ယေရုရှလင်မြို့သို့ဝင်တော်မူခြင်း
1 ယေရုရှလင်မြို့နှင့် အနီးသံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ ရောက်ကြသောအခါ တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်တော်မူ၍၊- 2 သင်တို့ရှေ့၌ ရှိသောရွာသို့ သွားကြ။ ထိုရွာသို့ရောက်လျှင် အဘယ်သူမျှ မစီးဖူးသော မြည်းကလေး ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် ချက်ချင်းတွေ့လိမ့်မည်။ မြည်းကြိုးကို ဖြည်၍ ဆောင်ခဲ့ကြ။- 3 သူတစ်ပါးက၊ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သင်တို့အားဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည် ချက်ချင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။- 4 တပည့်တော်တို့သည် သွား၍ လမ်း၌တံခါးပြင်မှာ ချည်ထားသော မြည်းကလေးကို တွေ့ပြီးလျှင် မြည်းကြိုးကို ဖြည်ကြ၏။- 5 ထိုအရပ်၌ ရပ်နေသောသူအချို့တို့က၊ အဘယ်ကြောင့် မြည်းကြိုးကိုဖြည်သနည်းဟု ဆိုလျှင်၊- 6 ယေရှုမှာထားတော်မူသည်အတိုင်း တပည့်တော်တို့သည် ပြန်ပြောပြီးမှ ထိုသူတို့သည် အခွင့်ပေးကြ၏။- 7 ယေရှုထံတော်သို့ မြည်းကလေးကိုဆောင်ခဲ့၍ မိမိတို့အဝတ်ကို မြည်းကျောပေါ်မှာ တင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ၏။- 8 လူများတို့သည် မိမိတို့အဝတ်ကို လမ်း၌ ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်းသစ်ခက်များကို ခုတ်၍ လမ်း၌ခင်းကြ၏။- 9 ရှေ့နောက် လိုက်သွားသောသူတို့က၊ ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။-ဆာ၊ ၁၁၈:၂၅-၂၆။10 ထာဝရဘုရား၏အခွင့်နှင့် ယခုတည်လုသော ငါတို့အဘဒါဝိဒ်၏ နိုင်ငံတော်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။- 11 ယေရှုသည် ယေရုရှလင်မြို့သို့လည်းကောင်း၊ ဗိမာန်တော်သို့လည်းကောင်း ဝင်၍ အရာရာတို့ကို ကြည့်ရှုတော်မူပြီးလျှင် မိုးချုပ်သောကြောင့် တစ်ကျိပ်နှစ်ပါးသော သူတို့နှင့်တကွ ဗေသနိရွာသို့ ထွက်ကြွတော်မူ၏။
သင်္ဘောသဖန်းပင်ကိုဒဏ်ခတ်ခြင်း
12 နက်ဖြန်နေ့၌ ဗေသနိရွာမှ ပြန်ကြစဉ်တွင် ဆာမွတ်တော်မူ၏။- 13 အရွက်နှင့်ပြည့်စုံသော သင်္ဘောသဖန်းပင်ကို အဝေးကမြင်လျှင်၊ သင်္ဘောသဖန်းသီး ဆွတ်သောအချိန်ကာလ မရောက်သေးသောကြောင့်၊ ထိုအပင်၌ အသီးကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ကြွသွား၍ ရောက်သောအခါ၊ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊- 14 ယခုမှစ၍ အစဉ်မပြတ် သင်၏အသီးကို အဘယ်သူမျှမစားစေနှင့်ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည်လည်း ကြားကြ၏။
ဗိမာန်တော်သို့ကြွတော်မူခြင်း
15 ယေရုရှလင်မြို့သို့ ရောက်ကြသောအခါ ယေရှုသည် ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်၍ ပွဲစားခုံတို့ကိုလည်းကောင်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်ရာကိုလည်းကောင်း တွန်းလှဲတော်မူ၍၊- 16 ဗိမာန်တော်အထဲ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင်မရွက်ရမည်အကြောင်း မြစ်တားတော်မူလျက်၊- 17 ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့ဟု ကျမ်းစာ၌လာသည် မဟုတ်လော။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ဓားပြတွင်းဖြစ်စေကြပြီးတကား ဟူ၍ ဆုံးမဩဝါဒပေးတော်မူ၏။-ဟေရှာ၊ ၅၆:၇။ ယေ၊ ၇:၁၁။18 ကျမ်းပြုဆရာနှင့် ယဇ်ပုရောဟိတ်အကြီးတို့သည် ကြားလျှင်၊ ကိုယ်တော်ကို သတ်ရသောအခွင့်ကို ရှာကြံကြ၏။ လူများအပေါင်းတို့သည် ဆုံးမဩဝါဒပေးတော်မူခြင်းကို အံ့ဩမိန်းမောသောကြောင့်၊ ထိုသူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။- 19 ညအချိန်ရောက်သောအခါ မြို့ပြင်သို့ထွက်တော်မူ၏။
သင်္ဘောသဖန်းပင်မှသင်ခန်းစာ
20 နံနက်အချိန်တွင် လမ်း၌သွားကြစဉ်၊ သင်္ဘောသဖန်းပင်သည် အမြစ်မှစ၍ သွေ့ခြောက်လျက်ရှိသည်ကို မြင်ကြ၏။- 21 ပေတရုသည် သတိရလျှင်၊ အရှင်ဘုရား ကြည့်တော်မူပါ။ ကျိန်တော်မူသော သင်္ဘောသဖန်းပင်သည် သွေ့ခြောက်ပါပြီတကားဟု လျှောက်လေ၏။- 22 ယေရှုကလည်း၊ သင်တို့သည်ဘုရားသခင်ကို ယုံကြည်ခြင်း ရှိကြလော့။- 23 ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့်ကင်း၍ မိမိဆိုသည်အတိုင်း ဖြစ်မည်ဟု ယုံကြည်လျက်၊ ထိုတောင်ကို နေရာမှရွေ့လော့၊ ပင်လယ်၌ ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း၊ ဖြစ်လိမ့်မည်။-မ၊ ၁၇:၂၀။ ၁ကော၊ ၁၃:၂။24 ထိုကြောင့် ငါဆိုသည်ကား၊ သင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။- 25 သင်တို့သည် ဆုတောင်းသောအခါ သူတစ်ပါး၌ အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။-မ၊ ၆:၁၄-၁၅။26 သင်တို့သည် သူ့အပြစ်ကို မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူဟု မိန့်တော်မူ၏။
အခွင့်အာဏာကိုမေးမြန်းခြင်း
27 ယေရုရှလင်မြို့သို့ တစ်ဖန်ရောက်ကြပြီးမှ ဗိမာန်တော်တွင် စင်္ကြံသွားတော်မူစဉ်၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် အထံတော်သို့ချဉ်းကပ်၍၊- 28 ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသနည်း။ ဤသို့ပြုရသောအခွင့်ကို အဘယ်သူပေးသနည်းဟု မေးလျှောက်ကြသော်၊- 29 ယေရှုက၊ ငါသည် တစ်စုံတစ်ခုကို မေးဦးမည်။ သင်တို့ ဖြေကြလော့။ ဖြေလျှင် ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါပြောမည်။- 30 ယောဟန်၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော။ လူကဖြစ်သလော။ ဤအမေးကို ဖြေကြလော့ဟု မိန့်တော်မူ၏။- 31 ထိုသူတို့သည် အချင်းချင်းဆင်ခြင်ကြ၍၊ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည်ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။- 32 လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ လူများကိုကြောက်ရ၏။ ယောဟန်သည် ပရောဖက်အမှန်ဖြစ်သည်ကို လူအပေါင်းတို့သည် အယူရှိကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊- 33 အကျွန်ုပ်တို့မသိပါဟု ယေရှုအား ပြန်ပြောကြ၏။ ယေရှုကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ၏။
骑驴进耶路撒冷(太21:1~9;路19:28~38;约12:12~15)
1 他们走近耶路撒冷,到了伯法其和伯大尼,来到橄榄山那里,耶稣派了两个门徒,2 对他们说:"你们往对面的村子里去,一进去,就会看见一头小驴拴在那里,是没有人骑过的,把牠解开牵来。3 如果有人问你们:‘为甚么这样作?’你们就说:‘主需要牠,并且很快会送还到这里来。’"4 门徒去了,就发现一头小驴,拴在门外的街上,就把牠解开。5 站在那里的人有的问他们说:"你们为甚么解牠?"6 门徒照着耶稣所说的话回答他们,那些人就让他们牵走了。7 门徒把小驴牵到耶稣那里,把自己的衣服搭在上面,耶稣就骑了上去。8 许多人把衣服铺在路上,还有人从田野里砍了些树枝也铺在路上。9 前行后随的人都喊着说:
"‘和散那’,
奉主名来的是应当称颂的!
10 那将要来临的,
我们祖先大卫的国是应当称颂的!
高天之上当唱‘和散那’!"
11 耶稣到了耶路撒冷,进入圣殿,察看了一切,因为时候已经不早,就和十二门徒出城往伯大尼去。
咒诅无花果树(太21:18~19)
12 第二天他们从伯大尼出来,耶稣饿了。13 他远远看见一棵长满了叶子的无花果树,就走过去,看看是否可以在树上找到甚么。到了树下,除了叶子甚么也找不着,因为这不是收无花果的时候。14 耶稣对树说:"永远再没有人吃你的果子了!"他的门徒也听见了。
洁净圣殿(太21:12~17、20~22;路19:45~47;约2:13~16)
15 他们来到耶路撒冷。耶稣进了圣殿,就把殿里作买卖的人赶走,又推倒找换银钱的人的桌子,和卖鸽子的人的凳子;16 不许人拿着器皿穿过圣殿。17 他又教训众人说:"经上不是写着
‘我的殿要称为万国祷告的殿’吗?
你们竟把它弄成贼窝了。"
18 祭司长和经学家听见了,就想办法怎样除掉耶稣,却又怕他,因为群众都希奇他的教训。19 到了晚上,他们就到城外去。
20 早晨,他们经过的时候,看见那棵无花果树连根都枯萎了。21 彼得想起来就对耶稣说:"拉比,请看,你所咒诅的无花果树,已经枯萎了。"22 耶稣回答他们:"你们对 神要有信心"你们对 神要有信心"有些抄本作"如果你们对 神有信心"。23 我实在告诉你们,无论甚么人对这座山说‘移开,投到海里’,只要他心里不怀疑,相信他所说的一定能够成就,就必给他成就。24 所以我告诉你们,凡是你们祷告祈求的,只要相信能够得到,就必得到。25 你们站着祷告的时候,如果有谁得罪了你们,就该饶恕他,好使你们的天父也饶恕你们的过犯。"有些抄本有第26节:"如果你们不饶恕人,你们的天父也必不饶恕你们的过犯。"
质问耶稣凭甚么权柄作事(太21:23~27;路20:1~8)
27 他们又来到耶路撒冷。耶稣在殿里行走的时候,祭司长、经学家和长老来到他跟前,28 问他:"你凭甚么权柄作这些事?谁给你权柄作这些事?"29 耶稣对他们说:"我要问你们一句话,你们回答了我,我就告诉你们我凭甚么权柄作这些事。30 约翰的洗礼是从天上来的,还是从人来的呢?你们回答我吧。"31 他们就彼此议论:"如果我们说‘是从天上来的’,他就会说‘那你们为甚么不信他呢?’32 如果我们说‘是从人来的’……"他们害怕群众,因为众人都认为约翰的确是先知。33 于是他们回答耶稣:"我们不知道。"耶稣对他们说:"我也不告诉你们我凭甚么权柄作这些事。"