သေခြင်းမှထမြောက်ပြီ
1 ခုနစ်ရက်တွင် ပထမနေ့ရက်၊ မိုးမလင်းမီ စောစောအချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား၍ တွင်းဝ၌ပိတ်သော ကျောက်သည် ရွှေ့လျက်ရှိသည်ကို မြင်လျှင်၊- 2 ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ ပြေးသွား၍၊ သင်္ချိုင်းတော်မှ သခင်ကိုယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိဟုပြောဆို၏။- 3 ထိုအခါပေတရုနှင့် အခြားသော တပည့်တော်သည်ထွက်၍ သင်္ချိုင်းတော်သို့ သွားကြ၏။- 4 ထိုသူနှစ်ယောက်တို့သည် အတူပြေးသည်တွင် အခြားသောတပည့်တော်သည် ပေတရုကိုလွန်၍ သင်္ချိုင်းတော်သို့ အရင်ရောက်သည်ရှိသော်၊ ငုံ့၍ကြည့်သဖြင့်၊- 5 ပိတ်ပုဆိုးရှိရစ်သည်ကို မြင်လျှင်၊ မဝင်ဘဲနေ၏။- 6 ရှိမုန်ပေတရုသည်နောက်သို့လိုက်၍ ရောက်သောအခါ တွင်းထဲသို့ဝင်လျှင်၊ ပိတ်ပုဆိုးရှိရစ်သည်ကိုလည်းကောင်း၊- 7 ခေါင်းတော်၌ရှိသောပဝါသည် ပိတ်ပုဆိုးနှင့်အတူမရှိဘဲ တခြားစီ လိပ်လျက်ရှိသည်ကိုလည်းကောင်း မြင်လေ၏။- 8 ထိုအခါ သင်္ချိုင်းတော်သို့ အရင်ရောက်သော အခြားတပည့်တော်သည် ဝင်၍မြင်သဖြင့် ယုံလေ၏။- 9 ကိုယ်တော်သည် သေခြင်းမှထမြောက်ရမည်ဟူသော ကျမ်းစကားကို တပည့်တော်တို့သည် နားမလည်ကြသေး။- 10 နောက်မှ ထိုသူနှစ်ယောက်တို့သည် မိမိတို့အပေါင်းအသင်းရှိရာသို့ ပြန်သွားကြ၏။
မာဂဒလမာရိကိုကိုယ်ထင်ပြခြင်း
11 မာရိသည် သင်္ချိုင်းတော်အနားမှာ ငိုကြွေးလျက်ရပ်နေ၏။ ငိုကြွေးစဉ် ငုံ့၍တွင်းထဲသို့ကြည့်လျှင်၊- 12 ကောင်းကင်တမန်နှစ်ပါးတို့သည် ဖြူသောအဝတ်ကိုဝတ်ဆင်လျက်၊ ယေရှု၏အလောင်းတော် လျောင်းရာအရပ်၊ ခေါင်းရင်း၌တစ်ပါး၊ ခြေရင်း၌တစ်ပါး ထိုင်ကြသည်ကိုမြင်လေ၏။- 13 ထိုသူတို့က၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်းဟုမေးလျှင်၊ ကျွန်မ၏သခင်ကို ယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိပါဟုပြောဆို၏။- 14 ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင်၊ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ်တော်မူသည်ကို မသိ။- 15 ယေရှုကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်း။ အဘယ်သူကို ရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည်သူ့ကို ဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မ ယူသွားပါမည်အရှင်ဟု၊ ထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်ဟု ထင်မှတ်လျက်ဆို၏။- 16 ယေရှုကလည်း၊ မာရိဟုခေါ်တော်မူလျှင်၊ မာရိသည်လှည့်၍ ရဗ္ဗုနိဟု ထူးလေ၏။ ရဗ္ဗုနိအနက်ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။- 17 ယေရှုကလည်း၊ ငါ့ကိုမဖက်နှင့်ဦး။ ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ရှိရာသို့ သွားလော့။ ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင့်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့ဟု မိန့်တော်မူသည်နှင့်အညီ၊- 18 မာဂဒလမာရိသည် သွား၍မိမိသည် သခင်ကိုတွေ့မြင်သည်ကိုလည်းကောင်း၊ ထိုသို့မိန့်တော်မူသည်ကိုလည်းကောင်း၊ တပည့်တော်တို့အား ကြားပြောလေ၏။
တပည့်တော်တို့ကိုကိုယ်ထင်ပြခြင်း
19 ခုနစ်ရက်တွင် ပထမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ၏။- 20 ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့် နံဘေးတော်ကို ပြတော်မူ၏။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။- 21 တစ်ဖန် ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင်၊- 22 ထိုသူတို့အပေါ်၌ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြလော့။- 23 အကြင်သူ၏အပြစ်ကို သင်တို့လွှတ်လျှင်၊ ထိုသူသည် အပြစ်လွတ်လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင်၊ ထိုသူသည် အပြစ်တည်လျက်ရှိ၏ဟု မိန့်တော်မူ၏။မ၊ ၁၆:၁၉၊၁၈:၁၈။
ယေရှုနှင့်သောမ
24 ထိုသို့ ယေရှုသည်ကြွလာတော်မူသောအခါ တမန်တော်တစ်ကျိပ်နှစ်ပါးအဝင်၊ ဒိဒုမုဟုအမည်ရှိသော သောမသည် ထိုတပည့်တော်တို့နှင့်အတူမရှိ။- 25 ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည်သခင်ကို မြင်ရကြပြီဟု သောမအားပြောဆိုကြလျှင်၊ သောမက၊ လက်တော်၌သံရိုက်ရာချက်ကို မမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့် မတို့မစမ်း၊ နံဘေးတော်ကိုလည်း လက်နှင့် မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံဟုဆို၏။- 26 ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တစ်ဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။- 27 ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့နံဘေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။- 28 သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။- 29 ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။
ဤကျမ်းစောင်၏ရည်ရွယ်ချက်
30 ဤကျမ်းစာ၌ ရေး၍မထားသော အခြားနိမိတ်လက္ခဏာအများတို့ကိုလည်း ယေရှုသည် တပည့်တော်တို့မျက်မှောက်၌ ပြတော်မူ၏။- 31 ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း၊ ဤမျှလောက် ရေးထားလျက် ရှိသတည်း။
耶稣复活(太28:1~8;可16:1~8;路24:1~10)
1 礼拜日清早,天还没有亮的时候,抹大拉的马利亚来到墓旁,看见石头已经从坟墓移开了。2 她就跑去见西门.彼得,和耶稣所爱的那个门徒,对他们说:"有人把主从坟墓里搬走了,我们不知道他们把他放在哪里。"3 彼得和那门徒就动身,到坟墓那里去。4 两个人一齐跑,那门徒比彼得跑得快,先到了坟墓,5 屈身向里面观看,看见细麻布还在那里,但他却没有进去。6 西门.彼得随后也到了;他进入坟墓,看见细麻布还放在那里,7 也看见耶稣的裹头巾,没有和细麻布放在一起,而是卷着放在一边。8 那时,先到坟墓的那门徒也进去,他看见,就信了。9 他们还不明白经上所说"他必须从死人中复活"这句话的意思。10 于是两个门徒就回家去了。
向抹大拉的马利亚显现(太28:9~10;可16:9~11)
11 马利亚站在坟墓外面哭泣。她哭的时候,屈身往里面观看,12 看见两个身穿白衣的天使,坐在安放耶稣身体的地方,一个在头那边,一个在脚那边。13 天使问她:"妇人,你为甚么哭?"她说:"有人把我的主搬走了,我不知道他们把他放在哪里。"14 马利亚说了这话,就转过身来,看见耶稣站在那里,却不知道他就是耶稣。15 耶稣对她说:"妇人,你为甚么哭?你找谁呢?"马利亚以为耶稣是园丁,就对他说:"先生,如果是你把他挪去了,请告诉我你把他放在甚么地方,我好去搬回来。"16 耶稣对她说:"马利亚!"她转过身来,用希伯来话对他说:"拉波尼!"就是"老师"的意思。17 耶稣说:"你不要拉住我,因为我还没有上去见父。你要到我的弟兄们那里去,告诉他们我要上去见我的父,也是你们的父;见我的 神,也是你们的 神。"18 抹大拉的马利亚就去,向门徒报信说:"我已经看见主了!"她又把主对她所说的话告诉他们。
向门徒显现(太28:16~20;可16:14~18;路24:36~49)
19 礼拜日黄昏的时候,门徒聚在一起,因为怕犹太人,就把门户都关上。耶稣来了,站在他们中间,说:"愿你们平安。"20 说了这话,就把手和肋旁给他们看。门徒看见主,就欢喜了。21 耶稣又对他们说:"愿你们平安。父怎样差遣了我,我也怎样差遣你们。"22 说了这话,就向他们吹一口气,说:"你们领受圣灵吧!23 你们赦免谁的罪,谁的罪就得赦免;你们不赦免谁的罪,谁的罪就不得赦免。"
耶稣向疑惑的多马显现
24 十二个门徒中,有一个称为"双生子""双生子"原文作"低土马"的多马。耶稣来的时候,他没有和门徒在一起。25 其他的门徒对他说:"我们已经见过主了。"多马对他们说:"除非我亲眼看见他手上的钉痕,用我的指头探入那钉痕,又用我的手探入他的肋旁,我决不相信。"26 过了八天,门徒又在屋子里,多马也和他们在一起。门户都关上了。耶稣来了,站在他们中间,说:"愿你们平安。"27 然后对多马说:"把你的指头放在这里,看看我的手吧!伸出你的手来,探探我的肋旁!不要疑惑,只要信!"28 多马对他说:"我的主!我的 神!"29 耶稣说:"你因为看见我才信吗?那些没有看见就信的人,是有福的。"
本书是要人信耶稣得生命
30 耶稣在门徒面前还行了许多别的神迹,没有记在这书上。31 但把这些事记下来,是要你们信耶稣是基督,是 神的儿子,并且使你们信了,可以因他的名得生命。