တပည့်တော်တို့အတွက်ဆုတောင်းခြင်း
1 ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ကြည့်မျှော်၍၊ အို အဘ၊ အကျွန်ုပ်အချိန်ရောက်ပါပြီ။- 2 ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေးတော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးစေခြင်းငှာ၊ လူမျိုးအပေါင်းတို့ကို အစိုးရသောအခွင့်တန်ခိုးကို သားတော်အား ပေးတော်မူသည်နှင့်အညီ၊ သားတော်သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ဘုန်းကို ထင်ရှားစေတော်မူပါ။- 3 ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း၊ သိကျွမ်းခြင်းတည်း။- 4 အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်ကို ဘုန်းထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာဖို့ အကျွန်ုပ်၌ အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ။- 5 အို အဘ၊ ဤကမ္ဘာမတည်မရှိမီ အထံတော်၌ အကျွန်ုပ်ခံစားသော ဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကိုအထံတော်၌ ချီးမြှောက်တော်မူပါ။
6 ဤလောကထဲမှယူ၍ အကျွန်ုပ်၌ အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏ နာမကိုပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည်ပိုင်တော်မူသဖြင့် အကျွန်ုပ်အား ပေးတော်မူ၏။ ကိုယ်တော်၏ နှုတ်ကပတ်တရားကို သူတို့သည်စောင့်ကြပါ၏။- 7 အကျွန်ုပ်အား ပေးတော်မူသမျှတို့သည် ကိုယ်တော်မှဖြစ်ကြောင်းကို သူတို့သည် ယခုသိကြပါ၏။- 8 အကြောင်းမူကား၊ အကျွန်ုပ်အား ပေးတော်မူသမျှသောအရာတို့ကို သူတို့အားအကျွန်ုပ်ပေး၍ သူတို့သည် ခံယူသဖြင့်၊ အကျွန်ုပ်သည် အထံတော်မှကြွလာသည်ကို အတပ်သိကြသည်နှင့် ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ယုံကြပါ၏။- 9 သူတို့အဖို့အလို့ငှာ အကျွန်ုပ်ဆုတောင်းပါ၏။ လောကီသားတို့အဖို့အလိုငှာ ဆုတောင်းသည်မဟုတ်ပါ၊ အကျွန်ုပ်အား ပေးတော်မူသောသူတို့သည် ကိုယ်တော်၏လူဖြစ်သောကြောင့်၊ ထိုသူတို့အဖို့အလိုငှာ ဆုတောင်းပါ၏။- 10 အကျွန်ုပ်နှင့်စပ်ဆိုင်သော အရာရှိသမျှတို့သည် ကိုယ်တော်နှင့် စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့်စပ်ဆိုင်သော အရာရှိသမျှတို့သည်လည်း၊ အကျွန်ုပ်နှင့်စပ်ဆိုင်၍ ထိုအရာတို့အားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။- 11 ယခုမှစ၍အကျွန်ုပ်သည် ဤလောက၌မရှိပါ၊ ဤသူတို့မူကား၊ ဤလောက၌ ရှိရစ်ရကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏ နာမ၌တည်စေတော်မူပါ။- 12 အကျွန်ုပ်သည် ဤလောက၌ ဤသူတို့နှင့်တကွ ရှိစဉ်ကာလ၊ သူတို့ကိုကိုယ်တော်၏နာမ၌ တည်စေပါပြီ။ အကျွန်ုပ်အား ပေးတော်မူသောသူတို့ကို အကျွန်ုပ်စောင့်မပါပြီ။ ထိုသူတို့တွင် ပျက်စီးခြင်း၏သားတစ်ယောက်မှတစ်ပါး အဘယ်သူမျှ ပျက်စီးခြင်းသို့မရောက်ပါ။ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်သည်အကြောင်းကား၊ ကျမ်းစာ ပြည့်စုံမည်အကြောင်းတည်း။ဆာ၊ ၄၁:၉။ ယော၊ ၁၃:၁၈။
13 ယခုတွင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့သွားရမည်ဖြစ်၍၊ ဤသူတို့သည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့် ပြည်စုံမည်အကြောင်း၊ ဤစကားကို ဤလောက၌ အကျွန်ုပ်ပြောပါ၏။- 14 ကိုယ်တော်၏နှုတ်ကပတ်တရားကို ဤသူတို့အား အကျွန်ုပ်ပေးပါပြီ။ အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံသောကြောင့်၊ လောကီသားတို့သည် ဤသူတို့ကို မုန်းကြပါ၏။- 15 ဤသူတို့ကို ဤလောကမှ နုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည် မဟုတ်ပါ။ မကောင်းသောအမှုအရာနှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏။- 16 အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။- 17 ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။- 18 ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူသည်နည်းတူ၊ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။- 19 သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း၊ အကျွန်ုပ်သည် သူတို့အဖို့အလိုငှာ ကိုယ်ကို သန့်ရှင်းစေပါ၏။
20 ထိုသူတို့အဖို့ကိုသာ အကျွန်ုပ်ဆုတောင်းသည် မဟုတ်ပါ၊ သူတို့ ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်သောသူတို့အဖို့ကိုလည်း ဆုတောင်းပါ၏။- 21 ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကို လောကီသားတို့သည် ယုံကြမည်အကြောင်း ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌ တစ်လုံးတစ်ဝတည်းဖြစ်စေခြင်းငှာ ဆုတောင်းပါ၏။- 22 ငါတို့သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့၊ အကျွန်ုပ်သည် သူတို့၌ရှိ၍၊- 23 ကိုယ်တော်သည်လည်း၊ အကျွန်ုပ်၌ ရှိတော်မူသောအားဖြင့် သူတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍၊ တစ်လုံးတစ်ဝတည်း၌ စုံလင်စေခြင်းငှာလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့သည် သိစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည်သူတို့အား ပေးပါပြီ။- 24 အို အဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမီ အကျွန်ုပ်ကိုချစ်၍ အကျွန်ုပ်အား ပေးတော်မူသောဘုန်းတော်ကို အကျွန်ုပ်အား ပေးတော်မူသောသူတို့သည် ရှုမြင်ရမည်အကြောင်း၊ အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူ ရှိနေစေခြင်းငှာ အကျွန်ုပ်အလိုရှိပါ၏။- 25 တရားတော်မူသောအဘ၊ လောကီသားတို့သည် ကိုယ်တော်ကိုမသိသော်လည်း အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကို ထိုသူတို့သည် သိကြပါ၏။- 26 ကိုယ်တော်သည် အကျွန်ုပ်ကိုချစ်တော်မူသောမေတ္တာသည် သူတို့၌ရှိစေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်သည် သူတို့၌ ရှိစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်၏နာမကို အကျွန်ုပ်သည် သူတို့အား ပြညွှန်ပါပြီဖြစ်၍ အစဉ်ပြညွှန်ပါမည်ဟု မိန့်မြွက်တော်မူ၏။
耶稣临别为门徒祷告
1 耶稣讲完了这些话,就举目望天,说:"父啊,时候到了,求你荣耀你的儿子,让儿子也荣耀你,2 正如你把管理全人类的权柄给了他,使他赐永生给你所赐给他的人。3 认识你是独一的真神,并且认识你所差来的耶稣基督,这就是永生。4 我在地上已经荣耀了你,你交给我要作的工,我已经完成了。5 父啊,现在让我在你自己面前得着荣耀,就是在创世以前我与你同享的荣耀。
6 "你从世上分别出来赐给我的人,我已经把你的名显明给他们了。他们是你的,你把他们赐给了我,他们也遵守了你的道。7 现在他们知道,你所给我的,无论是甚么,都是从你那里来的;8 因为你赐给我的话,我已经给了他们,他们也领受了,又确实知道我是从你那里来的,并且信你差了我来。9 我为他们求;我不为世人求,而是为你赐给我的人求,因为他们是你的。10 我的一切都是你的,你的一切也是我的,并且我因着他们得了荣耀。11 我不再在这世上,他们却在这世上,我要到你那里去。圣父啊,求你因你赐给我的名,保守他们,使他们合而为一,好象我们一样。12 我跟他们在一起的时候,因你赐给我的名,我保守了他们,也护卫了他们;他们中间除了那灭亡的人以外,没有一个是灭亡的,这就应验了经上的话。13 现在我到你那里去,我在世上说这些话,是要他们心里充满我的喜乐。14 我把你的道赐给了他们;世人恨他们,因为他们不属于这世界,像我不属于这世界一样。15 我不求你使他们离开世界,只求你保守他们脱离那恶者。16 他们不属于这世界,像我不属于这世界一样。17 求你用真理使他们成圣;你的道就是真理。18 你怎样差我到世上来,我也怎样差他们到世上去。19 我为了他们的缘故,自己分别为圣,使他们也因着真理成圣。
祈求使门徒合而为一
20 "我不但为他们求,也为那些因他们的话而信我的人求,21 使他们都合而为一,像父你在我里面,我在你里面一样;使他们也在我们里面,让世人相信你差了我来。22 你赐给我的荣耀,我已经赐给了他们,使他们合而为一,像我们合而为一。23 我在他们里面,你在我里面,使他们完完全全合而为一,让世人知道你差了我来,并且知道你爱他们,好象爱我一样。24 父啊,我在哪里,愿你赐给我的人也和我同在哪里,让他们看见你赐给我的荣耀,因为在创立世界以前,你已经爱我了。25 公义的父啊,世人虽然不认识你,我却认识你,这些人也知道你差了我来。26 我已经把你的名指示他们,还要再指示,使你爱我的爱在他们里面,我也在他们里面。"