မှန်သောစပျစ်နွယ်ပင်
1 ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။- 2 ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍ သီးစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏။- 3 သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင် ရှင်းလင်းလျက်ရှိကြ၏။- 4 ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။- 5 ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏၊ ထိုသူသည် များစွာသောအသီးကို သီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ။- 6 ငါ၌ မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကိုခံရ၏။ ထိုသို့သော အခက်များကို လူတို့သည်စုသိမ်း၍ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။- 7 သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင်၊ သင်တို့သည်တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်။
8 သင်တို့သည် များစွာသောအသီးကို သီးသောအားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ၏တပည့် မှန်ကြလိမ့်မည်။- 9 ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။- 10 ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။- 11 သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှာလည်းကောင်း၊ သင်တို့ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာလည်းကောင်း၊ ဤစကားကို သင်တို့အားငါဟောပြော၏။- 12 ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကိုချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။ယော၊ ၁၃:၃၄၊ ၁၅:၁၇။ ၁ယော၊ ၃:၂၃။ ၂ယော ၅။13 ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက် သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။- 14 သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။- 15 ယခုမှစ၍ ငါသည်သင်တို့ကို ကျွန်ဟူ၍မခေါ်။ ကျွန်မူကား၊ ကိုယ်သခင်ပြုသောအမှုကို မသိ။ သင်တို့ကို အဆွေဟူ၍ငါခေါ်၏။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့အား ငါပြသ၏။- 16 သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။
17 သင်တို့သည် အချင်းချင်းချစ်စေခြင်းငှာ ဤပညတ်တို့ကို ငါပေး၏။
လောကသားတို့၏မုန်းတီးခြင်း
18 လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။- 19 သင်တို့သည် လောကီနှင့်ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသော သင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့် မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။- 20 ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏စကားကို နားထောင်ကြလိမ့်မည်။-မ၊ ၁၀:၂၄။ လု၊ ၆:၄၀။ ယော၊ ၁၃:၁၆။21 ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍၊ ငါ၏နာမကြောင့် သင်တို့အား ထိုအမှုရှိသမျှတို့ကို ပြုကြလိမ့်မည်။- 22 ငါသည် လာ၍ ထိုသူတို့အား မဟောမပြောလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ မိမိတို့အပြစ်ကို ဝှက်၍ မထားနိုင်ကြ။- 23 ငါ့ကို မုန်းသောသူသည် ငါ့ခမည်းတော်ကိုမုန်း၏။- 24 ငါသည် အခြားသူမပြုဖူးသောအမှုကို ထိုသူတို့ရှေ့မှာမပြုလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ သူတို့သည် ထိုအမှုကိုမြင်ရ၍ ငါနှင့် ငါ့ခမည်းတော်ကို မုန်းကြ၏။- 25 သို့ဖြစ်လျှင်၊ အကြောင်းမရှိဘဲ ငါ့ကိုမုန်းကြ၏ဟု သူတို့၏ပညတ္တိကျမ်းစာ၌ ရေးထားသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။-ဆာ၊ ၃၅:၁၉၊၆၉:၄။26 ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့်ပြည့်စုံသော ဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတ္တံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။- 27 သင်တို့သည်လည်း ရှေ့ဦးစွာမှစ၍ ငါနှင့်အတူရှိနေသောကြောင့် သက်သေခံရကြလိမ့်မည်။
耶稣是真葡萄树
1 "我是真葡萄树,我父是培植的人。2 所有属我而不结果子的枝子,他就剪去;所有结果子的,他就修剪干净,让它结更多的果子。3 现在你们因着我对你们所讲的道,已经干净了。4 你们要住在我里面,我也就住在你们里面。枝子若不连在葡萄树上,自己就不能结果子;你们若不住在我里面,也是这样。5 我是葡萄树,你们是枝子。住在我里面的,我也住在他里面,他就结出很多果子;因为离开了我,你们就不能作甚么。6 人若不住在我里面,就像枝子丢在外面枯干了,人把它们拾起来,丢在火里烧掉了。7 你们若住在我里面,我的话也留在你们里面;无论你们想要甚么,祈求,就给你们成就。8 这样,你们结出很多果子,我父就因此得荣耀,你们也就是我的门徒了。9 父怎样爱我,我也怎样爱你们;你们要住在我的爱里。10 如果你们遵守我的命令,就必定住在我的爱里,正像我遵守了我父的命令,住在他的爱里一样。
11 "我把这些事告诉了你们,好让我的喜乐存在你们心里,并且使你们的喜乐满溢。12 你们要彼此相爱,像我爱你们一样,这就是我的命令。13 人为朋友舍命,人间的爱没有比这个更大的了。14 你们若行我所吩咐你们的,就是我的朋友了。15 我不再称你们为仆人,因为仆人不知道主人所作的事;我已经称你们为朋友了,因为我从我父那里听见的一切,都已经告诉你们了。16 不是你们拣选了我,而是我拣选了你们,并且分派你们去结果子,就是结常存的果子,使你们奉我的名,无论向父求甚么,他必定赐给你们。17 我把这些事吩咐你们,是要你们彼此相爱。
世人恨主也恨门徒
18 "如果世人恨你们,你们要知道他们在恨你们以先,已经恨我了。19 你们若属于这世界,世人必定爱属自己的;但因为你们不属于世界,而是我从世界中拣选了你们,所以世人就恨你们。20 你们要记住我对你们说过的话:‘仆人不能大过主人。’他们若迫害我,也必定迫害你们;他们若遵守我的话,也必定遵守你们的话。21 但他们因着我的名,要向你们行这一切,因为他们不认识那差我来的。22 如果我没有来,也没有对他们讲过甚么,他们就没有罪;但现在他们的罪是无可推诿的了。23 恨我的,也恨我的父。24 如果我没有在他们中间作过别人没有作过的事,他们就没有罪;但现在我和我的父,他们都看见了,也都恨恶。25 这就应验了他们律法上所写的话:‘他们无故地恨我。’
26 "我从父那里要差来给你们的保惠师,就是从父那里出来的真理的灵,他来到的时候,要为我作见证。27 你们也要作见证,因为从开始你们就是跟我在一起的。"