1 တစ်ဖန်တုံ၊ အမွေခံမည်သည်ကား၊ ဥစ္စာရှိသမျှကို ပိုင်ထိုက်သောသူ ဖြစ်သော်လည်း၊ အရွယ်မရောက်မီ ကာလပတ်လုံး အစေအပါကျွန်နှင့် တူ၏။- 2 အဘစီရင်နှင့်သော အချိန်ကာလ မရောက်မီတိုင်အောင် အစောင့်အထိန်း အအုပ်အချုပ်တို့ လက်၌ ရှိ၏။- 3 ထိုနည်းတူငါတို့သည် အရွယ်မရောက်မီ လောကီတရားနုလက်၌ ကျွန်ခံရကြ၏။- 4 အချိန်ကာလစေ့သောအခါ၊ ငါတို့သည် သား၏အခွင့်အရာကို ခံရမည်အကြောင်း၊- 5 ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနုတ်စေခြင်းငှာ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဖွားမြင်ရသော သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။- 6 ထိုသို့သင်တို့သည် သားဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သော သားတော်၏ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ၏။- 7 သို့ဖြစ်၍ သင်တို့သည် နောက်တစ်ဖန် အစေအပါကျွန် မဖြစ်၊ သားပင် ဖြစ်ကြ၏။ သားဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင်၏ အမွေခံလည်း ဖြစ်ကြ၏။
ဂလာတိအသင်းတော်အတွက်စိုးရိမ်ခြင်း
8 သို့သော်လည်း အထက်က သင်တို့သည် ဘုရားသခင်ကို မသိသောအခါ၊ ဇာတိအားဖြင့် ဘုရားမဟုတ်သော သူတို့၏အမှုကို ဆောင်ရွက်ကြ၏။- 9 ယခုမူကားသင်တို့သည် ဘုရားသခင်ကို သိပြီးမှဟူ၍မဆို၊ ဘုရားသင်သည် သင်တို့ကို သိတော်မူပြီးမှ၊ အားမရှိ၊ ချမ်းသာမပေးနိုင်သော တရားနုဘက်သို့ အဘယ်ကြောင့် တစ်ဖန် ပြောင်းလဲကြသနည်း။ ထိုလောကီ တရား၌ တစ်ဖန် ကျွန်ခံခြင်းငှာ အလိုရှိကြပြီတကား။- 10 နှစ်၊ လ၊ နေ့ရက်၊ အချိန်ကာလများကို စောင့်ကြပြီတကား။- 11 ငါသည်သင်တို့ဆီမှာ အချည်းနှီး ကြိုးစားအားထုတ်သည်ဟု သင်တို့၏အကြောင်းကြောင့် စိုးရိမ် လျက်ရှိ၏။- 12 ညီအစ်ကိုတို့၊ သင်တို့ကဲ့သို့ငါဖြစ်၏။ ငါကဲ့သို့ သင်တို့ဖြစ်ကြလော့ဟု ငါတောင်းပန်၏။ သင်တို့သည် ငါ့ကို အလျှင်းမပြစ်မှားကြ။- 13 ငါသည် ကိုယ်နာခြင်းရောဂါနှင့်တကွ၊ ဧဝံဂေလိတရားကို သင်တို့အား အထက်က ဟောပြောကြောင်းကို သင်တို့သိကြ၏။- 14 ကိုယ်ကာယ၌ငါခံရသော စုံစမ်းခြင်းကို သင်တို့သည် မထီမဲ့မြင်မပြု၊ ငါ့ကိုမပယ်၊ ဘုရားသခင်၏ ကောင်းကင်တမန် ကဲ့သို့လည်းကောင်း၊ ယေရှုခရစ်ကဲ့သို့လည်းကောင်း၊ လက်ခံကြ၏။- 15 သို့ဖြစ်လျှင် သင်တို့ခံရသောမင်္ဂလာကား အဘယ်မင်္ဂလာနည်း။ အထက်က ကိုယ်မျက်စိကိုထုတ်၍ ငါ့အား ပေးနိုင်လျှင်၊ ပေးခြင်းငှာ သင်တို့အလိုရှိသည်ဟု ငါသက်သေခံ၏။- 16 ယခုမူကား၊ ငါသည် သမ္မာတရားကို သင်တို့အား ဟောပြောသောကြောင့် သင်တို့၏ရန်သူ ဖြစ်သလော။- 17 သူတထူးတို့သည် သင်တို့ကို အလွန်ချစ်ကြသည် မှန်စေတော့။ လျောက်ပတ်စွာ ချစ်ကြသည်မဟုတ်။ သင်တို့သည်သူတို့ကို အလွန်ချစ်မည်အကြောင်း၊ သူတို့သည် သင်တို့ကို ပယ်ခြင်းငှာ အလိုရှိကြ၏။- 18 သို့သော်လည်း သင်တို့နှင့်အတူ ငါရှိနေစဉ်တွင်သာ ကောင်းသောအရာကို အလွန်ချစ်အပ်သည် မဟုတ်။ အစဉ်မပြတ် အလွန်ချစ်အပ်၏။- 19 ခရစ်တော်သည် သင်တို့အထဲ၌ တည်လျက် ရှိတော်မူသည်တိုင်အောင် သင်တို့အဖို့ သားဖွားခြင်းဝေဒနာကို ငါခံရသော ငါ့ချစ်သားတို့၊- 20 သင်တို့ကို ငါယုံမှားခြင်းရှိသောကြောင့်၊ ယခု သင်တို့ကို ကိုယ်တိုင်တွေ့၍ ထူးခြားသောစကားကို ပြောခြင်းငှာ အလိုရှိ၏။
ဟာဂရနှင့်စာရာ
21 ပညတ်တရားအောက်၌ နေချင်သောသူတို့၊ သင်တို့သည် ပညတ်တရားကို နားမလည်ကြသလော။- 22 ပညတ္တိကျမ်းစာ၌ လာသည်ကား၊ အာဗြဟံ၌ သားနှစ်ယောက်ရှိ၏။ သားတစ်ယောက်ကား၊ ကျွန်မ၏သားဖြစ်၏။ တစ်ယောက်ကား ကျွန်မမဟုတ်သော မိန်းမ၏သားဖြစ်၏ဟု လာသတည်း။- 23 ကျွန်မ၏သားသည် ဇာတိပကတိအားဖြင့် ဖွားသောသားဖြစ်၏။ ကျွန်မဟုတ်သော မိန်းမ၏သားသည် ကတိတော်အားဖြင့် ဖွားသောသားဖြစ်၏။- 24 ထိုအကြောင်းအရာကို ပုံပမာအားဖြင့်ဆိုသော်၊ ထိုမိန်းမနှစ်ယောက်ကား၊ ပဋိညာဉ်တရားနှစ်ပါးကို ဆိုလိုသတည်း။ ဟာဂရအမည်ရှိသော မိန်းမတည်းဟူသော ပဋိညာဉ်တရားတစ်ပါးသည် သိနာတောင်ပေါ်မှာ စီရင်၍၊ ကျွန်များကို ဖွားတတ်သောတရားဖြစ်၏။- 25 အကြောင်းမူကား၊ ဟာဂရသည် အာရပ်ပြည်၌ရှိသော သိနာတောင်ဖြစ်၏။ ယခုရှိသော ယေရုရှလင်မြို့နှင့် တူ၏၊ မိမိသားများနှင့်တကွ ကျွန်ခံရ၏။- 26 အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသော ငါတို့၏ အမိတည်းဟူသော ကျွန်မ မဟုတ်သော မိန်းမဖြစ်သတည်း။- 27 ကျမ်းစာလာသည်ကား၊ သားမဖွားသော အမြုံမ၊ ဝမ်းမြောက်လော့။ သားဖွားခြင်းဝေဒနာကို မခံသေးသောမိန်းမ၊ ကြွေးကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသောမိန်းမသည် လင်ရှိသော မိန်းမထက် သာ၍များသော သားတို့ကို ဖွားမြင်ပြီဟု လာသတည်း။-ဟေရှာ၊ ၅၄း၁။28 ညီအစ်ကိုတို့၊ ငါတို့သည် ဣဇာက်ကဲ့သို့ ကတိတော်နှင့်စပ်ဆိုင်သော သားဖြစ်ကြ၏။- 29 ထိုအခါ ဇာတိပကတိအားဖြင့် ဖွားသောသားသည် ဝိညာဉ်တော်အားဖြင့် ဖွားသောသားကို ညှဥ်းဆဲသကဲ့သို့၊ ထိုနည်းတူ ယခုပင်ဖြစ်၏။- 30 သို့သော်လည်း အဘယ်သို့ ကျမ်းစာလာသနည်း ဟူမူကား၊ ကျွန်မနှင့်သူ၏သားကို နှင်ထုတ်လော့။ ကျွန်မ၏သားသည် ကျွန်မ မဟုတ်သော မိန်းမ၏သားနှင့်အတူ အမွေမခံရဟုလာသတည်း။-က၊ ၂၁း၁၀။31 ယခုတွင် ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်မ၏ သားမဟုတ်၊ ကျွန်မ မဟုတ်သော မိန်းမ၏သား ဖြစ်ကြ၏။
1 我说,那承受产业的,虽然是全部产业的主人,但在孩童的时期,却和奴仆没有分别。2 他是在监护人和管家之下,直到父亲预先指定的时候。3 我们也是这样,作孩童的时候,被世俗的言论所奴役;4 但到了时机成熟, 神就差遣他的儿子,由女人所生,而且生在律法之下,5 要把律法之下的人救赎出来,好让我们得着嗣子的名分。6 你们既然是儿子, 神就差遣他儿子的灵进入我们心里,呼叫"阿爸、父!"7 这样,你不再是奴仆,而是儿子;既然是儿子,就靠着 神承受产业了。
保罗为加拉太信徒担忧
8 从前你们不认识 神的时候,是给那些本来不是 神的作奴仆;9 现在你们既然认识 神,更可以说是 神所认识的,怎么还回到那些软弱贫乏的言论,情愿再作它们的奴仆呢?10 你们严守日子、月份、节期、年份;11 我为你们担心,恐怕我在你们身上的劳苦是白费了。
12 弟兄们,我请求你们要像我一样,因为我也像你们一样。你们并没有亏负过我。13 你们知道,我第一次传福音给你们,是因为身体有病。14 虽然我的身体对你们是个试炼,你们却没有轻看,也没有厌弃,反而接纳我,好象 神的天使,也好象基督耶稣。15 现在,你们的欢乐在哪里呢?我可以为你们作证,那时如果可能,你们甚至愿意把你们的眼睛剜出来给我哩!16 现在我把真理告诉你们,反而成了你们的仇敌吗?17 那些人热心待你们,并不是出于好意,而是想你们和我疏远,好使你们热心待他们。18 常常在善事上热心,总是好的;只是不要我在你们那里的时候才是这样。19 我的孩子们,为了你们我再受生产的痛苦,直到基督在你们里面成形。20 我恨不得现今就在你们那里,改变我的语气,因为我为你们十分困扰。
两个妇人的寓意
21 你们这愿意在律法之下的人哪!请告诉我,你们没有听过律法吗?22 经上记着说,亚伯拉罕有两个儿子,一个出于婢女,一个出于自由的妇人。23 但那出于婢女的,是按着肉体生的;那出于自由的妇人的,是凭着应许生的。24 这都是寓意的说法:那两个妇人就是两个约,一个是出于西奈山,生子作奴仆,这是夏甲。25 这夏甲是指着阿拉伯的西奈山,相当于现在的耶路撒冷,她和她的儿女都是作奴仆的。26 那在上面的耶路撒冷是自由的,她是我们的母亲,27 因为经上记着说:
"不能生育、没有生养的啊,你要欢欣!
没有受过生产痛苦的啊,你要呼喊,大声呼叫!
因为弃妇比有夫之妇有更多儿子。"
28 可是,弟兄们,你们是按着应许作儿女的,好象以撒一样。29 不过,当时那按着肉体生的,迫害那按着圣灵生的,现在也是这样。30 然而经上怎样说呢?"把婢女和她的儿子赶出去,因为婢女的儿子,绝对不可以和自由的妇人的儿子一同承受产业。"31 所以,弟兄们,我们不是婢女的儿女,而是自由的妇人的儿女了。