စပျစ်ဥယျာဉ်စောင့်များဥပမာ
1 ထိုအခါ ဥပမာအားဖြင့် မိန့်တော်မူသည်ကား၊ လူတစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကို တူးလေ၏။ မှီခိုရာ လင့်စင်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှား၍၊ အခြားသောပြည်သို့ သွားလေ၏။-ဟေရှာ၊၅:၁-၂။2 ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့ လက်မှ စပျစ်သီးကိုခံစေခြင်းငှာ သူတို့ရှိရာသို့ ငယ်သားကို စေလွှတ်လေ၏။- 3 ထိုသူတို့သည် ငယ်သားကိုဖမ်းဆီး၍ ရိုက်ပြီးမှ လက်ချည်း လွှတ်လိုက်ကြ၏။- 4 နောက်တစ်ဖန် အခြားသော ငယ်သားကို သူတို့ရှိရာသို့ စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ်သဖြင့်၊ သူ၏ခေါင်းကိုမှန်၍ အရှက်ခွဲပြီးမှ လွှတ်လိုက်ကြ၏။- 5 အခြားသောငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုသတ်ကြ၏။ အခြားသောငယ်သားများတို့တွင် အချို့တို့ကို ရိုက်ကြ၏။ အချို့တို့ကို သတ်ကြ၏။- 6 ထိုကြောင့် ဥယျာဉ်ရှင်သည် မိမိ၌ချစ်သားတစ်ယောက်တည်း ရှိသေးသည်ဖြစ်၍၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်ဟု ဆို၍ မိမိသားကို နောက်ဆုံး၌ စေလွှတ်လေ၏။- 7 ဥယျာဉ်စောင့်တို့ကလည်း၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်ကြကုန်အံ့။ ထိုသို့ သူ၏ အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်၍၊- 8 ဥယျာဉ်ရှင်၏သားကို ဖမ်းယူပြီးမှ သတ်၍ ဥယျာဉ်ပြင်သို့ ထုတ်ပစ်ကြ၏။- 9 သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် အဘယ်သို့ပြုမည်နည်း၊ သူသည်လာ၍ ဥယျာဉ်စောင့်တို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်။- 10 တိုက်ကို တည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့် အထွတ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှု ဖြစ်၏။-ဆာ၊ ၁၁၈:၂၂-၂၃။11 ငါတို့မျက်မှောက်၌လည်း၊ အံ့ဩဖွယ်ဖြစ်၏ ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် မဖတ်ဖူးသလောဟု မိန့်တော်မူ၏။- 12 ထိုသူတို့သည် မိမိတို့ကိုရည်ဆောင်၍ ထိုဥပမာစကားကို ဟောပြောတော်မူသည်ကို သိသောကြောင့်၊ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ရှာကြံကြ၏။ သို့သော်လည်း စုဝေးသောသူတို့ကို ကြောက်သောကြောင့် အထံတော်မှ ထွက်သွားကြ၏။
အခွန်ဆက်ခြင်း
13 တစ်ဖန် စကားတော်ကို ချောင်းမြောင်း၍ အပြစ်ပြုခွင့်ကိုရခြင်းငှာ ဖာရိရှဲတို့နှင့် ဟေရုဒ်တပည့်အချို့တို့ကို အထံတော်သို့ စေလွှတ်ကြ၏။- 14 ထိုသူတို့သည် ချဥ်းကပ်၍၊ အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာရှိပါ၏။ အဘယ်သူကိုမျှ မကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်စွာပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ၏။ ကဲသာဘုရင်အား အခွန်ဆက်အပ်သလော၊ မဆက်အပ်သလော။- 15 အကျွန်ုပ်တို့သည် ဆက်ရမည်လော၊ မဆက်ရမည်လောဟု မေးလျှောက်ကြ၏။ ကိုယ်တော်သည် ထိုသူတို့၏လျှို့ဝှက်ခြင်းကို သိတော်မူလျှင်၊ သင်တို့သည် ငါ့ကိုအဘယ်ကြောင့် စုံစမ်းနှောင့်ယှက် ကြသနည်း။ ဒေနာရိတစ်ပြားကို ငါကြည့်ဖို့ ယူခဲ့ကြဟု မိန့်တော်မူ၍၊- 16 သူတို့သည် ယူခဲ့ကြ၏။ ဤပုံ၊ ဤလိပ်စာကား အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာ ဖြစ်သနည်းဟု မေးတော်မူလျှင်၊ ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊- 17 ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား၊ ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူသည်ကို သူတို့သည် အံ့ဩခြင်းရှိကြ၏။
သေခြင်းမှထမြောက်ခြင်း
18 ထမြောက်ရှင်ပြန်ခြင်းမရှိဟူ၍ အယူရှိသော ဇဒ္ဒုကဲတို့သည်လည်း အထံတော်သို့ ချည်းကပ်၍၊-တ၊ ၂၃:၈။19 အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲ သေသွား၍ မယားကျန်ရစ်လျှင်၊ သူ့ညီသည် ထိုမိန်းမကို သိမ်းယူ၍ အစ်ကိုအမျိုးမပြတ် ဆက်နွယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားပါပြီ။-တရား၊ ၂၅:၅။20 ညီအစ်ကိုခုနစ်ယောက် ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဖက်၍ သားမရှိဘဲသေလျှင်၊- 21 သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲ သေပြန်လေ၏။- 22 ထိုအတူ တတိယသူမှစ၍ တစ်ယောက်နောက်တစ်ယောက် ခုနစ်ယောက်သော ညီအစ်ကိုတို့သည် ထိုမိန်းမကိုသိမ်းယူ၍ သားကို မကျန်ရစ်စေကြ။ နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။- 23 သို့ဖြစ်၍ ထမြောက်ရာကာလ၌ သူတို့သည် ထမြောက်ကြသောအခါ ထိုမိန်းမသည် အဘယ်သူ၏ မယားဖြစ်ပါမည်နည်း။ ထိုသူခုနစ်ယောက်တို့သည် ထိုမိန်းမနှင့် စုံဖက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ၏။- 24 ယေရှုကလည်း၊ သင်တို့သည်ကျမ်းစာကို နားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို မသိသောကြောင့် မှားသောအယူကို ယူကြ၏။- 25 သေခြင်းမှ ထမြောက်ကြသောအခါ စုံဖက်ခြင်းကိုမပြု၊ ထိမ်းမြားပေးစားခြင်းကို မပြု၊ ကောင်းကင်တမန်ကဲ့သို့ ဖြစ်ကြ၏။- 26 ထိုမှတစ်ပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်ဟု မောရှေအား မိန့်တော်မူကြောင်းကို မောရှေ၏ကျမ်း၊ ချုံခဏ်း၌ သင်တို့သည် မဖတ်ဖူးသလော။-ထွ၊ ၃:၆။27 ဘုရားသခင်သည် သေနေသောသူတို့၏ဘုရား မဟုတ်၊ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုကြောင့် သင်တို့သည် အလွန်မှားကြသည်ဟု မိန့်တော်မူ၏။
ကြီးမြတ်သောပညတ်တော်
28 ထိုသို့ ဆွေးနွေးငြင်းခုံကြသည်ကို ကျမ်းပြုဆရာတစ်ယောက်သည် ကြား၍၊ ကိုယ်တော်သည် လျောက်ပတ်စွာ ပြန်ပြောတော်မူသည်ကို သိမြင်လျှင် အထံတော်သို့ချဉ်းကပ်၍၊ ပညတ်တကာတို့တွင် အဘယ်မည်သောပညတ်သည် သာ၍မြတ်သနည်းဟု မေးလျှောက်သော်၊-လု၊ ၁၀:၂၅-၂၈။29 ယေရှုက၊ ပညတ်တကာတို့တွင် အမြတ်ဆုံးသောပညတ် ဟူမူကား၊ အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရားသည် တစ်ပါးတည်းဖြစ်တော်မူ၏။-တရား၊၆:၄-၅။30 သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ ဤပညတ်သည် ပထမပညတ်ဖြစ်၏။- 31 ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။ ဤပညတ်တို့ထက် သာ၍ကြီးမြတ်သော ပညတ်မရှိဟု ပြန်၍မိန့်တော်မူ၏။-ဝတ်၊ ၁၉:၁၈။32 ကျမ်းပြုဆရာကလည်း၊ အရှင်ဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ်စွာ မိန့်တော်မူပြီ။ ဘုရားသခင်တစ်ဆူတည်း ရှိတော်မူ၏။-တရား၊၄:၃၅။33 ထိုဘုရားသခင်မှတစ်ပါး အခြားသောဘုရားသခင် မရှိ။ ထိုဘုရားသခင်ကို စိတ်၊ နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း၊ ကိုယ်နှင့်အမျှ ချစ်ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင်မှစ၍ ယဇ်အမျိုးမျိုးတို့ကို ပူဇော်ခြင်းအကျင့်ထက် သာ၍ မြတ်ပါသည်ဟု လျှောက်လေ၏။-ဟော၊ ၆:၆။34 ထိုသို့ ပညာသတိနှင့် ပြန်လျှောက်သည်ကို ယေရှုသည်သိမြင်လျှင်၊ သင်သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်မဝေးဟု မိန့်တော်မူ၏။ နောက်တစ်ဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ။
ဒါဝိဒ်၏သား
35 ထိုအခါယေရှုသည် ဗိမာန်တော်၌ ဆုံးမဩဝါဒ ပေးတော်မူစဉ်တွင်၊ ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုကြသနည်း။- 36 ဒါဝိဒ်၏စကားမှာ၊ ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူသည်ဟု သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဒါဝိဒ်ဆိုသတည်း။-ဆာ၊ ၁၁၀:၁။37 ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ခေါ်လျှင် အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။ လူများအပေါင်းတို့သည် အားရဝမ်းမြောက်သောစိတ်နှင့် စကားတော်ကို နားထောင်ကြ၏။
ကျမ်းပြုဆရာတို့ကိုရှောင်ရန်
38 ထိုသို့ ဆုံးမဩဝါဒပေးစဉ်တွင် တစ်ဖန် မိန့်တော်မူသည်ကား၊ ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကိုဝတ်လျက် လည်ခြင်းငှာ အလိုရှိကြ၏။ ဈေး၌ ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊- 39 ပွဲသဘင်၊ တရားဇရပ်တို့၌ မြင့်မြတ်သော နေရာထိုင်ရာကိုလည်းကောင်း နှစ်သက်ကြ၏။- 40 သူတို့သည် မုဆိုးမအိမ်ကို လုယူသိမ်းစား၍ အပြစ်မပေါ်စေခြင်းငှာ ရှည်စွာသော ပတ္ထနာစကားကို ရွတ်တတ်ကြ၏။ သူတို့သည် သာ၍ကြီးစွာသောဒဏ်ကို ခံရကြမည်ဟု မိန့်တော်မူ၏။
မုဆိုးမ၏အလှူငွေ
41 ထိုနောက်ယေရှုသည် ဘဏ္ဍာတိုက်ရှေ့မှာ ထိုင်တော်မူစဉ်တွင်၊ လူများတို့သည် ကြေးငွေကို ဘဏ္ဍာတိုက်ထဲသို့ သွင်းချသည်ကို ကြည့်ရှုတော်မူ၏။ ငွေရတတ်သောသူအများတို့သည် များစွာသွင်းချကြ၏။- 42 ဆင်းရဲသော မုဆိုးမတစ်ယောက်သည် လာ၍ တစ်ပဲလောက်တန်သော ကြေးနီဒင်္ဂါးနှစ်ပြားကို သွင်းချ၏။- 43 ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်၍ ငါအမှန်ဆိုသည်ကား၊ ဘဏ္ဍာတိုက်ထဲသို့ သွင်းချသောသူ အပေါင်းတို့ထက် ထိုဆင်းရဲသားမုဆိုးမသည် သာ၍ သွင်းချခဲ့ပြီ။- 44 အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနုတ်၍ သွင်းချကြ၏။ ထိုမိန်းမမူကား အလွန်ဆင်းရဲလျက်ပင်၊ မိမိအသက် မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။
佃户的比喻(太21:33~46;路20:9~19)
1 耶稣又用比喻对他们说:"有一个人栽种了一个葡萄园,四面围上篱笆,挖了一个压酒池,盖了一座瞭望台,然后租给佃户,就远行去了。2 到了时候,园主派了一个仆人到佃户那里,向佃户收取葡萄园一部分的果子。3 佃户抓住他,打了他,放他空手回去。4 园主再派另外一个仆人到他们那里,他们打伤了他的头,并且侮辱他。5 园主又派另一个去,他们就把他杀了。后来又派去许多仆人,有的给他们打了,有的给他们杀了。6 还有一个,就是园主的爱子,最后园主派他到那里去,说:‘他们必尊敬我的儿子。’7 那些佃户却彼此说:‘这是继承产业的;来,我们杀了他,产业就是我们的了。’8 于是抓住他,把他杀了,扔在葡萄园外。9 这样,葡萄园的主人要怎么办呢?他要来除掉那些佃户,把葡萄园租给别人。10 你们没有念过这段圣经吗:
‘建筑工人所弃的石头,
成了房角的主要石头;
11 这是主所作的,
在我们眼中看为希奇。’"
12 他们知道他这比喻是针对他们说的,就想要捉拿他,但因为害怕群众,只好离开他走了。
以纳税的事问难耶稣(太22:15~22;路20:19~26)
13 后来,他们派了几个法利赛人和希律党的人到耶稣那里去,要找他的把柄来陷害他。14 他们来到了,就对他说:"老师,我们知道你为人诚实,不顾忌任何人,因为你不徇情面,只照着真理把 神的道教导人。请问纳税给凯撒可以不可以?我们该纳不该纳呢?"15 耶稣看出他们的假意,就对他们说:"你们为甚么试探我呢?拿一个银币来给我,让我看看。"16 他们就拿来了。耶稣问他们:"这是谁的像,谁的名号?"他们回答他:"凯撒的。"17 耶稣说:"凯撒的应当归给凯撒, 神的应当归给 神。"他们就对他十分惊奇。
人复活后不娶不嫁(太22:23~33;路20:27~38)
18 撒都该人向来认为没有复活的事,他们来到耶稣那里,问他:19 "老师,摩西曾写给我们说:‘如果一个人死了,留下妻子,没有儿女,他的弟弟就应当娶他的妻子,为哥哥立后。’20 从前有兄弟七人,头一个娶了妻子,死了,没有留下孩子;21 第二个娶了她,也没有留下孩子,就死了;第三个也是这样。22 那七个人都没有留下孩子,最后那女人也死了。23 到了复活的时候,他们都要复活,她是哪一个的妻子呢?因为七个人都娶过她。"24 耶稣对他们说:"你们错了,不正是因为你们不明白圣经,也不晓得 神的能力吗?25 因为人从死里复活以后,也不娶,也不嫁,而是像天上的天使一样。26 关于死人复活的事,摩西的经卷中荆棘篇上, 神怎样对他说:‘我是亚伯拉罕的 神,以撒的 神,雅各的 神’,你们没有念过吗?27 他不是死人的 神,而是活人的 神。你们是大错特错了!"
最重要的诫命(太22:34~40;路10:25~28)
28 有一个经学家,听到他们的辩论,觉得耶稣回答得好,就来问他:"诫命中哪一条是第一重要的呢?"29 耶稣回答:"第一重要的是:‘以色列啊,你要听!主我们的 神是独一的主。30 你要全心、全性、全意、全力,爱主你的 神。’31 其次是:‘要爱人如己。’再没有别的诫命比这两条更重要的了。"32 那经学家对耶稣说:"老师,是的,你说的很对, 神是独一的,除了他以外再没有别的 神。33 我们要用全心、全意、全力去爱他,并且要爱人如己,这就比一切燔祭和各样祭物好得多了。"34 耶稣见他回答得有智慧,就对他说:"你距离 神的国不远了。"从此再也没有人敢问他了。
大卫称基督为主(太22:41~46;路20:41~44)
35 耶稣在殿里教训人,说:"经学家怎么说基督是大卫的子孙呢?36 大卫自己被圣灵感动却说:
‘主对我的主说:
你坐在我的右边,
等我把你的仇敌放在你的脚下有些抄本作"等我使你的仇敌作你的脚凳"。’
37 大卫自己既然称他为主,他又怎么会是大卫的子孙呢?"群众都喜欢听他。
耶稣叫人提防经学家(太23:1~7;路20:45~47)
38 耶稣教导人的时候,说:"你们要提防经学家,他们喜欢穿长袍走来走去,喜欢人在市中心向他们问安,39 又喜欢会堂里的高位,筵席上的首座。40 他们吞没了寡妇的房产,又假装作冗长的祷告。这些人必受更重的刑罚。"
穷寡妇的奉献(路21:1~4)
41 耶稣面对银库坐着,看着大家怎样把钱投入库中。许多有钱的人投入很多的钱。42 后来,有一个穷寡妇来投入了两个小钱,就是一个铜钱。43 耶稣把门徒叫过来,对他们说:"我实在告诉你们,这穷寡妇投入库里的,比众人投的更多。44 因为他们都是把自己剩余的投入,这寡妇是自己不足,却把她一切所有的,就是全部养生的,都投进去了。"