ရှင်ပြန်ထမြောက်တော်မူခြင်း
1 ဥပုသ်နေ့လွန်မှ မာဂဒလမာရိ၊ ယာကုပ်၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည် သွား၍၊ အလောင်းတော်ကို လိမ်းခြင်းငှာ နံ့သာမျိုးကိုဝယ်ပြီးလျှင်၊- 2 ခုနစ်ရက်တွင် ပထမနေ့ရက် နံနက်စောစော၊ နေထွက်သောအချိန်၌ သင်္ချိုင်းတော်သို့ သွားကြ၏။- 3 ထိုမိန်းမတို့က၊ တွင်းဝ၌ ပိတ်သောကျောက်ကို အဘယ်သူလှိမ့်လှန်၍ ပေးမည်နည်းဟု အချင်းချင်း ပြောဆိုပြီးမှ ကြည့်ရှုလျှင်၊ ထိုကျောက်သည် လှိမ့်လှန်လျက်ရှိသည်ကို မြင်ကြ၏။- 4 ထိုကျောက်ကား အလွန်ကြီးသောကျောက် ဖြစ်သတည်း။- 5 မိန်းမတို့သည် တွင်းထဲသို့ဝင်ကြပြီးလျှင်၊ လုလင်တစ်ယောက်သည် ဖြူစင်ရှည်လျားသောအင်္ကျီကို ဝတ်လျက် လက်ယာဘက်၌ ထိုင်သည်ကိုမြင်၍ ထိတ်လန့် မိန်းမောခြင်းသို့ ရောက်ကြ၏။- 6 ထိုသူကလည်း၊ ထိတ်လန့်မိန်းမောခြင်း မရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာ သတ်သောနာဇရက်မြို့သား ယေရှုကို သင်တို့ရှာကြ၏။ ထိုသူသည် ထမြောက်တော်မူပြီ။ ဤအရပ်၌ မရှိ။ အလောင်းတော်ထားရာအရပ်ကို ကြည့်ကြလော့။- 7 သင်တို့ရှေ့ ဂါလိလဲပြည်သို့ ကြွတော်မူကြောင်းကို၊ ပေတရုမှစ၍ တပည့်တော်တို့အား သွား၍ပြောကြလော့။ အထက်က မိန့်တော်မူသည်အတိုင်း၊ ထိုပြည်၌ သင်တို့သည် ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်ဟု ပြောဆို၏။-မ၊ ၂၆:၃၂။ မာ၊ ၁၄း၂၈။8 ထိုမိန်းမတို့သည်လည်း၊ သင်္ချိုင်းတော်မှထွက်၍ တုန်လှုပ်လျက်၊ မိန်းမောတွေဝေလျက် ပြေးကြ၏၊ ကြောက်လန့်သောကြောင့် အဘယ်သူတို့မျှ မပြောမဆိုကြ။
မာဂဒလမာရိကိုကိုယ်ထင်ပြခြင်း
9 ကိုယ်တော်သည် ခုနစ်ရက်တွင် ပထမနေ့ရက် စောစောအချိန်၌ ထမြောက်ပြီးမှ၊ အထက်က နတ်ဆိုးခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာ ကိုယ်ကိုပြတော်မူ၏။- 10 မာရိလည်းသွား၍ ကိုယ်တော်နှင့် ပေါင်းဖော်သောသူတို့သည် ညည်းတွားငိုကြွေးလျက် နေကြစဉ်တွင်၊ သူတို့အား ထိုသတင်းကို ကြားပြောလေ၏။- 11 ကိုယ်တော်သည် အသက် ရှင်တော်မူသည်ကိုလည်းကောင်း၊ မာရိသည် ကိုယ်တော်ကို မြင်ရသည်ကိုလည်းကောင်း၊ သူတို့သည်ကြားလျှင် မယုံကြ။
တပည့်တော်နှစ်ယောက်ကိုကိုယ်ထင်ပြခြင်း
12 ထိုနောက် တပည့်တော်နှစ်ယောက်တို့သည် တောရွာသို့သွားစဉ်တွင် ကိုယ်တော်သည် ခြားနားသော အရောင်ကိုဆောင်လျက် ကိုယ်ကိုပြတော်မူ၏။- 13 သူတို့သည်ပြန်လာ၍ အခြားသောတပည့်တော်တို့အား ထိုသတင်းကို ကြားပြောသော်လည်း မယုံဘဲ နေကြ၏။
တပည့်တော်တစ်ကျိပ်တစ်ပါးကိုစေခိုင်းခြင်း
14 ထိုနောက် တစ်ကျိပ်တစ်ပါးသောသူတို့သည် စားပွဲ၌ လျောင်းကြစဉ်တွင် ကိုယ်တော်ကိုပြတော်မူ၍၊ ထမြောက်လျက်ရှိသော ကိုယ်တော်ကို မြင်သောသူတို့၏ စကားကိုမယုံသောကြောင့် သူတို့မယုံတတ်သောစိတ်၊ ခိုင်မာသောစိတ်ကို ဆုံးမ၍ အပြစ်တင်တော်မူပြီးမှ၊- 15 သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။-တ၊ ၁:၈။16 ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတ္တံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတ္တံ့။- 17 ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာ ဟူမူကား၊ ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတ္တံ့။ ထူးခြားသော ဘာသာစကားမျိုးတို့ကို ပြောကြလတ္တံ့။- 18 မြွေတို့ကို ဖမ်းကိုင်ကြလတ္တံ့။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့် ကင်းလွတ်ကြလတ္တံ့။ မကျန်းမမာသော သူတို့အပေါ်မှာ လက်ကိုတင်၍ ချမ်းသာပေးကြလတ္တံ့ဟု မိန့်တော်မူ၏။
ကောင်းကင်သို့တက်ကြွခြင်း
19 ထိုသို့ သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၍၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်နေတော်မူ၏။-တ၊ ၁:၉-၁၁။20 တပည့်တော်တို့သည်လည်း ထွက်သွား၍၊ သခင်ဘုရားသည် မစတော်မူသည်နှင့်လည်းကောင်း၊ သူတို့၌ဖြစ်သော နိမိတ်လက္ခဏာအားဖြင့် နှုတ်ကပတ်တရားတော်ကို တည်စေတော်မူသည်နှင့်လည်းကောင်း ခပ်သိမ်းသောအရပ်တို့၌ တရားဟောကြ၏။
ရှင်မာကုခရစ်ဝင်ပြီး၏။
耶稣复活(太28:1~8;路24:1~10;约20:1~10)
1 过了安息日,抹大拉的马利亚、雅各的母亲马利亚和撒罗米,买了香膏,要去膏耶稣。2 礼拜日的大清早,出太阳的时候,她们就来到坟墓那里,3 彼此说:"谁可以给我们辊开墓门的石头呢?"4 原来那块石头非常大,她们抬头一看,却见石头已经辊开了。5 她们进了坟墓,看见一位身穿白袍的青年,坐在右边,就非常惊恐。6 那青年对她们说:"不要惊慌!你们寻找那钉十字架的拿撒勒人耶稣,他不在这里,已经复活了;请看他们安放他的地方。7 你们去告诉他的门徒和彼得:他要比你们先到加利利去,你们在那里必定看见他,正如他从前告诉你们的。"8 因为惊恐战栗,她们一从坟墓出来就逃跑;由于害怕,她们甚么也没有告诉人。有些抄本无第9至20节
主向抹大拉的马利亚显现(约20:11~18)
9 礼拜日的清早,耶稣复活了,先向抹大拉的马利亚显现,耶稣曾经从她身上赶出七个鬼。10 她就去告诉那些向来和耶稣在一起的人,那时他们正在悲哀哭泣。11 他们听见耶稣活了,又被马利亚看见了,却不相信。
向两个门徒显现(路24:13~35)
12 这事以后,门徒中有两个人往乡下去,正走路的时候,耶稣用另外的形象,向他们显现,13 他们就去告诉其他的人,那些人也不相信。
吩咐门徒往普天下传福音(太28:16~20;路24:36~49;约20:19~23;徒1:6~8)
14 后来,十一个门徒吃饭的时候,耶稣向他们显现,责备他们的不信和心硬,因为他们不信那些在他复活以后见过他的人。15 他又对他们说:"你们到全世界去,向所有的人传福音。16 信而受洗的必定得救,不信的必被定罪。17 信的人必有神迹随着他们,就是奉我的名赶鬼,用新方言说话,18 用手握蛇,喝了甚么毒物也不受害,手按病人就必好了。"
耶稣升天(路24:50~53;徒1:9~11)
19 主耶稣向门徒讲完了话,就被接到天上,坐在 神的右边。20 门徒出去,到处传扬福音,主和他们同工,借着相随的神迹,证实所传的道。有少数抄本有〔较短的结语〕:9"那些妇女把耶稣所吩咐的一切都告诉彼得和他的同伴。10这些事以后,耶稣借着他们亲自把那神圣不朽、永远救恩的信息从东到西传扬出去。阿们。"放在第8节之后;另有少数抄本把它放在第20节之后。