1 ဖာရောဘုရင်သည် ဂါဇမြို့ကိုမလုပ်ကြံမီ၊ ဖိလိတ္တိအမျိုးသားတို့ကိုရည်မှတ်၍၊ ပရောဖက်ယေရမိသို့ ရောက်လာသော နှုတ်ကပတ်တော်အားဖြင့်၊ဟေရှာ၊ ၁၄:၂၉-၃၁။ ယေဇ၊ ၂၅:၁၅-၁၇။ ယောလ၊ ၃:၄-၈။ အာ၊ ၁:၆-၈။ ဇေ၊ ၂:၄-၇။ ဇာ၊ ၉:၅-၇။2 ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြောက်မျက်နှာဘက်က ရေသည်ထ၍ လွှမ်းမိုးသောပင်လယ်ဖြစ်လျက်၊ တစ်ပြည်လုံးနှင့်၊ ပြည်၌ ပါသမျှကိုလည်းကောင်း၊ မြို့နှင့် မြို့၌နေသော သူတို့ကိုလည်းကောင်းလွှမ်းမိုး၍၊ သူတို့သည် အော်ဟစ်ကြလိမ့်မည်။ ပြည်သူပြည်သားတို့သည် မြည်တမ်းကြလိမ့်မည်။ 3 ရန်သူစီးသော မြင်းခွာသံ၊ စိုင်းသောရထားဘီးများ မြည်သံကြောင့်၊ အဘတို့သည် လက်အားလျော့၍ သားတို့ကို ပြန်မကြည့်ကြ။ 4 အကြောင်းမူကား၊ ဖိလိတ္တိအမျိုးသားတို့ကို ဖျက်ဆီးရသောနေ့၊ တုရုမြို့၊ ဇိဒုန်မြို့ကို စစ်ကူနိုင်သောသူအကျန်အကြွင်းရှိသမျှကို ပယ်ဖြတ်ရသောနေ့သည်ရောက်၍၊ ထာဝရဘုရားသည် ဖိလိတ္တိအမျိုးသားနှင့် ကျန်ကြွင်းသော ကတ္တောရပြည်သားတို့ကို သုတ်သင်ပယ်ရှင်းတော်မူမည်။ 5 ဂါဇမြို့သည် ဆံပင်ရိတ်ခြင်းကို ခံရ၏။ အာရှကေလုန်မြို့နှင့် ကျန်ကြွင်းသော ချိုင့်အရပ်သည် ပျက်စီးပြီ။ အဘယ်မျှကာလပတ်လုံး ကိုယ်အသားကို ခုတ်ဖြတ်ရမည်နည်း။ 6 အို ထာဝရဘုရား၏ဓားတော်၊ သင်သည် အဘယ်မျှကာလပတ်လုံး မငြိမ်ဘဲနေမည်နည်း။ ကိုယ်အိမ်၌ ဝင်၍နေလော့။ နေရာကျ၍ ငြိမ်ဝပ်စွာနေလော့။ 7 အာရှကေလုန်မြို့နှင့် ပင်လယ်ကမ်းအမှု၌ ထာဝရဘုရားမှာထားတော်မူသောကြောင့်၊ အဘယ်သို့ ငြိမ်ဝပ်စွာနေနိုင်သနည်း။ ထိုအမှုကို ဆောင်ရွက်စေခြင်းငှာ ခန့်ထားတော်မူ၏။
1 Dette er Herrens ord som kom til profeten Jeremias om filistrene, før Farao slo Gasa. 2 Så sier Herren: Se, vann stiger op fra nord, og det blir til en flommende elv, og det flommer utover landene og alt som i dem er, byene og dem som bor i dem. Menneskene skriker, og alle som bor på jorden, jamrer sig; 3 når hans veldige hesters hovslag drønner, når hans vogner ramler, når hans hjul dundrer, da ser ikke fedrene sig om efter barna, så motfalne er de 4 for den dags skyld som kommer for å ødelegge alle filistrene, for å utrydde for Tyrus og Sidon alle som er undsloppet og kunde hjelpe; for Herren ødelegger filistrene, dem som er blitt igjen fra øen Kaftor. 5 Gasa er blitt skallet, Askalon er blitt målløst, det som er blitt igjen av deres lavland; hvor lenge vil du skjære i ditt kjøtt? 6 Ve! Du Herrens sverd, hvor lenge vil du være urolig? Far i din skjede, hvil dig og vær stille! 7 Hvorledes skulde du holde dig rolig, når Herren har gitt dig befaling? Til Askalon og til havets strand, dit har han stevnet det.