မုဆိုးမအလှူငွေ
1 ထိုနောက် ကိုယ်တော်သည် မျှော်ကြည့်၍၊ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက်ထဲသို့ သွင်းချသည်ကို မြင်တော်မူ၏။- 2 ဆင်းရဲသော မုဆိုးမတစ်ယောက်သည်လည်း ကြေးနီဒင်္ဂါးနှစ်ပြား သွင်းချသည်ကို မြင်တော်မူလျှင်၊- 3 ငါအမှန်ဆိုသည်ကား၊ ထိုဆင်းရဲသော မုဆိုးမသည် အခြားသောသူအပေါင်းတို့ထက် သာ၍ သွင်းချပြီ။- 4 အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနုတ်၍ ဘုရားသခင်၏ အလှူတော်စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။
ဗိမာန်တော်ပြိုပျက်မည့်အကြောင်း
5 လူအချို့တို့သည် လာ၍ ဗိမာန်တော်သည် တင့်တယ်သော ကျောက်ပြားနှင့်လည်းကောင်း၊ ပူဇော်သကာများနှင့်လည်းကောင်း ဆင်ပြင်လျက် ရှိပါ၏ဟု လျှောက်ကြလျှင်၊- 6 ကိုယ်တော်က၊ ဤအရာများကို သင်တို့သည် ယခုမြင်ရကြ၏။ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှ မတည်မနေရသော အချိန်ကာလရောက်လိမ့်မည်ဟု မိန့်တော်မူ၏။
ဆင်းရဲဒုက္ခနှင့်ညှဉ်းဆဲခြင်း
7 သူတို့ကလည်း၊ အရှင်ဘုရား၊ ထိုအမူအရာတို့သည် အဘယ်ကာလမှ ဖြစ်ပါမည်နည်း။ ထိုအမှုအရာတို့သည် ဖြစ်ချိန်နီးသောအခါ အဘယ်ပုပ္ပနိမိတ် ပေါ်ထွန်းပါမည်နည်းဟု မေးလျှောက်ကြလျှင်၊- 8 ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြားခြင်းသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏။ အချိန်ကာလလည်း ရောက်လာပြီဟုဆိုလျက် ငါ၏အယောင်ကို ဆောင်၍ ပေါ်လာကြလိမ့်မည်။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။- 9 သင်တို့သည် စစ်တိုက်ခြင်းအကြောင်း၊ ပုန်ကန်ခြင်းအကြောင်းကို သတင်းကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်။ ထိုအမှုအရာများသည် အရင်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် အလျင်အမြန်မဖြစ်သေး။
10 ထိုမှတစ်ပါး၊ လူတစ်မျိုးနှင့် တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။- 11 အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ မိုးကောင်းကင်၌လည်း ကြောက်မက်ဖွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည် ပေါ်ထွန်းကြလိမ့်မည်။- 12 ထိုအမှုအရာများမဖြစ်မီ လူများတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဖမ်းဆီးညှဉ်းဆဲ၍ တရားဇရပ်၌လည်းကောင်း၊ ထောင်ထဲ၌လည်းကောင်း အပ်နှံကြလိမ့်မည်။ ရှင်ဘုရင်၊ ဝန်မင်းထံသို့ ပို့ဆောင်ကြလိမ့်မည်။- 13 ထိုသို့သောအားဖြင့် သင်တို့သည် သက်သေခံရသောအခွင့် ရှိကြလိမ့်မည်။- 14 ထိုကြောင့် သင်တို့သည် အဘယ်သို့ပြန်ပြောရမည်ကို ရှေ့မဆွက မဆင်ခြင်ခြင်းငှာ သတိထားကြလော့။-လု၊ ၁၂:၁၁-၁၂။15 အကြောင်းမူကား၊ ရန်သူအပေါင်းတို့သည် မငြင်းခုံမဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို ငါပေးမည်။- 16 သင်တို့မိဘ၊ ညီအစ်ကို၊ ပေါက်ဖော်၊ အဆွေခင်ပွန်းတို့သည် သင်တို့ကို အပ်နှံကြလိမ့်မည်။ အချို့တို့ကိုလည်း သတ်ကြလိမ့်မည်။- 17 လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။- 18 သို့သော်လည်း သင်တို့ ဆံခြည်တစ်ပင်မျှ မပျက်စီးရ။- 19 သင်တို့သည် တည်ကြည်သောအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလော့။
ယေရုရှလင်ပျက်စီးမည်
20 ယေရုရှလင်မြို့ကို ဗိုလ်ခြေများ ဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည် ပျက်စီးခြင်းသို့ ရောက်လုသည်ကို သိမှတ်ကြလော့။- 21 ထိုအခါ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ ထွက်ကြစေ။ တောရွာမှာ ရှိသောသူတို့သည် မြို့ထဲသို့ မဝင်ကြစေနှင့်။- 22 အကြောင်းမူကား၊ ထိုနေ့ရက်ကာလသည် ကျမ်းစာချက်များ ပြည့်စုံရသော ဒဏ်စီရင်ခြင်းနေ့ရက်ကာလ ဖြစ်သတည်း။-ဟော၊ ၉:၇။23 ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။ အကြောင်းမူကား၊ ယုဒပြည်၌ ကြီးစွာသော ဆင်းရဲဒုက္ခဖြစ်၍ ယုဒအမျိုးအပေါ်၌ အမျက်ဒေါသ သင့်ရောက်လိမ့်မည်။- 24 သူတို့သည် ဓားဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းသွားကြလိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် မိမိတို့ အချိန်ကာလ မပြည့်စုံမီတိုင်အောင် ယေရုရှလင်မြို့ကို ခြေနှင့် နင်းကြလိမ့်မည်။
လူသားကြွလာမည်
25 ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ် ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊-ဟေရှာ၊ ၁၃:၁၀။ ယေဇ၊ ၃၂:၇။ ယောလ၊ ၂:၃၁။ ဗျာ၊ ၆:၁၂-၁၃။26 မြေကြီးပေါ်မှာ ဖြစ်လတ္တံ့သော ဘေးများကိုမျှော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏ အသက်ဆုံးခြင်း အမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။- 27 ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။-ဒံ၊ ၇:၁၃။ ဗျာ၊ ၁:၇။28 ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနုတ်သောအချိန်ကာလ ရောက်လုနီးသည်ကို ထောက်သဖြင့်၊ မျှော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။
သင်္ဘောသဖန်းပင်မှသင်ခန်းစာ
29 တစ်ဖန် ထပ်၍ မိန့်တော်မူသော ဥပမာကား၊ သင်္ဘောသဖန်းပင်မှစ၍ သစ်ပင်များတို့ကို မှတ်ကြလော့။- 30 အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သည် အလိုအလျောက်သိမြင်ကြ၏။- 31 ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ ဘုရားသခင်၏နိုင်ငံတော် တည်လုနီးသည်ကို သိမှတ်ကြလော့။- 32 ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများ မကုန်မီ ထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။- 33 ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကား တည်လိမ့်မည်။
သတိပြုကြလော့။
34 သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်၊ ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့် တွေ့ကြုံလိမ့်မည်။- 35 ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို မြေတစ်ပြင်လုံး၌နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။- 36 ထိုကြောင့် သင်တို့သည် ဖြစ်လတ္တံ့သော အမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော်မူ၏။
37 ထိုသို့ ကိုယ်တော်သည် နေ့ရက်အစဉ်အတိုင်း ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူ၏။ ညအချိန်ရောက်လျှင် သံလွင်အမည်ရှိသောတောင်သို့ သွား၍ ညကို လွန်စေတော်မူ၏။-လု၊ ၁၉:၄၇။38 နံနက်စောစော လူများအပေါင်းတို့သည် ဗိမာန်တော်သို့သွား၍ အထံတော်၌ ဒေသနာတော်ကို နားထောင်ကြ၏။
穷寡妇的奉献(可12:41~44)
1 耶稣抬眼看见有钱的人把奉献投入奉献箱。2 他又看见一个穷寡妇,投入两个小钱,3 就说:"我实在告诉你们,这个穷寡妇所投的,比众人投的更多。4 因为这些人都是把自己剩余的投进去作奉献,这寡妇是自己不足,却把所有养生的都投进去了。"
预言圣殿被毁(太24:1~2;可13:1~2)
5 有人在谈论圣殿,是用美丽的石头和供物装饰的。耶稣说:6 "你们看见的这些,到了日子,必没有一块石头留在另一块石头上面,每一块都要拆下来。"
这世代终结的预兆(太10:17~22,24:3~14;可13:3~13)
7 那些人问他:"老师,甚么时候会有这些事呢?这些事要发生的时候,有甚么预兆呢?"8 他说:"你们要小心,不要被人迷惑。因为有许多人要来,假冒我的名说:‘我就是基督’,又说:‘时候近了。’你们不要跟从这些人。9 你们要听见战乱和暴动,但不要惊慌,因为这些事是必先发生的,不过结局却不会立刻就到。"10 过了一会儿,耶稣又对他们说:"一个民族要起来攻打另一个民族,一个国家要起来攻打另一个国家。11 必有大地震,到处有饥荒和瘟疫,天上必有又恐怖又巨大的预兆。12 但在这一切以先,人必为我的名,下手拘捕、迫害你们,把你们交给会堂,下在监里,甚至押到君王和总督面前,13 结果却成了你们见证的机会。14 所以,你们应当心里镇定,用不着预先思虑怎样申辩。15 因为我必赐给你们口才、智慧,是你们所有的敌人不能抵抗,也不能驳倒的。16 你们也会被父母、弟兄、亲戚、朋友出卖,他们又要害死你们一些人。17 你们要因我的名,被众人恨恶,18 然而连你们的一根头发,也必不失落。19 你们要以坚忍的心志,赢取自己的灵魂。
预言耶路撒冷被毁(太24:15~21;可13:14~19)
20 "当你们看见耶路撒冷被军队围困的时候,就知道它荒凉的日子近了。21 那时,住在犹太的,应该逃到山上;住在城里的,要离开;住在乡下的,不要进城。22 因为这是报仇的日子,使经上的一切话都得应验。23 当那些日子,怀孕的和乳养孩子的有祸了!因为大灾难要临到这地,烈怒要临到这民。24 他们将倒在刀下,被掳到各国,耶路撒冷必被外族人践踏,直到外族人的日期满足。
人子必驾云降临(太24:29~35;可13:24~31)
25 "日月星辰将有异兆;在地上,各国也要因着海洋波涛的咆哮而困苦不安。26 天上的万象震动,人因为等待即将临到世界的事,都吓昏了。27 那时,他们要看见人子,带着能力,满有荣耀,驾着云降临。28 一有这些事,你们就当挺身昂首,因为你们的救赎近了。"
29 耶稣又给他们讲了一个比喻:"你们看看无花果树和各样的树。30 它们甚么时候发芽,你们看见了,就知道夏天近了。31 同样,你们甚么时候看见这些事发生,也应该知道 神的国近了。32 我实在告诉你们,这一切都必定发生,然后这世代才会过去。33 天地都过去,但我的话决不会废去。
警醒祈求
34 "你们应当自己小心,免得在贪食醉酒和生活的挂虑压住你们的心的时候,那日子突然临到你们,35 正如网罗临到全地的所有居民。36 你们要时刻警醒,常常祈求,好让你们能逃避这一切要发生的事,可以站在人子面前。"
37 耶稣白天在殿里教导人,晚上就到橄榄山上去过夜。38 群众清早起来上圣殿,到他那里要听他讲道。