ယေရှုကိုသတ်ရန်ကြံစည်မှု
1 ထိုနောက် နှစ်ရက်လွန်လျှင် ပသခါအဇုမပွဲ ရှိ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့ ပရိယာယ်အားဖြင့် ဖမ်းဆီး၍ သတ်ရအံ့နည်းဟု ရှာကြံကြ၏။-ထွ၊ ၁၂:၁-၂၇။2 သို့သော်လည်း လူများတို့သည် ရုန်းရင်းခတ်ဖြစ်မည်ကို စိုးရိမ်၍ ပွဲနေ့တွင် မပြုနှင့်ဦးဟု ပြောဆိုကြ၏။
ဆီမွှေးသွန်းလောင်းခံရခြင်း
3 ဗေသနိရွာတွင် ရှိမုန်အမည်ရှိသော လူနူ၏အိမ်၌ ကိုယ်တော် ရှိတော်မူသည်ဖြစ်၍၊ မိန်းမတစ်ယောက်သည် အဖိုးများစွာထိုက်သော နာဒုဆီမွှေးစစ်နှင့်ပြည့်သော ကျောက်ဖြူခွက်တစ်လုံးကို ယူခဲ့၍ ကိုယ်တော်သည် စားပွဲနားမှာ လျောင်းတော်မူစဉ်၊ ကျောက်ဖြူခွက်ကိုခွဲပြီးမှ ခေါင်းတော်ပေါ်၌ သွန်းလောင်းလေ၏။-လု၊ ၇:၃၇-၃၈။4 အချို့တို့သည် ဒေါသစိတ်ရှိသည် ဖြစ်၍၊ ထိုဆီမွှေးကို အဘယ်ကြောင့် အကျိုးမဲ့ဆုံးစေသနည်း။- 5 ဒေနာရိအပြားသုံးရာမကသော အဖိုးနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟု ဆို၍ ထိုမိန်းမကို အပြစ်တင်ကြ၏။- 6 ယေရှုကလည်း ထိုမိန်းမကိုရှိစေတော့။ အဘယ်ကြောင့် နှောင့်ယှက်ကြသနည်း။ သူသည် ငါ၌ ကောင်းသောအမှုကို ပြုပြီ။- 7 ဆင်းရဲသောသူတို့သည် သင်တို့၌ အစဉ်ရှိကြ၏ သင်တို့အလိုရှိသည်အတိုင်း သူတို့အား ကျေးဇူးပြုနိုင်၏။ ငါမူကား သင်တို့၌ အစဉ်ရှိသည်မဟုတ်။-တရား၊၁၅:၁၁။8 ဤမိန်းမသည် တတ်နိုင်သမျှပြုပြီ။ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှာ၊ ငါ့ကိုယ်ကို ဆီမွှေးနှင့် လူးနှင့်သတည်း။- 9 ငါအမှန်ဆိုသည်ကား၊ ဧဝံဂေလိတရားကို မြေတစ်ပြင်လုံးတွင် ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကို အောက်မေ့စရာဖို့ သူပြုသောဤအမှုကို ကြားပြောရကြလတ္တံ့ဟု မိန့်တော်မူ၏။
ယုဒသစ္စာဖောက်ခြင်း
10 ထိုအခါ တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် ကိုယ်တော်ကိုအပ်ခြင်းငှာ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ သွားလေ၏။- 11 ထိုသူတို့သည် ကြားလျှင် ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည်ဟု ဝန်ခံကြ၏။ ထိုနောက် အဆင်သင့်သော အချိန်ကာလ၌ ကိုယ်တော်ကို အဘယ်သို့အပ်ရမည်နည်းဟု ရှာကြံလျက်နေ၏။
ပသခါညစာစားခြင်း
12 ပသခါသိုးသငယ်ကို သတ်သောနေ့တည်းဟူသော အဇုမပွဲပထမနေ့၌ တပည့်တော်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စားတော်မူဖို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် သွား၍ ပြင်ဆင်စေခြင်းငှာ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊- 13 ကိုယ်တော်သည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊ သင်တို့သည် မြို့ထဲသို့သွားကြ။ ရေအိုးဆောင်သောသူကို တွေ့လိမ့်မည်။ ထိုသူနောက်သို့ လိုက်၍၊- 14 သူဝင်သော အိမ်သို့ဝင်ပြီးမှ၊ ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကို စားရသော ဧည့်သည်အခန်းကား၊ အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။- 15 ထိုသူသည် အသင့်ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကို ပြလိမ့်မည်။ ထိုအခန်း၌ ငါတို့ဖို့ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။- 16 တပည့်တော်တို့သည် သွား၍ မြို့ထဲသို့ဝင်လျှင်၊ စကားတော်အတိုင်းတွေ့၍ ပသခါပွဲကို ပြင်ဆင်ကြ၏။
17 ညဉ့်ဦးယံအချိန်ရောက်မှ တပည့်တော် တစ်ကျိပ်နှစ်ပါးတို့နှင့်အတူ ကြွလာတော်မူ၏။- 18 စားပွဲ၌လျောင်း၍ စားနေကြစဉ်တွင်၊ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့အဝင်ဖြစ်၍ ငါနှင့်အတူ စားသောသူ တစ်စုံတစ်ယောက်သည် ငါ့ကိုအပ်နှံလိမ့်မည်ဟု မိန့်တော်မူလျှင်၊-ဆာ၊ ၄၁:၉။19 တပည့်တော်တို့သည် ဝမ်းနည်း၍၊ အကျွန်ုပ်လော၊ အကျွန်ုပ်လောဟု တစ်ယောက်နောက်တစ်ယောက် အသီးအသီး မေးလျှောက်ကြ၏။- 20 ကိုယ်တော်ကလည်း၊ တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်၍ ငါနှင့်အတူ ပန်းကန်တွင် နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်။- 21 ကျမ်းစာလာသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် ဖွားမြင်ခြင်းကို မခံရလျှင် အနေသာ၍ ကောင်းသည်ဟု မိန့်တော်မူ၏။
ပွဲတော်မင်္ဂလာ
22 ထိုအခါ စားလျက်နေကြစဉ်တွင် ယေရှုသည်မုန့်ကိုယူ၍၊ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက် တပည့်တော်တို့အား ပေးတော်မူ၏။- 23 ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူလျှင်၊ ထိုသူရှိသမျှတို့သည် သောက်ကြ၏။- 24 ကိုယ်တော်ကလည်း၊ ဤခွက်ကား၊ ပဋိညာဉ်တရားသစ်နှင့် ဆိုင်၍၊ လူများအဖို့အလိုငှာ သွန်းသော ငါ၏အသွေးဖြစ်၏။-ထွ၊ ၂၄:၈။ ယေ၊ ၃၁:၃၁-၃၄။25 ငါအမှန်ဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ဘုရားသခင်၏နိုင်ငံတော်၌ ငါမသောက်မီ နေ့တိုင်အောင် ယခုမှစ၍ တစ်ဖန်ငါမသောက်ရဟု မိန့်တော်မူ၏။- 26 ထိုနောက် သီချင်းဆိုပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။
ပေတရုငြင်းပယ်လိမ့်မည်
27 ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကို ငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြလိမ့်မည်ဟု ရေးထားသည်နှင့် အညီ၊ ယနေ့ညတွင် သင်တို့ရှိသမျှသည် ငါ့ကြောင့် စိတ်ပျက်ကြလိမ့်မည်။-ဇာ၊ ၁၃:၇။28 သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့၊ ဂါလိလဲပြည်သို့သွားမည်ဟု မိန့်တော်မူသော်၊-မ၊ ၂၈:၁၆။29 ပေတရုက၊ ဤသူရှိသမျှတို့သည် စိတ်ပျက်ကြသော်လည်း အကျွန်ုပ်သည် စိတ်မပျက်ပါဟု လျှောက်လေ၏။- 30 ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညတွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊- 31 ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကိုမငြင်းမပယ်ပါဟု သာ၍ ခိုင်ခံ့သောစကားနှင့် လျှောက်ပြန်၏။ ထိုသူအပေါင်းတို့သည်လည်း ထိုနည်းတူ လျှောက်ကြ၏။
ဂေသရှေမန်တွင်ဆုတောင်းခြင်း
32 ထိုအခါ ဂေသရှေမန်အရပ်သို့ရောက်ကြလျှင် ကိုယ်တော်က၊ ငါဆုတောင်းစဉ်တွင် သင်တို့သည် ဤအရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊- 33 ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။- 34 ထိုအခါ ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ စောင့်နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊- 35 ထိုမှ အနည်းငယ်လွန်ပြန်လျှင်၊ မြေပေါ်မှာ ပျပ်ဝပ်၍ အို အဘခမည်းတော်၊- 36 ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟူ၍ ထိုအချိန် နာရီသည် မိမိနှင့် လွန်သွားနိုင်လျှင် လွန်သွားပါမည်အကြောင်း ဆုတောင်းတော်မူပြီးမှ၊- 37 ပြန်လာ၍ တပည့်တော်တို့သည် အိပ်ပျော်လျက် နေကြသည်ကိုတွေ့တော်မူလျှင်၊ ရှိမုန်၊ သင်သည် အိပ်ပျော်သလော။ တစ်နာရီခန့်မျှ စောင့်နေခြင်းငှာ မစွမ်းနိုင်သလော။- 38 စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ၊- 39 တစ်ဖန်သွား၍ ရှေ့မြွက်ဆိုသည်နည်းတူ ဆုတောင်းတော်မူ၏။- 40 ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန်၍၊ သူတို့သည် မျက်စိလေးလံသဖြင့် တစ်ဖန် အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူ၏။ သူတို့သည် အဘယ်သို့ လျှောက်ရမည်ကို မသိကြ။- 41 သုံးကြိမ်မြောက်အောင် သူတို့ရှိရာသို့ ပြန်လာလျှင်၊ ယခုအိပ်ပျော်၍ ငြိမ်ဝပ်စွာနေကြလော့။ အမှုလွန်ပြီ။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန် ရောက်လာပြီ။- 42 ထကြ။ ငါတို့သည် သွားကြကုန်အံ့။ ငါ့ကို အပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ၏။
ကိုယ်တော်ကိုဖမ်းဆီးခြင်း
43 ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်နှင့်အတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲများစေလွှတ်သောလူအစုအဝေးအပေါင်းတို့သည် ဓားနှင့် တုတ်များကိုကိုင်လျက် ချက်ချင်းလာကြ၏။- 44 ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဖမ်း၍ လုံခြုံစွာ ဆောင်သွားကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊- 45 သူသည် ရောက်လျှင် ကိုယ်တော်ရင်းသို့ချက်ချင်း ချဉ်းကပ်၍ အရှင်ဘုရား၊ အရှင်ဘုရားဟုဆိုလျက် နမ်းလေ၏။- 46 ထိုသူတို့သည် လာ၍ ကိုယ်တော်ကိုဆွဲကိုင် ဖမ်းဆီးကြ၏။- 47 အနား၌ ရပ်နေသော သူတစ်ယောက်သည် ဓားကို ဆွဲထုတ်ပြီးလျှင်၊ ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် နားရွက်ပြတ်လေ၏။- 48 ယေရှုကလည်း သင်တို့သည် ဓားပြကို ဖမ်းသကဲ့သို့ ငါ့ကိုဖမ်းအံ့သောငှာ ဓားနှင့် တုတ်များကို လက်စွဲလျက် လာကြသည်တကား၊- 49 ငါသည် ဗိမာန်တော်၌ နေ့တိုင်း ဆုံးမဩဝါဒပေးလျက်၊ သင်တို့အလယ်၌ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဖမ်းမဆီးကြ။ ဤအကြောင်းအရာကား၊-လု၊ ၁၉:၄၇၊၂၁:၃၇။50 ကျမ်းစာပြည့်စုံမည် အကြောင်းတည်းဟု ထိုလူများကို မိန့်တော်မူ၏။- 51 ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကိုစွန့်ပစ်၍ ပြေးကြ၏။ လုလင်တစ်ယောက်သည် စောင်တစ်ထည်ကိုသာ ဝတ်လျက် နောက်တော်သို့လိုက်သည်ဖြစ်၍၊ မင်းလုလင်တို့သည် ထိုသူကို ဖမ်းဆီးကြ၏။- 52 သူသည်လည်း စောင်ကိုစွန့်ပစ်၍ အဝတ်မရှိဘဲ လုလင်တို့လက်မှ ထွက်ပြေးလေ၏။
တရားလွှတ်တော်၌စစ်ဆေးခြင်း
53 ထိုသူတို့သည် ယေရှုကို ယဇ်ပုရောဟိတ်မင်းထံသို့ ဆောင်သွားကြ၏။ ထိုမင်းထံ၌ ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာအပေါင်းတို့သည် စည်းဝေးကြ၏။- 54 ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးအတွင်းသို့တိုင်အောင် ကိုယ်တော်နှင့် ဝေးစွာလိုက်ပြီးလျှင်၊ မင်းလုလင်တို့နှင့်အတူ ထိုင်၍မီးလှုံလေ၏။- 55 ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကို သတ်ရမည်အကြောင်း သက်သေကို ရှာသော်လည်း မတွေ့ကြ။- 56 လူများတို့သည် မမှန်သောသက်သေကို ခံကြသော်လည်း သူတို့၏ သက်သေခံချက်သည်မညီ။- 57 အချို့တို့သည်ထ၍၊ ဤသူက၊ လူတို့လက်ဖြင့် လုပ်သော၊- 58 ဤဗိမာန်တော်ကို ငါဖြိုဖျက်၍ လူတို့လက်ဖြင့် မလုပ်သော ဗိမာန်တော်တစ်ဆူကို တည်ဆောက်မည်ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါပြီဟု သက်သေခံကြ၏။-ယော၊ ၂:၁၉။59 သို့သော်လည်း သူတို့၏ သက်သေခံချက်သည် မညီ။- 60 ယဇ်ပုရောဟိတ်မင်းသည် အလယ်၌ မတ်တတ်ထ၍၊ သင်သည် တစ်ခွန်းမျှပြန်၍ မပြောသလော။ ဤသူတို့သည် အဘယ်သို့သက်သေခံသနည်းဟု ယေရှုကိုမေးလျှင်၊- 61 ကိုယ်တော်သည် တစ်ခွန်းမျှပြန်ပြောတော်မမူဘဲ တိတ်ဆိတ်စွာနေ၏။ တစ်ဖန် ယဇ်ပုရောဟိတ်မင်းက၊ သင်သည် ခရစ်တော်တည်းဟူသော မင်္ဂလာရှိသော ဘုရားသခင်၏သားတော် မှန်သလောဟု မေးပြန်လျှင်၊- 62 ယေရှုက၊ မှန်၏။ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏လက်ယာဘက်၌ ထိုင်လျက်၊ မိုးတိမ်ကို စီး၍ ကြွလာသည်ကို သင်တို့မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။-ဒံ၊ ၇:၁၃။63 ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကို ဆုတ်လျက် အဘယ်သက်သေကို လိုသေးသနည်း။- 64 ဘုရားကို လွန်ကျူး၍ပြောသောစကားကို သင်တို့ကြားရပြီ။ အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ကိုယ်တော်သည် အသေခံထိုက်ကြောင်းကို ထိုသူအပေါင်းတို့သည် စီရင်ကြ၏။-ဝတ်၊ ၂၄:၁၆။65 ထိုအခါ အချို့တို့သည် ကိုယ်တော်ကို တံတွေးနှင့် ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် လက်သီးနှင့် ထိုးလျက်၊ ပရောဖက်ပြု၍ ဟောတော်မူပါဟု ဆိုကြ၏။ မင်းလုလင်တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်ကြ၏။
ပေတရုငြင်းပယ်ခြင်း
66 ပေတရုသည် အောက်မှာ အိမ်ဦး၌ရှိစဉ်၊ ယဇ်ပုရောဟိတ်မင်း၏ အစေအပါ မိန်းမတစ်ယောက်သည် လာ၍၊- 67 ပေတရုသည် မီးလှုံလျက်နေသည်ကို မြင်သောအခါ သူ့ကိုစေ့စေ့ကြည့်၍၊ သင်သည်လည်း နာဇရက်မြို့သားယေရှုနှင့် ပေါင်းဖော်သောသူဖြစ်သည်ဟု ဆိုလျှင်၊- 68 ပေတရုက၊ သင်ပြောသောအရာကို ငါမသိ၊ နားမလည်ဟု ငြင်းခုံပြီးမှ အိမ်ဦးရှေ့သို့ထွက်သော် ကြက်တွန်လေ၏။- 69 နောက်တစ်ဖန် အစေအပါမိန်းမသည် ပေတရုကိုမြင်လျှင်၊ အနား၌ ရပ်နေသောသူတို့အား၊ ဤသူသည် ထိုသူတို့ အဝင်ဖြစ်သည်ဟု ဆိုသော်၊- 70 ပေတရုသည် တစ်ဖန် ငြင်းခုံပြန်၏၊ ထိုနောက် များမကြာအနား၌ ရပ်နေသောသူတို့က၊ အကယ်စင်စစ် သင်သည် ထိုသူတို့အဝင်ဖြစ်၏။ သင်သည် ဂါလိလဲလူဖြစ်၏။ သင့်စကားလည်းတူ၏ဟု ပေတရုကိုဆိုကြလျှင်၊- 71 ပေတရုက၊ သင်တို့ပြောသောသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ ကျိန်ဆိုသည်နောက်၊- 72 တစ်ဖန် ကြက်တွန်လေ၏။ ယေရှုက၊ ကြက်သည် နှစ်ကြိမ်မတွန်မီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို၊ ပေတရုသည် သတိရသဖြင့် ခေါင်းကိုခြုံ၍ ငိုကြွေးလေ၏။
商议怎样杀害耶稣(太26:1~5;路22:1~6)
1 过两天,就是逾越节和除酵节了,祭司长和经学家设法怎样用诡计逮捕耶稣,把他杀害。2 不过他们说:"不可在节期下手,免得引起民众暴动。"
伯大尼妇人用香膏膏主(太26:6~13;约12:1~8。参路7:36~50)
3 耶稣在伯大尼,在患痲风的西门家里吃饭的时候,有一个女人来了,拿着一瓶珍贵的纯哪哒香膏。她打破了瓶,把香膏浇在耶稣的头上。4 有几个人很生气,彼此说:"为甚么这样浪费香膏呢?5 这香膏可以卖三百多个银币,用来赒济穷人。"他们就向她发怒。6 但耶稣说:"由她吧!为甚么难为她呢?她在我身上作的是一件美事。7 你们常常有穷人跟你们在一起,只要你们愿意,随时都可以向他们行善,然而你们却不常有我。8 她已经尽她所能的作了。她预先用香膏膏了我的身体,是为了我的安葬。9 我实在告诉你们,福音无论传到世界上甚么地方,都要传讲这女人所作的来记念她。"
犹大出卖耶稣(太26:14~16)
10 十二门徒中的一个,就是加略人犹大,去见祭司长,要把耶稣交给他们。11 他们听见了就很欢喜,答应给他银子。于是犹大就找机会出卖耶稣。
最后的晚餐(太26:17~30;路22:7~23;约13:21~30。参林前11:23~25)
12 除酵节的第一天,就是宰杀逾越节羊羔的那一天,门徒问耶稣:"你要我们到哪里去,为你预备逾越节的晚餐呢?"13 他就差派两个门徒,对他们说:"你们到城里去,必有一个拿着水瓶的人,向你们迎面而来,你们就跟着他,14 无论他进入哪一家,你们要对那家主说,老师说:‘我的客厅在哪里?我和门徒好在那里吃逾越节的晚餐。’15 他必指给你们楼上一间布置整齐、预备妥当的大房间,你们就在那里为我们预备。"16 门徒出去,进了城,所遇见的正如耶稣所说的,就预备好了逾越节的晚餐。
17 到了晚上,耶稣和十二门徒来了。18 他们坐着吃饭的时候,耶稣说:"我实在告诉你们,你们中间有一个跟我一起吃饭的人要出卖我。"19 他们就很忧愁,一个一个地问他:"是我吗?"20 耶稣对他们说:"他是十二门徒里的一个,和我一同把手蘸在盘子里的。21 正如经上指着人子所说的,他固然要离世,但出卖人子的那人有祸了!他没有生下来还好。"
22 他们吃的时候,耶稣拿起饼来,祝谢了,就擘开,递给门徒,说:"你们拿去吃吧,这是我的身体。"23 又拿起杯来,祝谢了就递给门徒,他们都喝了。24 耶稣说:"这是我的血,是为立约的,为许多人流出来的。25 我实在告诉你们,我决不再喝这葡萄酒,直到我在 神的国里喝新酒的那一天。"
26 他们唱完了诗,就出来,往橄榄山去。
预言彼得不认主(太26:31~35;路22:31~34;约13:36~38)
27 耶稣对他们说:"你们都要后退,因为经上记着:
‘我要击打牧人,
羊群就分散了。’
28 但我复活以后,要比你们先到加利利去。"29 彼得对他说:"就算所有的人都后退,我却不会。"30 耶稣对他说:"我实在告诉你,就在今天晚上,鸡叫两遍以前,你会三次不认我。"31 彼得更坚决地说:"就算必须与你一同死,我也决不会不认你!"众人也都这样说。
在客西马尼祷告(太26:36~46;路22:39~46)
32 他们来到一个地方,名叫客西马尼;耶稣对门徒说:"你们坐在这里,我去祷告。"33 他带了彼得、雅各、约翰一起去,就惊惧起来,非常难过。34 于是对他们说:"我的心灵痛苦得快要死了;你们要留在这里,也要警醒。"35 耶稣稍往前走,俯伏在地上祷告:如果可能的话,使那时刻不要临到他。36 他说:"阿爸、父啊,你凡事都能作,求你叫这杯离开我。但不要照我的意思,只要照你的旨意。"37 耶稣回来,看见门徒睡着了,就对彼得说:"西门,你睡觉吗?你连一个小时也不能警醒吗?38 应当警醒、祷告,免得陷入试探;你们心灵虽然愿意,肉体却是软弱的。"39 耶稣又去祷告,说的也是同样的话。40 他再回来的时候,看见门徒睡着了;因为他们十分疲倦,不知道该怎样回答他。41 耶稣第三次回来,对他们说:"你们还在睡觉休息吗?够了,时候到了,看哪,人子要被交在罪人手里了。42 起来,我们走吧!出卖我的人来了。"
耶稣被捕(太26:47~56;路22:47~53;约18:3~11)
43 耶稣还在说话的时候,十二门徒中的犹大和一群拿着刀棒的人来到了;他们是祭司长、经学家和长老派来的。44 出卖耶稣的人给他们一个暗号,说:"我跟谁亲吻,谁就是他。你们把他逮捕,小心带去。"45 犹大来到,立刻上前对耶稣说:"拉比!"就跟他亲吻。46 他们就动手拿住耶稣,逮捕了他。47 站在旁边的人中有一个拔出刀来,砍了大祭司的仆人一刀,削掉了他的一只耳朵。48 耶稣对他们说:"你们带着刀棒出来,把我当作强盗捉拿吗?49 我天天在殿里教导人,跟你们在一起,你们却没有捉拿我;但这是为了要应验经上的话。"50 门徒都离开他逃跑了。
51 有一个青年,赤身披着一块麻布,跟着耶稣。众人捉住他的时候,52 他就丢掉麻布,赤身逃跑了。
大祭司审问耶稣(太26:57~68;路22:67~71;约18:12~13、19~24)
53 他们把耶稣押到大祭司那里,所有的祭司长、长老和经学家都聚集在一起。54 彼得远远地跟着耶稣,直到大祭司的官邸,和差役一同坐着烤火。55 祭司长和公议会全体都寻找证据控告耶稣,要把他处死,却没有找着。56 有许多人作假证供控告他,但他们的证供各不相符。57 有几个人站起来,作假证供控告他说:58 "我们听他说过:‘我要拆毁这座人手所造的圣所,三日之内要另建一座不是人手所造的圣所。’"59 就是这样的见证,他们也不一致。60 大祭司站起来,走到中间,问耶稣:"这些人作证控告你的是甚么呢?你怎么不回答呢?"61 耶稣却不作声,甚么也不回答。大祭司又问他:"你是那受称颂者的儿子基督吗?"62 耶稣说:"我是。你们要看见人子,坐在权能者的右边,驾着天上的云降临。"63 大祭司就撕开自己的衣服,说:"我们还要甚么证人呢?64 你们都听见这亵渎的话了。你们认为怎么样?"众人都定他该死的罪。65 于是有些人就向他吐唾沫,蒙住他的脸。用拳头打他,对他说:"你说预言吧!"差役把他拉去,用手掌打他。
彼得三次不认主(太26:69~75;路22:54~62;约18:15~18、25~27)
66 彼得在下边院子的时候,大祭司的一个婢女来了,67 看见彼得烤火,就瞪着他说:"你也是和拿撒勒人耶稣一伙的!"68 彼得却否认说:"我不知道,也不明白你在说甚么!"他就走出去,到了前院,鸡就叫了有些抄本无"鸡就叫了"一句。69 那婢女看见他,又对站在旁边的人说:"这个人也是他们一伙的。"70 彼得还是不承认。过了一会,站在旁边的人也对彼得说:"你真是他们一伙的,因为你也是加利利人。"71 彼得就发咒起誓说:"我不认得你们说的这个人!"72 立刻鸡就叫了第二遍。彼得想起耶稣对他说过的话:"鸡叫两遍以前,你要三次不认我。"他一想起来,就哭了"他一想起来,就哭了"或译:"他就夺步而出,痛哭起来"。