ဟန်ဆောင်မှုကိုသတိပေးခြင်း
1 ထိုအခါ အတိုင်းမသိများစွာသော လူတို့သည် စုဝေး၍ အချင်းချင်း နင်းမိမတတ်နေကြသည်ရှိသော်၊ ယေရှုသည် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ လျှို့ဝှက်ခြင်းတည်းဟူသော ဖာရိရှဲတို့၏ တဆေးကို ရှေ့ဦးစွာ ကြဉ်ရှောင်ကြလော့။-မ၊ ၁၆:၆။ မာ၊ ၈:၁၅။2 ဖုံးထားလျက်ရှိသမျှတို့သည် ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။-မာ၊ ၄:၂၂။ လု၊ ၈:၁၇။3 မှောင်မိုက်၌ သင်တို့ပြောသမျှသောအရာများကို သူတစ်ပါးတို့သည် အလင်း၌ နားကြားကြလိမ့်မည်။ သင်တို့သည် အခန်းထဲမှာ နားအပါး၌ ပြောသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလိမ့်မည်။
ကြောက်သင့်သူ
4 ငါ့အဆွေတို့၊ သင်တို့အား ငါဆိုသည်ကား၊ ကိုယ်ခန္ဓာကိုသတ်၍ နောက်တစ်ဖန် အလျှင်းမပြုနိုင်သော သူတို့ကို မကြောက်ကြနှင့်။- 5 အဘယ်သူကို ကြောက်ရမည်နည်းဟူမူကား၊ ကိုယ်ခန္ဓာကိုသတ်ပြီးမှ ငရဲထဲသို့ ချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ထိုသူကို ကြောက်ကြလော့။- 6 စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ ထိုစာငှက်တစ်ကောင်ကိုမျှ ဘုရားသခင် မေ့လျော့တော်မမူ။- 7 သင်တို့ ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။ ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။
ခရစ်တော်ကိုဝန်ခံခြင်း
8 ငါဆိုသည်ကား၊ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ဘုရားသခင်၏ ကောင်းကင်တမန်တို့ရှေ့မှာ လူသားသည် ထိုသူကိုဝန်ခံမည်။- 9 အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ဘုရားသခင်၏ ကောင်းကင်တမန်တို့ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။- 10 လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို ရနိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို မရနိုင်ရာ။-မ၊ ၁၂:၃၂။ မာ၊ ၃:၂၉။11 သင်တို့ကို တရားဇရပ်သို့လည်းကောင်း၊ အကဲအမှူး၊ မင်းများရှေ့သို့လည်းကောင်း၊ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြန်ပြောရမည်ကို မစိုးရိမ်ကြနှင့်။-မ၊ ၁၀:၁၉-၂၀။ မာ၊ ၁၃:၁၁။ လု၊ ၂၁:၁၄-၁၅။12 အကြောင်းမူကား၊ ထိုခဏချင်းတွင် အဘယ်သို့ပြောရမည်ကို သန့်ရှင်းသောဝိညာဉ်တော်သည် အကြံပေးမည်ဟု မိန့်တော်မူ၏။
သူဌေးမိုက်ဥပမာ
13 လူအစုအဝေး၌ပါသော သူတစ်ယောက်က၊ အရှင်ဘုရား၊ အကျွန်ုပ်အစ်ကိုသည် အမွေဥစ္စာကို အကျွန်ုပ်အား ဝေပေးပါမည်အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်လျှင်၊- 14 ကိုယ်တော်က အချင်းလူ၊ အဘယ်သူသည် သင်တို့အမှုကို စီရင်ခွဲဝေပိုင်သောအခွင့်ကို ငါ့အား အပ်ပေးသနည်းဟု မေးတော်မူ၏။- 15 ထိုမှတစ်ပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော်လည်း စည်းစိမ်၌ အသက်မတည်ဟု မိန့်တော်မူ၏။
16 တစ်ဖန် ဥပမာစကားကို မိန့်တော်မူသည်ကား၊ သူဌေးတစ်ဦး၌ မြေကောင်း၍ အသီးအနှံများလှ၏။- 17 ထိုသူဌေးက၊ ငါသည် အဘယ်သို့ ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာအရပ်မရှိ။- 18 ပြုမည်အကြံမူကား၊ ငါ့တိုက်များကိုဖျက်၍ ကျယ်သောတိုက်တို့ကို တည်ပြီးမှ၊ ငါ၏အသီးအနှံဥစ္စာရှိသမျှတို့ကို သိုထားမည်။- 19 ငါ့ဝိညာဉ်အားလည်း၊ အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကို သိုထားလျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့။ ငါပြောမည်ဟု သူဌေးအကြံရှိ၏။- 20 ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန် ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေးအား မိန့်တော်မူ၏။- 21 ထိုအတူ ကိုယ်အဖို့ ဘဏ္ဍာများကိုဆည်းပူး၍၊ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူ မည်သည်ကား၊ ထိုသူဌေးနှင့်တူသည်ဟု မိန့်တော်မူ၏။
မစိုးရိမ်ကြနှင့်။
22 တစ်ဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စားရမည်ဟူ၍ အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟူ၍ ကိုယ်အဖို့ မစိုးရိမ်ကြနှင့်ဟု ငါဆို၏။- 23 အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည်မဟုတ်လော။- 24 ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ စပါးကျီမရှိ၊ ဘဏ္ဍာတိုက်မရှိ။ သို့သော်လည်း ဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည် မဟုတ်လော။- 25 အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။- 26 ထိုသို့ အငယ်ဆုံးသောအမှုကိုမျှ မတတ်နိုင်လျှင် ကြွင်းသောအမှုကို အဘယ်ကြောင့်စိုးရိမ်ကြသနည်း။- 27 နှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ မငင်မဝင့်။ သို့သော်လည်း ဘုန်းကြီးသောရှောလမုန်မင်းကြီး အဝတ်သည် ထိုအပင်တစ်ပင်မျှ၏အဝတ်ကို မမီဟု ငါဆို၏။-၃ရာ၊ ၁၀:၄-၇။ ၆ရာ၊၉:၃-၆။28 ယုံကြည်အားနည်းသောသူတို့၊ ယနေ့အသက်ရှင်လျက်၊ နက်ဖြန်မီးဖိုထဲသို့ရောက်သော တောမြက်ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကို အဝတ်နှင့် ဖုံးလွှမ်းတော်မူမည် မဟုတ်လော။- 29 ထိုကြောင့် အဘယ်သို့ စားရအံ့နည်း။ အဘယ်သို့ သောက်ရအံ့နည်းဟူ၍ မရှာဖွေကြနှင့်။ သောကမွှေနှောက်ခြင်းလည်း မရှိကြနှင့်။- 30 ထိုအရာများကို လောကီသားအမျိုးမျိုးတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို သင်တို့အဘ သိတော်မူ၏။- 31 သင်တို့မူကား ဘုရားသခင်၏ နိုင်ငံတော်ကို ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတ္တံ့။
ကောင်းကင်ဘဏ္ဍာ
32 သိုးစုငယ်၊ သင်တို့သည် မကြောက်ကြနှင့်။ သင်တို့အဘသည် သင်တို့အား နိုင်ငံကိုပေးခြင်းငှာ အလိုရှိတော်မူ၏။- 33 သင်တို့ဥစ္စာများကို ရောင်း၍ ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ မဆွေးမဟောင်းတတ်သော အိတ်တို့ကို ကိုယ်သုံးဖို့ လုပ်ကြလော့။ သူခိုးမရောက်၊ ပိုးများမဖျက်ဆီးရာအရပ်၊ ကောင်းကင်ဘုံ၌ မကုန်မဆုံးနိုင်သောဘဏ္ဍာကို ဆည်းပူးကြလော့။- 34 အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့စိတ်နှလုံး ရောက်တတ်၏။
သတိနှင့်စောင့်နေသောအစေခံများ
35 သင်တို့သည် ခါးပန်းစည်းလျက်၊ ဆီမီးထွန်းလျက်နေသဖြင့်၊-မ၊ ၂၅:၁-၁၃။36 သခင်သည် မင်္ဂလာဆောင်ပွဲမှ ပြန်လာ၍ တံခါးကိုခေါက်သောအခါ ချက်ချင်းဖွင့်ခြင်းငှာ သခင်လာမည်ကိုမျှော်လင့်၍နေသော ကျွန်ကဲ့သို့ ရှိနေကြလော့။-မာ၊ ၁၃:၃၄-၃၆။37 အကြင်ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည်ပြန်လာ၍ တွေ့၏။ ထိုကျွန်တို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းစည်းလျက် ကျွန်တို့ကို စားပွဲ၌လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ၍ သူတို့အား လုပ်ကျွေးလိမ့်မည်။- 38 နှစ်ချက်တီးအချိန်ဖြစ်စေ၊ သုံးချက်တီးအချိန်ဖြစ်စေ၊ သခင်သည်လာ၍ ထိုသို့တွေ့လျှင်၊ ထိုကျွန်တို့သည် မင်္ဂလာရှိကြ၏။- 39 အိမ်ရှင်သည် သူခိုးလာမည်အချိန်နာရီကို သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှာ စောင့်နေလိမ့်မည်ကို သင်တို့သိကြ၏။ 40 ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန်၌ လူသားသည် ကြွလာလိမ့်မည်ဟု မိန့်တော်မူ၏။
သစ္စာရှိသောအစေခံနှင့်သစ္စာမဲ့သောအစေခံ
41 ပေတရုကလည်း၊ သခင်၊ ဤဥပမာကို အကျွန်ုပ်တို့အားသာ မိန့်တော်မူသလော။ လူအပေါင်းတို့အား မိန့်တော်မူသလောဟု မေးလျှောက်လျှင်၊- 42 သခင်ဘုရားက၊ အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍ သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။- 43 အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည် ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာရှိ၏။- 44 ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌ အပ်လိမ့်မည်။- 45 သို့မဟုတ်မူကား၊ အကြင်ကျွန်က၊ ငါ့အရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည်နှင့် ကျွန်ချင်း ယောက်ျားမိန်းမတို့ကို ရိုက်ပုတ်လျက်၊ စားသောက်ယစ်မူးလျက် နေ၏။- 46 ထိုကျွန် မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသောအချိန်နာရီ၌ သခင်သည် ရောက်လာလျှင်၊ ထိုကျွန်ကို ပြင်းစွာ ဆုံးမကွပ်မျက်၍ သစ္စာမရှိသောသူတို့နှင့်တကွ နေရာချလတ္တံ့။- 47 အကြင်ကျွန်သည် မိမိသခင်၏ အလိုကိုသိလျက်နှင့် အသင့်မနေ၊ သခင်၏အလိုကို မဆောင်၊ ထိုကျွန်သည် များစွာသောဒဏ်ကို ခံရ၏။- 48 သခင်၏အလိုကို မသိဘဲလျက်၊ ဒဏ်ခံထိုက်သောအမှုကို ပြုမိသောသူမူကား၊ အနည်းငယ်သော ဒဏ်ကိုသာ ခံရ၏။ အကြင်သူ သည် များစွာသောကျေးဇူးကိုခံရ၏။ ထိုသူသည် အများကိုဆပ်ရ၏။ အကြင်သူ၌ များစွာသောဥစ္စာကို အပ်နှင်း၏။ ထိုသူကို များစွာတောင်းလိမ့်မည်။
အချင်းချင်းကွဲပြားစေခြင်း
49 မြေပေါ်၌ မီးလောင်စေခြင်းငှာ ငါလာသတည်း။ ထိုမီးမညှိမီတိုင်အောင် ငါ၏အလိုမပြည့်စုံ။ ဗတ္တိဇံတစ်ခုကိုလည်း ငါခံစရာရှိ၏။- 50 ထိုဗတ္တိဇံကို မခံမီတိုင်အောင် ငါသည် အလွန်ငြီးငွေ့သောစိတ်ရှိ၏။-မာ၊ ၁၀:၃၈။51 မြေပေါ်၌ ငြိမ်သက်ခြင်းကို ပေးအံ့သောငှာ ငါလာသည်ဟု ထင်ကြသလော။ ထိုသို့သောအလိုငှာ ငါလာသည်မဟုတ်။ အချင်းချင်းကွဲပြားစေခြင်းငှာ ငါလာသည်ဟု ငါဆို၏။- 52 အဘယ်သို့နည်းဟူမူကား၊ ယခုမှစ၍ အိမ်တစ်အိမ်၌နေသော လူငါးယောက်တို့သည် နှစ်ယောက်တစ်စု သုံးယောက်တစ်စု အချင်းချင်း ကွဲပြားလိမ့်မည်။- 53 အဘနှင့် သား၊ အမိနှင့် သမီး၊ ယောက္ခမနှင့် ချွေးမ အချင်းချင်း ကွဲပြားလိမ့်မည်ဟု မိန့်တော်မူ၏။မိ၊ ၇:၆။
ကပ်ကာလကိုသိခြင်း
54 တစ်ဖန် လူအစုအဝေးတို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် အနောက်မျက်နှာ၌ မိုးရိပ်တက်သည်ကို မြင်သောအခါ မိုးရွာမည်ဟု ချက်ချင်းဆိုတတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ်တတ်၏။- 55 တောင်လေလာသည်ကို မြင်သောအခါ နေပူမည်ဟု ဆိုတတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ်တတ်၏။- 56 လျှို့ဝှက်သောသူတို့၊ သင်တို့သည် မြေကြီး၏မျက်နှာနှင့် မိုးကောင်းကင်၏မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ယခုကပ်ကာလကို အဘယ်ကြောင့်ပိုင်းခြား၍ မသိနိုင်ကြသနည်း။
တရားတွေ့ဖက်နှင့်အမှုပြေခြင်း
57 ထိုမှတစ်ပါး ဖြောင့်မတ်ခြင်းတရားကို အဘယ်ကြောင့် အလိုအလျောက်ပိုင်းခြား၍ မသိကြသနည်း။- 58 သင်သည် တရားတွေ့ဖက်နှင့်အတူ မင်းထံသို့သွားသောအခါ အမှုပြေစေခြင်းငှာ လမ်း၌ကြိုးစားလော့။ သို့မဟုတ် တရားတွေ့ဖက်သည် တရားသူကြီးရှေ့သို့ ဆွဲမည်။ တရားသူကြီးသည် လုလင်ခေါင်း၌အပ်၍၊ လုလင်ခေါင်းသည် ထောင်ထဲ၌ လှောင်ထားမည်။- 59 လျော်ပြစ်ငွေရှိသမျှကို မလျော်မီတိုင်အောင် ထောင်ထဲကမထွက်ရ၊ ငါဆိုသည်ဟု မိန့်တော်မူ၏။
提防法利赛人的酵(太10:26~27)
1 那时有成千上万的人聚在一起,甚至彼此践踏。耶稣就先对门徒说:"你们要提防法利赛人的酵,就是虚伪。2 没有甚么掩盖的事不被揭露,也没有甚么隐藏的事不被人知道。3 所以,你们在暗处所说的,必在明处被人听见;在内室附耳所谈的,必在房顶上宣扬出来。
应该怕谁(太10:28~31)
4 "我的朋友,我告诉你们,那杀身体以后不能再作甚么的,不要怕他们。5 我要指示你们当怕的是谁:当怕那杀身体以后,有权把人投入地狱里的;我告诉你们,应当怕他。6 五只麻雀,不是卖两个大钱吗?但在 神面前,一只也不被忘记。7 甚至你们的头发都一一数过了。不要怕,你们比许多麻雀贵重得多呢。
要在人面前承认主(太10:32~33)
8 "我告诉你们,凡在人面前承认我的,人子在 神的使者面前也承认他;9 在人面前不认我的,我在 神的使者面前也不认他。10 凡说话得罪人子的,还可以赦免;但亵渎圣灵的,必不得赦免。11 人把你们拉到会堂、官长和当权者的面前,你们不要思虑怎样申辩或说甚么话。12 到了时候,圣灵必把当说的话教导你们。"
无知富翁的比喻
13 群众中有一个人对耶稣说:"老师,请吩咐我的兄弟和我分家业。"14 耶稣说:"你这个人,谁立我作你们的审判官和分家业的人呢?"15 于是他对众人说:"你们要谨慎,远离一切贪心,因为人的生命并不在于家道丰富。"16 就对他们讲了一个比喻,说:"有一个富翁的田地丰收。17 他自己心里说:‘怎么办呢?因为我没有足够的地方收藏出产了!’18 又说:‘我要这样办:我要拆掉这些仓房,建造更大的,好在那里收藏我的一切粮食和货物。19 然后,我要对我的灵魂说:灵魂啊,你拥有许多好东西,足够多年享用,只管安安逸逸地吃喝快乐吧!’20 神却对他说:‘无知的人哪,今天晚上,你的灵魂必被取去,你所预备的要归给谁呢?’21 凡为自己积财,在 神面前却不富足的,也是这样。"
不要忧虑,积财于天(太6:19~21、25~33)
22 耶稣又对门徒说:"所以我告诉你们,不要为生命忧虑吃甚么,也不要为身体忧虑穿甚么。23 因为生命比饮食重要,身体比衣服重要。24 你们想想乌鸦:牠们不种也不收,无仓又无库, 神尚且养活牠们;你们比飞鸟贵重得多了。25 你们中间谁能用忧虑使自己的寿命延长一刻呢?26 既然连这极小的事都不能作,为甚么还忧虑其他的事呢?27 你们想想百合花,怎样不劳苦,也不纺织。但我告诉你们,就是所罗门最荣华的时候所穿的,也比不上这花中的一朵呢。28 小信的人哪,田野的草,今天还在,明天就投进炉里, 神尚且这样给它装饰,何况你们呢?29 你们不要求吃甚么,喝甚么,也不要忧虑,30 因为这一切都是世上不信的人所寻求的。你们的父原知道你们需要这一切。31 你们只管求他的国,这些东西都必加给你们。32 你们这小群,不要怕,因为你们的父乐意把国赐给你们。33 当变卖你们所有的施舍给人,为自己制造不朽坏的钱囊,积蓄用不尽的财宝在天上,就是贼不能近、虫不能蛀的地方。34 因为你们的财宝在哪里,你们的心也在哪里。
忠心的仆人有福了(太24:45~51;可13:33~37)
35 "你们的腰当束起来,灯也该点着,36 像等候自己的主人从婚筵回来一样,好叫你们在主人回来敲门时,立刻给他开门。37 主人来到了,看见仆人警醒,这些仆人就有福了。我实在告诉你们,主人必亲自束腰,招待他们吃饭,进前来侍候他们。38 主人也许半夜之前,或天亮之前回来,看见他们这样,这些仆人就有福了。39 你们都知道,家主若晓得窃贼甚么时候来,就不会让他摸进屋里。40 你们也要准备妥当,因为在想不到的时候,人子就来了。"
41 彼得说:"主啊,你说这比喻,是为我们还是为众人呢?"42 主说:"谁是那忠心精明的管家,被主人指派管理家里的仆人,按时分粮呢?43 主人来到的时候,看见他这样作,那仆人就有福了。44 我实在告诉你们,主人要指派他管理主人的一切财产。45 如果那仆人心里说:‘我的主人不会那么快回来’,就动手打其他的仆人使女,并且吃喝醉酒;46 在他想不到的日子、不知道的时间,那仆人的主人要来,严厉地处罚他,使他和不信的人同在一起。47 那仆人知道主人的意思,却不预备,也不照他的意思行,必多受责打;48 但那不知道的,虽然作了该受责打的事,也必少受责打。多给谁就向谁多取,多托谁就向谁多要。
将引起纷争(太10:34~36)
49 "我来要把火投在地上,如果烧了起来,那是我所愿意的。50 我有应当受的洗,我是多么迫切地期待这事完成。51 你们以为我来是要地上有和平吗?不是的,我告诉你们,是要有纷争。52 从今以后,一家五口将起纷争,三个反对两个,两个反对三个。53 他们将起纷争:
父亲反对儿子,
儿子反对父亲,
母亲反对女儿,
女儿反对母亲,
婆婆反对媳妇,
媳妇反对婆婆。"
当晓得分辨和判断(太16:2~3)
54 耶稣又对众人说:"你们一看见西边有云彩升起来,就说:‘要下大雨’,果然这样;55 起了南风,就说:‘天要热了’,也果然这样。56 伪君子啊!你们知道分辨天地的气象,怎么不知道分辨这个时代呢?
57 "你们为甚么自己不能判断甚么是对的呢?58 你和你的对头去见官长,还在路上的时候,应当尽力向他求和,免得他把你拉到法官面前,法官把你交给差役,差役把你关在监里。59 我告诉你,除非你还清最后的一个小钱,否则决不能从那里出来。"