1 လူနှင့်မစပ်ဆိုင်၊ လူ၏အခွင့်မရှိဘဲလျက်၊ ယေရှုခရစ်၏အခွင့်နှင့်လည်းကောင်း၊ ထိုသခင်ကို သေခြင်းမှ ထမြောက်စေတော်မူသော ခမည်းတော် ဘုရားသခင်၏ အခွင့်နှင့် လည်းကောင်း၊ တမန်တော်ဖြစ်သော ငါပေါလုမှစ၍၊- 2 ငါ့ထံမှာရှိသော ညီအစ်ကိုအပေါင်းတို့သည် ဂလာတိပြည်၌ရှိသော အသင်းတော်များကို ကြားလိုက်ပါ၏။- 3 သခင်ယေရှုခရစ်နှင့် ခမည်းတော်ဘုရားထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။- 4 ထိုသခင်သည် ငါတို့အဘတည်းဟူသော ဘုရားသခင်၏အလိုတော်နှင့်အညီ ဆိုးညစ်သော ဤပစ္စုပ္ပန်ဘဝမှ ငါတို့ကို ကယ်နုတ်ခြင်းငှာ၊ ငါတို့အပြစ်ကြောင့် ကိုယ်ကိုကိုယ် အပ်ပေးတော်မူ၏။- 5 ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
အခြားသောဧဝံဂေလိတရားမရှိ
6 ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ၍ သင်တို့သည် အခြားသော ဧဝံဂေလိတရားကို ခံယူကြသောကြောင့် ငါသည်အံ့ဩခြင်းရှိ၏။- 7 ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောင့်ယှက်၍ ခရစ်တော်၏ ဧဝံဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။- 8 သို့သော်လည်း၊ သင်တို့အားငါဟောပြောသော ဧဝံဂေလိတရားမှတစ်ပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်လည်းကောင်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန် ဟောပြောသော်လည်းကောင်း၊ ဟောပြောသောသူသည် ကျိန်တော်မူခြင်းကိုခံစေ။- 9 တစ်ဖန်တုံ၊ သင်တို့ခံယူပြီးသော ဧဝံဂေလိတရားမှတစ်ပါး အခြားသော ဧဝံဂေလိတရားကို တစ်စုံတစ်ယောက်သောသူ ဟောပြောလျှင်၊ ထိုသူသည် ကျိန်တော်မူခြင်းကို ခံစေဟု ငါတို့ဆိုခဲ့ပြီးသည်အတိုင်း ယခုငါထပ်၍ဆိုသေး၏။- 10 အကြောင်းမူကား၊ ယခုတွင် ငါသည် လူတို့၏ အလိုသို့လိုက်သလော။ ဘုရားသခင်၏ အလိုတော်ကို လိုက်သလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန်မဟုတ်ပြီ။
ပေါလုတမန်တော်ဖြစ်လာပုံ
11 ညီအစ်ကိုတို့၊ ငါဟောပြောသော ဧဝံဂေလိတရားသည် လူတို့၏တရားမဟုတ်။- 12 လူထံမှာ ငါခံရသည်မဟုတ်။ ယေရှုခရစ်၏ ဗျာဒိတ်တော်မှတစ်ပါး အခြားသောဥပဒေသကို ငါမခံ သည်အကြောင်းကို သင်တို့အား ငါကြားလိုက်၏။- 13 အဘယ်သို့နည်းဟူမူကား၊ အထက်က ယုဒဘာသာ၌နေ၍ ငါကျင့်သောအကျင့်တည်းဟူသော ဘုရားသခင်၏အသင်းတော်ကို အတိုင်းထက်အလွန် ညှဉ်းဆဲဖျက်ဆီး ကြောင်းကိုလည်းကောင်း၊- 14 ဘိုးဘေးတို့၏လက်မှ ငါခံရသော နည်းဥပဒေသဘက်၌ အထူးသဖြင့် စိတ်အားသန်လျက်၊ ငါ၏ လူမျိုးထဲတွင် ငါ့ရွယ်တူချင်းအများတို့ထက် ယုဒဘာသာကို ကျင်လည်လေ့ကျက်ကြောင်းကိုလည်းကောင်း သင်တို့ကြားသိ ကြရပြီ။- 15 သို့သော်လည်း၊ ငါ့ကို အမိဝမ်းထဲကပင် ရွေးချယ်ခွဲထား၍ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရားသခင်သည်၊- 16 သားတော်၏ ဧဝံဂေလိတရားကို တစ်ပါးအမျိုးသားတို့၌ ဟောပြောစေမည်အကြောင်း၊ မိမိအလိုတော် နှင့်အညီ သားတော်ကို ငါ့အား ပြတော်မူသောအခါ၊ ငါသည်အသွေးအသားနှင့် တိုင်ပင်ခြင်းကိုမပြု။- 17 ငါ့အရင် တမန်တော်ဖြစ်နှင့်သောသူတို့ရှိရာ ယေရုရှလင်မြို့ သို့လည်းမသွား၊ အာရပ်ပြည်သို့ ချက်ချင်းသွား၍ တစ်ဖန် ဒမာသက်မြို့သို့ ပြန်လေ၏။- 18 ထိုနောက် သုံးနှစ်လွန်ပြီးမှ ပေတရုကို အကျွမ်းဝင်လိုသောငှာ၊ ယေရုရှလင်မြို့သို့သွား၍ သူနှင့်အတူ တစ်ဆယ်ငါးရက်နေ၏။- 19 သူနှင့် သခင်ဘုရား၏ညီတော် ယာကုပ်မှတစ်ပါး အခြားသော တမန်တော်တစ်ယောက်ကိုမျှ ငါမတွေ့မမြင်။- 20 ဤသို့ သင်တို့အား ငါရေး၍ ကြားလိုက်သည်တွင် မုသားစကားကို ငါမပြောမသုံးဟု ဘုရားသခင်ရှေ့ တော်၌ငါဆို၏။- 21 ထိုနောက်ရှုရိပြည်၊ ကိလိကိပြည်သို့ ငါသွား၍၊- 22 ယုဒပြည်၌ ခရစ်တော်၏ဘာသာကို ခံယူသော သင်းဝင်သူတို့သည် ငါ့မျက်နှာကိုမျှ မသိမမှတ်ဘဲနေ၍၊- 23 ငါတို့ကို ညှဥ်းဆဲဖူးသောသူသည် အထက်က မိမိဖျက်ဆီးသော ယုံကြည်ခြင်းတရားကို ယခု မိမိ ဟောပြောသည်ဟု သူတို့ကြားရုံရှိကာမျှနှင့်၊- 24 ငါ့အကြောင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းကြ၏။
问安
1 作使徒的保罗不是由于人,也不是借着人,而是借着耶稣基督和那使他从死人中复活的父 神,2 和所有与我在一起的弟兄,写信给加拉太的众教会。3 愿恩惠平安从我们的父 神和主耶稣基督临到你们。4 基督照着我们父 神的旨意,曾经为我们的罪舍己,为的是要救我们脱离现在这邪恶的世代。5 愿荣耀归给他,直到永永远远。阿们。
福音只有一个
6 我很惊奇,你们这么快就离开了借着基督的恩呼召你们的那一位,去归向别的福音。7 其实那并不是另一个福音,只是有些搅扰你们的人,想把基督的福音改变。8 但无论是我们,或是从天上来的使者,如果传给你们的和我们以前传给你们的福音不同,他就该受咒诅。9 我们已经说过,现在我要再说,如果有人传给你们的和你们以前所领受的福音不同,他就该受咒诅。10 我现在是要得人的欢心,还是要得 神的欢心呢?难道我想讨人欢喜吗?如果我仍然要讨人欢喜,就不是基督的仆人了。
保罗得启示作使徒
11 弟兄们,我要你们知道,我所传的福音,并不是照着人的意思,12 因为这福音我不是从人领受的,也不是人教导我的,而是借着耶稣基督的启示来的。
13 你们听过我从前在犹太教中所行的:怎样极力逼迫残害 神的教会,14 怎样在犹太教中比许多本族同辈的人更激进,为我祖先的传统分外热心。15 然而,当我在母腹里就把我分别出来,又用他的恩呼召我的那一位,16 既然乐意把自己的儿子启示给我,使我可以在外族人中传扬他,我就没有和任何人"人"原文作"肉和血"商量,17 也没有上耶路撒冷见那些比我先作使徒的,却去了阿拉伯,然后再回到大马士革。
18 过了三年,我才上耶路撒冷去见矶法,和他住了十五天。19 至于其余的使徒,除了主的弟弟雅各以外,我都没有见过。20 在 神面前我敢说,我写给你们的都不是谎话。21 后来,我到了叙利亚和基利家一带的地方。22 那时,在基督里的犹太众教会还没有见过我的面,23 不过听说"那个从前迫害我们的,现在竟然传扬他以前所残害的信仰",24 他们就因着我的缘故颂赞 神。