1 အသက်ကြီးသူသည် ချစ်အပ်သောဂါယုကို ကြားလိုက်ပါ၏။ ငါသည် သင်၌ မှန်ကန်သောချစ်ခြင်း မေတ္တာရှိ၏။- 2 အချင်းချစ်သူ၊ သင်၏စိတ်နှလုံးသည် ကောင်းစားသကဲ့သို့၊ သင်သည် အရာရာ၌ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိမည်အကြောင်း ငါဆုတောင်း၏။- 3 သင်သည် သမ္မာတရား၌ ကျင်လည်သည်အတိုင်း သင်၌ရှိသော သမ္မာတရား၏အကြောင်းကို ညီအစ်ကိုတို့သည် လာ၍ သက်သေခံကြသောအခါ၊ ငါသည် အလွန်ဝမ်းမြောက်ခြင်း ရှိ၏။- 4 ငါ၏သားသမီးတို့သည် သမ္မာတရား၌ ကျင်လည်သည်ကို ငါကြား၍ ဝမ်းမြောက်ခြင်းထက် သာ၍ ဝမ်းမြောက်ခြင်းမရှိ။
ဂါယုကိုချီးမွမ်းခြင်း
5 အချင်းချစ်သူ၊ သင်သည် ညီအစ်ကိုတို့အားလည်းကောင်း၊ အာဂန္တုတို့အားလည်းကောင်း ပြုသမျှသောဝတ်တို့ကို သစ္စာနှင့်အညီ ပြုတတ်၏။- 6 ထိုသူတို့သည် သင်၏ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှေ့၌ သက်သေခံကြ၏။ သင်သည် ထိုသူတို့ကို ဘုရားသခင်၏ အလိုတော်နှင့်အညီ ပို့လိုက်ပြန်လျှင်၊ ကောင်းသောအမှုကို ပြုလိမ့်မည်။- 7 အကြောင်းမူကား၊ ထိုသူတို့သည် နာမတော်ကိုထောက်၍၊ သာသနာပလူတို့တွင် အလှူမခံဘဲသွားကြ၏။- 8 ငါတို့သည် သမ္မာတရားကို ကူမသောသူ ဖြစ်အံ့သောငှာ၊ ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကို ပြုအပ်ကြ၏။
ဒယောတရပ်နှင့် ဒေမေတရိ
9 အသင်းတော်ထံသို့ မှာစာကို ငါရေး၍ ပေးလိုက်လေပြီ။ သို့သော်လည်း၊ အကဲအမှူးလုပ်ချင်သော ဒယောတရပ်သည် ငါတို့အား အခွင့်မပေး။- 10 ထိုကြောင့်၊ ငါလာသောအခါ သူသည် မိမိပြုသောအမှုကို မိမိသတိရစေခြင်းငှာ ငါပြုမည်။ ထိုသူသည်၊ ငြူစူသောစကားနှင့် ငါတို့ကို ကဲ့ရဲ့သည်သာမက၊ ကဲ့ရဲ့ခြင်းနှင့် စိတ်မပြေဘဲလျက်၊ ညီအစ်ကိုတို့ကို ကိုယ်တိုင်လက်မခံ၊ လက်ခံချင်သောသူတို့ကိုလည်း မြစ်တား၍၊ အသင်းတော်ထဲက နှင်ထုတ်တတ်၏။- 11 အချင်းချစ်သူ၊ မကောင်းသောနည်းကို မလိုက်နှင့်၊ ကောင်းသောနည်းကိုသာ လိုက်လော့။ ကောင်းသောအကျင့်ကို ကျင့်သောသူသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ မကောင်းသောအကျင့်ကို ကျင့်သောသူမူကား၊ ဘုရားသခင်ကို မသိမမြင်ရပြီ။- 12 လူအပေါင်းတို့သည် ဒေမေတရိ၏ သက်သေဖြစ်ကြ၏။ သမ္မာတရားသည်လည်း သူ၏သက်သေဖြစ်၏။ ငါတို့သည်လည်း ထိုသူဘက်၌ သက်သေခံကြ၏။ ငါတို့၏ သက်သေခံခြင်းသည် ဟုတ်မှန်သည်ကို သင်တို့ သိကြ၏။
နောက်ဆုံးနှုတ်ဆက်စကား
13 ငါရေးစရာအကြောင်း အများရှိသော်လည်း၊ မင်နှင့် မင်တံဖြင့် ရေးခြင်းငှာ အလိုမရှိ၊- 14 မကြာမမြင့်မီ သင့်ကို ငါတွေ့မြင်လျှင် အချင်းချင်းနှုတ်ဆက်၍ စကားပြောမည်ဟု မျှော်လင့်လျက်နေ၏။ သင်၌ ငြိမ်သက်ခြင်းရှိပါစေသော။ အဆွေတို့သည် သင့်ကိုနှုတ်ဆက်ကြ၏။ သင်၌ရှိသော အဆွေတို့၏နာမည်ကို ထုတ်၍ နှုတ်ဆက်လော့။
ရှင်ယောဟန်ဩဝါဒစာတတိယစောင်ပြီး၏။
问安
1 我这作长老的写信给亲爱的该犹,就是我在真理中所爱的。2 亲爱的,我祝你凡事亨通,身体健壮,正如你的灵魂安泰一样。3 有些弟兄来到,证实你心中存有真理,就是你按真理行事,我就非常欣慰。4 我听见我的儿女按真理行事,我的喜乐没有比这更大的了。
称赞该犹接待弟兄
5 亲爱的,你向弟兄所行的,特别是向外地来的弟兄所行的,都是出于忠心。6 他们在教会面前证实了你的爱;你照着 神所喜悦的,资助他们的旅程,这样是好的。7 因为他们为主的名出外,并没有从教外人接受甚么。8 所以我们应当接待这样的人,好让我们为了真理成为同工。
不要效法恶,应该效法善
9 我曾经略略写信给你那里的教会,但他们中间那好作领袖的丢特腓不接待我们。10 因此,我来的时候,必要提起他所作的事,就是他用恶言中伤我们;这还不够,他不但不接待弟兄,还要阻止那些想要接待的人,甚至把他们赶出教会。
11 亲爱的,不要效法恶,应该效法善。行善的属于 神,作恶的没有见过 神。12 低米丢行善,有众人为他作证,真理本身也为他作证。我们也为他作证,你知道我们的见证是真的。
问候的话
13 我还有许多话要写给你,可是我不愿借用笔墨。14 我盼望很快就见到你,当面谈谈。15 愿你平安。这里的朋友都问候你。请你一一提名问候你那里的朋友。