လက်တစ်ဖက်သေသောသူ
1 တရားဇရပ်သို့ တစ်ဖန် ဝင်တော်မူ၍၊ ထိုဇရပ်၌ လက်တစ်ဖက်သေသောသူ တစ်ယောက်ရှိ၏။- 2 ဥပုသ်နေ့၌ သူ၏ရောဂါကိုငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။- 3 ကိုယ်တော်ကလည်း၊ အလယ်၌ မတ်တတ်နေလော့ဟု လက်တစ်ဖက်သေသောသူအား မိန့်တော်မူပြီးမှ၊- 4 ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သလော၊ သူ့အကျိုးကို ဖျက်ဆီးအပ်သလော၊ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ်တို့အား မေးတော်မူလျှင်၊ ထိုသူတို့သည် တိတ်ဆိတ်စွာနေကြ၏။- 5 ထိုအခါ အမျက်တော်နှင့် သူတို့ကို ပတ်လည်ကြည့်ရှု၍ သူတို့စိတ်နှလုံး မိုက်သောကြောင့် ဝမ်းနည်းတော်မူခြင်းရှိလျက်၊ သင်၏လက်ကိုဆန့်လော့ဟု ထိုသူအား မိန့်တော်မူ၍ သူသည် မိမိလက်ကိုဆန့်လျှင်၊ ထိုလက်သည် လက်တစ်ဖက်ကဲ့သို့ ပကတိဖြစ်လေ၏။- 6 ထိုအခါ ဖာရိရှဲတို့သည်ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု ဟေရုဒ်တပည့်တို့နှင့် ချက်ချင်း တိုင်ပင်ကြ၏။
အိုင်နားမှပရိသတ်
7 ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်နားသို့ ပြောင်းကြွတော်မူ၍၊ ဂါလိလဲပြည်၊- 8 ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဣဒုမဲပြည်၊ ယော်ဒန်မြစ်တစ်ဖက်မှ လာကြသော လူများအပေါင်းတို့နှင့် တုရုမြို့၊ ဇိဒုန်မြို့ ပတ်ဝန်းကျင်အရပ်တို့မှ လာကြသော လူများအပေါင်းတို့သည် ပြုတော်မူသမျှကို ကြားလျှင် အထံတော်သို့ လာကြ၏။- 9 လူများတို့သည် ကိုယ်တော်ကိုဝန်းရံ၍ မထိခိုက်စေမည်အကြောင်း၊ ကိုယ်တော်၏ အနီးအပါးတွင် လှေတစ်စင်းကို အမြဲရှိစေခြင်းငှာ တပည့်တော်တို့အား အမိန့်တော်ရှိ၏။-မာ၊ ၄:၁။ လု၊ ၅:၁-၃။10 အကြောင်းမူကား၊ လူများတို့အား ချမ်းသာပေးတော်မူသောကြောင့်၊ ရောဂါဝေဒနာ နှိပ်စက်သောသူ ရှိသမျှတို့သည် ကိုယ်တော်ကို တို့ခြင်းငှာ တွန်းကြ၏။- 11 ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကို မြင်သောအခါ ပျပ်ဝပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု ဟစ်ကြော်ကြ၏။- 12 သတင်းတော်ကို မပွင့်စေမည်အကြောင်း သူတို့အား ကြပ်တည်းစွာ ပညတ်တော်မူ၏။ဟေရှာ၊ ၆း၉-၁၀။
တပည့်တော်တစ်ကျိပ်နှစ်ပါးကိုရွေးချယ်ခြင်း
13 ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ အလိုတော်ရှိသောသူတို့ကို ခေါ်တော်မူလျှင်၊ အထံတော်သို့ လာကြ၏။- 14 ကိုယ်တော်နှင့်အတူ ရှိနေစေခြင်းငှာလည်းကောင်း၊ တရားဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊- 15 နတ်ဆိုးတို့ကို နှင်ထုတ်နိုင်သောအခွင့်နှင့် စေလွှတ်ခြင်းငှာလည်းကောင်း၊ တစ်ကျိပ်နှစ်ပါးသော သူတည်းဟူသော၊- 16 ပေတရုအမည်သစ်ကို ပေးတော်မူသောရှိမုန်၊- 17 မိုးကြိုးသားဟု ဆိုလိုသော ဗောနေရဂက် အမည်သစ်ကို ပေးတော်မူသော ဇေဗေဒဲ၏သားနှစ်ယောက် ယာကုပ်နှင့် ယောဟန်၊- 18 အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ ကာနနိတ်လူရှိမုန်၊- 19 ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်တို့ကို ခန့်ထားတော်မူ၏။
ယေရှုနှင့်ဗေလဇေဗုလ
20 ထိုသူတို့သည် အိမ်သို့ဝင်ကြလျှင်၊ အစာကို မစားနိုင်သည်တိုင်အောင် လူများတို့သည် တစ်ဖန် စုဝေးကြပြန်၏။- 21 ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ထွက်သွားကြ၏။- 22 ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။-မ၊ ၉:၃၄၊၁၀:၂၅။23 ကိုယ်တော်သည် သူတို့ကိုခေါ်၍ ဥပမာကို ဆောင်တော်မူလျက်၊ စာတန်သည် စာတန်ကို အဘယ်သို့ နှင်ထုတ်နိုင်သနည်း။- 24 တိုင်းနိုင်ငံသည် မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။- 25 အိမ်သည်လည်း မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။- 26 စာတန်သည် မိမိတစ်ဖက်၌ ထ၍ မိမိနှင့် မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်ဘဲ ဆုံးခြင်းသို့ ရောက်လိမ့်မည်။- 27 သူရဲကို ရှေ့ဦးစွာ မချည်မနှောင်လျှင်၊ သူ၏အိမ်သို့ဝင်၍ သူ၏ဥစ္စာကို အဘယ်သူမျှ မလုမယူနိုင်။ သူရဲကို ချည်နှောင်ပြီးမှ သူ၏အိမ်ကို လုယူနိုင်၏။- 28 ငါအမှန်ဆိုသည်ကား၊ ပြစ်မှားသောအပြစ် အမျိုးမျိုး၊ ဘုရားကို ကဲ့ရဲ့သောအပြစ်အမျိုးမျိုး ရှိသမျှတို့နှင့် လွတ်စေခြင်းအခွင့်ကို လူသားတို့သည် ရနိုင်ကြ၏။- 29 သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ၌မျှ မရနိုင်ကြ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ၏ဟု မိန့်တော်မူ၏။-လု၊ ၁၂:၁၀။30 အဘယ်ကြောင့် ဤသို့ မိန့်တော်မူသနည်းဟူမူကား၊ ကိုယ်တော်သည် ညစ်ညူးသောနတ်စွဲသောသူ ဖြစ်သည်ဟု ဆိုကြသတည်း။
မယ်တော်နှင့်ညီများ
31 ထိုအခါ မယ်တော်နှင့် ညီတော်တို့သည် လာ၍ ပြင်မှာရပ်နေလျက်၊ တစ်စုံတစ်ယောက်သောသူကို ကိုယ်တော်ထံသို့ စေလွှတ်၍ ခေါ်ကြ၏။- 32 ခြံရံလျက် ထိုင်သောသူများတို့က၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကိုရှာလျက် ပြင်မှာရှိကြပါ၏ဟု လျှောက်လျှင်၊- 33 ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၍၊- 34 ခြံရံလျက်ထိုင်သောသူတို့ကို ပတ်လည်ကြည့်ရှု၍၊ ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း။- 35 ဘုရားသခင်၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်းဟု မိန့်တော်မူ၏။
治好手枯的人(太12:9~14;路6:6~11)
1 耶稣又进了会堂,在那里有一个人,他的一只手枯干了。2 众人窥探他会不会在安息日医治那个人,好去控告他。3 耶稣对那一只手枯干了的人说:"起来,站在当中!"4 又对他们说:"在安息日哪一样是可以作的呢:作好事还是坏事?救命还是害命?"他们一声不响。5 耶稣怒目环视他们,因他们的心刚硬而难过,就对那人说:"伸出手来!"他把手一伸,手就复原了。6 法利赛人出来,立刻和希律党人商量怎样对付耶稣,好除掉他。
许多人到海边找耶稣(太12:15~16;路6:17~19)
7 耶稣和门徒退到海边去,一大群从加利利来的人跟着他;8 还有许多人听见他所作的一切事,就从犹太、耶路撒冷、以土迈、约旦河外和推罗、西顿一带地方来到他跟前。9 因为人多,耶稣就吩咐门徒为他预备一只小船,免得众人拥挤他。10 他医好了许多人,所以凡有病的都挤过来要摸他。11 污灵每次看到他,就仆倒在他面前,大声喊叫说:"你是 神的儿子!"12 耶稣再三严厉地吩咐他们,不要把他的身分张扬出去。
选立十二使徒(太10:1~4;路6:12~16。参徒1:13)
13 耶稣上了山,呼召自己所要的人,他们就来了。14 他选立了十二个人,称他们为使徒有些抄本无"称他们为使徒"一句,要他们跟自己常在一起,好差遣他们去传道,15 又有权柄赶鬼。16 他选立的十二个人是:西门耶稣给他起名叫彼得,17 西庇太的儿子雅各,和雅各的弟弟约翰耶稣给他们二人起名叫半尼其,就是"雷子"的意思,18 安得烈、腓力、巴多罗迈、马太、多马、亚勒腓的儿子雅各、达太、激进派的西门,19 以及加略人犹大,就是出卖耶稣的那个人。
亵渎圣灵的罪不得赦免(太12:22~32;路11:14~23,12:10)
20 耶稣进了屋子,群众又聚了来,以致他们连饭都不能吃,21 那些和他在一起的人听见了,就出来抓住他,因为他们说他癫狂了。
22 从耶路撒冷下来的经学家说:"他有别西卜附在身上!"又说:"他靠着鬼王赶鬼。"23 耶稣把他们叫来,用比喻对他们说:"撒但怎能赶逐撒但呢?24 一国若自相纷争,那国就站立不住;25 一家若自相纷争,那家就站立不住。26 如果撒但自相攻打纷争,不但站立不住,而且还要灭亡。27 谁都不能进入壮汉的家,抢夺他的财物,除非先把壮汉捆绑起来,才可以抢劫他的家。28 我实在告诉你们,世人的一切罪和一切亵渎的话,都可以得到赦免;29 但亵渎圣灵的,就永世不得赦免,他还要担当罪恶到永远。"30 耶稣说这话,是因为他们说他有污灵附在身上。
谁是耶稣的母亲和弟兄(太12:46~50;路8:19~21)
31 耶稣的母亲和弟弟来了,站在外面,传话给他,叫他出来。32 有许多人正围坐在耶稣身边,他们告诉他:"你看,你的母亲和弟弟有些抄本在此有"妹妹"一词在外面找你。"33 耶稣回答他们:"谁是我的母亲,我的弟兄呢?"34 于是四面观看那些围坐的人,说:"你们看,我的母亲!我的弟兄!35 凡遵行 神旨意的,就是我的弟兄姊妹和母亲了。"