1 ခွန်အားကြီးသော ကောင်းကင်တမန်တစ်ပါးသည် မိုးတိမ်ကိုဝတ်လျက်၊ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ သူ၏ခေါင်းပေါ်၌ သက်တံရှိ၏။ သူ၏ မျက်နှာသည် နေကဲ့သို့ဖြစ်၏။ သူ၏ ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ်၏။- 2 ဖွင့်ထားသော စာစောင်ငယ်ကို ကိုင်လျက်ရှိ၏။ လက်ယာခြေသည် ပင်လယ်ပေါ်မှာလည်းကောင်း၊ လက်ဝဲခြေသည် မြေကြီးပေါ်မှာလည်းကောင်း နင်း၍၊- 3 ခြင်္သေ့ဟောက်သကဲ့သို့ ကြီးသောအသံနှင့် ကြွေးကြော်လေ၏။ ကြွေးကြော်ပြီးမှ မိုးကြိုးသံ ခုနစ်ချက်မြည်လေ၏။- 4 မိုးကြိုးသံ ခုနစ်ချက်မြည်ပြီးမှ ငါသည်ရေးမှတ်မည်ဟု အားထုတ်သော်၊ ကောင်းကင်မှ ထွက်သောအသံကား၊ မိုးကြိုးသံခုနစ်ချက် မြည်သောအရာကို တံဆိပ်ခတ်လော့။ မရေးမမှတ်နှင့်ဟု ဆိုသည်ကို ငါကြား၏။- 5 ထိုအခါ ငါမြင်၍ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်သည်၊ လက်ယာလက်ကို ကောင်းကင်သို့ချီပြီးလျှင်၊- 6,7 ဘုရားသခင်၏ ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက်စရာသတင်းကို ဗျာဒိတ်ထားတော်မူသည်နှင့် စပ်ဆိုင်သော ဘုရားသခင်၏ နက်နဲသောအရာသည်၊ ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုးမှုတ်ခြင်း အသံမြည်သော နေ့ရက်ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည်ဟု ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကိုလည်းကောင်း၊ အရပ်ရပ်၌ ရှိရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။တရား၊ ၃၂:၄၀။ ဒံ၊ ၁၂:၇။ အာ၊ ၃:၇။
8 ငါကြားရသော ကောင်းကင်အသံသည် တစ်ဖန် ငါ့အားပြောသည်ကား၊ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်၏ လက်၌ ဖွင့်ထားလျက်ရှိသော စာစောင်ငယ်ကို သွား၍ ယူလော့ဟုဆိုလျှင်၊-ယေဇ၊ ၂:၈-၃:၃။9 ငါသည် ကောင်းကင်တမန်ထံသို့သွား၍ စာစောင်ငယ်ကို ပေးပါဟု တောင်း၏။ သူကလည်း ယူ၍စားလော့။ ဝမ်းကို ခါးစေလိမ့်မည်။ သို့သော်လည်း ပါးစပ်၌ ပျားရည်ကဲ့သို့ ချိုလိမ့်မည်ဟုဆိုလျှင်၊ 10 ငါသည် စာစောင်ကို ကောင်းကင်တမန်၏လက်မှ ယူ၍စား၏။ ပါးစပ်၌ ပျားရည်ကဲ့သို့ချို၏။ စားပြီးမှ ဝမ်း၌ခါး၏။- 11 ကောင်းကင်တမန်ကလည်း၊ သင်သည် အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးမျိုးတို့၌လည်းကောင်း၊ ရှင်ဘုရင်တို့၌လည်းကောင်း၊ တစ်ဖန် ပရောဖက်ပြု၍ ဟောပြောရမည်ဟု ဆိုလေ၏။
1 Og jeg så en annen veldig engel komme ned fra himmelen, klædd i en sky, og regnbuen var over hans hode, og hans åsyn var som solen, og hans føtter som ildstøtter; 2 og han hadde i sin hånd en liten åpnet bok, og han satte sin høire fot på havet og den venstre på jorden, 3 og ropte med høi røst, som en løve brøler, og da han hadde ropt, talte de syv tordener med sine røster. 4 Og da de syv tordener hadde talt, vilde jeg til å skrive; og jeg hørte en røst fra himmelen si: Sett segl for det som de syv tordener talte, og skriv det ikke! 5 Og engelen som jeg så stod på havet og på jorden, løftet sin høire hånd op mot himmelen 6 og svor ved ham som lever i all evighet, han som skapte himmelen og det som er i den, og jorden og det som er på den, og havet og det som er i det, at det ikke skal være mere tid, 7 men i de dager da den syvende engels røst blir hørt, når han skal blåse i basunen, da skal Guds hemmelighet være fullbyrdet, således som han forkynte for sine tjenere profetene.
8 Og den røst som jeg hadde hørt fra himmelen, hørte jeg atter tale med mig og si: Gå og ta den lille åpnede bok i den engels hånd som står på havet og på jorden! 9 Og jeg gikk bort til engelen og sa til ham at han skulde gi mig den lille bok. Og han sier til mig: Ta og et den! og den skal svi i din buk, men i din munn skal den være søt som honning. 10 Og jeg tok den lille bok av engelens hånd og åt den; og i min munn var den søt som honning; og da jeg hadde ett den, svidde det i min buk. 11 Og de sier til mig: Du skal atter spå om mange folk og ætter og tunger og konger.