အပြစ်
1 တပည့်တော်တို့အား တစ်ဖန် မိန့်တော်မူသည်ကား၊ မှားယွင်းစရာအကြောင်း ရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။- 2 ဤသူငယ်တစ်စုံတစ်ယောက်ကို မှားယွင်းစေသည်ထက်၊ လည်ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲ၍ ပင်လယ်၌ ချခြင်းကို ခံရလျှင် အနေသာ၍ကောင်း၏။- 3 သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကို ဆုံးမလော့။ သူသည် နောင်တရလျှင် သူ၏အပြစ်ကိုလွှတ်လော့။-မ၊ ၁၈:၁၅။4 တစ်နေ့ချင်းတွင် ခုနစ်ကြိမ်မြောက်အောင် သင့်ကိုပြစ်မှား၍၊ ခုနစ်ကြိမ်မြောက်အောင် သင့်ထံသို့ လှည့်၍ နောင်တရပါ၏ဟုဆိုလျှင်၊ သူ၏အပြစ်ကို လွှတ်လော့ဟု မိန့်တော်မူ၏။
ယုံကြည်ခြင်း
5 တမန်တော်တို့က၊ အကျွန်ုပ်တို့ ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါဟု သခင်ဘုရားကို တောင်းပန်ကြလျှင်၊- 6 သခင်ဘုရားက၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနုတ်၍ ပင်လယ်၌ စိုက်လျက်နေလော့ဟု ဆိုကြသော် သင်တို့စကားကို နားထောင်လိမ့်မည်။
အစေခံ၏ဝတ္တရား
7 အစေအပါသည် လယ်ထွန်သော်လည်းကောင်း၊ သိုး၊ နွား ကျောင်းသော်လည်းကောင်း၊ လယ်ပြင်မှလာ၍ အိမ်သို့ဝင်သောအခါ၊ ထိုအစေအပါကို၊ အသော့လာ၍ စားပွဲ၌ လျောင်းလော့ဟု သင်တို့တွင် အဘယ်သူပြောမည်နည်း။- 8 ထိုအစေအပါကို၊ ငါစားစရာဖို့ ပြင်လော့။ ငါစားသောက်စဉ်တွင် ခါးကိုစည်း၍ ငါ့ကို လုပ်ကျွေးလော့။ ထိုနောက်မှ သင်သည် စားသောက်ရမည်ဟု ပြောမည်မဟုတ်လော။- 9 ထိုအစေအပါသည် သခင်စီရင်သည်အတိုင်း ပြုသောကြောင့်၊ သခင်၌ ကျေးဇူးတင်သလော။ ကျေးဇူးမတင်။- 10 ထိုနည်းတူ မှာထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါ ဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ဟု မိန့်တော်မူ၏။
နူနာတစ်ကျိပ်ကိုကုသခြင်း
11 ယေရုရှလင်မြို့သို့ ကြွတော်မူစဉ်၊ ရှမာရိပြည်နှင့် ဂါလိလဲပြည်စပ်ကြား၌ လျှောက်သွားတော်မူ၏။- 12 ရွာတစ်ရွာသို့ ဝင်တော်မူသည်တွင်၊ နူနာစွဲသောသူတစ်ကျိပ်တို့သည် ခရီးဦးကြိုပြု၍ အဝေးကရပ်လျက်၊- 13 သခင်ယေရှု၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်ကြ၏။- 14 ယေရှုသည် မြင်တော်မူလျှင်၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။-ဝတ်၊ ၁၄:၁-၃၂။15 ထိုသူတို့တွင် တစ်ယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင်၊ ပြန်လာ၍ ကြီးသောအသံနှင့် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။- 16 ခြေတော်ရင်း၌ ပျပ်ဝပ်၍ ကျေးဇူးတော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူ ဖြစ်သတည်း။- 17 ယေရှုကလည်း၊ တစ်ကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည်မဟုတ်လော။ ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း။- 18 ဤတစ်ပါးအမျိုးသားကိုထား၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းခြင်းငှာ ပြန်လာသောသူ တစ်ယောက်မျှ မရှိသလောဟု မေးတော်မူပြီးမှ၊- 19 သင်ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကိုငြိမ်းစေပြီဟု ထိုသူအား မိန့်တော်မူ၏။
နိုင်ငံတော်တည်မည့်အချိန်
20 ဖာရိရှဲတို့သည် လာ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ ယေရှုက၊ ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ၌ မတည်။- 21 ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်ဟု မိန့်တော်မူ၏။
22 တစ်ဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် လူသား၏နေ့ရက်တစ်ရက်ကိုမျှ တွေ့မြင်လို၍၊ မတွေ့မမြင်ရသော အချိန်ကာလ ရောက်လိမ့်မည်။- 23 ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု သင်တို့အားပြောဆိုသော်လည်း မလိုက်မသွားကြနှင့်။- 24 ကောင်းကင်တစ်ဖက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။- 25 ထိုသို့မဖြစ်မီ သူသည် များစွာသော ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။
26 နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။-က၊ ၆:၅-၈။27 နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက် နေကြ၏။-က၊ ၇:၆-၂၄။28 ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့လည်းကောင်း၊-က၊ ၁၈:၂၀-၁၉:၂၅။29 လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုးရွာ၍ ထိုလူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့လည်းကောင်း၊- 30 လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။
31 ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာရှိသောသူသည် မိမိ အိမ်ထဲမှာရှိသောဥစ္စာကို ယူခြင်းငှာ မဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ရှိသောသူသည် နောက်သို့လှည့်၍ မပြန်လာစေနှင့်။-မ၊ ၂၄:၁၇-၁၈။ မာ၊ ၁၃:၁၅-၁၆။32 လောတ၏မယားကို အောက်မေ့ကြလော့။-က၊ ၁၉:၂၆။33 အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ ရှာကြံ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။-မ၊ ၁၀:၃၉၊ ၁၆:၂၅။ မာ၊ ၈:၃၅။ လု၊ ၉:၂၄။ ယော၊ ၁၂:၂၅။34 ငါဆိုသည်ကား၊ ထိုနေ့ညတွင် အိပ်ရာတစ်ခု၌ ရှိသောသူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- 35 ကြိတ်ဆုံကြိတ်သော သူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- 36 လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့ဟု မိန့်တော်မူလျှင်၊ 37 သခင်၊ အဘယ်အရပ်၌ ထိုသို့ဖြစ်ပါမည်နည်းဟု မေးလျှောက်ကြသော်၊ အသေကောင်ရှိရာအရပ်၌ ရွှေလင်းတတို့သည် စုဝေးကြလတ္တံ့ဟု မိန့်တော်မူ၏။
饶恕、信心、服事等教训(太18:6~7、21~22;可9:42)
1 耶稣又对门徒说:"使人犯罪的事是免不了的,但那使人犯罪的人有祸了!2 就算拿一块大磨石拴在他的颈项上,把他沉在深海里,比他使这小子中的一个犯罪还好。3 你们应当谨慎。如果你弟兄得罪你,就劝戒他;他若懊悔,就饶恕他。4 如果他一天七次得罪你,又七次回转,对你说:‘我懊悔了!’你总要饶恕他。"
5 使徒对主说:"请你加添我们的信心。"6 主说:"如果你们有信心像一粒芥菜种,就是对这棵桑树说:‘拔起根来,栽到海里去!’它也必听从你们。
7 "你们中间谁有仆人去耕地或是放羊,从田里回来,你就对他说:‘快过来坐下吃饭’;8 而不对他说:‘给我预备晚餐,束起腰来服事我,等我吃喝完了,你才吃喝’呢?9 仆人作了所吩咐的事,主人还谢谢他吗?10 你们也是这样,作完一切吩咐你们的事,应该说:‘我们是无用的仆人,我们只作了应分作的。’"
治好十个痲风病人
11 耶稣往耶路撒冷去,经过撒玛利亚和加利利的边境。12 他走进一个村庄,有十个痲风病人迎面而来,远远地站着,13 大声说:"主耶稣啊,可怜我们吧!"14 他看见了,就对他们说:"你们去给祭司检查吧。"他们去的时候就洁净了。15 内中有一个人见自己已经好了,就回来大声颂赞 神,16 在耶稣脚前把脸伏在地上感谢他。他是一个撒玛利亚人。17 耶稣说:"洁净了的不是有十个人吗?那九个在哪里?18 除了这外族人,再没有一个回来颂赞 神吗?"19 耶稣就对他说:"起来,走吧,你的信使你痊愈了。"
神的国降临的情形(太24:37~41)
20 法利赛人问耶稣:" 神的国甚么时候来到呢?"他回答:" 神的国来到,是眼睛看不见的。21 人不能说:‘看哪!在这里’,或说:‘在那里’;因为 神的国就在你们里面。"22 他又对门徒说:"日子将到,你们渴望看见人子的一个日子,却见不到。23 有人会对你们说:‘看哪,在那里;看哪,在这里!’你们不要出去,也不要追随他们。24 电光怎样从天这边一闪,直照到天那边,人子在他的日子也是这样。25 但他必须先受许多苦,被这个世代弃绝。26 挪亚的时代怎样,人子的时代也是怎样。27 当时人们吃喝嫁娶,直到挪亚进入方舟的那一天,洪水来了,把他们全都灭掉。28 在罗得的时代也是这样,人们吃喝买卖,耕种建造,29 直到罗得离开所多玛的那一天,火与硫磺从天上降下来,把他们全都灭掉。30 人子显现的日子也是这样。31 当那日,人在房顶上,器具在屋里,不要下来拿;在田里的,照样不要回家。32 应当记着罗得的妻子的教训。33 凡是想保全生命的,必丧掉生命;凡是牺牲生命的,却必保全生命。34 我告诉你们,当那夜,两个人在一张床上,一个被接去,一个被撇下。35 两个女人一起推磨,一个被接去,一个被撇下。"有些抄本有第36节:"两个人在田里,一个被接去,一个撇下来。"37 门徒问耶稣:"主啊,这些事会在哪里发生呢?"主说:"尸首在哪里,鹰也会聚集在哪里。"