မျိုးကြဲသူဥပမာ
1 နောက်တစ်ဖန် အိုင်နားမှာ ဆုံးမဩဝါဒပေးတော်မူစဉ်တွင်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြသောကြောင့်၊ အိုင်တွင် လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် အိုင်နား ကုန်းပေါ်မှာ နေကြ၏။-လု၊ ၅း၁-၃။2 ထိုအခါ ဥပမာစကားအားဖြင့် များစွာသောဆုံးမဩဝါဒကို ပေး၍ မြွက်ဆိုတော်မူသည်မှာ၊- 3 နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။- 4 အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့်၊ မိုးကောင်းကင်ငှက်တို့သည် လာ၍ ကောက်စားကြ၏။- 5 အချို့သောအစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသောအရပ်၌ ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက်ချင်း အပင်ပေါက်သော်လည်း၊- 6 နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။- 7 အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှဉ်းဆဲသောကြောင့် အသီးမသီးကြ။- 8 အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အပင်ပေါက်၍ ကြီးပွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးကြ၏။- 9 ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။
ဥပမာများရည်ရွယ်ချက်
10 ဆိတ်ကွယ်ရာအရပ်၌ ရှိတော်မူသောအခါ တစ်ကျိပ်နှစ်ပါးသောသူတို့နှင့် အခြံအရံတော်တို့သည် ထိုဥပမာကို မေးမြန်းကြလျှင်၊- 11 ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာကို သိရသောအခွင့်ရှိကြ၏။- 12 ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားသဖြင့်၊ သူတို့အကျင့် မပြောင်းလဲ၊ အပြစ်မလွှတ်ရသည်တိုင်အောင် သူတို့အား ဟောသမျှကို ဥပမာအားဖြင့် ဟောရ၏။ဟေရှာ၊ ၆း၉-၁၀။
မျိုးကြဲသူဥပမာရှင်းလင်းချက်
13 သင်တို့သည် ဤဥပမာကိုမျှ နားမလည်လျှင်၊ ဥပမာရှိသမျှတို့ကို အဘယ်သို့ နားလည်ကြမည်နည်း။- 14 မျိုးစေ့ကြဲသောသူသည် တရားစကားကို ကြဲ၏။- 15 တရားစကားကို လမ်း၌ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကို ကြားသည်ရှိသော်၊ စာတန်သည် ချက်ချင်းလာ၍ နှလုံး၌ကြဲသော တရားစကားကို နုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။- 16 ကျောက်ပေါသောအရပ်၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ချင်း ခံယူသော်လည်း၊- 17 စိတ်နှလုံး၌ အမြစ်မစွဲ ခဏသာတည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ချင်း ဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။- 18 ဆူးပင်တို့တွင် ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကို ကြား၍၊- 19 လောကီအမှု၌ စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်း၊ ကြွင်းသောအရာကို တပ်မက်ခြင်းစိတ်တို့သည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။- 20 ကောင်းသောမြေ၌ ကြဲခြင်း အကြောင်းအရာကား၊ တရားစကားကို ကြား၍ခံယူသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်း။
တောင်းဇလားအောက်ရှိဆီမီး
21 ထိုမှတစ်ပါး ဆီမီးကို ဆီမီးခုံပေါ်မှာမတင်၊ တောင်းဇလားအောက်၊ ခုတင်အောက်၌ ဖုံးထားခြင်းငှာ ယူခဲ့သလော။-မ၊ ၅:၁၅။ လု၊ ၁၁:၃၃။22 ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက်ရှိသမျှတို့သည်လည်း ပွင့်လင်းလိမ့်မည်။-မ၊ ၁၀:၂၆။ လု၊ ၁၂:၂။23 ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေ။
24 ထိုမှတစ်ပါး သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတစ်ပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်တိုင်ခံရကြမည်။-မ၊ ၇:၂။ လု၊ ၆:၃၈။25 အကြင်သူသည် ရတတ်၏၊ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကိုပင်နုတ်လိမ့်မည်။မ၊ ၁၃:၁၂၊ ၂၅:၂၉။ လု၊ ၁၉:၂၆။
မျိုးစေ့ကြီးပွားခြင်းဥပမာ
26 ထိုမှတစ်ပါး လူသည် လယ်၌ မျိုးစေ့ကြဲပြီးမှ နောက်တစ်ဖန် မိမိမကြည့်မမှတ်၊- 27 ည၊ နေ့၊ အိပ်လျက်၊ နိုးလျက်နေသော်လည်း အပင်ပေါက်၍ ကြီးပွားသည်နှင့် ဘုရားသခင်၏ နိုင်ငံတော် တူ၏။- 28 မြေကြီးသည် မိမိအလိုအလျောက် အသီးကိုသီးစေ၍ ရှေ့ဦးစွာ အညှောက်၊ ထိုနောက်အနှံ၊ ထိုနောက် အနှံထဲမှာ အောင်မာသောအဆန်ကို ဖြစ်စေတတ်၏။- 29 အသီးမှည့်၍ ရိတ်ချိန်ရောက်သောအခါ၊ လယ်ရှင်သည် မဆိုင်းမလင့်၊ တံစဉ်နှင့် ရိတ်စေတတ်သည်ဟု မိန့်တော်မူ၏။ယောလ၊၃:၁၃။
မုန်ညင်းစေ့ဥပမာ
30 ထိုမှတစ်ပါး ဘုရားသခင်၏နိုင်ငံတော်ကို အဘယ်သို့ ပုံပြရအံ့နည်း။ အဘယ်ဥပမာနှင့် ခိုင်းနှိုင်းရအံ့နည်းဟူမူကား၊- 31 မုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည် မြေ၌စိုက်သောအခါ မြေ၌ရှိသော အစေ့တကာတို့ထက် ငယ်သော်လည်း၊ စိုက်ပြီးမှ အပင်ပေါက်၍၊- 32 မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့်၊ မိုးကောင်းကင်ငှက်တို့သည် အရိပ်ခို၍ နားနေလောက်သော အကိုင်းအခက်ကြီးတို့ကို ဖြစ်စေတတ်သည်ဟု မိန့်တော်မူ၏။- 33 ထိုသို့သော ဥပမာစကားများအားဖြင့် ကိုယ်တော်သည် ပရိသတ်များ နားထောင်နိုင်သည်အတိုင်း တရားဟောတော်မူ၏။- 34 ဥပမာကင်း၍ ဟောပြောတော်မမူ။ ရှိသမျှသောအရာတို့ကို ဆိတ်ကွယ်ရာအရပ်၌ တပည့်တော်တို့အား ဖွင့်ပြတော်မူ၏။
မုန်တိုင်းကိုငြိမ်စေခြင်း
35 ထိုနေ့ညအချိန်၌ ကိုယ်တော်က၊ ကမ်းတစ်ဖက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူလျှင်၊- 36 တပည့်တော်တို့သည် လူစုဝေးရာမှထွက်၍ လှေပေါ်၌ရှိနှင့်သော ကိုယ်တော်ပါလျက် သွားကြ၏။ အခြားလှေတို့လည်း ပါသေး၏။- 37 ထိုအခါ ပြင်းစွာသော မိုးသက်မုန်တိုင်းဖြစ်၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည် ရေနှင့် ပြည့်လေ၏။- 38 ကိုယ်တော်သည် ပဲ့၌ ခေါင်းအုံးပေါ်မှာ ကျိန်းစက်၍ နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ကို နှိုးပြီးမှ၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်သည်ကို လျစ်လျူသောစိတ် ရှိတော်မူ သလောဟု လျှောက်ကြသော်၊- 39 ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာနေဟု လေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည်ငြိမ်၍ အလွန်သာယာလေ၏။- 40 ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက် ကြောက်တတ်သနည်း။ အဘယ်ကြောင့် ယုံကြည်ခြင်းစိတ်နှင့် ကင်းသနည်းဟု မေးတော်မူလျှင်၊- 41 သူတို့သည် အလွန်ကြောက်ရွံ့၍ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့် ပင်လယ်သည် သူ၏စကားကို နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။
撒种的比喻(太13:1~9;路8:4~8)
1 耶稣又在海边教导人。有一大群人聚集到他那里,因此他上船坐下来。船在海中,群众都朝着海站在岸上。2 他用比喻教训他们许多事,在教训中他说:3 "你们听着!有一个撒种的出去撒种,4 撒的时候,有的落在路旁,小鸟飞来就吃掉了。5 有的落在泥土不多的石地上,因为泥土不深,很快就长起来。6 但太阳一出来,就把它晒干,又因为没有根就枯萎了。7 有的落在荆棘里,荆棘长起来,把它挤住,它就结不出果实来。8 有的落在好土里,就生长繁茂,结出果实,有三十倍的、有六十倍的、有一百倍的。"9 耶稣又说:"有耳可听的,就应当听。"
用比喻的目的(太13:10~17;路8:9~10)
10 耶稣独自一人的时候,那些经常跟着他的人和十二门徒,来问这些比喻的意义。11 耶稣对他们说:" 神的国的奥秘,只给你们知道,但对于外人,一切都用比喻,12 叫他们
‘看是看见了,却不领悟,
听是听见了,却不明白,
免得他们回转过来,得到赦免。’"
解释撒种的比喻(太13:18~23;路8:11~15)
13 耶稣又对他们说:"你们不明白这个比喻,怎能明白一切比喻呢?14 撒种的人所撒的就是道。15 那撒在路旁的,就是人听了道,撒但立刻来,把撒在他心里的道夺去。16 照样,那撒在石地上的,就是人听了道,立刻欢欢喜喜地接受了;17 可是他们里面没有根,只是暂时的;一旦为道遭遇患难,受到迫害,就立刻跌倒了。18 那撒在荆棘里的,是指另一些人;他们听了道,19 然而今世的忧虑、财富的迷惑,以及种种的欲望,接连进来,把道挤住,就结不出果实来。20 那撒在好土里的,就是人听了道,接受了,并且结出果实,有三十倍的、有六十倍的、有一百倍的。"
隐藏的事终必显露(路8:16~18)
21 耶稣又对他们说:"灯难道是拿来放在量器底下或床底下的吗?它不是该放在灯台上吗?22 因为没有甚么隐藏的事不被显明出来,没有甚么掩盖的事不被揭露的。23 有耳可听的,就应当听。"
24 耶稣又对他们说:"要留心你们所听到的,你们用甚么尺度量给人, 神也要用甚么尺度量给你们,并且要超过尺度给你们。25 因为那有的,还要给他;那没有的,就算他有甚么也要拿去。"
种子发芽生长的比喻
26 耶稣说:" 神的国好象人在地里撒种,27 他夜里睡觉,白天起来,种子发芽生长,自己也不知道怎么会这样的。28 地生五谷是自然的,先长苗,后吐穗,最后穗上结满了子粒。29 庄稼熟了,就派人用镰刀割下,因为收成的时候到了。"
芥菜种的比喻(太13:31~35;路13:18~19)
30 又说:"我们要把 神的国比作甚么呢?我们可以用甚么比喻来形容它呢?31 它好象一粒芥菜种,刚种下去的时候,比地上的一切种子都小,32 种下以后,生长起来,却比一切蔬菜都大,长出大枝子,甚至天空的飞鸟都可以在它的荫下搭窝。"
33 耶稣用许多这样的比喻,照着他们所能听懂的,向他们讲道;34 不用比喻,就不对他们讲。只有单独和自己的门徒在一起的时候,才把一切解释给他们听。
平静风浪(太8:18、23~27;路8:22~25)
35 当天黄昏,耶稣对门徒说:"我们渡到海那边去吧。"36 门徒离开群众,耶稣已经在船上,他们就载他过去,也有别的船和他同去。37 忽然起了狂风,波浪不断地打进船来,舱里积满了水。38 耶稣却在船尾靠着枕头睡着了。门徒把他叫醒,对他说:"老师,我们要死了,你不管吗?"39 耶稣起来,斥责了风,又对海说:"不要作声!安静吧!"风就停止,大大地平静了。40 然后对他们说:"为甚么这样胆怯呢?你们怎么没有信心呢?"41 门徒非常惧怕,彼此说:"这到底是谁,连风和海都听从他?"