လောကကိုအောင်ခြင်း
1 ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည် သားကိုလည်း ချစ်တတ်သည်နှင့်အညီ၊- 2 ငါတို့သည် ဘုရားသခင်ကိုချစ်၍၊ ပညတ်တော်တို့ကို စောင့်ကြလျှင်၊ ဘုရားသခင်၏သားတို့ကို ချစ်ကြသည်ကို ငါတို့သိရကြ၏။- 3 ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။- 4 ဘုရားသခင်၏သားဖြစ်သောသူ မည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကို အောင်ခြင်းအကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပေတည်း။- 5 ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှတစ်ပါး၊ အဘယ်သူသည် လောကကို အောင်နိုင်သနည်း။
ယေရှုခရစ်အကြောင်းသက်သေ
6 ထိုသခင်ကား၊ ရေအားဖြင့်လည်းကောင်း၊ အသွေးအားဖြင့်လည်းကောင်း ကြွလာသောသူတည်းဟူသော ယေရှုခရစ်ပေတည်း။ ရေအားဖြင့်သာမဟုတ်၊ ရေအားဖြင့်လည်းကောင်း၊ အသွေးအားဖြင့်လည်းကောင်း ကြွလာတော်မူ၏။ သက်သေခံဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံတော်မူ၏။- 7 သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး၊ နှုတ်ကပတ်တော်တစ်ပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။- 8 မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တစ်ပါး၊ ရေတစ်ပါး၊ အသွေးတစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်း ဖြစ်၏။- 9 လူ၏သက်သေကို ယုံရလျှင်၊ ဘုရားသခင်၏ သက်သေတော်ကို သာ၍ ယုံဖွယ်ရာအကြောင်းရှိ၏။ ယခုဆိုခဲ့ပြီးသော သက်သေကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းကို သက်သေခံတော်မူချက် ဖြစ်သတည်း။- 10 ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည်၊ မိမိအထဲ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်ကို မုသားအပြစ်တင်၏။ အဘယ်သို့နည်း ဟူမူကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းမှာ သက်သေခံတော်မူသောစကားတော်ကို ထိုသူသည် မယုံဘဲနေ၏။- 11 သက်သေခံတော်မူချက် ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။- 12 သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။
ထာဝရအသက်
13 ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှာ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။- 14 ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်းအကြောင်းဟူမူကား၊ ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကို တောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။- 15 ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင်၊ အထံတော်၌ တောင်းသောဆုတို့ကို ရမည်ဟုသိရကြ၏။- 16 ညီအစ်ကိုချင်းသည် သေပြစ်မသင့်သောဒုစရိုက်ကို ပြုမိသည်ကို တစ်စုံတစ်ယောက်သောသူသည် မြင်လျှင်၊ ထိုသူသည် ဆုတောင်းရမည်။ သေပြစ်ကို မပြုသောသူတို့အဖို့ အလိုငှာ၊ ဘုရားသခင်သည် ထိုသူအား အသက်ကိုပေးတော်မူမည်။ သေပြစ်သင့်သော ဒုစရိုက်ရှိ၏။ ထိုဒုစရိုက်အပြစ်ကို လွှတ်စေခြင်းငှာ ဆုတောင်းရမည်ဟု ငါမဆို။- 17 မတရားသောအမှုမည်သည်ကား ဒုစရိုက်ဖြစ်၏။ သို့သော်လည်း သေပြစ်မသင့်သော ဒုစရိုက်ရှိ၏။- 18 ဘုရားသခင်၏သားဖြစ်သမျှသော သူတို့သည် ဒုစရိုက်ကိုမပြုတတ်သည်ကို ငါတို့သိကြ၏။ ဘုရားသခင် ဖြစ်ဖွားစေတော်မူသောသူသည်၊ မိမိကိုမိမိ စောင့်ရှောက်သဖြင့်၊ မာရ်နတ်သည် ထိုသူကို မထိမခိုက်နိုင်ရာ။- 19 ငါတို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည်ကိုလည်းကောင်း၊ လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကိုလည်းကောင်း ငါတို့သိကြ၏။- 20 ဘုရားသခင်၏သားတော်သည် ကြွလာ၍၊ မှန်သောဘုရားသခင်ကို သိသောဉာဏ်ကို ငါတို့အား ပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ မှန်သောဘုရားသခင်၌လည်းကောင်း၊ သားတော်ယေရှုခရစ်၌လည်းကောင်း ငါတို့သည် တည်လျက်ရှိကြ၏။ ထိုသူသည်မှန်သော ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရအသက်လည်း ဖြစ်တော်မူ၏။ 21 ချစ်သားတို့၊ ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့။
ရှင်ယောဟန်ဩဝါဒစာပထမစောင်ပြီး၏။
1 Todo o que crê que Jesus é o Cristo, nasceu de Deus; e todo o que ama aquele que o gerou, ama também aquele que dele foi gerado.
2 Nisto conhecemos que amamos os filhos de Deus: se amamos a Deus e guardamos os seus mandamentos.
3 Eis o amor de Deus: que guardemos seus mandamentos. E seus mandamentos não são penosos,
4 porque todo o que nasceu de Deus vence o mundo. E esta é a vitória que vence o mundo: a nossa fé.
5 Quem é o vencedor do mundo senão aquele que crê que Jesus é o Filho de Deus?
6 Ei-lo, Jesus Cristo, aquele que veio pela água e pelo sangue; não só pela água, mas pela água e pelo sangue. E o Espírito é quem dá testemunho dele, porque o Espírito é a verdade.
7 São, assim, três os que dão testemunho:
8 o Espírito, a água e o sangue; esses três dão o mesmo testemunho.
9 Aceitamos o testemunho dos homens. Ora, maior é o testemunho de Deus, porque se trata do próprio testemunho de Deus, aquele que ele deu do seu próprio Filho.
10 Aquele que crê no Filho de Deus tem em si o testemunho de Deus. Aquele que não crê em Deus o faz mentiroso, porque não crê no testemunho que Deus deu a respeito de seu Filho.
11 E o testemunho é este: Deus nos deu a vida eterna, e essa vida está em seu Filho.
12 Quem possui o Filho possui a vida; quem não tem o Filho de Deus não tem a vida.
13 Isso vos escrevi para que saibais que tendes a vida eterna, vós que credes no nome do Filho de Deus.
14 A confiança que depositamos nele é esta: em tudo quanto lhe pedirmos, se for conforme à sua vontade, ele nos atenderá.
15 E se sabemos que ele nos atende em tudo quanto lhe pedirmos, sabemos daí que já recebemos o que pedimos.
16 Se alguém vê seu irmão cometer um pecado que não o conduza à morte, reze, e Deus lhe dará a vida; isso para aqueles que não pecam para a morte. Há pecado que é para morte; não digo que se reze por esse.
17 Toda iniquidade é pecado, mas há pecado que não leva à morte.
18 Sabemos que aquele que nasceu de Deus não peca; mas o que é gerado de Deus se acautela, e o Maligno não o toca.
19 Sabemos que somos de Deus, e que o mundo todo jaz sob o Maligno.
20 Sabemos que o Filho de Deus veio e nos deu entendimento para conhecermos o Verdadeiro. E estamos no Verdadeiro, nós que estamos em seu Filho Jesus Cristo. Este é o verdadeiro Deus e a vida eterna.
21 Filhinhos, guardai-vos dos ídolos!