1 သင်းအုပ်အရာ၌လည်းကောင်း၊ ခရစ်တော်၏ ဆင်းရဲဒုက္ခဝေဒနာကို သိမြင်သော သက်သေအရာ၌လည်းကောင်း ခန့်ထားသောသူ၊ ထင်ရှားစေတော်မူလတ္တံ့သော ဘုန်းအသရေတော်ကို ဆက်ဆံသောသူဖြစ်သော ငါပေတရုသည်၊ သင်တို့တွင်ရှိသော သင်းအုပ်ချင်းတို့ကို တောင်းပန်ပါ၏။- 2 သင်တို့နှင့်အတူရှိသော ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ၊ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ၊ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။- 3 အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကိုပြသောသူ ဖြစ်ကြလော့။- 4 သို့ဖြစ်လျှင်၊ သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့သည် မညှိုးမနွမ်းတတ်သော၊ ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။
5 ထိုနည်းတူ၊ အသက်ပျိုသောသူတို့၊ အသက်ကြီးသော သူတို့၏ စကားကို နားထောင်ကြလော့။ ထိုမျှမက၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက် နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား၊ ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏။- 6 ထိုကြောင့် ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကို ချီးမြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။- 7 သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။
8 သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။- 9 သို့ဖြစ်၍၊ လူပြည်အရပ်ရပ်တို့၌ရှိသော သင်တို့ ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကို ခံရကြသည်ဟု သိမှတ်လျက်၊ ယုံကြည်ခြင်း၌တည်၍ မာရ်နတ်ကို ဆီးတားကြလော့။
10 ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ ခေါ်တော်မူသော၊ ခပ်သိမ်းသောကျေးဇူးကို ပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကို စုံလင်တည်ကြည်ခိုင်ခံ့ မြဲမြံစေတော်မူလိမ့်မည်။- 11 ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင်။
12 ငါသည် သင်တို့ကို တိုက်တွန်းသွေးဆောင်လျက်၊ သင်တို့မှီဝဲဆည်းကပ်သော ဤအရာများသည် ဘုရားသခင်၏ ကျေးဇူးတော်အမှန် ဖြစ်သည်ဟု သက်သေခံလျက်၊ ဤစာကို အကျဉ်းအားဖြင့်ရေးပြီးမှ၊ ငါစိတ်ထင်သည်အတိုင်း သင်တို့အမှု၌ သစ္စာရှိသောညီအစ်ကို သိလွာနုလက်ဖြင့် ယခုပေးလိုက်၏။- 13 ငါ့သားမာကုမှစ၍ ဗာဗုလုန်မြို့၌ရှိသော သင်တို့နှင့်အတူ ရွေးချယ်တော်မူသော အသင်းတော်သည် သင်တို့ကို နှုတ်ဆက်ကြ၏။- 14 အချင်းချင်း တစ်ယောက်ကိုတစ်ယောက် မေတ္တာနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ ခရစ်တော်နှင့်ဆိုင်သော သင်တို့အပေါင်း၌ ငြိမ်သက်ခြင်းရှိစေသတည်း။ အာမင်။
ရှင်ပေတရုသြဝါဒစာပထမစောင်ပြီး၏။
1 De eldste blandt eder formaner jeg som medeldste og vidne om Kristi lidelser, som den som og har del i den herlighet som skal åpenbares: 2 Vokt den Guds hjord som er hos eder, og ha tilsyn med den, ikke av tvang, men frivillig, ikke for ussel vinnings skyld, men av villig hjerte, 3 heller ikke som de som vil herske over sine menigheter, men således at I blir mønster for hjorden; 4 og når overhyrden åpenbares, skal I få ærens uvisnelige krans.
5 Likeså skal I yngre underordne eder under de eldre, og I alle skal iklæ eder ydmykhet mot hverandre; for Gud står de stolte imot, men de ydmyke gir han nåde. 6 Ydmyk eder derfor under Guds veldige hånd, forat han kan ophøie eder i sin tid,
7 og kast all eders sorg på ham! for han har omsorg for eder.
8 Vær edrue, våk! Eders motstander djevelen går omkring som en brølende løve og søker hvem han kan opsluke; 9 stå ham imot, faste i troen, for I vet at de samme lidelser er lagt på eders brødre i verden.
10 Men all nådes Gud, som kalte eder til sin evige herlighet i Kristus Jesus, efter en kort tids lidelse, han skal dyktiggjøre, stadfeste, styrke, grunnfeste eder; 11 ham tilhører makten i all evighet. Amen. 12 Med Silvanus, den trofaste bror(-)det holder jeg ham for-skriver jeg kortelig til eder for å formane og vidne at dette er Guds sanne nåde som I står i.
13 Den medutvalgte menighet i Babylon hilser eder, likeså Markus, min sønn. 14 Hils hverandre med kjærlighets kyss! Fred være med alle eder som er i Kristus!