟှို ရောက်တရစ် ရော့-က်လာလေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်နေ့ရစ်ဟှာ မ္လေဂီး တဗ္လန်လောင်းမာရှိဟှူ လူလေ ဂူလောင်းထတ်ဟှို က္လရော့-က်လာလေ့မယ်။ အယ်ကြောန့် နန်းနို့ဟှာ ဖြစ်လာဟှို့ဇာလေ ဂူလောင်းဟှနေ လွတ်မြော့-က်ဘီး လူ့သားရဲ့ ရှေ့တော်မာ မတ်တတ်ရပ်နိုင်ဟှို့တွပ် ခီတိုင်း ဒိနနေဘီး ဆုတောန်းဂေ့" ဆိုဘီး မိန့်တော်မူလေဟှယ်။
ဘုရားသခင်ရဲ့ ဆုကျေးဇူးလေဟှို ထီးသီးစောန့်ရှော့-က်ဟှူ သူလေကြောန်း
ရှိမျှဂူလောင်းဟှာ ဆောင်းဟှို ရော့-က်ခါနီးဘီ ဖြစ်ဟှူကြောန့် ဆုတောန်းရှင်းမှုဟှို ပြုနိုင်ဟှို့တွပ် တည်ငြီမှန်ကန်ဟှူစိန သမ္မာဒိ ရှိဂေ့ပါ။
ငြီသတ်ရှင်းရဲ့ရှင် ဘုရားသခင်ကိုယ်တိုင် နန်းနို့လေဟှို ကူစင်အောန် သန့်ရှင်းစေတော်မူပါစေ။ နို့လေရဲ့ သခင်ယေရှုခရစ် ကြွလာဟှူ ခီမာ နန်းနို့လေရဲ့ ဝိညာဉ်၊ စိ၊ ကိုယ်ခန္ဓာဟှို ပြစ်တန်ခွမ့်နလွတ်ကင်းအောန် စောန့်မတော်မူပါစေ။
အယ်ကြောန့် နို့လေရဲ့သခင် ယေရှုခရစ်တော် ပေါ်ထွပ်လာဟှူဇာဟှို မျှော်လင့်နေဟှူ ခီမာ ဆုကျေးဇူး တဇောင်တခုလည်း လျှော့ဘဲန စောင်လင်ဂေ့ဟှယ်။ နို့လေရဲ့သခင် ယေရှုခရစ်တော် ပေါ်ထွပ်လာဟှူနေ့ရစ်မာ ပြစ်တန်ခွမ့်န လွတ်ကင်းဟှို့တွပ်၊ ကိုယ်တော်ဟှာ ဆောင်းထိအောန်ဘဲ့ နန်းနို့ဟှို ခိုင်ခံ့စေလေ့မယ်။
A esperança bendita
A aguardamos a bendita esperança e a manifestação da glória do nosso grande Deus e Salvador Jesus Cristo.
ဘုရားသခင်ဟှာ လူလေဂူလောင်းဟှို ကယ်တန်ဟှူ သူ့ရဲ့ ကျေးဇူးတော်ဟှို ထန်ရှားစေဟှယ်။ နို့လေဟှာ ဘုရားတရားမှေ့ဘဲန လောက တတ်မတ်ရှင်းလေဟှို ဖယ်ရှားဘီး အယ်လောကမာ ဘုရားဝတ်နှိုက် ပျော်မွေ့ရှင်း၊ တင့်တယ်လျောက်ပတ်ရှင်း၊ ဖြောန့်ဖြောန့်မတ်မတ် သတ်ရှင်ရှင်းန ကီးမြတ်ဟှူ ဘုရားသခင်ဖြစ်ဟှူ နို့လေရဲ့ ကယ်တန်ရှင် ယေရှုခရစ်တော်ရဲ့ ဖောင်းသရေတော် ပေါ်လာရှင်းအားဖြင့် မင်္ဂလာရှိဟှူ မျှော်လင့်ရှင်းဟှို စောန့်နေဘီးဟှာ ဆောင်းမသွန်သန်ဘီး ရှိနေဟှယ်။ နို့လေဟှို ဆိုးညစ်ရှင်းလေ ဂူလောင်းထဲဟှနေဘီး လွတ်မြော့-က်ဟှို့တွပ်န နို့လေဟှာ စိနှလောင်းဖြူစင် သန့်ရှင်းဘီး ကိုယ်တော်ဘဲ့ ပိုင်ဆိုင်ဟှူ လူဖြစ်ဘီး ကောန်းဟှူ ကျင့်လေမာ စိအားထတ်သန်ဂေ့ဟှို့တွပ် ခရစ်တော်ဟှာ နို့လေတွပ် သူ့ကိုယ်သူ စွန့်လိုက်ဟှယ်။
နန်းနို့မာ အယ်မျိုးကောန်းမြတ်ဟှူမှုဟှို စဘီးလောက်ဟှူ ဘုရားသခင်ဟှာ ယေရှုခရစ်တော်ရဲ့ နေ့ရစ် ရော့-က်လာခီထိ အယ်မှုဟှို ပီးအောန်လောက်မယ်ဆိုဇာဟှို ငါဟှာ ယောင်ကြည်စိခ္လဟှယ်။
ဘုရားသခင်ရဲ့ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို စိနာစေန။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဝိညာဉ်တော်ဟှာ နန်းနို့ဟှို ဘုရားသခင်ပိုင်ဟှူကြောန်းဟှို သတ်သေခံဟှူတဇိ မှတ်သားဖြစ်ဘီး နော့-က်ဆောင်း နေ့ရစ်ကာလမာ နန်းနို့ဟှာ ကိုယ်တော်ရဲ့ ကယ်တန်ဇာဟှို ခံရလေ့မယ်ဖြစ်ဟှယ် ဆိုဇာဟှို အာမခံချစ် ဖြစ်ဟှူကြောန့် ဖြစ်ဟှယ်။
ခရစ်တော်ဟှာ လူလေပြစ်ဟှို ဖြေလွှတ်ဟှို့တွပ် ကိုယ်ဟှို တခါဒဲပူဇော်ဘီးမှ နော့-က်တခါ အယ်သခင်ဟှို မျှော်လင့်ဘီး နေဟှူသူလေဟှို ကယ်တန်ဟှို့တွပ် ပြစ်နဆိုင်ဘဲန ပေါ်ထွပ်တော်မူလေ့မယ်။
နို့လေဟှာ မြစ်တာထားဟှို့န ကောန်းဟှူကျင့်ဟှို ကျင့်စေဟှို့တွပ် ယော့-က်ဟှိုယော့-က် ဖြားမျိုး တိုက်တွန်း နှိုးဆော်ရမယ် ဆိုဇာဟှို ဆင်ခြင်ဂေ့ဇို့။ လူတချို့ ထောင်းဇံရှိဟှူတိုင်း ရှင်းရှင်းစည်းဝေးရှင်းဟှို ရှောန်လွှဲဘဲနေဟှို့တွပ် ရှင်းရှင်း အားပေးဘီး တိုက်တွန်း နှိုးဆော်ဂေ့ဇို့။ ခီကာလ နီးလာဇာဟှို ထော့-က်ဘီး ပိုဘီး ကြိုးစားဂေ့ဇို့။
ခုလည်းရှိဘီး၊ ရင်းရင်ဒူးဟှလည်း ရှိဘီး နော့-က်တခါမာ ကြွလာဟှို့ အနန္တတဂိုးန ပ္လဲ့ဇောင်ဟှူ ထာဝရဘုရားသခင်ဟှ "ငါဟှာ စနဆောင်းဖြစ်ဟှယ်" ဆိုဘီး မိန့်တော်မှုဟှယ်။
ငါဟှာ ဗြန်းဗြန်ဟှားလာမယ်။ နန့်ရဲ့ သရဖူဟှို ဖယ်သူလည်း လုယူဘဲဟှို့တွပ် နန့်မာရှိဟှူဇာလေဟှို စွဲကိုင်းဟှားပါ။
အယ်ဘေမဲ့ ရှစ်ရဟှူသူလေ၊ ဘုရားသခင်တွပ် နေ့ရစ်တရစ်ဟှာ နှစ်တထောန်ဖြစ်ဟှူမျိုး နှစ်တထောန်ဟှာ နေ့ရစ်တရစ်ဟှူမျိုး ဖြစ်ဟှယ် ဆိုဇာဟှို မေ့ဂေ့န။
သားမီးလေ၊ ကိုယ်တော်ကြွလာဟှူနေ့မာ နို့လေဟှာ ရှစ်ကြော့-က်ရှင်းမှေ့ဘဲ့ ရှေ့တော်မာ ရဲရဲရင့်ရင့်ဖြစ်ဟှို့တွပ် ကိုယ်တော်န တလောင်းတဝဒဲ ရှိနေဂေ့ပါ။