1,2 အသက်ကြီးသူသည် မြတ်သော သခင်မကိုလည်းကောင်း၊ သားသမီးတို့ကိုလည်းကောင်း ကြားလိုက်ပါ၏။ ငါတို့၌တည်၍ ငါတို့တွင် အစဉ်မပြတ်ရှိလတ္တံ့သော သမ္မာတရားကြောင့်၊ ငါမှစ၍ သမ္မာတရားကို သိသောသူအပေါင်းတို့သည်၊ သခင်မနှင့် သားသမီးတို့၌ မှန်ကန်သောချစ်ခြင်းမေတ္တာ ရှိပါ၏။- 3 ခမည်းတော်ဘုရားထံတော်ကလည်းကောင်း၊ ခမည်းတော်၏ သားတော်ယေရှုခရစ် အထံကလည်းကောင်း၊ သမ္မာတရား၊ မေတ္တာတရားနှင့်တကွ၊ ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
သမ္မာတရားနှင့်မေတ္တာတရား
4 ငါတို့သည် ခမည်းတော်ဘုရားထံ၌ ပညတ်တော်ကို ခံရသည်အတိုင်း၊ သင်၏သားသမီးအချို့တို့သည် သမ္မာတရား၌ ကျင်လည်၍ နေသည်ကို ငါတွေ့သောအခါ၊ အလွန်ဝမ်းမြောက်ခြင်း ရှိ၏။- 5 ယခုတွင် ပညတ်တော်သစ်ကို မရေးဘဲလျက်၊ ငါတို့၌ ရှေ့ဦးစွာကပင်ရှိသော ပညတ်တော်ကိုရေးထား၍၊ သခင်မ၊ အချင်းချင်းချစ်ခြင်း မေတ္တာရှိကြကုန်အံ့ဟု ငါတောင်းပန်၏။- 6 ပညတ်တော်တို့အတိုင်း ကျင့်စောင့်ခြင်းအရာသည် ချစ်ရာရောက်၏။ သင်တို့သည် ပညတ်တော်နှင့် အညီကျင့်မည်အကြောင်း၊ ရှေ့ဦးစွာကပင် သင်တို့ ကြားရသည်အတိုင်း၊ ပညတ်တော်သည် ထိုသို့သော သဘောရှိ၏။
7 လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသောသူအများတို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူ ဖြစ်၏။ အန္တိခရစ်လည်း ဖြစ်၏။- 8 ငါတို့သည် ကိုယ်ပြုစုသောအရာ မပျောက်မပျက်၊ စုံလင်သောအကျိုးကို ရမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြု၍ စောင့်ရှောက်ကြလော့။- 9 ခရစ်တော်၏ဒေသနာ၌ မတည်ဘဲ လွန်ကျူးသောသူမည်သည်ကား၊ ဘုရားသခင်ကိုမသိ။ ခရစ်တော်၏ဒေသနာ၌ တည်သောသူသည် ခမည်းတော်နှင့် သားတော်ကိုသိ၏။- 10 ထိုဒေသနာတော် မပါသောသူသည် သင်တို့ထံသို့လာလျှင်၊ သူ့ကို သင့်အိမ်၌ လက်မခံနှင့်။ မင်္ဂလာရှိစေသောဟု နှုတ်မဆက်နှင့်။- 11 မင်္ဂလာရှိစေသောဟု ထိုသူကိုနှုတ်ဆက်လျှင်၊ သူ၏ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာသို့ ရောက်၏။
နိဂုံးချုပ်စကား
12 သင်တို့အား ငါရေးစရာအကြောင်း အများရှိသော်လည်း၊ စက္ကူပေါ်၌ မင်နှင့်ရေးခြင်းငှာ အလိုမရှိ၊ သင်တို့ဆီသို့ ငါလာ၍၊ အချင်းချင်း အားရဝမ်းမြောက်ခြင်း စုံလင်မည်အကြောင်း၊ သင်တို့နှင့် နှုတ်ဆက်၍ စကားပြောမည်ဟု မျှော်လင့်လျက်နေ၏။- 13 သင်၏မြတ်သောညီမ၏ သားသမီးတို့သည် သင့်ကို နှုတ်ဆက်ကြ၏။
ရှင်ယောဟန်ဩဝါဒစာဒုတိယစောင်ပြီး၏။
问安
1 我这作长老的,写信给蒙拣选的夫人和她的儿女。你们是我在真理中所爱的;不单是我,凡认识真理的,2 也因为真理的缘故爱你们。这真理在我们里面,也必与我们同在,直到永远。3 愿恩惠、怜悯、平安,从父 神和他儿子耶稣基督在真理和爱中与我们同在。
要按真理凭爱心行事
4 我看见你的儿女中,有人照着我们从父领受的命令在真理中行事,我就非常欣慰。5 夫人哪,我现在请求你,我们要彼此相爱。我写给你的,不是一条新命令,而是我们从起初就有的。6 我们要照着他的命令行事,这就是爱。你们从起初所听见的那命令,就是要你们凭着爱心行事。7 有许多欺骗人的已经在世上出现,他们否认耶稣基督是成了肉身来的;这就是那骗人的和敌基督的。8 你们要小心,不要拆毁我们已经完成的工作,却要得着美满的赏赐。9 凡越过基督的教训又不持守的,就没有 神;持守这教训的,就有父和子了。10 如果有人到你们那里,不传这教训,你们就不要接待他到家里,也不要问候他;11 因为问候他的,就在他的恶事上有分了。
问候的话
12 我还有许多话要写给你们,可是我不想借用纸墨,只是盼望到你们那里当面谈谈,好让我们的喜乐充足。13 你那蒙拣选的姊妹的儿女都问候你。