လူလေးထောင်ကိုကျွေးမွေးခြင်း
1 ထိုအခါ စုဝေးသောသူအလွန်များ၍ စားစရာမရှိလျှင်၊ ယေရှုသည် တပည့်တော်တို့ကို ခေါ်၍၊- 2 ဤလူများကို ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့်အတူ ရှိကြပြီ။ စားစရာအလျှင်း မရှိ။- 3 အချို့တို့သည် အဝေးကလာသည်ဖြစ်၍၊ အစာမစားမီ သူတို့အိမ်သို့ ငါလွှတ်လျှင် လမ်းခရီး၌ မောကြလိမ့်မည်ဟု မိန့်တော်မူ၏။- 4 တပည့်တော်တို့ကလည်း၊ ဤတောအရပ်၌ ဤသူတို့ကို အဘယ်သို့ ဝစွာကျွေးနိုင်ပါမည်နည်းဟု လျှောက်ကြသော်၊- 5 ကိုယ်တော်က၊ သင်တို့တွင် မုန့်ဘယ်နှစ်လုံး ရှိသနည်းဟု မေးတော်မူလျှင်၊ မုန့်ခုနစ်လုံးရှိပါသည်ဟု လျှောက်ကြ၏။- 6 ထိုအခါ လူအစုအဝေးကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ၏။ မုန့်ခုနစ်လုံးကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများတို့ရှေ့၌ ထည့်စေခြင်းငှာ တပည့်တော်တို့အား ပေးတော်မူသည်အတိုင်း သူတို့သည် ထည့်ကြ၏။- 7 အနည်းငယ်မျှသော ငါးကောင်ကလေးလည်း ရှိသည်ဖြစ်၍၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူများရှေ့၌ ထည့်စေခြင်းငှာ မိန့်တော်မူ၏။- 8 ထိုသူတို့သည် စား၍ ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ ခုနစ်တောင်းအပြည့် ရကြ၏။- 9 စားသောသူ အရေအတွက်ကား၊ လူလေးထောင်မျှလောက် ရှိသတည်း။ ထိုသူတို့ကို လွှတ်တော်မူပြီးမှ၊- 10 တပည့်တော်တို့နှင့်တကွ လှေထဲသို့ ချက်ချင်းဝင်၍၊ ဒါလမနုသကျေးလက်သို့ ရောက်တော်မူ၏။
နိမိတ်လက္ခဏာတောင်းဆိုခြင်း
11 ထိုအခါ ဖာရိရှဲတို့သည် ထွက်လာ၍ ကိုယ်တော်နှင့် ဆွေးနွေးငြင်းခုံသည်တွင် စုံစမ်းနှောင့်ယှက်ခြင်းငှာ၊ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။-မ၊ ၁၂:၃၈။ လု၊ ၁၁:၁၆။12 ကိုယ်တော်သည် စိတ်နှလုံးညည်းတွားသံကို ပြုတော်မူလျက်၊ ဤလူမျိုးသည် နိမိတ်လက္ခဏာကို အဘယ်ကြောင့်တောင်းသနည်း။ ငါအမှန်ဆိုသည်ကား၊ ဤလူမျိုးအား နိမိတ်လက္ခဏာကိုမပြရဟု မိန့်တော်မူပြီးလျှင်၊-မ၊ ၁၂:၃၉။ လု၊ ၁၁:၂၉။13 ထိုသူတို့ ရှိရာမှထွက်၍ တစ်ဖန် လှေထဲသို့ ဝင်ပြီးလျှင် ကမ်းတစ်ဖက်သို့ ပြန်တော်မူ၏။
ဖာရိရှဲတို့နှင့်ဟေရုဒ်၏တဆေး
14 တပည့်တော်တို့သည် မုန့်ကိုယူခြင်းငှာ မေ့လျော့ကြသဖြင့်၊ လှေပေါ်မှာ သူတို့၌ မုန့်တစ်လုံးတည်းသာ ရှိ၏။- 15 ကိုယ်တော်ကလည်း၊ ဖာရိရှဲတို့၏ တဆေးကိုလည်းကောင်း၊ ဟေရုဒ်၏ တဆေးကိုလည်းကောင်း၊ သတိနှင့် ကြဉ်ရှောင်ကြဟု ပညတ်တော်မူ၏။-လု၊ ၁၂:၁။16 တပည့်တော်တို့ကိုလည်း၊ ငါတို့၌ မုန့်မပါသောကြောင့် ဤစကားကို မိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။- 17 ယေရှုသည် သိတော်မူလျှင်၊ သင်တို့၌ မုန့်မပါသည်ကို ထောက်၍ အဘယ်ကြောင့်အချင်းချင်း ဆွေးနွေးပြောဆိုကြသနည်း။ ယခုတိုင်အောင် နှလုံးမသွင်း၊ နားမလည်ကြသလော။ သင်တို့ စိတ်နှလုံး မိုက်သေးသလော။- 18 မျက်စိရှိလျက်ပင် မမြင်၊ နားရှိလျက်ပင် မကြား၊ စိတ်မအောက်မေ့ဘဲ နေကြသလော။-ယေ၊ ၅:၂၁။ ယေဇ၊ ၁၂:၂။ မာ၊ ၄:၁၂။ ဟေရှာ၊ ၆း၉-၁၀။19 မုန့်ငါးလုံးကို လူငါးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်း ကောက်သိမ်းသနည်းဟု မေးတော်မူလျှင်၊ တစ်ဆယ်နှစ်တောင်း ကောက်သိမ်းပါသည်ဟု လျှောက်ကြ၏။- 20 မုန့်ခုနစ်လုံးကို လူလေးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ ဘယ်နှစ်တောင်း ကောက်သိမ်းသနည်းဟု မေးတော်မူလျှင်၊ ခုနစ်တောင်း ကောက်သိမ်းပါသည်ဟု လျှောက်ကြ၏။- 21 သို့ဖြစ်လျှင်၊ သင်တို့သည် နားမလည်ဘဲ အဘယ်သို့ နေကြသနည်းဟု မိန့်တော်မူ၏။
ဗက်ဇဲဒ၌မျက်မမြင်ကိုကုသခြင်း
22 ဗက်ဇဲဒမြို့သို့ ရောက်တော်မူလျှင်၊ လူကန်းတစ်ယောက်ကို အထံတော်သို့ဆောင်ခဲ့၍၊ ထိုသူကို တို့တော်မူမည်အကြောင်း တောင်းပန်ကြ၏။- 23 ကိုယ်တော်သည် လူကန်းကိုလက်ဆွဲ၍ မြို့ပြင်သို့ ထွက်ပြီးမှ၊ သူ၏မျက်စိကို တံတွေးနှင့်ထွေး၍ သူ့အပေါ်မှာ လက်တော်ကိုတင်လျက်၊ သင်သည် တစ်စုံတစ်ခုကို မြင်သလောဟု မေးတော်မူ၏။- 24 ထိုသူသည် ကြည့်မျှော်လျှင်၊ လူတို့သည် သစ်ပင်ကဲ့သို့ဖြစ်၍ လှမ်းသွားသည်ကို အကျွန်ုပ် မြင်ပါသည်ဟု လျှောက်၏။- 25 နောက်တစ်ဖန် သူ၏မျက်စိပေါ်မှာ လက်တော်ကိုတင်၍ ကြည့်မျှော်စေတော်မူလျှင်၊ သူသည် ပကတိအဖြစ်သို့ ရောက်၍ အလုံးစုံတို့ကို ရှင်းလင်းစွာမြင်လေ၏။- 26 ကိုယ်တော်ကလည်း၊ မြို့ထဲသို့မဝင်နှင့်။ မြို့၌ အဘယ်သူကိုမျှ မပြောနှင့်ဟု မိန့်တော်မူ၍ သူ့ကို မိမိနေရာသို့ လွှတ်လိုက်လေ၏။
ပေတရု၏ဝန်ခံချက်
27 ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ တပည့်တော်တို့နှင့်တကွ ကြွတော်မူစဉ်၊ လမ်းခရီး၌ လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊- 28 လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန် ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က ပရောဖက်တစ်ပါးပါး ဖြစ်သည်ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊-မာ၊ ၆:၁၄-၁၅။ လု၊ ၉:၇-၈။29 သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။-ယော၊ ၆:၆၈-၆၉။30 ကိုယ်တော်၏အကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှာ တပည့်တော်တို့ကို ပညတ်တော်မူ၏။
အသေခံရမည့်အကြောင်းဖော်ပြခြင်း
31 ထိုမှတစ်ပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကိုလည်းကောင်း၊ အသေသတ်ခြင်းကိုလည်းကောင်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြစပြုတော်မူ၏။- 32 ထိုသို့ အတည့်အလင်း ပြတော်မူသောကြောင့် ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ်၍ အပြစ်တင်သောစကားကို လျှောက်သော်၊- 33 ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍ တပည့်တော်တို့ကို ကြည့်ရှုလျက်၊ အချင်းရန်သူ၊ ငါ့နောက်သို့ ဆုတ်လော့။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာ စွဲလမ်းသည်ဟူ၍ ပေတရုကို ဆုံးမတော်မူ၏။
34 ထိုအခါ တပည့်တော်တို့နှင့် ပရိသတ်များကို ခေါ်တော်မူပြီးလျှင်၊ အကြင်သူသည် ငါ၌ဆည်းကပ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။-မ၊ ၁၀:၃၈။ လု၊ ၁၄:၂၇။35 အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။-မ၊ ၁၀:၃၉။ လု၊ ၁၇:၃၃။ ယော၊ ၁၂:၂၅။36 လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။- 37 မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။- 38 မျောက်မထားသော ဤလူမျိုးဆိုးတွင် အကြင်သူသည် ငါ့ကိုလည်းကောင်း၊ ငါ့စကားကိုလည်းကောင်း ရှက်၏။ လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်တော်မူလတ္တံ့။
给四千人吃饱的神迹(太15:32~39)
1 那些日子,又有一大群人聚集,他们没有甚么东西吃。耶稣叫门徒来,对他们说:2 "我怜悯这一群人,因为他们和我在一起已经有三天,没有甚么吃的了。3 如果我叫他们散开,饿着肚子回家去,他们会在路上晕倒,因为有人是从很远的地方来的。"4 门徒回答:"在这旷野地方,从哪里能找食物叫这些人吃饱呢?"5 他问他们:"你们有多少饼?"他们说:"七个。"6 耶稣吩咐群众坐在地上;拿起那七个饼,祝谢了,擘开递给门徒,叫他们摆开;门徒就摆在众人面前,7 他们还有几条小鱼,耶稣祝了福,就吩咐把这些也摆开。8 众人都吃了,并吃饱了。他们把剩下的零碎收拾起来,装满了七个大篮子。9 当时人数约有四千。耶稣解散了群众,10 就立刻和门徒上了船,来到大玛努他地区。
求耶稣显神迹(太16:1~4)
11 法利赛人出来,跟耶稣辩论;他们想试探他,求他显个从天上来的神迹。12 耶稣灵里深深地叹息,说:"这世代为甚么总是寻求神迹?我实在告诉你们,决不会有神迹显给这个世代的!"13 于是他离开他们,又上船往对岸去了。
提防法利赛人和希律的酵(太16:5~12)
14 门徒忘了带饼,船上除了一个饼,身边没有别的了。15 耶稣嘱咐他们说:"你们要小心,提防法利赛人的酵和希律的酵!"16 门徒彼此议论说:"这是因为我们没有饼吧?"17 耶稣知道了,就说:"为甚么议论没有饼这件事呢?你们还不知道,还不明白吗?你们的心还是这么迟钝吗?18 你们有眼不能看,有耳不能听吗?你们不记得吗?19 我擘开那五个饼给五千人吃,你们收拾的零碎装满了几个篮子呢?"他们说:"十二个。"20 "那七个饼分给四千人吃,你们收拾的零碎装满了几个大篮子呢?"他们说:"七个。"21 耶稣说:"你们还不明白吗?"
治好伯赛大瞎眼的人
22 后来他们到了伯赛大,有人带了一个瞎眼的人到他跟前,求耶稣摸他。23 耶稣拉着他的手,领他到村外,吐唾沫在他的眼睛上,又用双手按在他的身上,问他:"你看见甚么没有?"24 他往上一看,说:"我看见人了!看见他们好象树走来走去。"25 于是耶稣再按手在他的眼睛上,他定睛一看,就复原了,样样都看得清楚了。26 耶稣叫他回家去,说:"连这村子你也不要进去。"
彼得承认耶稣是基督(太16:13~16、20;路9:18~21)
27 耶稣和门徒出去,要到该撒利亚.腓立比附近的村庄。在路上他问门徒说:"人说我是谁?"28 他们回答:"有人说是施洗的约翰;有人说是以利亚;还有人说是先知里的一位。"29 他又问他们说:"那么你们呢?你们说我是谁?"彼得回答:"你就是基督。"30 耶稣郑重地嘱咐他们,不要把他的事告诉人。
耶稣预言受难及复活(太16:21~28;路9:22~27)
31 于是他教导他们,人子必须受许多苦,被长老、祭司长和经学家弃绝、杀害,三天后复活。32 耶稣坦白地说了这话,彼得就把他拉到一边,责怪他。33 耶稣转过身来,望着门徒,斥责彼得说:"撒但,退到我后面去!因为你不思念 神的事,只思念人的事。"34 于是把众人和门徒都叫过来,对他们说:"如果有人愿意跟从我,就应当舍己,背起他的十字架来跟从我。35 凡是想救自己生命的,必丧掉生命;但为我和福音牺牲生命的,必救了生命。36 人就是赚得全世界,却赔上自己的生命,有甚么好处呢?37 人还能用甚么换回自己的生命呢?38 在淫乱罪恶的世代,凡把我和我的道当作可耻的,人子在他父的荣耀里,和圣天使一起降临的时候,也必把他当作可耻的。"