ဗတ္တိဇံဆရာယောဟန်၏ဟောပြောချက်
1 ဘုရားသခင်သားတော်ယေရှုခရစ်၏ ဧဝံဂေလိတရား၏ အစကို ဆိုပေအံ့။- 2 အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။-မာလ၊ ၃း၁။3 တော၌ ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟု လာသည်နှင့် အညီ၊-ဟေရှာ၊ ၄၀း၃။4 ယောဟန်သည် တော၌ ဗတ္တိဇံကိုပေးလျက်၊ အပြစ်လွှတ်ခြင်းအဖို့အလိုငှာ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလျက် ပေါ်ထွန်း၏။- 5 ယေရုရှလင်မြို့သားများမှစ၍ ယုဒပြည်သူပြည်သား အပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍ မိမိတို့ အပြစ်များကိုဖော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကိုခံကြ၏။- 6 ယောဟန်သည် ကုလားအုတ်အမွေးနှင့် ရက်သောအဝတ်ကို ဝတ်လျက်၊ ခါး၌ သားရေခါးပန်းကို စည်းလျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သောပျားရည်ကို စားလျက်နေ၏။-၄ရာ၊ ၁း၈7 ဟောချက်စကားဟူမူကား၊ ငါ့ထက် တတ်စွမ်းနိုင်သောသူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ ခြေနင်းတော်ကြိုးကိုမျှ ငုံ့၍ဖြည်ခြင်းငှာ ငါမထိုက်။- 8 ငါသည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ သင်တို့ကို ဗတ္တိဇံပေးမည်ဟု ဟောသတည်း။
ဗတ္တိဇံခံခြင်း
9 ထိုအခါ ယေရှုသည် ဂါလိလဲပြည်နာဇရက်မြို့မှ ကြွလာ၍ ယောဟန်လက်ဖြင့် ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံတော်မူ၏။- 10 ရေမှပေါ်ထစဉ်တွင် ကောင်းကင်ကွဲ၍ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူသည်ကို မြင်ရ၍၊- 11 သင်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။ဟေရှာ၊ ၄၂း၁။ မ၊ ၁၂း၁၈၊ ၁၇း၅။ မာ၊ ၉း၇။ လု၊ ၉း၃၅။
စုံစမ်းသွေးဆောင်ခံရခြင်း
12 ထိုခဏချင်းတွင် ဝိညာဉ်တော်သည် ယေရှုကို တောသို့ သွားစေတော်မူ၏။- 13 အရက်လေးဆယ်ပတ်လုံး ထိုတော၌နေ၍ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲတို့နှင့်အတူ ရှိတော်မူ၏။ ကောင်းကင်တမန်တို့သည်လည်း လုပ်ကျွေးကြ၏။
တံငါသည်လေးယောက်ကိုခေါ်ခြင်း
14 ယောဟန်သည် ထောင်ထဲသို့ရောက်သည်နောက်၊ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူလျှင်၊- 15 အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့ဟူသော ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။ဒံ၊ ၂း၄၄။ မ၊ ၃း၂
16 ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့် အန္ဒြေ ညီအစ်ကိုနှစ်ယောက်သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊- 17 ထိုသူတို့အား ငါ့နောက်သို့ လိုက်ကြလော့။ သင်တို့သည် လူကိုမျှားသောတံငါဖြစ်စေခြင်းငှာ ငါပြုမည်ဟု အမိန့်တော်ရှိသော်၊- 18 ထိုသူတို့သည် ချက်ချင်းပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။- 19 ထိုမှ အနည်းငယ်လွန်ပြန်လျှင် ဇေဗေဒဲ၏သားယာကုပ်နှင့် ယောဟန် ညီအစ်ကိုနှစ်ယောက်တို့သည် လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ချက်ချင်းခေါ်တော်မူ၏။- 20 ထိုသူတို့သည်လည်း လှေပေါ်မှာရှိသော သူငှားတို့နှင့်တကွ အဘဇေဗေဒဲကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။
ညစ်ညူးသောနတ်စွဲသူ
21 ကပေရနောင်မြို့သို့ သွားကြလျှင်၊ ဥပုသ်နေ့၌ ကိုယ်တော်သည် ချက်ချင်းတရားဇရပ်သို့ ဝင်၍ ဆုံးမဩဝါဒ ပေးတော်မူ၏။- 22 ပရိသတ်တို့သည်လည်း ဆုံးမဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။ အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူ မဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမဩဝါဒ ပေးတော်မူ၏။-မ၊ ၇း၂၈-၂၉23 ထိုသူတို့၏တရားဇရပ်၌ ညစ်ညူးသောနတ် စွဲသောသူရှိ၍၊- 24 ဪ နာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှာ လာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူ ဖြစ်ပါသည်ဟု ဟစ်ကြော်လေ၏။- 25 ယေရှုကလည်း တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊- 26 ညစ်ညူးသောနတ်သည် ထိုသူကို တောင့်မာစေပြီးမှ၊ ကြီးသောအသံနှင့် အော်ဟစ်၍ ထွက်သွား၏။- 27 လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤအမှုသည် အဘယ်သို့နည်း။ ဤဆုံးမခြင်းအသစ်သည် အဘယ်သို့နည်း။ ညစ်ညူးသောနတ်တို့ကိုပင် အာဏာနှင့်မှာထား၍၊ သူတို့သည် နားထောင်ကြသည်တကားဟု အချင်းချင်း မေးမြန်းပြောဆိုကြ၏။- 28 သတင်းတော်သည်လည်း ဂါလိလဲပြည်အရပ်ရပ်တို့၌ ချက်ချင်း နှံ့ပြားကျော်စောလေ၏။
ရှိမုန်၏ယောက္ခမကိုကုသခြင်း
29 တရားဇရပ်မှ ထွက်ကြလျှင်၊ ရှိမုန်၊ အန္ဒြေတို့အိမ်သို့ ယာကုပ်၊ ယောဟန်နှင့်တကွ ချက်ချင်းသွားကြ၏။- 30 ရှိမုန်၏ယောက္ခမသည် ဖျားနာစွဲ၍ တုံးလုံးနေသည်အကြောင်းကို အလျင်အမြန် လျှောက်ကြ၏။- 31 ကိုယ်တော်သည်လာ၍ ထိုမိန်းမ၏လက်ကို ကိုင်လျက် ချီကြွတော်မူသည် ခဏချင်းတွင် သူသည် အဖျားပျောက်၍ ဧည့်သည်ဝတ်ကို ပြုလေ၏။
32 နေဝင်၍ ညအချိန်ရောက်လျှင်၊ မကျန်းမမာသောသူနှင့် နတ်ဆိုးစွဲသောသူ ရှိသမျှတို့ကို အထံတော်သို့ ဆောင်ခဲ့၍၊- 33 တစ်မြို့လုံးသည် တံခါးနားမှာ စုဝေးလျက်ရှိကြ၏။- 34 အထူးထူးအပြားပြားသော အနာစွဲသောသူများတို့ကို သက်သာစေတော်မူ၏။ နတ်ဆိုးများတို့ကိုလည်း နှင်ထုတ်တော်မူ၏။ နတ်ဆိုးတို့သည် ကိုယ်တော်ကို သိကြသောကြောင့်၊ စကားတစ်ခွန်းကိုမျှ ပြောစေခြင်းငှာ အခွင့်ပေးတော်မမူ။
ဂါလိလဲပြည်တွင်ဟောပြောခြင်း
35 နံနက်အချိန်၊ မိုးမလင်းမီ ကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်းတော်မူ၏။- 36 ရှိမုန်နှင့် သူ၏အပေါင်းအဖော်တို့သည် လိုက်၍ရှာကြသော်၊- 37 ကိုယ်တော်ကိုတွေ့လျှင် လူအပေါင်းတို့သည် ကိုယ်တော်ကို ရှာကြပါသည်ဟု လျှောက်ဆို၏။- 38 ကိုယ်တော်ကလည်း ငါသည် နီးစပ်သောမြို့ရွာတို့၌ တရားဟောခြင်းငှာ သွားကြကုန်အံ့။ ထိုသို့အလို့ငှာ ငါကြွလာပြီဟု မိန့်တော်မူ၍၊- 39 ဂါလိလဲပြည်အရပ်ရပ် တရားဇရပ်တို့၌ တရားဟောလျက် နတ်ဆိုးတို့ကို နှင်ထုတ်လျက် နေတော်မူ၏။မ၊ ၄း၂၃၊ ၉း၃၅။
နူနာစွဲသူကိုကုသခြင်း
40 နူနာစွဲသောသူတစ်ယောက်သည် အထံတော်သို့လာ၍ ဒူးထောက်လျက်၊ ကိုယ်တော်အလိုရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။- 41 ယေရှုသည် သနားသောစိတ်ရှိသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့လျက်၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူ၏။- 42 ထိုသို့ မိန့်တော်မူသည် ခဏချင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ ရောက်လေ၏။- 43 ယေရှုကလည်း၊ သင်သတိပြု။- 44 အဘယ်သူအား စကားတစ်ခွန်းကိုမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတစ်ပါး၌ သက်သေဖြစ်စေခြင်းငှာ သန့်ရှင်းခြင်းသို့ ရောက်သည်အတွက်၊ မောရှေစီရင်မှာထားသော ပူဇော်သကာကို ဆက်လော့ဟု မြစ်တား၍ ချက်ချင်း လွှတ်လိုက်တော်မူ၏။-ဝတ်၊ ၁၄း၁-၃၂။45 ထိုသူသည် ထွက်သွား၍ စကားများသောအားဖြင့် ထိုအကြောင်းကို အနှံ့အပြား ကျော်စောစေ၏။ ထိုကြောင့် ကိုယ်တော်သည် နောက်တစ်ဖန် မြို့ထဲသို့ ထင်ရှားစွာမဝင်ရဘဲ၊ မြို့ပြင်တောအရပ်၌သာ နေတော်မူ၍ အရပ်ရပ်တို့မှ အထံတော်သို့ ရောက်လာကြ၏။
施洗约翰(太3:1~12;路3:1~18;约1:19~28)
1 神的儿子有些抄本无" 神的儿子"一句耶稣基督福音的开始。
2 正如以赛亚先知的书上写着:
"看哪,我差遣我的使者在你面前,
预备你的道路;
3 在旷野有呼喊者的声音:
‘预备主的道,
修直他的路!’"
4 照这话,施洗的约翰在旷野出现了,传讲悔改的洗礼,使罪得赦。5 犹太全地和全耶路撒冷的人,都出来到他那里去,承认自己的罪,在约旦河里受了他的洗。6 约翰身穿骆驼毛的衣服,腰束皮带,吃的是蝗虫和野蜜。7 他传讲说:"有一位在我以后来的,能力比我大,我就是弯腰给他解鞋带都没有资格。8 我用水给你们施洗,他却要用圣灵给你们施洗。"
耶稣受洗(太3:13~17;路3:21~22)
9 那时候耶稣从加利利的拿撒勒来,在约旦河里受了约翰的洗。10 他从水里一上来,就看见天裂开了,圣灵仿佛鸽子降在他身上。11 又有声音从天上来说:"你是我的爱子,我喜悦你。"
耶稣受试探(太4:1~11;路4:1~13)
12 圣灵随即催促耶稣到旷野去。13 他在那里四十天,受撒但的试探,和野兽在一起,有天使来服事他。
在加利利传道(太4:12~17;路4:14~15)
14 约翰被捕以后,耶稣来到加利利,宣讲 神的福音,15 说:"时候到了, 神的国近了,你们应当悔改,相信福音。"
呼召四个门徒(太4:18~22;路5:1~11;约1:35~42)
16 耶稣沿着加利利海边行走,看见西门和他弟弟安得烈在海上撒网;他们是渔夫。17 耶稣就对他们说:"来跟从我,我要使你们成为得人的渔夫。"18 他们立刻撇下网,跟从了他。19 耶稣稍往前走,看见西庇太的儿子雅各,和雅各的弟弟约翰,正在船上整理鱼网,20 他立即呼召他们。他们撇下父亲西庇太和雇工在船上,就跟从他去了。
在迦百农赶出污灵(路4:31~37)
21 他们到了迦百农,耶稣随即在安息日进入会堂教导人。22 大家对他的教训都很惊奇,因为他教导他们,像一个有权柄的人,不像经学家。23 就在那时,会堂里有一个被污灵附着的人,喊叫起来,24 说:"拿撒勒人耶稣,我们跟你有甚么关系呢?你来毁灭我们吗?我知道你是谁,你是 神的圣者。"25 耶稣斥责他说:"住口!从他身上出来!"26 污灵使那人抽疯,大声喊叫,就从他身上出来了。27 众人都很惊讶,于是彼此对问说:"这是怎么一回事?是个有权能的新道理啊!他吩咐污灵,污灵竟服从了他!"28 耶稣的名声立刻传遍了加利利一带。
治病赶鬼(太8:14~17;路4:38~41)
29 他们一出会堂,就和雅各、约翰到西门和安得烈的家里去。30 西门的岳母正在发烧躺着,他们立刻告诉耶稣。31 耶稣走到她面前,拉着她的手,扶她起来,热就退了,她就服事他们。32 到了黄昏,有人不断把生病的和被鬼附的,都带到耶稣面前。33 全城的人都聚集在门口。34 耶稣医好了各样的病,也赶出许多的鬼,并且不许鬼说话,因为鬼认识他。
在加利利传道赶鬼(路4:42~44)
35 次日凌晨,天还没有亮,耶稣起身出去,来到荒野的地方,在那里祷告。36 西门和那些跟他在一起的人就去寻找耶稣。37 他们找到了,就对他说:"大家都在找你呢!"38 耶稣对他们说:"我们到邻近的乡镇去吧,我也好在那里传道,因为我就是为这事而来的。"39 于是他走遍加利利全地,在他们的会堂里传道,并且赶鬼。
治好痲风病人(太8:2~4;路5:12~16)
40 有一个患痲风的人,来到耶稣跟前,跪下求他说:"如果你肯,必能使我洁净。"41 耶稣动了怜悯的心,就伸手摸他,说:"我肯,你洁净了吧!"42 痲风立刻离开了他,他就洁净了。43 耶稣打发那人离开以前,严厉地吩咐他,44 说:"你千万不可把这事告诉任何人,你只要去给祭司检查,并且照着摩西所规定的,为你得洁净献祭,好向大家作证。"45 但那人出来,竟任意传讲,就把这事传开了,以致耶稣不能再公开进城,只好留在外边荒野的地方;然而还是有人从各处到他那里去。