ခရစ်တော်၌လွှတ်ခြင်းအခွင့်
1 ထိုကြောင့် ခရစ်တော်သည် ငါတို့ကို လွှတ်တော်မူသော လွှတ်ခြင်းအခွင့်၌ တည်နေသဖြင့်၊ ကျွန်ခံရာ ထမ်းပိုးကိုထမ်း၍ ချည်နှောင်ခြင်းကို တစ်ဖန် မခံကြနှင့်။
2 ငါပေါလုဆိုသည်ကား၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင်၊ ခရစ်တော်အားဖြင့် အဘယ်အကျိုးကိုမျှ မရနိုင်ကြ။- 3 အရေဖျားလှီးခြင်းကို ခံသောလူအပေါင်းတို့အား ငါတစ်ဖန် သက်သေခံသည်ကား၊ ထိုသို့သောသူသည် ပညတ်တရားကို အကြွင်းမဲ့ကျင့်အံ့သောငှာ ကြွေးတင်သောသူ ဖြစ်၏။- 4 ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သမျှသော သင်တို့သည် ခရစ်တော်နှင့်ကွာ၍ ကျေးဇူးတရား၌မတည်၊ ရွေ့လျော့ကြပြီ။- 5 ငါတို့မူကား၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်မည်ဟု မျှော်လင့်သောကျေးဇူးတော်ကို ဝိညာဉ်တော်အားဖြင့် ငံ့လင့်၍နေကြ၏။- 6 ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်း အကျိုးမရှိ၊ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။- 7 အထက်ကသင်တို့သည် ကောင်းမွန်စွာ ပြေးကြ၏။ သို့ဖြစ်၍ သမ္မာတရားကို နားမထောင်စေခြင်းငှာ အဘယ်သူ ဆီးတားသနည်း။- 8 ယခုယူသောအယူကား၊ သင်တို့ကို ခေါ်တော်မူသော သူ၏ဩဝါဒကို အမှီပြု၍ ယူသောအယူမဟုတ်။- 9 အနည်းငယ်သောတဆေးသည် မုန့်စိမ်းတစ်ပုံလုံးကို ဖောင်းကြွစေတတ်၏။- 10 သင်တို့သည် ကွဲပြားသောအယူရှိသမျှကို ပယ်လိမ့်မည်ဟု သခင်ဘုရားကို ငါအမှီပြု၍ စိတ်စွဲလမ်းခြင်းရှိ၏။ သင်တို့ကို နှောင့်ယှက်သော သူမည်သည်ကား၊ မိမိ အပြစ်ဒဏ်ကို ခံရလိမ့်မည်။- 11 တစ်ဖန်တုံ၊ ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောသေးသည်မှန်လျှင်၊ အဘယ်ကြောင့် ညှဉ်းဆဲခြင်းကို ခံရသေးသနည်း။ ထိုသို့ဟောပြောလျှင်၊ လက်ဝါးကပ်တိုင်တော်ကို ထိမိ၍လဲစရာအကြောင်း ပယ်ရှင်းလျက်ရှိ၏။- 12 သင်တို့ကို မှောက်မှားစေသောသူတို့ကို ပယ်ရှားနှင်ထုတ်စေခြင်းငှာ ငါအလိုရှိ၏။
13 ညီအစ်ကိုတို့၊ သင်တို့သည် လွှတ်ခြင်းအခွင့်ကို ရသောသူဖြစ်ကြ၏။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကိုပေး၍၊ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့။- 14 အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တစ်ပါးကို ကျင့်လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာ ရောက်၏။-ဝတ်၊ ၁၉း၁၈။15 သို့မဟုတ် အချင်းချင်းကိုက်စားလျှင် အချင်းချင်း ဖျက်ဆီးမည်ဟု စိုးရိမ်၍ သတိရှိကြလော့။
ဝိညာဉ်ပကတိနှင့်ဇာတိပကတိ
16 ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲနေကြလိမ့်မည်။- 17 အကြောင်းမူကား၊ ဇာတိပကတိနှင့် ဝိညာဉ်ပကတိသည် တစ်ပါးနှင့်တစ်ပါး ဆန့်ကျင်သော အလိုရှိကြ၏။ တစ်ပါးနှင့်တစ်ပါး ဆန့်ကျင်ဘက်ဖြစ်၍၊ သင်တို့သည် ကျင့်ချင်သော အကျင့်ကို မကျင့်နိုင်ကြ။- 18 သို့သော်လည်း ဝိညာဉ်ပကတိအလိုသို့ လိုက်လျှင် ပညတ်တရားနှင့် လွတ်ကြ၏။- 19 ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကိုပြစ်မှားခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာ လွန်ကျူးခြင်း၊- 20 ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုန်ခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊- 21 သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သော အကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြဟု အထက်က ငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။- 22 ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊- 23 နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့်ကို အဘယ်တရားမျှ မမြစ်တား။- 24 ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကိုလည်းကောင်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများကိုလည်းကောင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြပြီ။- 25 သို့ဖြစ်၍ ငါတို့သည် ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြကုန်အံ့။- 26 အချည်းနှီးသော ကျော်စောကိတ္တိကို တပ်မက်ခြင်း၊ အချင်းချင်း ချုပ်ချယ်နှောင့်ယှက်ခြင်း၊ အချင်းချင်း ငြူစူခြင်းတို့ကို ရှောင်၍နေကြကုန်အံ့။
1 基督释放了我们,为了要使我们得自由。所以你们要站立得稳,不要再被奴役的轭控制。
基督徒的自由
2 我保罗现在告诉你们,如果你们受割礼,基督对你们就毫无益处了。3 我再对所有受割礼的人郑重声明:他有责任遵行全部的律法。4 你们这些靠律法称义的人,是和基督隔绝,从恩典中坠落了。5 我们靠着圣灵,凭着信,热切等候所盼望的义。6 因为在基督耶稣里,受割礼或不受割礼,都没有用处,唯有那借着爱表达出来的信,才有用处。
7 你们向来跑得好,谁拦阻了你们,使你们不顺从真理呢?8 这种劝诱不是出于那召你们的。9 一点面酵能使全团面发起来。10 我在主里深信你们不会存别的意念;但那搅扰你们的,无论是谁,必定要受刑罚。11 弟兄们,如果我仍旧传割礼,我为甚么还受迫害呢?若是这样,十字架绊倒人的地方就没有了。12 我恨不得那些扰乱你们的人把自己阉割了!
13 弟兄们,你们蒙召得了自由;只是不可把这自由当作放纵情欲的机会,总要凭着爱心互相服事。14 因为全部的律法,都在"爱人如己"这一句话里面成全了。15 你们要谨慎,如果相咬相吞,恐怕彼此都要毁灭了。
肉体与圣灵为敌
16 我是说,你们应当顺着圣灵行事,这样就一定不会去满足肉体的私欲了。17 因为肉体的私欲和圣灵敌对,圣灵也和肉体敌对;这两样互相敌对,使你们不能作自己愿意作的。18 但你们若被圣灵引导,就不在律法以下了。19 肉体所行的都是显而易见的,就如淫乱、污秽、邪荡、20 拜偶像、行邪术、仇恨、争竞、忌恨、忿怒、自私、分党、结派、21 嫉妒、醉酒、荒宴,和类似的事。我从前早就告诉过你们,现在又事先告诉你们:行这些事的人,必定不能承受 神的国。
圣灵的果子
22 但圣灵的果子是仁爱、喜乐、平安、忍耐、恩慈、良善、信实、23 温柔、节制;这样的事,是没有律法禁止的。24 属基督耶稣的人,是已经把肉体和邪情私欲都钉在十字架上了。25 如果我们靠圣灵活着,就应该顺着圣灵行事。26 我们不可贪图虚荣,彼此触怒,互相嫉妒。