ညစ်ညူးသောနတ်ကိုနှင်ထုတ်ခြင်း
1 အိုင်တစ်ဖက်၊ ဂါဒရပြည်သို့ ရောက်ကြ၍၊- 2 ယေရှုသည် လှေထဲကထွက်ကြွတော်မူသည် ခဏချင်းတွင်၊ ညစ်ညူးသောနတ်စွဲသောသူသည် သင်္ချိုင်းတစပြင်မှ ထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုလေ၏။- 3 ထိုသူသည် သင်္ချိုင်းတစပြင်၌ နေတတ်၏။ သူ့ကို သံကြိုးနှင့်ပင် အဘယ်သူမျှ ချည်၍မနိုင်။- 4 ခြေချင်း၊ သံကြိုးနှင့် အဖန်များစွာ ချည်စမ်းသော်လည်း၊ သံကြိုးကိုဆွဲဖြတ်၍ ခြေချင်းကို ဖြဲတတ်၏။ သူ့ကိုယဉ်စေခြင်းငှာ အဘယ်သူမျှ မတတ်နိုင်။- 5 နေ့ညမပြတ် သင်္ချိုင်းတစပြင်၌လည်းကောင်း၊ တောင်ပေါ်၌လည်းကောင်း၊ ဟစ်ကြော်လျက်၊ ကျောက်ဇောင်းနှင့် ကိုယ်ကိုရှစေလျက် နေတတ်၏။- 6 ယေရှုကို အဝေးကမြင်လျှင်၊ အထံတော်သို့ ပြေးလာ၍ ပျပ်ဝပ်လျက်၊- 7 အမြင့်ဆုံးသော ဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း ဘုရားသခင်ကို အမှီပြု၍ အကျွန်ုပ် တောင်းပန်ပါသည်ဟု ကြီးသောအသံနှင့် အော်ဟစ်၍ လျှောက်လေ၏။- 8 လျှောက်သည်အကြောင်းကား၊ ညစ်ညူးသောနတ်၊ ထိုလူမှထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။- 9 ကိုယ်တော်ကလည်း၊ သင်သည် အဘယ်အမည် ရှိသနည်းဟု မေးတော်မူလျှင်၊ အကျွန်ုပ်အမည်ကား၊ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အများဖြစ်ကြပါ၏ဟု လျှောက်ပြီးမှ၊- 10 ထိုပြည်ထဲက အခြားသို့ မနှင်ပါမည်အကြောင်း များစွာတောင်းပန်လေ၏။
11 ထိုအရပ်၌ တောင်ပေါ်မှာ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။- 12 နတ်ဆိုးအပေါင်းတို့လည်း၊ အကျွန်ုပ်တို့သည် ထိုဝက်ထဲသို့ ဝင်ရပါမည်အကြောင်း စေလွှတ်တော်မူပါဟု တောင်းပန်ပြန်လျှင်၊- 13 ယေရှုသည် ချက်ချင်းအခွင့်ပေးတော်မူ၏။ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုသည် အိုင်ကမ်းဇောက်ကို တစ်ဟုန်တည်းပြေးဆင်း၍ အိုင်၌အသက်ဆုံးကြ၏။ အရေအတွက်အားဖြင့် နှစ်ထောင်လောက်ရှိ၏။- 14 ဝက်ကျောင်းသောသူတို့သည် ပြေး၍မြို့ရွာတို့၌ သတင်းကြားပြောလျှင်၊ လူများတို့သည် ထိုအမှုအရာတို့ကို ကြည့်ရှုအံ့သောငှာ ထွက်လာကြ၏။- 15 အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုး လေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ထိုင်နေသည်ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။- 16 နတ်ဆိုးစွဲသောသူ၌လည်းကောင်း၊ ဝက်တို့၌လည်းကောင်း၊ အဘယ်သို့ဖြစ်သည်ကို သိမြင်သောသူတို့သည် နောက်လာသောသူတို့အား ပြန်ကြားပြီးမှ၊- 17 မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။
18 လှေထဲသို့ ဝင်တော်မူသောအခါ နတ်ဆိုးစွဲဖူးသောသူသည် ကိုယ်တော်နှင့်အတူ ရှိပါမည်အကြောင်း တောင်းပန်လျှင်၊- 19 ကိုယ်တော်သည် အခွင့်မပေး။ သင်သည် ကိုယ်အိမ်သို့သွားလော့။ ထာဝရဘုရားသည် သနားခြင်းစိတ်တော်နှင့် သင်၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင်၏အဆွေအမျိုးတို့အား ပြန်ကြားလော့ဟု မိန့်တော်မူလျှင်၊- 20 ထိုသူသည် သွား၍၊ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို၊ ဒေကာပေါလိပြည်တွင် သတင်းကြားပြောသည်ဖြစ်၍၊ ခပ်သိမ်းသောသူတို့သည် အံ့ဩခြင်းရှိကြ၏။
ယာဣရုသမီးနှင့်အဝတ်ကိုတို့သောအမျိုးသမီး
21 ယေရှုသည် ကမ်းတစ်ဖက်သို့ကူးပြန်၍ အိုင်နားမှာ ရှိတော်မူစဉ်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြ၏။- 22 ထိုအခါ ယာဣရုအမည်ရှိသော တရားဇရပ်မှူးသည် လာ၍ ကိုယ်တော်ကိုမြင်လျှင်၊ ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊ အကျွန်ုပ်၏ သမီးငယ်သေလုပါပြီ။- 23 သို့သော်လည်း ကိုယ်တော်သည်ကြွ၍ သူ့ကို ကယ်တင်ခြင်းငှာ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။- 24 ကိုယ်တော်သည် သူနှင့်အတူသွား၍ များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကို ခြံရံလျက် ထိခိုက်တိုက်မိကြ၏။
25 ထိုအခါ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာ စွဲသောကြောင့်၊- 26 များစွာသော ဆေးသမားတို့လက်၌ အလွန်ခံရ၍၊ ဥစ္စာရှိသမျှ ကုန်သော်လည်း သက်သာမရသည်သာမက၊ အနာတိုးသော မိန်းမတစ်ယောက်သည်၊- 27 ယေရှု၏သတင်းတော်ကို ကြားသည်ရှိသော်၊- 28 ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု ဆိုသည်နှင့်၊ လူအစုအဝေးထဲ၌ နောက်တော်သို့ လာ၍ အဝတ်တော်ကို တို့လေ၏။- 29 ထိုခဏချင်းတွင် အသွေးစုဝေးရာ ခန်းခြောက်သည်ဖြစ်၍၊ ထိုရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်ပြီဟု မိမိကိုယ်၌သိလေ၏။- 30 ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ချင်းသိတော်မူလျှင် လူအစုအဝေး၌ နောက်သို့လှည့်၍၊ ငါ့အဝတ်ကို အဘယ်သူတို့သနည်းဟု မေးတော်မူ၏။- 31 တပည့်တော်တို့က၊ လူအစုအဝေးသည် ကိုယ်တော်အား ထိခိုက်ကြသည်ကို မြင်လျက်ပင်၊ ငါ့ကို အဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက်ကြသော်လည်း၊- 32 ကိုယ်တော်သည် ထိုသို့ပြုသောသူကို မြင်ခြင်းငှာ ပတ်လည်သို့ ကြည့်ရှုတော်မူ၏။- 33 ထိုမိန်းမသည် ကိုယ်၌အဘယ်သို့ဖြစ်သည်ကို သိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက် အထံတော်သို့ လာပြီးလျှင်၊ ပျပ်ဝပ်၍ ထိုအကြောင်းရှိသမျှကို အဟုတ်အမှန် ကြားလျှောက်လေ၏။- 34 ကိုယ်တော်ကလည်း၊ ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီ။ ငြိမ်ဝပ်စွာ သွားလော့။ ရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်စေဟု မိန့်တော်မူ၏။
35 ထိုသို့ မိန့်တော်မူစဉ်တွင် တရားဇရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏သမီး သေပါပြီ။ အဘယ်ကြောင့် ဆရာကို နှောင့်ယှက်သေးသနည်းဟု ဆိုကြ၏။- 36 ထိုစကားကို ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တစ်ခုသာ ရှိစေလော့ဟု တရားဇရပ်မှူးအား ချက်ချင်းမိန့်တော်မူ၏။- 37 ပေတရု၊ ယာကုပ်၊ ယာကုပ်၏ညီယောဟန်မှတစ်ပါး အဘယ်သူကိုမျှ မလိုက်စေဘဲ၊- 38 တရားဇရပ်မှူးအိမ်သို့ရောက်၍ အုန်းအုန်း သဲသဲပြုကြသည်ကိုလည်းကောင်း၊ အလွန်ငိုကြွေးမြည်တမ်းသော သူတို့ကိုလည်းကောင်း မြင်တော်မူလျှင်၊- 39 အတွင်းသို့ဝင်၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲပြု၍ ငိုကြွေးကြသနည်း။ သူငယ်သေသည်မဟုတ် အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊- 40 ထိုသူတို့သည် ပြက်ရယ်ပြုကြ၏။ ထိုသူရှိသမျှတို့ကို ပြင်သို့ ထွက်စေပြီးမှ သူငယ်၏ မိဘတို့ကိုလည်းကောင်း၊ ကိုယ်တော်နှင့်ပါသော သူတို့ကိုလည်းကောင်း ခေါ်ပြီးလျှင်၊ သူငယ် လျောင်းရာအရပ်သို့ ဝင်၍၊- 41 သူငယ်၏လက်ကို ကိုင်တော်မူလျက်၊ တလိသကုမိဟု မိန့်တော်မူ၏။ အနက်ကား၊ မိန်းမငယ်ထလော့ ငါဆို၏ဟု ဆိုလိုသတည်း။- 42 ထိုခဏချင်းတွင် မိန်းမငယ်သည် ထ၍လှမ်းသွား၏။ သူသည် တစ်ဆယ်နှစ်နှစ်အရွယ် ရှိ၏။ ထိုသူတို့သည် အလွန် မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။- 43 ထိုအမှုအရာကို အဘယ်သူမျှ မသိစေမည်အကြောင်း၊ ထိုသူတို့ကို ကျပ်တည်းစွာ ပညတ်တော်မူ၍၊ သူ့အား စားစရာပေးလော့ဟု မိန့်တော်မူ၏။
治好鬼附的格拉森人(太8:28~34;路8:26~39)
1 他们到了海的那边,进入格拉森人的地区。2 耶稣一下船,就有一个被污灵附着的人,从墓地里迎面而来。3 那人经常住在坟墓中间,从来没有人能绑住他,甚至用锁炼都不能。4 曾经有很多次,人用脚镣和锁炼捆绑他,锁炼却被他挣断,脚镣也被他弄碎,始终没有人能制伏他。5 他昼夜在坟墓里和山野间喊叫,又用石头砍自己。6 他远远地看见耶稣,就跑过去拜他,7 大声呼叫,说:"至高 神的儿子耶稣,我跟你有甚么关系呢?我指着 神恳求你,不要叫我受苦。"8 因为当时耶稣吩咐他:"你这污灵,从这人身上出来!"9 耶稣问他:"你叫甚么名字?"他回答:"我名叫‘群’,因为我们众多。"10 他再三央求耶稣,不要把他们从那地方赶走。11 附近的山坡上有一大群猪正在吃东西;12 污灵求耶稣说:"打发我们到猪群那里附在猪身上吧。"13 耶稣准了他们。污灵就出来,进到猪群里去,于是那群猪闯下山崖,掉在海里淹死了,猪的数目约有两千。14 放猪的人都逃跑了,到城里和各乡村去报告,大家就来看发生了甚么事。15 他们来到耶稣跟前,看见那被鬼附过的人,就是曾被名叫‘群’的鬼附过的人,坐在那里,穿上了衣服,神志清醒,他们就害怕。16 看见的人把被鬼附过的人所遭遇的和那群猪的事,告诉了他们。17 他们就要求耶稣离开他们的地区。18 耶稣上船的时候,那被鬼附过的人来求他,要和他在一起。19 耶稣不许,却对他说:"你回家到你的亲属那里去,把主为你作了多么大的事,并他怎样怜悯你,都告诉他们。"20 那人就走了,开始在低加波利传讲耶稣为他所作的大事,众人都希奇。
治好血漏病的女人(太9:18~22;路8:40~48)
21 耶稣又坐船渡到那边;还在海边的时候,有一大群人向他围拢过来。22 当时来了一位会堂的主管,名叫叶鲁。他一看见耶稣,就俯伏在他脚前,23 迫切地求他说:"我的小女儿快要死了,请你来按手在她身上,把她救活。"24 耶稣就和他一起去了。
一大群人跟着他,拥挤着他。25 有一个女人,患了十二年的血漏病,26 在好些医生手中受了许多痛苦,又花尽了她一切所有的,不仅毫无起色,反而更加沉重。27 她听见耶稣的事,就从后面来杂在人群中间,摸耶稣的衣服。28 因为她说:"只要摸到他的衣服,我就必痊愈。"29 于是她血漏的源头立刻干了,她在身体上感觉到病已经得了医治。30 耶稣自己立刻觉得有能力从他里面出去,就转过身来对群众说:"谁摸了我的衣服?"31 门徒对他说:"你看,这么多人拥挤你,你还问‘谁摸我’吗?"32 耶稣周围观看,要看作这事的女人。33 那女人知道在她身上所成就的事,就恐惧战兢地前来向耶稣俯伏,把实情全告诉了他。34 耶稣对她说:"女儿,你的信使你痊愈了,平安地回去吧,你的病已经好了。"
使女孩复活(太9:23~26;路8:49~56)
35 耶稣还在说话的时候,有人从会堂主管的家里来说:"你的女儿已经死了,何必还劳动老师呢?"36 耶稣听见所说的话,就对会堂主管说:"不要怕!只要信!"37 于是他不许别人跟他一起去,只带了彼得、雅各和雅各的弟弟约翰。38 他们来到会堂主管的家,耶稣看见许多人哭泣哀号,一片混乱,39 就走进去,对众人说:"为甚么大哭大嚷呢?孩子不是死了,是睡着了。"40 众人就嘲笑他。耶稣把众人都赶出去,带着孩子的父母和跟随他的门徒,进入孩子所在的房间。41 耶稣拉着孩子的手,对她说:"大利大,古米!"翻译出来就是:"小女孩,我吩咐你起来!"42 那女孩子就立刻起来行走;那时她已经十二岁了。众人就非常惊奇。43 耶稣再三嘱咐他们,不要让人知道这事,又吩咐给她东西吃。