ပိလတ်မင်းထံသို့ပို့ဆောင်ခြင်း
1 ထိုအခါ မင်းအရာရှိအပေါင်းတို့သည်ထ၍ ကိုယ်တော်ကို ပိလတ်မင်းထံသို့ ဆောင်သွားကြပြီးလျှင်၊- 2 ဤသူသည် ပြည်သူပြည်သားများကို လှည့်ဖြား၍၊ မိမိသည် ခရစ်တော်တည်းဟူသော ရှင်ဘုရင်ဖြစ်ကြောင်းကိုဆိုလျက်၊ ကဲသာဘုရင်ကို အခွန်မဆက်နှင့်ဟု မြစ်တားသည်ကို အကျွန်ုပ်တို့တွေ့ပါပြီဟု အပြစ်တင်ကြ၏။- 3 ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု ယေရှုကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။- 4 ပိလတ်မင်းက၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ဟု ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအပေါင်းတို့အား ပြောဆိုလျှင်၊- 5 ထိုသူတို့သည် သာ၍ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက်၊ ဤသူသည် ဂါလိလဲပြည်မှစ၍ ဤအရပ်တိုင်အောင် ယုဒပြည်၌ အနှံ့အပြားဆုံးမဩဝါဒပေး၍ လူများကိုနှိုးဆော်သောသူဖြစ်ပါသည်ဟု လျှောက်ဆိုကြ၏။
ဟေရုဒ်မင်းထံကိုပို့ဆောင်ခြင်း
6 ပိလတ်မင်းသည် ဂါလိလဲဟူသောစကားကိုကြားလျှင်၊ ထိုသူသည် ဂါလိလဲလူဖြစ်သလောဟု မေးမြန်း၍၊- 7 ဟေရုဒ်မင်းပိုင်သော သူဖြစ်သည်ကို သိသောအခါ ထိုမင်းထံသို့ ပို့စေ၏။ ထိုအခါ ဟေရုဒ်မင်းသည် ယေရုရှလင်မြို့၌ ရှိသတည်း။
8 ထိုမင်းသည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်ခြင်းရှိ၏။ အကြောင်းမူကား၊ အထက်က သတင်းတော်များကိုကြား၍၊ ကိုယ်တော်ကိုမြင်ခြင်းငှာ ကြာမြင့်စွာ အလိုရှိသည်ဖြစ်၍၊ ပြတော်မူသော နိမိတ်လက္ခဏာတစ်စုံတစ်ခုကို မြင်ရမည်ဟု မျှော်လင့်လျက်နေ၏။- 9 ထိုအခါ ဟေရုဒ်မင်းသည် ကိုယ်တော်ကို များစွာမေးမြန်းသော်လည်း အဘယ်စကားကိုမျှ ပြန်တော်မမူ။- 10 ယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာတို့သည် ထ၍ ပြင်းထန်စွာ အပြစ်တင်ကြ၏။- 11 ဟေရုဒ်မင်းသည် စစ်သူရဲတို့နှင့်တကွ ကိုယ်တော်ကို မခန့်မညားဘဲ ပြက်ရယ်ပြု၍ တင့်တယ်သောအဝတ်ကို ဝတ်စေပြီးမှ ပိလတ်မင်းထံသို့ ပို့ပြန်စေ၏။- 12 ထိုနေ့၌ ပိလတ်မင်းနှင့် ဟေရုဒ်မင်းတို့သည် အချင်းချင်းအဆွေဖွဲ့ကြ၏။ အထက်က ရန်ဘက်ဖြစ်ကြသတည်း။
ယေရှုကိုသေဒဏ်စီရင်ခြင်း
13 တစ်ဖန် ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီး၊ မင်းအရာရှိ၊ လူများတို့ကိုခေါ်၍၊ 14 ပြည်သူပြည်သားများကို ပုန်ကန်စေသောသူကဲ့သို့ ဤလူကို သင်တို့သည် ငါ့ထံသို့ ပို့ဆောင်ကြသည်ဖြစ်၍၊ သင်တို့ရှေ့မှာ ငါစစ်ကြောသော်လည်း၊ သင်တို့ တင်သောအပြစ် တစ်စုံတစ်ခုကိုမျှ သူ၌ငါမတွေ့။- 15 ဟေရုဒ်မင်းသည်လည်း မတွေ့။ ထိုမင်းထံသို့ ငါပို့စေပြီ။ ဤသူသည် အသေသတ်ခြင်းကို ခံထိုက်သောအမှု တစ်စုံတစ်ခုကိုမျှ မပြု။- 16 ထိုကြောင့် သူ့ကို ငါဆုံးမ၍ လွှတ်မည်ဟု ဆိုလေ၏။- 17 ထိုပွဲ၌ လူများတို့အား တစ်စုံတစ်ယောက်သောသူကို မလွှတ်ဘဲမနေရသတည်း။ 18 လူအပေါင်းတို့က၊ ထိုသူကို ထုတ်ပါလော့။ အကျွန်ုပ်တို့အား ဗာရဗ္ဗကို လွှတ်ပါလော့ဟု တညီတညွတ်တည်း ဟစ်ကြော်ကြ၏။- 19 ထိုဗာရဗ္ဗကား၊ မြို့၌ ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင်ထဲ၌ လှောင်ထားသောသူ ဖြစ်သတည်း။
20 ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သောကြောင့် သူတို့အား တစ်ဖန်ပြောဆိုလေ၏။- 21 သူတို့ကလည်း၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ။ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။- 22 ပိလတ်မင်းက၊ ထိုသူသည် အဘယ်အပြစ်ကို ပြုဘိသနည်း။ သေထိုက်သောအပြစ် တစ်စုံတစ်ခုမျှ သူ၌ငါမတွေ့။ ထိုကြောင့် သူ့ကိုငါဆုံးမ၍ လွှတ်မည်ဟု သုံးကြိမ်မြောက်အောင်ဆိုလျှင်၊- 23 လူများတို့သည် ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှာ ကြီးစွာသောအသံနှင့် ကျပ်ကျပ်တောင်းသဖြင့်၊ သူတို့၏အသံနှင့် ယဇ်ပုရောဟိတ်အကြီးတို့၏ အသံသည် နိုင်လေ၏။- 24 ပိလတ်မင်းသည်လည်း သူတို့တောင်းသည်အတိုင်း ဖြစ်စေခြင်းငှာ စီရင်၍၊- 25 ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင်ထဲမှာ လှောင်ထားသောသူကို လူများတောင်းသည်အတိုင်း လွှတ်ပြီးမှ၊ ယေရှုကို သူတို့ အလိုသို့ အပ်လိုက်လေ၏။
ယေရှုကိုလက်ဝါးကပ်တိုင်မှာတင်သတ်ခြင်း
26 ကိုယ်တော်ကို ထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတစ်ယောက်သည် တောရွာမှ လာသည်ကို သူတို့သည်တွေ့လျှင်၊ ဖမ်းဆီး၍ ယေရှုနောက်တော်၌ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။- 27 နောက်တော်၌ လိုက်သောလူများအပေါင်းတို့တွင်၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းသော မိန်းမအချို့ပါ၏။- 28 ထိုသူတို့ကို ယေရှုသည် လှည့်ကြည့်၍၊ ယေရုရှလင်မြို့သမီးတို့၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့။- 29 အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓေမယူဖူးသောဝမ်းနှင့် သူငယ်မစို့ဖူးသော သားမြတ်သည် မင်္ဂလာရှိ၏ဟု ပြောရသောနေ့ရက်ကာလ ရောက်လိမ့်မည်။- 30 ထိုအခါ သူတို့က၊ အို တောင်များတို့၊ ငါတို့အပေါ်သို့ ကျကြပါ။ အို ကုန်းများတို့၊ ငါတို့ကို ဖုံးအုပ်ကြပါဟု ခေါ်ကြလိမ့်မည်။-ဟော၊ ၁၀:၈။ ဗျာ၊ ၆:၁၆။31 အကြောင်းမူကား၊ စိမ်းသောအပင်ကို ဤသို့ပြုကြလျှင်၊ ခြောက်သောအပင်၌ အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု မိန့်တော်မူ၏။- 32 ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက်တို့ကိုလည်း သတ်အံ့သောငှာ ထုတ်သွားကြ၏။
33 ကရာနိအမည်ရှိသောအရပ်သို့ ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွ ထိုလူဆိုးတို့ကို လက်ယာတော်ဘက်၌တစ်ယောက်၊ လက်ဝဲတော်ဘက်၌တစ်ယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။- 34 ယေရှုကလည်း၊ အို အဘ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွက်ဆိုတော်မူ၏။ အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။-ဆာ၊ ၂၂:၁၈။35 လူများတို့သည်လည်း ကြည့်ရှုလျက် ရပ်နေကြ၏။ ထိုသူတို့နှင့်အတူ မင်းအရာရှိတို့က၊ ဤသူသည် သူတစ်ပါးတို့ကို ကယ်တင်တတ်၏။ ခရစ်တော်တည်းဟူသော ဘုရားသခင် ရွေးချယ်တော်မူသောသူမှန်လျှင် ကိုယ်ကိုကယ်တင်ပါလေစေဟူ၍ ပြက်ရယ်ပြုကြ၏။-ဆာ၊ ၂၂:၇။36 စစ်သူရဲတို့သည်လည်း လာ၍ ပုံးရည်ကို ကပ်ပေးလျက်၊-ဆာ၊ ၆၉:၂၁။37 သင်သည် ယုဒရှင်ဘုရင်မှန်လျှင် ကိုယ်ကို ကယ်တင်လော့ဟူ၍ ပြက်ရယ်ပြုလျက် ဆိုကြ၏။- 38 ခေါင်းတော်ပေါ်မှာတပ်၍ အပြစ်ဖော်ပြသော ကမ္ပည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင် ဘုရင်ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့်ရေး၍ ခေါင်းတော်ပေါ်မှာ တပ်သတည်း။
39 ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တစ်ယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကိုလည်းကောင်း၊ ငါတို့ကိုလည်းကောင်း၊ ကယ်တင်လော့ဟု ကိုယ်တော်ကို ကဲ့ရဲ့၍ ဆိုလေ၏။- 40 တစ်ယောက်မူကား၊ မိမိအဖော်ကိုဆုံးမ၍၊ သင်သည် ဤသူနည်းတူ အပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။- 41 ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက် ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊- 42 သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။- 43 ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
ယေရှုအသက်ချုပ်တော်မူခြင်း
44 ထိုအချိန်သည် မွန်းတည့်အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။- 45 နေအရောင် ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။-ထွ၊ ၂၆:၃၁-၃၃။46 ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အို အဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။-ဆာ၊ ၃၁:၅။47 ထိုအခြင်းအရာတို့ကို တပ်မှူးသည်မြင်လျှင်၊ စင်စစ်ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ၏ဟုဆို၍ ဘုရားသခင်ကို ချီးမွမ်းလေ၏။- 48 ထိုအမှုကို အကြည့်အရှုလာသောသူ အပေါင်းတို့သည် ထိုအခြင်းအရာများကိုမြင်လျှင်၊ ရင်ပတ်ကိုခတ်၍ ပြန်သွားကြ၏။- 49 ဂါလိလဲပြည်မှ နောက်တော်သို့လိုက်လာသော မိန်းမတို့နှင့် ကိုယ်တော်ကို သိကျွမ်းသောသူ အပေါင်းတို့သည်လည်း အဝေးကကြည့်ရှု၍ ရပ်နေကြ၏။-လု၊ ၈:၂-၃။
ယေရှုကိုသင်္ဂြိုဟ်ခြင်း
50 ထိုအခါ ယုဒပြည်အရိမဿဲမြို့သား ယောသပ်အမည်ရှိသော လွှတ်အရာရှိတစ်ယောက်သည်၊ အခြားသော လွှတ်အရာရှိတို့၏ တိုင်ပင်စီရင်ခြင်းကို ဝန်ခံသောသူမဟုတ်၊- 51 ဘုရားသခင်၏နိုင်ငံတော်ကို မျှော်လင့်သော သူတော်ကောင်းသူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံသို့ဝင်၍၊- 52 ယေရှု၏အလောင်းတော်ကို တောင်းလေ၏။- 53 အလောင်းတော်ကို ချ၍ ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ တစ်ယောက်ကိုမျှ မသင်္ဂြိုဟ်ဖူးသော ကျောက်သင်္ချိုင်းတွင်း၌ ထားလေ၏။- 54 ထိုနေ့ကား အဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့အချိန် နီးသတည်း။- 55 ဂါလိလဲပြည်က ကိုယ်တော်နှင့်အတူလာသော မိန်းမများသည် သင်္ချိုင်းတော်ကိုလည်းကောင်း၊ အလောင်းတော်ကို အဘယ်သို့ ထားသည်ကိုလည်းကောင်း အကြည့်အရှု လိုက်လာကြ၏။- 56 ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီမွှေးနှင့်နံ့သာမျိုးကို ပြင်ဆင်၍ ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲ နေကြ၏။-ထွ၊ ၂၀:၁၀။ တရား၊၅:၁၄။
耶稣被押交彼拉多(太27:1~2、11~14;可15:1~5;约18:28~38)
1 众人都起来,把耶稣押到彼拉多那里,2 控告他说:"我们查出这个人煽惑我们的同胞,阻止纳税给凯撒,并且自称是基督,是王。"3 彼拉多问他:"你是犹太人的王吗?"耶稣回答:"你已经说了"你已经说了"或译:"这是你说的"。"4 彼拉多对祭司长和众人说:"我在这人身上,查不出有甚么罪。"5 但他们极力说:"他在犹太全地教导人,煽动群众,从加利利直到这里。"
希律王藐视耶稣
6 彼拉多听见了,就问耶稣是不是加利利人。7 既然知道他是属于希律管辖的,就把他送回希律那里;那时希律正在耶路撒冷。8 希律看见耶稣,非常欢喜,因为他曾经听过耶稣的事,早就想要见他,希望看他行个神迹。9 于是他问了耶稣许多话,但耶稣甚么也不回答。10 祭司长和经学家站着,猛烈地控告他。11 希律和他的侍卫就藐视耶稣,戏弄他,给他穿上华丽的衣服,把他送回彼拉多那里。12 希律和彼拉多从前原是彼此为仇,在那一天就成了朋友。
彼拉多判耶稣钉十字架(太27:15~26;可15:6~15;约18:39~19:16)
13 彼拉多召集了祭司长、官长和民众,14 对他们说:"你们把这人押到我这里来,说他煽惑群众,我已经在你们面前审讯过,在他身上一点也找不到你们控告他的罪状,15 连希律也找不到,又把他送回我这里,可见他没有作过该死的事。16 我要责打他,然后把他释放。"有些抄本有第17节:"每逢节期,他必须照例给他们释放一个囚犯。"也有些抄本把这句放在第19节后18 众人齐声喊叫:"除掉这个人,给我们释放巴拉巴!"19 这巴拉巴是因为在城里作乱杀人而入狱的。20 彼拉多再向他们说明,愿意释放耶稣。21 然而他们高声呼叫:"把他钉十字架,把他钉十字架!"22 彼拉多第三次对他们说:"这人作过甚么恶事呢?我在他身上找不出甚么该死的罪。所以我要责打他,然后把他释放。"23 但他们大声吵闹,要他把耶稣钉十字架,他们的声音就得了胜。24 彼拉多就宣判,照他们的要求,25 把他们所求那作乱杀人入狱的释放了,却把耶稣交出来,随他们的意思处理。
耶稣被钉十字架(太27:33~44;可15:21~32;约19:17~24)
26 他们把耶稣带走的时候,抓住了一个从乡下来的古利奈人西门,把十字架放在他身上,叫他背着跟在耶稣后面。27 一大群人跟随他,有些妇女为他捶胸痛哭。28 耶稣转过身来对她们说:"耶路撒冷的女儿啊,不要为我哭,却要为你们自己和你们的儿女哭。29 日子将到,人必说:‘不生育的和没有怀过胎的,也没有哺养过婴儿的有福了。’
30 那时人要对大山说:
‘倒在我们身上!’
对小山说:
‘遮盖我们!’
31 他们在青绿的树上,既然这样作;在枯干的树上,又会怎样呢?"
32 他们另外带来两个犯人,和耶稣一同处死,33 到了那名叫"髑髅"的地方,就把耶稣钉在十字架上,也钉了那两个犯人,一左一右。34 耶稣说:"父啊,赦免他们!因为他们不知道自己所作的是甚么。"士兵抽签,分了他的衣服。35 群众站着观看,官长们嗤笑说:"他救了别人,如果他是基督,是 神所拣选的,让他救自己吧!"36 士兵也上前戏弄他,拿酸酒给他喝,37 说:"如果你是犹太人的王,救你自己吧!"38 在耶稣的头以上有一个牌子写着:"这是犹太人的王。"
39 悬挂着的犯人中,有一个侮辱他说:"你不是基督吗?救你自己和我们吧!"40 另一个就应声责备他说:"你是同样受刑的,还不惧怕 神吗?41 我们是罪有应得的。我们所受的与所作的相称,然而这个人并没有作过甚么不对的事。"42 他又对耶稣说:"耶稣啊,你得国降临的时候,求你记念我。"43 耶稣对他说:"我实在告诉你,今天你必定同我在乐园里了。"
耶稣死时的情形(太27:45~56;可15:33~41)
44 从大约正午直到下午三点钟,遍地都黑暗了。45 太阳没有光,圣所的幔子从当中裂开。46 耶稣大声呼叫:"父啊,我把我的灵魂交在你手里。"说了这话,气就断了。47 百夫长看见所发生的事,就颂赞 神,说:"这真是个义人!"48 聚集观看的群众,看见所发生的事,都捶着胸回去了。49 与耶稣熟悉的人,和从加利利跟随他来的妇女,都远远地站着,看这些事。
耶稣葬在坟墓里(太27:57~61;可15:42~47;约19:38~42)
50 有一个人名叫约瑟,是个议员,为人良善公义,51 是犹太地亚利马太城的人,一向等候 神的国,并不附和众人的计谋和行为。52 这人去见彼拉多,求领耶稣的身体。53 他把身体取下来,用细麻布裹好,放在从石头凿出来的坟墓里,这坟墓是从来没有葬过人的。54 那天是预备日,安息日就要开始,55 那些从加利利和耶稣一起来的妇女,跟着来了。她们看见了坟墓,和他的身体怎样安葬,56 就回去预备香料和香膏。
安息日,她们遵着诫命安息。