ယေရှုနှင့်ညီတော်များ
1 ထိုနောက်မှ ယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့သောငှာ ရှာကြံသောကြောင့်၊ ယုဒပြည်၌ လှည့်လည်ခြင်းငှာ အလိုတော်မရှိ။
2 ယုဒလူတို့၏ သကေနေပွဲခံခါနီးတွင်၊-ဝတ်၊ ၂၃:၃၄။ တရား၊၁၆:၁၃။3 ညီတော်တို့က၊ သင်ပြုသောအမှုတို့ကို တပည့်များတို့သည် မြင်စေခြင်းငှာ ဤအရပ်မှထွက်၍ ယုဒပြည်သို့ကြွပါ။- 4 ကျော်စောကိတ္တိကို အလိုရှိသောသူမည်သည်ကား မထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှ မပြုတတ်။ ဤအမှုတို့ကို သင်သည်ပြုလျှင်၊ ဤလောက၌ ကိုယ်ကိုထင်ရှားစွာ ပြပါဟု၊- 5 မယုံကြည်သောကြောင့် ယေရှုအားဆိုကြ၏။- 6 ယေရှုကလည်း၊ ငါ့အချိန်မရောက်သေး။ သင်တို့ဖို့ ခပ်သိမ်းသောအချိန် သင့်လျက်ရှိ၏။- 7 လောကီသားတို့သည် သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမုန်းကြ၏။ အကြောင်းမူကား၊ ငါသည် သူတို့၏အကျင့်ဆိုးညစ်ကြောင်းကို သက်သေခံ၏။- 8 ထိုပွဲသို့ သင်တို့သွားကြလော့။- 9 ငါမသွားသေး။ ငါ့အချိန်မပြည်စုံသေးဟု မိန့်တော်မူပြီးလျှင်၊ ဂါလိလဲပြည်မှာ နေတော်မူ၏။
သကေနေပွဲသို့ကြွတော်မူခြင်း
10 ညီတော်တို့သွားပြီးမှ ကိုယ်တော်သည် ထိုပွဲသို့ မထင်မရှားကြွတော်မူ၏။- 11 ထိုပွဲ၌ယုဒလူတို့က၊ ယေရှုသည်အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ၏။- 12 လူအစုအဝေးတို့သည် ကိုယ်တော်ကိုအကြောင်းပြု၍ အုတ်အုတ်သဲသဲဖြစ်ကြ၏။ အချို့တို့က၊ သူသည် သူတော်ကောင်းဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့တို့က၊ သူတော်ကောင်းမဟုတ်၊ လူများကိုလှည့်ဖြားသည် ဟူ၍လည်းကောင်း ဆိုကြ၏။- 13 သို့သော်လည်း ယုဒလူတို့ကိုကြောက်သောကြောင့် အဘယ်သူမျှ အတည့်အလင်းမပြောဝံ့ကြ။
14 ထိုပွဲကို ခံစဉ်တွင်၊ ယေရှုသည် ဗိမာန်တော်သို့တက်၍ ဆုံးမဩဝါဒ ပေးတော်မူ၏၊- 15 ယုဒလူတို့သည် အံ့ဩ၍၊ ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟု ဆိုကြ၏။- 16 ယေရှုကလည်း၊ ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူ၏ဒေသနာဖြစ်၏။- 17 ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာသည် ဘုရားသခင်၏ ဒေသနာတော်ဖြစ်သလော၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။- 18 ကိုယ်အလိုအလျောက် ဟောပြောသောသူသည် မိမိဘုန်းအသရေကို ရှာတတ်၏။ မိမိကိုစေလွှတ်တော်မူသောသူ၏ ဘုန်းအသရေကို ရှာသောသူမူကား၊ ယုံလောက်သောသူဖြစ်၏။ ထိုသူ၌ မုသားမရှိ။- 19 မောရှေသည် ပညတ်တရားကို သင်တို့အား ပေးသည်မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစ်စုံတစ်ယောက်မျှမကျင့်။ ငါ့ကိုသတ်အံ့သောငှာ အဘယ်ကြောင့် ရှာကြံကြသနည်းဟု မိန့်တော်မူ၏။- 20 လူအစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲသောသူဖြစ်၏။ သင့်ကို သတ်အံ့သောငှာ အဘယ်သူရှာကြံသနည်းဟု ဆိုကြ၏။- 21 ယေရှုကလည်း၊ ငါပြုသောအမှုတစ်ခုကို သင်တို့ရှိသမျှသည် အံ့ဩခြင်းရှိကြ၏။- 22 မောရှေသည် အရေဖျားလှီးခြင်းတရားကို သင်တို့အားပေး၏။ ထိုသို့ဆိုသော် မောရှေမှ အစစွာခံရသည်ဟု မဆိုလို။ ဘိုးဘေးများမှ ဆက်ခံရသတည်း၊ ထိုကြောင့် ဥပုသ်နေ့၌ သင်တို့သည် အရေဖျားလှီးခြင်းကို ပေးကြ၏။-က၊ ၁၇:၁၀။ ဝတ်၊ ၁၂:၃။23 မောရှေ၏တရားမပျက်စေခြင်းငှာ လူသည်ဥပုသ်နေ့၌ အရေဖျားလှီးခြင်းကိုခံရလျှင်၊ ငါသည် ဥပုသ်နေ့၌ လူတစ်ကိုယ်လုံးကို ကျန်းမာစေသောကြောင့်၊ သင်တို့သည် ငါ့ကို အမျက်ထွက်ရာသလော။-ယော၊ ၅:၉။24 မျက်နှာကိုသာကြည့်၍ မစီရင်ကြနှင့်။ တရားသဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ၏။
ဤသူသည်ခရစ်တော်ပေလော။
25 ထိုအခါ ယေရုရှလင်မြို့သားအချို့ကလည်း၊ ဤသူကိုသတ်အံ့သောငှာ ရှာကြသည်မဟုတ်လော။- 26 ကြည့်ပါ။ သူသည် ထင်ရှားစွာဟောပြော၍ အဘယ်မြစ်တားခြင်းကိုမျှ မပြုကြပါတကား၊ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော။- 27 သို့သော်လည်း ဤသူသည် အဘယ်ကဖြစ်သည်ကို ငါတို့သိကြ၏။ ခရစ်တော်သည် ကြွလာတော်မူသောအခါ အဘယ်ကဖြစ်တော်မူသည်ကို အဘယ်သူမျှမသိရဟု ဆိုကြ၏။- 28 ယေရှုကလည်း၊ သင်တို့သည် ငါ့ကိုသိကြ၏။ ငါသည် အဘယ်က ဖြစ်သည်ကိုလည်း သိကြ၏။ သို့သော်လည်း ငါသည် ကိုယ်အလိုအလျောက် လာသည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ထိုသူကို သင်တို့မသိကြ။- 29 ငါမူကားသိ၏။ အကြောင်းမူကား၊ ထိုသူ၏အထံတော်မှ ငါလာ၏။ သူသည်လည်း ငါ့ကိုစေလွှတ်တော်မူ၏ဟု ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ကြွေးကြော်၍ မိန့်တော်မူလျှင်၊- 30 ကိုယ်တော်ကို ဖမ်းဆီးခြင်းအခွင့်ကို ရှာကြ၏။ သို့သော်လည်း ကိုယ်တော်၏အချိန်မစေ့ မရောက်သေးသောကြောင့် အဘယ်သူမျှ မဖမ်းမဆီးကြ။- 31 လူအစုအဝေးထဲ၌ ပါသောလူအများတို့သည် ယုံကြည်သည်ဖြစ်၍၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ ဤသူပြသော နိမိတ်လက္ခဏာထက် သာ၍များသော နိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟု ဆိုကြ၏။
ကိုယ်တော်ကိုဖမ်းဆီးစေခြင်း
32 ထိုသို့လူများ အုတ်အုတ်သဲသဲဖြစ်ကြသည်ကို ဖာရိရှဲတို့သည်ကြားလျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် တိုင်ပင်ပြီးမှ ကိုယ်တော်ကို ဖမ်းဆီးစေခြင်းငှာ မင်းလုလင်တို့ကို စေလွှတ်ကြ၏။- 33 ယေရှုကလည်း၊ ငါသည် သင်တို့နှင့်အတူ ခဏသာနေပြီးလျှင်၊ ငါ့ကိုစေလွှတ်တော်မူသော သူထံသို့ သွားရမည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။- 34 ရှာသော်လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူလျှင်၊- 35 ယုဒလူတို့က၊ ငါတို့ကိုမတွေ့စေခြင်းငှာ သူသည် အဘယ်အရပ်သို့သွားလိမ့်မည်နည်း။ ဟေလသလူတို့တွင် အရပ်ရပ်သို့ ကွဲပြားလျက်နေသော သူတို့ရှိရာသို့သွား၍ ဟေလသလူတို့အား တရားဟောလိမ့်မည်လော။- 36 သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရောက်နိုင်ကြ ဟူသောစကားသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်းဆိုကြ၏။
အသက်စမ်းရေတွင်း
37 ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။-ဝတ်၊ ၂၃:၃၆။38 ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။-ယေဇ၊ ၄၇:၁။ ဇာ၊ ၁၄:၈။39 ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတ္တံ့သောဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး။
လူတို့စိတ်သဘောကွဲပြားခြင်း
40 စကားတော်ကို ကြားသောလူအများတို့က၊ ဤသူသည် လာလတ္တံ့သောပရောဖက် အမှန်ဖြစ်သည်ဟု ဆိုကြ၏။- 41 အချို့ကလည်း၊ ဤသူသည် ခရစ်တော်ဖြစ်သည်ဟု ဆိုကြ၏။ အချို့ကလည်း၊ ခရစ်တော်သည် ဂါလိလဲပြည်သား ဖြစ်ရသလော။- 42 ခရစ်တော်သည် ဒါဝိဒ်အမျိုး၊ ဒါဝိဒ်နေရာဌာန၊ ဗက်လင်ရွာသားဖြစ်ရမည်ဟု ကျမ်းစာလာသည် မဟုတ်လောဟု ဆိုကြ၏။-၂ရာ၊ ၇:၁၂။ မိ၊ ၅:၂။43 ထိုသို့လူများတို့သည် ကွဲပြားကြသည်ဖြစ်၍၊ အချို့တို့သည် ကိုယ်တော်ကိုဖမ်းဆီးခြင်းငှာ အလိုရှိကြ၏။- 44 သို့သော်လည်း အဘယ်သူမျှ မဖမ်းမဆီးကြ။
ခေါင်းဆောင်များမယုံကြည်ခြင်း
45 ထိုအခါ မင်းလုလင်တို့သည် ယဇ်ပုရောဟိတ်အကြီး၊ ဖာရိရှဲထံသို့ပြန်၍၊ ထိုမင်းတို့က၊ အဘယ်ကြောင့် သူ့ကိုမဆောင်ခဲ့ကြသနည်းဟု မေးမြန်းလျှင်၊- 46 မင်းလုလင်တို့က၊ ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှ မဟောစဖူးပါဟု လျှောက်ကြ၏။- 47 ဖာရိရှဲတို့ကလည်း၊ သင်တို့ကိုပင် လှည့်ဖြားပြီလော။- 48 မင်းများ၊ ဖာရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူ တစ်စုံတစ်ယောက်မျှရှိသလော။- 49 တရားကိုမသိသော ဤလူများတို့သည် ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟု ဆိုကြ၏။- 50 အထက်က ညအခါ၌ အထံတော်သို့လာသော သူတည်းဟူသော ထိုမင်းများအဝင်ဖြစ်သော နိကောဒင်ကလည်း၊-ယော၊ ၃:၁-၂။51 ငါတို့တရားသည် လူကိုမစစ်၊ သူ့အမှုကို မသိမီကပင် ရှေ့မဆွက ဆုံးဖြတ်တတ်သလောဟု ဆိုလျှင်၊- 52 သူတို့က၊ သင်သည်လည်း ဂါလိလဲပြည်သား ဖြစ်သလော။ စစ်ဦးလော့၊ ဂါလိလဲပြည်၌ အဘယ်ပရောဖက်မျှ မပေါ်ထွန်းသည်ကိုမှတ်လော့ဟု ဆိုကြပြီးမှ၊- 53 ထိုသူအပေါင်းတို့သည် မိမိတို့အိမ်သို့သွားကြ၏။
耶稣的弟弟也不信他
1 这事以后,耶稣周游加利利,不愿在犹太往来,因为犹太人想要杀他。2 犹太人的住棚节快到了,3 耶稣的弟弟就对他说:"你应当离开这里上犹太去,好让你的门徒也可以看见你所行的事;4 因为没有人想引人注目,却在暗处行事的。你既然行这些事,就应该向世人显明自己。"5 原来连他的弟弟也不信他。6 耶稣就对他们说:"我的时候还没有到,你们的时候却常常是方便的。7 世人不能恨你们,却憎恨我,因为我指证他们的行为是邪恶的。8 你们上去过节吧!我现在不上去过这个节,因为我的时机还没有成熟。"9 他说了这些话以后,仍然住在加利利。
住棚节时在殿里教导人
10 然而,他的弟弟上去过节以后,他也上去过节,不是公开地去,却是暗中地去。11 过节的时候,犹太人寻找耶稣,说:"那人在哪里呢?"12 群众因他纷纷议论,有的说:"他是好人。"有的说:"不,他是欺骗众人的。"13 但没有人敢公开讲论他,因为怕犹太人。
14 节期当中,耶稣上圣殿去教导人。15 犹太人就希奇,说:"这个人没有学过,怎会通晓经书呢?"16 耶稣说:"我的教训不是我自己的,而是出于那差我来的。17 人若愿意遵行 神的旨意,就会知道这教训是出于 神,还是我凭着自己的意思说的。18 那凭着自己的意思说的,是求自己的荣誉;但那寻求差他来者的荣耀的,才是真诚的人,在他里面没有不义。19 摩西不是曾经把律法传给你们吗?你们竟然没有一个人遵行律法。你们为甚么想要杀我呢?"20 群众回答:"你是鬼附的,谁想要杀你呢?"21 耶稣说:"我行了一件事,你们都以为希奇。22 摩西曾经把割礼传给你们其实割礼不是从摩西开始的,而是从列祖开始的,因此,你们在安息日也给人行割礼。23 如果人在安息日行割礼,为的是要遵守摩西的律法,那么我在安息日使一个人全身健康,你们就向我生气吗?24 不要按外貌判断人,总要公公平平地判断人。"
他是基督吗?
25 当时,有些耶路撒冷人说:"这不是他们想要杀的人吗?26 你看,他还在公开地讲话,竟然没有人对他说甚么,难道官长们真的认为这个人就是基督吗?27 可是我们知道这个人是从哪里来的,只是基督来的时候,没有人知道他是从哪里来的!"28 当时耶稣在殿里教导人,大声说:"你们以为认识我,也知道我从哪里来,其实我不是凭着自己的意思来的,但那差我来的是真实的,你们却不认识他。29 然而我认识他,因为我从他那里来,也是他差我来的。"30 于是他们想逮捕他,只是没有人下手,因为他的时候还没有到。31 群众中有许多人信了他。他们说:"基督来的时候,他所行的神迹,能比这人所行的更多吗?"
法利赛人等想逮捕耶稣
32 法利赛人听见群众纷纷议论这些关于耶稣的事,祭司长和法利赛人就派差役去逮捕耶稣。33 于是耶稣说:"我跟你们在一起的时候不多了,我要回到那差我来的那里去。34 你们要寻找我,却找不着;我所在的地方,你们是不能去的。"35 犹太人彼此说:"这个人要到哪里去,使我们找不着他呢?难道他要到散居在希腊人中的犹太人那里,去教导希腊人吗?36 他说‘你们要寻找我,却找不着;我所在的地方,你们是不能去的’这话,是甚么意思呢?"
信的人要接受圣灵
37 节期的最后一天,就是最隆重的那一天,耶稣站着高声说:"人若渴了,可以到我这里来喝!38 信我的人,就像圣经所说的,从他的腹中要涌流出活水的江河来。"39 他这话是指着信他的人要接受圣灵说的;那时圣灵还没有降临,因为耶稣还没有得着荣耀。
群众因耶稣起了纷争
40 群众中有人听了这些话,就说:"这真是‘那位先知’!"41 另有人说:"他是基督。"还有人说:"基督是从加利利出来的吗?42 圣经不是说基督是大卫的后裔,是从大卫本乡伯利恒出来的吗?"43 群众因为耶稣的缘故,就起了纷争。44 他们中间有人想逮捕耶稣,只是没有人下手。
官长不信耶稣
45 差役回到祭司长和法利赛人那里。他们就问差役:"你们为甚么没有把他带来?"46 差役回答:"从来没有人像他这样讲话的!"47 法利赛人说:"连你们也受了欺骗吗?48 官长或法利赛人中间有谁是信他的呢?49 至于这群不明白律法的人,他们是可咒诅的。"50 他们当中有一个人,就是以前来见耶稣的尼哥德慕,对他们说:51 "如果不先听取他本人的口供,查明他所作的事,我们的律法怎能把他定罪呢?"52 他们回答:"你也是从加利利出来的吗?你去考查一下,就知道先知是不会从加利利兴起的。"
53 于是各人都回家去了。后期抄本才加上7:53~8:11