1 ထိုအခါ ထာဝရဘုရားက၊ ဖာရောဘုရင်နှင့် အဲဂုတ္တုပြည်အပေါ်မှာ ဘေးတစ်ပါးကို ငါရောက်စေဦးမည်။ ထိုနောက် သင်တို့ကိုလွှတ်လိမ့်မည်။ လွှတ်သောအခါ၌လည်း၊ အကယ်၍ သင်တို့ကိုတစ်ပြိုင်နက်နှင်လိမ့်မည်။ 2 ဣသရေလလူယောက်ျားသည်၊ အိမ်နီးချင်းယောက်ျား၌လည်းကောင်း၊ မိန်းမသည် အိမ်နီးချင်းမိန်းမ၌လည်းကောင်း၊ ငွေတန်ဆာ၊ ရွှေတန်ဆာ၊ အဝတ်တန်ဆာတို့ကို တောင်းစေခြင်းငှာ၊ လူများတို့အားပြောလော့ဟု မောရှေအားမိန့်တော်မူ၏။ 3 သူတို့တောင်းသည်အတိုင်း၊ အဲဂုတ္တုလူတို့သည် ပေးချင်သောစေတနာစိတ်ကို ထာဝရဘုရားဖြစ်စေတော်မူ၏။ မောရှေသည်လည်း၊ အဲဂုတ္တုပြည်တွင် ဖာရောဘုရင်၏ကျွန်များ၊ လူများရှေ့၌ ကြီးစွာသောအသရေရှိလေ၏။
4 ထိုအခါ မောရှေက၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သန်းခေါင်အချိန်၌ အဲဂုတ္တုပြည်အလယ်သို့ငါထွက်သွားမည်။ 5 နန်းထိုင်သော ဖာရောဘုရင်၏သားဦးမှစ၍၊ ကြိတ်ဆုံနောက်၌ ထိုင်သော ကျွန်မ၏သားဦးတိုင်အောင်၊ အဲဂုတ္တုပြည်၌ရှိသမျှသော သားဦးတို့နှင့် တိရစ္ဆာန်တို့၏ သားဦးရှိသမျှတို့သည် သေကြလိမ့်မည်။ 6 အဲဂုတ္တုပြည်တစ်လျှောက်လုံးတွင်၊ ရှေးကာလ၌မဖြစ်စဖူး၊ နောင်ကာလ၌လည်း မဖြစ်လတ္တံ့သောကြီးစွာသော ငိုကြွေးခြင်းဖြစ်ရလိမ့်မည်။ 7 သို့ရာတွင် ထာဝရဘုရားသည်၊ အဲဂုတ္တုလူတို့နှင့် ဣသရေလလူတို့ကို ခြားနားစေတော်မူကြောင်းကို သင်တို့သိစေခြင်းငှာ၊ ဣသရေလလူတစ်စုံတစ်ယောက်ကို ခွေးတစ်ကောင်မျှမဟိန်းရဟု မိန့်တော်မူ၏။ 8 ကိုယ်တော်၏ကျွန်ဖြစ်သော ဤလူအပေါင်းတို့သည်လည်း ကျွန်ုပ်ထံသို့လာ၍ ပျပ်ဝပ်လျက် ထွက်သွားပါ။ ကိုယ်တော်နှင့် ကိုယ်တော်နောက်၌လိုက်သော လူအပေါင်းတို့ ထွက်သွားကြပါဟု ပြောဆိုပြီးမှ ကျွန်ုပ်ထွက်သွားပါမည်ဟု လျှောက်ဆိုသဖြင့်၊ အမျက်ထွက်၍ ဖာရောဘုရင်ထံမှထွက်သွားလေ၏။
9 ထာဝရဘုရားကလည်း၊ အံ့ဖွယ်သောအမှုတော်တို့သည် အဲဂုတ္တုပြည်၌ များပြားမည်အကြောင်း၊ ဖာရောဘုရင်သည် သင်တို့၏စကားကို နားမထောင်ဘဲနေလိမ့်မည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ 10 မောရှေနှင့် အာရုန်တို့သည် ဖာရောဘုရင်ရှေ့မှာ ဤအံ့ဖွယ်သော အမှုအလုံးစုံတို့ကိုပြုသော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ကို ပြည်တော်မှ ထွက်သွားရသောအခွင့်ကို မပေးဘဲနေသတည်း။
1 Herren hadde sagt til Moses: Ennu én plage vil jeg la komme over Farao og over Egypten, så skal han la eder fare herfra; ja, når han lar eder fare, skal han endog drive eder herfra med alt det I har. 2 Si nu så folket hører det at hver mann skal be sin granne og hver kvinne sin grannekvinne om smykker av sølv og gull. 3 Og Herren gav folket yndest hos egypterne; og så var også Moses en meget stor mann i Egypten, både for Faraos tjenere og for folket.
4 Og Moses sa: Så sier Herren: Ved midnatts tid vil jeg gå midt gjennem Egypten.
5 og alle førstefødte i Egyptens land skal dø, fra den førstefødte sønn av Farao, som sitter på sin trone, til den førstefødte sønn av trælkvinnen, som står bak håndkvernen, og alt førstefødt blandt buskapen. 6 Og det skal i hele Egyptens land bli et stort skrik som det ikke har vært maken til og heller ikke mere skal bli. 7 Men ikke en hund skal gjø mot nogen av Israels barn, hverken mot folk eller fe, så I skal kjenne at Herren gjør forskjell på egypterne og Israel. 8 Da skal alle disse dine tjenere komme ned til mig og bøie sig for mig og si: Dra ut, både du og hele det folk som følger dig! Og så skal jeg dra ut. Og han gikk bort fra Farao i brennende harme. 9 Som Herren hadde sagt til Moses og Aron: Farao skal ikke høre på eder, så jeg kan få gjort mange under i Egyptens land, 10 så gjorde Moses og Aron alle disse under for Farao; men Herren forherdet Faraos hjerte, så han ikke lot Israels barn dra bort fra sitt land.